[Unicode]
မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှား ဝဘ်ဆိုက်ဖြစ်သော iMyanmarHouse နှင့် CarsDB တို့မှကြီးမှူး၍ 4 & 5 May 2024 (စနေ ၊ တနင်္ဂနွေ) နေ့တွင် အမှတ်(၉) မြနန္ဒာလမ်း ၊ (၃) ရပ်ကွက် ၊ ကမာရွတ်မြို့နယ် ရန်ကုန်မြို့ Mya Nandar Hledan Condo ၌ အရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့သည်။
Mya Nandar Hledan Condo သည် အမှတ် ၉ မြနန္ဒာလမ်း ၊ ၃ ရပ်ကွက် ၊ ကမာရွတ်မြို့နယ် ၊ လှည်းတန်းတွင်တည်ရှိသည်။BCC ကျပြီးဖြစ်၍ ဝယ်ယူပြီး အသင့်နေထိုင်နိုင်သည်။ အခန်းဝယ်တာနဲ့ ကားပါကင်နေရာထပ်ဝယ်စရာမလိုဘဲ တစ်စီးစာနေရာအပိုင်ရရှိမည်။1275 sqft ကျယ်ဝန်းသည့်အခန်းများကိုဝယ်ယူနိုင်ပြီး တစ်လွှာတွင် (၄) ခန်းသာရှိ၍ Privacy အလွန်ကောင်းမွန်သည်။Lift နှင့် ကားပါကင်တို့ပါဝင်ပြီး အခန်းတိုင်းတွင် မာစတာအိပ်ခန်း (၁) ခန်း ၊ ရိုးရိုးအိပ်ခန်း (၁) ခန်း ၊ ဧည့်ခန်း တို့ဖွဲ့ပေးထားသည်။အိပ်ခန်း (၃) ခန်းလိုချင်သူများအတွက် အထူးအစီအစဉ်အဖြစ် Developer နှင့် ညှိနှိုင်းပြီး မာစတာအိပ်ခန်း (၁) ခန်း ၊ ရိုးရိုးအိပ်ခန်း (၂) ခန်း ဖွဲ့ပေးခြင်း ၊ Decoration လုပ်ငန်းများ ဆက်လက်အပ်နှံခြင်းတို့ ပြုလုပ်ပေးမည်။ ကွန်ဒိုအနီးအနားတွင် လှည်းတန်းလမ်းဆုံ ၊ လှည်းတန်းဈေး ၊ Sein Gay Har လှည်းတန်း ၊ Hledan Centre ၊ M Tower ၊ Junction Square ၊ Times City နဲ့ အင်းယားကန် စသည့်အထင်ကရနေရာများရှိပြီး ပြည်လမ်းမ၊ အင်းစိန်လမ်းမ ၊ ဗဟိုလမ်းမများနှင့် အနီးဆုံးနေရာတွင်ရှိသည့်အတွက် နေထိုင်သွားလာရေးလည်း လွယ်ကူအဆင်ပြေသောကြောင့် လက်လွတ်မခံဘဲဝယ်ယူထားသင့်သည်။
“ ဒီတစ်ခါမှာတော့ တစ်လ 15% Discount ရမည့် ရန်ကုန်မြို့၏ အထင်ကရနေရာဖြစ်သည့် လှည်းတန်းရှိ Mya Nandar Hledan Condo အရောင်းပြပွဲရက်အတွင်း ပထမဆုံးဝယ်ယူသူ (၃)ဦးအတွက် Up to 15% Discount ၊ ကားပါကင်လက်ဆောင် ၊ ဘဏ်ဖြင့်နှစ်ရှည်အရစ်ကျစနစ် စသည့်ခံစားခွင့်များလည်း ရရှိမည် ဖြစ်တာကြောင့် ဒီအခွင့်အရေးကိုလက်လွတ်မခံဘဲ အမြန်ဆုံး ဝယ်ယူထားမှ စိတ်ချရပါမယ် ” ဟု iMyanmarHouse နှင့်CarsDB တို့၏ Group CEO ဦးနေမင်းသူက ပြောကြားခဲ့သည်။
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်းအိမ်ပိုင်ဆိုင်နိုင်စေရမည်
[Zawgyi]
iMyanmarHouse.com