[Unicode]
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ Junction Zawanna အနီးရှိ Cherry Condo အား (၁၅)နှစ် အရစ်ကျဖြင့် ဝယ်ယူနိုင်မည့် နှစ်သစ်ကူးအထူးပရိုမိုးရှင်းပွဲကြီးကို ၂၀၂၄ ခုနှစ်၊ January (၂၇,၂၈)ရက်တို့တွင် မနက်(၉ နာရီ မှ ညနေ ၅ နာရီ) အထိ ဇဋိလလမ်းနှင့် ဇဋိလ ၂ လမ်းထောင့် ၊ သင်္ယန်းကျွန်းမြို့နယ်၊ Cherry Condo တွင် ကျင်းပပြုလုပ်ခဲ့သည်။
အရောင်းပြပွဲအတွင်း ဝယ်ယူအားပေးခဲ့ကြသူများအနက် ပထမဆုံး (၅) ခန်းအတွက် အထူးပရိုမိုးရှင် Up to 20% discount၊Home loan ဖြင့် (၁၅) နှစ်အရစ်ကျ၊ 100% bank transfer စသည့် အထူးအခွင့်အရေးများဖြင့် ရောင်းချပေးအပ်ခဲ့သည်။
Cherry Condo သည် သင်္ဃန်းကျွန်းမြို့နယ်၏ ရပ်ကွက်သန့်တွင်တည်ရှိပြီး လမ်းမကြီးနဲ့ အနီးဆုံး ထောင့်ကွက်တွင် တည်ဆောက်ထားသောကွန်ဒိုဖြစ်သည်။ BCC ကျပြီးသားဖြစ်၍ ဝယ်ယူပြီး အသင့်နေထိုင်နိုင်သည်။ ဘေးပတ်ပတ်လည်တွင် တိုက်အမြင့် မရှိသောကြောင့် သဘာဝအလင်းရောင်ရရှိပြီး လေဝင်လေထွက်ကောင်းမွန်သည်။ (၇) ထပ် အဆောက်အဦးဖြစ်ပြီး တစ်လွှာတွင် (၄) ခန်းသာ ပါရှိသောကြောင့် Privacy ကောင်းကောင်းဖြင့် နေထိုင်လိုသူများအတွက် အဆင်ပြေသည်။ 2 Bedroom ၊ 3 Bedroom အခန်းများ ရွေးချယ်ဝယ်ယူနိုင်မည်။
အခန်းဖွဲ့စည်းပုံကောင်းမွန်သည့် အခန်းကျယ်များဖြစ်ပြီး မိသားစုနေရန်အဆင်ပြေသည့် အခန်းများဖြစ်သည်။ Piled Foundation and MatFooting တို့ဖြင့် တည်ဆောက်ထား၍ တိုက်ခိုင်ခံ့မှုအတွက် စိတ်ချရခြင်း၊ ဝရန်တာကျယ်ကျယ်ပါရှိ၍ အခန်းဖွဲ့စည်းမှု ကောင်းမွန်ခြင်း၊ ကွန်ဒိုတစ်ခန်းလျှင် ကားပါကင် (၁) နေရာစာ ရရှိခြင်း၊ Lift ၊ CCTV Monitoring System၊ 24hour Backup Generator၊ Private Transformer ၊ Security System အစရှိသည်တို့ အပြည့်အစုံပါဝင်ခြင်း၊ အခန်းတွင်း အခန်းဖွဲ့ပေးခြင်း၊ မျက်နှာကျက်ပါရှိခြင်း၊ ပါကေးခင်းပေးခြင်း၊ ရေချိုးခန်းနှင့်အိမ်သာများကို ကြွေပြားများကပ်ပေးခြင်း၊ ဘေစင်နှင့်ဘိုထိုင်များ တပ်ဆင်ပေးခြင်း ၊ Kitchen counter များတပ်ဆင်ပေးခြင်းတို့ပြုလုပ်ပေးခြင်း၊ အနီးအနားတွင် ILBC International School ၊ Brain Works၊ မိုးသောက်ပန်းကိုယ်ပိုင်အထက်တန်းကျောင်း၊ Juction Zawana ၊ AKK shoping mall ၊ အောင်ရတနာဆေးရုံ၊ စံပြဆေးရုံ ၊ City Mart စသည်တို့ရှိ၍ မိသားစုနေ့စဉ်ကိစ္စအဝဝအတွက် အဆင်ပြေစေသည့် Condo တစ်ခုဖြစ်သည်။
“ ဒီတစ်ခါတော့ လမ်းကျယ်လမ်းသာတဲ့ ရတနာလမ်း ၊ သုမင်္ဂလာလမ်း ၊ ပြည်သာယာလမ်းမကြီးတို့ကို တည့်ထွက်နိုင်ပြီး သွားရေးလာရေးလွယ်ကူတဲ့ အချက်တွေကြောင့် လက်မနှေးဘဲ ဝယ်ထားသင့်တဲ့ Cherry Condo ကို အမြန်ဆုံးလာရောက်ဝယ်ယူလိုက်ပါ” ဟု
iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူက ပြောကြားသွားသည်။
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်းအိမ်ပိုင်ဆိုင်နိုင်စေရမည်
[Zawgyi]
(၁၅) နှစ်အရစ်ကျဖြင့်ဝယ်ယူနိုင်မည့် Junction Zawanna အနီးရှိ Cherry ကွန်ဒို နှစ်သစ်ကူးအထူးပရိုမိုးရှင်း
“ ဒီတစ်ခါတော့ လမ်းကျယ်လမ်းသာတဲ့ ရတနာလမ်း ၊ သုမင်္ဂလာလမ်း ၊ ပြည်သာယာလမ်းမကြီးတို့ကို တည့်ထွက်နိုင်ပြီး သွားရေးလာရေးလွယ်ကူတဲ့ အချက်တွေကြောင့် လက်မနှေးဘဲ ဝယ်ထားသင့်တဲ့ Condo ကို အမြန်ဆုံးလာရောက်ဝယ်ယူလိုက်ပါ” ဟု
iMyanmarHouse.com