[Unicode]
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သောာ iMyanmarHouse နှင့် CarsDB တို့မှ ကြီးမှူး၍ မန္တလေးမြို့လယ်က (ဈေးသင့်) Asahi Condo အထူးပရိုမိုးရှင်းပွဲကြီးကို 2023 ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နှင့် ၁၀ ရက်နေ့များတွင် မနက် ၉ နာရီမှ ညနေ ၅နာရီအထိ ဒါးတန်းဝင်း ၊ ၈၄ လမ်း ၊ ၂၄ နှင့် ၂၅ ကြား ၊ မန္တလေးမြို့(နာရီစင်အနီး)ရှိ Asahi Condo တွင် ကျင်းပပြုလုပ်ခဲ့သည်။
အရောင်းပြပွဲအတွင်း ဝယ်ယူအားပေးခဲ့ကြသူများကို သိန်း (၁၅၀) အထိသက်သာခွင့် (သို့) သိန်း (၁၅၀) တန်ဖိုးရှိ aircon များ တပ်ဆင်ပေးခြင်း၊ အတိုးမဲ့အရစ်ကျပေးချေခွင့် စသည့် အထူးအခွင့်အရေးများဖြင့် ရောင်းချပေးအပ်ခဲ့သည်။
Asahi Condo သည် မန္တလေးမြို့လယ်ခေါင်ရှိ ဈေးချိုနှင့် နာရီစင်တို့အနီးတွင်တည်ရှိသည့် အသင့်ပြင်ဆင်ပြီး အဆင့်မြင့်ကွန်ဒိုဖြစ်သည်။Condo 1 နှင့် Condo 2 (၂) ခုရှိပြီး ရောင်းရန်အခန်း အနည်းငယ်သာကျန်တော့သည့် လူကြိုက်အများဆုံးကွန်ဒိုလည်းဖြစ်သည်။ချက်ချင်းဝယ် ချက်ချင်းနေနိုင်ပြီး မိသားစု အနည်းအများအလိုက် စိတ်ကြိုက်အခန်းများ ရွေးချယ်နိုင်သည်။
Facilities များအနေဖြင့် ရေကူးကန် ၊ အားကစားခန်းမ ၊ ကားပါကင် ၊ ဓာတ်လှေကား ၊ Rooftop Garden ၊ Barbeque Terrace စသည်တို့အပြင် ရိုးရိုးလှေခါး (၃) စင်း ၊ ဓာတ်လှေခါး (၄) စင်း ၊ ကားအဝင်အထွက် အပေါက် (၂) ခုနှင့် 24Hr Generator တို့ ပါရှိသည်။ Basement အပါ ကားပါကင် (၃) ထပ် ပါရှိသည့်အတွက် ကားပါကင်အတွက် စိတ်ပူစရာမလိုဘဲ လုံလုံလောက်လောက် အသုံးပြုနိုင်သည့်ကွန်ဒို ဖြစ်သည်။
“ Asahi Condo က မြို့လယ်ခေါင်မှာရှိပြီးတော့ အခန်းဖွဲ့စည်းမှုလည်းကောင်းတယ်။ရေအလုံအလောက်ရပြီး သန့်ရှင်းမှု ၊ မီးအန္တရာယ်စတာတွေအတွက် လုံခြုံရေးစနစ်တွေလည်းအပြည့်အဝပါဝင်တယ်။ မန္တလေးမြို့ရဲ့ လူကြိုက်အများဆုံးနဲ့ ရောင်းအားအကောင်းဆုံးကွန်ဒိုတစ်ခုဖြစ်လို့ အခန်းတွေမကုန်ခင် ဝယ်ထားသင့်ပါတယ်။ “ ဟု iMyanmarHouse နှင့် CarsDB တို့၏ Group CEO ဖြစ်သူ ဦးနေမင်းသူက ပြောကြားသွားသည်။
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်းအိမ်ပိုင်ဆိုင်နိုင်စေရမည်
[Zawgyi]
မန္တလေးမြို့လယ်က (ဈေးသင့်) Asahi Condo အထူးပရိုမိုးရှင်းအရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့
iMyanmarHouse.com