892 ကြိမ် ကြည့်ရှု့ ပြီး

မိမိဝယ်လိုတဲ့ အိမ်တန်ဖိုးရဲ့ အနည်းဆုံး ၂၅% ရှိရုံနဲ့ အိမ်ပိုင်ဆိုင်နိုင်မည့် ရန်ကုန်မြို့နယ်စုံရှိ တန်ဖိုးသင့်တိုက်ခန်းများ အရောင်းပြပွဲ

 

[Unicode]

 

မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် AYA Bank တို့မှ ပူးပေါင်းကျင်းပသည့် မိမိဝယ်လိုသည့် အိမ်တန်ဖိုး၏ အနည်းဆုံး၂၅% ရှိရုံဖြင့် အိမ်ပိုင်ဆိုင်နိုင်သည့် ရန်ကုန်မြို့နယ်စုံရှိ တန်ဖိုးသင့်တိုက်ခန်းများ အရောင်းပြပွဲကြီးကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၉ နှင့်၂၀ ရက် ၊ စနေ ၊ တနင်္ဂနွေနေ့များတွင် မနက် (၉)နာရီမှ ညနေ (၅)နာရီအထိ ကမ်းနားလမ်းနှင့် သစ်တောလမ်းထောင့် ၊ အလုံမြို့နယ်ရှိ AYA Bank ရုံးချုပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ပြပွဲ (၂) ရက်အတွင်း ဝယ်ယူပါက အနည်းဆုံး Down payment (25%) သာ ပေးသွင်းခွင့် ၊ AYA Bank ဖြင့် (25) နှစ် အထိ အရစ်ကျစနစ် ပေးသွင်းနိုင်ခွင့် ၊ အတိုးနှုန်း (9.5%) သာ ပေးသွင်းခွင့်တို့ဖြင့် ရောင်းချပေးခဲ့ပြီး အိမ်ရာချေးငွေ တထိုင်တည်းလျှောက်ထားနိုင်ရန်လည်း စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

 

မိမိဝယ်လိုတဲ့ အိမ်တန်ဖိုးရဲ့ အနည်းဆုံး ၂၅% ရှိရုံနဲ့ အိမ်ပိုင်ဆိုင်နိုင်မည့် ရန်ကုန်မြို့နယ်စုံရှိ တန်ဖိုးသင့်တိုက်ခန်းများ အရောင်းပြပွဲ

 


အရောင်းပြပွဲအတွင်းတွင် သိန်း (၅၀၀) ဝန်းကျင်မှ စတင်သည့် သာကေတမြို့နယ်ရှိ တိုက်ခန်းများ ၊ သိန်း (၁၂၀၀) ဝန်းကျင်မှ စတင်သည့် အကွက်ရာပေါင်းများစွာ ဝယ်သူလက်ရောက်အပ်နှံပြီးသည့် အရောင်းရဆုံး ရွှေပေါက်ကံ ဂရန်မြေကွက်များ ၊ သိန်း (၂၀၀၀) ဝန်းကျင်မှ စတင်သည့် သင်္ဃန်းကျွန်းရှိ မီနီကွန်ဒိုအခန်းများ ၊ သိန်း (၃၀၀၀) ဝန်းကျင်မှ စတင်သည့်ရန်ကင်းရှိ Shwe Moe Kaung ကွန်ဒို ၊ ဗဟိုလမ်း ၊ ပါရမီလမ်း ၊ အင်းစိန်လမ်း ၊ လှိုင် ၊ အုတ်ကျင်း ပတ်လည်မှာ ရှာနေသူများအတွက် ပြည့်စုံချမ်းသာကွန်ဒို(၃) ၊ အစည်ကားဆုံး တာမွေ ၊ မေတ္တာညွှန့် တို့မှာအခန်းရှာနေသူများအတွက် ရွှေအဉ္ဇလီကွန်ဒို (၂) ၊ လှည်းတန်းအနီး ဘိုးဘွားပိုင်မြေပေါ်တည်ဆောက်ထားသည့် The Unique ကွန်ဒို ၊ မြို့ထဲနှင့်အနီးဆုံးဖြစ်ပြီး ကားမပိတ်တဲ့အလုံလမ်းမကြီးပေါ်ရှိ Orchid Condo အခန်းများ ၊ တောင်ဥက္ကလာ ၊ မြောက်ဒဂုံ နှင့် စမ်းချောင်းရှိ ကြိုပွိုင့်တိုက်ခန်းများ စသည့် တိုက်ခန်း ၊ ကွန်ဒို၊ မြေကွက် အမျိုးအစားအစုံအလင်ကို ရောင်းချပေးခဲ့ကြောင်းသိရသည်။

 

မိမိဝယ်လိုတဲ့ အိမ်တန်ဖိုးရဲ့ အနည်းဆုံး ၂၅% ရှိရုံနဲ့ အိမ်ပိုင်ဆိုင်နိုင်မည့် ရန်ကုန်မြို့နယ်စုံရှိ တန်ဖိုးသင့်တိုက်ခန်းများ အရောင်းပြပွဲ

 

 

လှိုင်မြို့နယ်ရှိ BCC ကျပြီး အသင့်နေ ပြည့်စုံချမ်းသာ ကွန်ဒို (၃) 

 

အင်းစိန်လမ်းမကြီး ၊ ဗဟိုလမ်းမကြီးနှင့် ပါရမီလမ်းတို့အနီး လှိုင်မြို့နယ် ဆိတ်ငြိမ်ရပ်ကွက်တွင် တည်ရှိသည်။ BCC ကျပြီးဖြစ်၍ အသင့်နေထိုင်နိုင်မည်ဖြစ်သည်။ ၈ ထပ်အဆောက်အဉီးဖြစ်ပြီး တစ်လွှာတွင် ၆ခန်းသာ ပါရှိသောကြောင့် Privacy ရှိရှိနေထိုင်နိုင်မည်ဖြစ်သည်။ အခန်းဝယ်ယူသူများအတွက် တစ်ခန်းလျှင် ကားပါကင် တစ်နေရာစာ အပိုင်ရရှိမည်ဖြစ်သည်။ MICT Park၊ ISM International School၊ City Mart (Thamine) ၊ Sein Gay Har (Parami) စသည့်နေရာများနှင့် အုတ်ကျင်းဘူတာ၊ မင်္ဂလာဒုံလေဆိပ် တို့သို့ မိနစ်အနည်းငယ်ကားမောင်းရုံဖြင့် ရောက်ရှိနိုင်မည်ဖြစ်သည်။ ဓာတ်လှေကား ၂ စင်း၊ ဘုံရေပေးဝေစနစ် ၊ ရေသိုလှောင်ရန် underground tank ၊ CCTV Camera ၊ ၂၄ နာရီ လုံခြုံရေး ၊ မီးစက် စသည့် Facilities များပါဝင်သည့်အပြင် ကမ္ဘာ့နံပါတ် (၁) OTIS လူစီး ဓာတ်လှေကား ၂ စင်း၊ ဘုံရေပေးဝေစနစ် ၊ ရေသိုလှောင်ရန် underground tank တို့ထားရှိပေးထားသည်။

 

မိမိဝယ်လိုတဲ့ အိမ်တန်ဖိုးရဲ့ အနည်းဆုံး ၂၅% ရှိရုံနဲ့ အိမ်ပိုင်ဆိုင်နိုင်မည့် ရန်ကုန်မြို့နယ်စုံရှိ တန်ဖိုးသင့်တိုက်ခန်းများ အရောင်းပြပွဲ

 

 

တာမွေမြို့နယ်ရှိ Decoration အပြည့်အစုံဖြင့် အခန်းအပ်ပေးမည့် ရွှေအဉ္ဇလီ (၂) ကွန်ဒို

 

အနန္တဂုဏ်ရည်လမ်းနှင့် လယ်ယာရွှေမြေလမ်းထောင့် ၊ မေတ္တာညွန့်ရပ်ကွက် ၊ တာမွေမြို့နယ်တွင် တည်ရှိသည်။ ဂရန်မြေပေါ်တွင်တည်ဆောက်ထားပြီ ပိုင်ဆိုင်မှုခိုင်မာ၍ မကြာမီ BCC ကျမည်ဖြစ်တာကြောင့် ဝယ်ယူပြီး အသင့်နေနိုင်သည့် ကွန်ဒိုဖြစ်သည်။ ကွန်ဒိုတစ်ခုလုံးတွင် စုစုပေါင်း အခန်း (၅၀) ကျော်ပါရှိပြီး လုံးချင်းအိမ်ကဲ့သို့ Privacy ရှိရှိနေနိုင်မည်ဖြစ်သည်။ မိသားစုများတဲ့သူများပါ နေထိုင်ရန်အဆင့်ပြေသည့် အခန်းကျယ်များဖြစ်ပြီး စိတ်ကြိုက်အခန်းဖွဲ့ ပြင်ဆင်နိုင်သည်။ အဆင့်မြင့် Decoration Standard ဖြင့် ပြင်ဆင်ပြီး အခန်းအပ်ပေးမှာဖြစ်တာကြောင့် ဘာမှထပ်ပြင်စရာမလိုပဲ အသင့်နေထိုင်နိုင်မည်ဖြစ်သည်။ ကားပါကင် ၊ ဓာတ်လှေကား ၊ (၂၄) နာရီ လုံခြုံရေး ၊ CCTV ၊ Transformer ၊ Generator နှင့် အားကစားခန်းမ စသည့် Facilities များ အပြည့်အစုံပါဝင်ပြီး လျှပ်စစ်ကားများ အားသွင်းနိုင်ရန် 11KW ရှိသည့် အားသွင်းတိုင် (၂) ခု တပ်ဆင်ပေးထားမည်ဖြစ်သည်။

အာယုဆေးရုံ ၊ တာမွေ Ocean Centre ၊ ILBC ကျောင်း ၊ ကျိုက္ကဆံ Super One တို့အပြင် Bar နှင့် Restaurant များရှိသော အောင်ဇေယျလမ်းမ တို့အနီးအနားတွင် ရှိတာကြောင့် သွားလာရလွယ်ကူအဆင်ပြေပြီး မိမိ မိသားစု၏ နေ့စဉ်ကိစ္စရပ်များအတွက် အဆင်ပြေသည့် အချက်အချာနေရာဖြစ်သည်။

 မိမိဝယ်လိုတဲ့ အိမ်တန်ဖိုးရဲ့ အနည်းဆုံး ၂၅% ရှိရုံနဲ့ အိမ်ပိုင်ဆိုင်နိုင်မည့် ရန်ကုန်မြို့နယ်စုံရှိ တန်ဖိုးသင့်တိုက်ခန်းများ အရောင်းပြပွဲ

 

 

ပိုင်ဆိုင်မှုခိုင်မာသည့်  ရွှေပေါက်ကံ ဂရန်မြေကွက်များ

 

(၁၀+၁၁) ရပ်ကွက် ၊ ပုဂံလမ်းနှင့် မြို့ပတ်လမ်းထောင့် ၊ မြောက်ဥက္ကလာပမြို့နယ် ၊ ရွှေပေါက်ကံမြို့သစ်တွင် တည်ရှိသည်။ ၁၀ ဧက အကျယ်အဝန်းရှိ ဂရန်မြေပေါ်တွင်ဖော်ဆောင်နေသည့် စီမံကိန်းဖြစ်ပြီး ဝယ်သူအမည်ပေါက် ဂရန်လျှောက်နိုင်မည်ဖြစ်သည်။ ပေ (၄၀×၆၀) ၊ ပေ (၄၀x၆၅) ၊ ပေ (၄၀×၅၅) ၊ ပေ (၄၅ x ၆၀) အကျယ်အဝန်းရှိ မြေကွက်များရွေးချယ်နိုင်မည်ဖြစ်သည်။ ပေ ၃၀ နှင့် ပေ ၂၀ အကျယ်ရှိသော ကိုယ်ပိုင်ကွန်ကရစ်လမ်းများ ခင်းပေးမည်ဖြစ်ပြီး မြေကွက်နေရာများ သတ်မှတ်ပေးခြင်း ၊ လမ်းမီးတိုင်များ ၊ ကိုယ်ပိုင် ထရန်စဖော်မာများ တပ်ဆင်ပေးခြင်းနှင့် လုံခြုံရေးဝန်ထမ်းများပါ ထားရှိပေးမည်ဖြစ်သည်။ Public Area တွင် ရေကူးကန် နှင့် စားသောက်ဆိုင် အစရှိသည်တို့ကိုလည်း ထည့်သွင်းတည်ဆောက်သွားမည်ဖြစ်သည်။

 

 မိမိဝယ်လိုတဲ့ အိမ်တန်ဖိုးရဲ့ အနည်းဆုံး ၂၅% ရှိရုံနဲ့ အိမ်ပိုင်ဆိုင်နိုင်မည့် ရန်ကုန်မြို့နယ်စုံရှိ တန်ဖိုးသင့်တိုက်ခန်းများ အရောင်းပြပွဲ

 

 

ရန်ကုန်မြို့ရဲ့ အချက်အချာ လှည်းတန်းအနီးရှိ  The Unique ကွန်ဒို

 

ခိုင်ရွှေဝါလမ်းနှင့် ဇေယျာသီရိလမ်းကြား (၁) ရပ်ကွက် ၊ ကမာရွတ်မြို့နယ် တွင် တည်ရှိသည်။ ပိုင်ဆိုင်မှု ခိုင်မာသည့် ဘိုးဘွားပိုင်မြေပေါ်တွင် တည်ဆောက်ထားသည်။ (၈) ထပ်ခွဲအဆောက်အဦးဖြစ်ပြီး တစ်လွှာတွင် (၈) ခန်းပါရှိသည်။ အိပ်ခန်း (၃) ခန်းပါသော ကျယ်ဝန်းသည့်အခန်းများဖြစ်ပြီး အခန်းဖွဲ့စည်းပုံအထူးကောင်းမွန်သည်။ မြေညီထပ်တွင် ကားပါကင်ပါရှိပြီး တစ်ခန်း တစ်စီးစာ နေရာပိုင်ဆိုင်ခွင့်ရှိမည်ဖြစ်သည်။ အားကစားခန်းမ ၊ ဓာတ်လှေကား ၊ ၂၄ နာရီလုံခြုံရေး စသည့် Facilities များပါဝင်ပြီး အော်တိုမီးစက်ရှိ၍ (၂၄) နာရီမီးအမြဲရရှိမည်ဖြစ်သည်။

အနီးအနားတွင်လည်း လှည်းတန်းစင်တာ ၊ လှည်းတန်းဈေး ၊ စိန်ဂေဟာ ၊ စံရိပ်ငြိမ်ဂမုန်းပွင့် ၊ Junction Square ၊ Times City စသည့် Supermarket တို့ ရှိသည်။ ပညာရေးအတွက် International schools များ ၊ သင်တန်းများ အများဆုံးရှိသည့် နေရာတစ်ခုဖြစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုအတွက် သုခကမ္ဘာဆေးရုံ ၊ ဂရန်းဟံသာဆေးရုံ စသည့်ဆေးရုံ ဆေးခန်းများနှင့်လည်း အနီးတွင်တည်ရှိနေသည်။

 မိမိဝယ်လိုတဲ့ အိမ်တန်ဖိုးရဲ့ အနည်းဆုံး ၂၅% ရှိရုံနဲ့ အိမ်ပိုင်ဆိုင်နိုင်မည့် ရန်ကုန်မြို့နယ်စုံရှိ တန်ဖိုးသင့်တိုက်ခန်းများ အရောင်းပြပွဲ

 

 

ကားမပိတ်တဲ့အလုံလမ်းမကြီးပေါ်ရှိ Orchid Condo အခန်းများ

 

အချက်အချာကျတဲ့ အလုံမြို့နယ် အလုံလမ်း နှင့် ဗဟိုလမ်းထောင့်တွင် တည်ရှိသည်။ BCC ကျပြီးဖြစ်တာကြောင့် ဝယ်ယူပြီး (ချက်ချင်း) အသင့်နေထိုင်နိုင်သည်။ အားကစားခန်းမ ၊ ရေကူးကန် ၊ ဓာတ်လှေကား ၊ ကားပါကင် စသည့် Facilities အပြည့်အစုံပါဝင်တဲ့ Luxury ကွန်ဒိုတစ်ခုဖြစ်သည်။ ရွှေတိဂုံဘုရား View ၊ ရန်ကုန်တစ်မြို့လုံး၏ City View ၊ River View စတဲ့ ဒီလိုအလှတရားတွေကို မိမိအခန်းထဲကနေ ကြည့်ရှုခံစားနိုင်မည်ဖြစ်သည်။

အနီးအနားတွင်လည်း တော်ဝင်စင်တာ ၊ ဒဂုံစင်တာ ၊ စိန်ဂေဟာ ၊ City Mart ၊ City Mall စသည့် ဈေးဝယ်စင်တာများ ၊ International Schools များ ၊ ဆေးရုံများ ၊ စားသောက်ဆိုင်များ ရှိသည်။ ပြည်လမ်းမကြီး ၊ ဗဟိုလမ်း ၊ ကမ်းနားလမ်း ၊ ဦးဝိစာရလမ်း တို့သို့ အချိန်အနည်းငယ်အတွင်း သွားလာနိုင်ပြီး ရွှေတိဂုံဘုရားသို့ (၂) မိနစ်ခန့် ကားမောင်းရုံဖြင့် ရောက်ရှိနိုင်တာကြောင့် သွားလာရလွယ်ကူ အဆင်ပြေပြီး အချက်အချာကျသည့် နေရာတစ်ခုဖြစ်သည်။

မိမိဝယ်လိုတဲ့ အိမ်တန်ဖိုးရဲ့ အနည်းဆုံး ၂၅% ရှိရုံနဲ့ အိမ်ပိုင်ဆိုင်နိုင်မည့် ရန်ကုန်မြို့နယ်စုံရှိ တန်ဖိုးသင့်တိုက်ခန်းများ အရောင်းပြပွဲ

 

“ ဒီအိမ်ရာအရောင်းပြပွဲကိုတော့ AYA Bank နဲ့ပူးပေါင်းပြီး ကျင်းပပြုလုပ်ခဲ့တာပါ။ ပြပွဲအတွင်းမှာဆိုရင် မြို့နယ်စုံမှာရှိနေတဲ့ ကြိုပွိုင့်တိုက်ခန်းများ ၊မီနီကွန်ဒိုများ ၊ ကွန်ဒိုများ ၊ မြေကွက်များကိုရောင်းချပေးခဲ့တာပါ။ ပြပွဲ (၂) ရက်အတွင်း ဝယ်ယူခဲ့ကြသူများကိုလည်း အနည်းဆုံး Down payment (25%) သာ ပေးသွင်းခွင့် ၊ AYA Bank ဖြင့် (25) နှစ် အထိ အရစ်ကျစနစ် ပေးသွင်းနိုင်ခွင့် ၊ အတိုးနှုန်း (9.5%) သာ ပေးသွင်းခွင့်တို့ဖြင့် ရောင်းချပေးခဲ့ပြီး အိမ်ရာချေးငွေကိုပါ တထိုင်တည်းလျှောက်ထားနိုင်ရန်လည်း စီစဉ်ဆောင်ရွက်ပေးခဲ့ပါတယ်။” ဟု
iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူက ပြောကြားသွားခဲ့သည်။

 မိမိဝယ်လိုတဲ့ အိမ်တန်ဖိုးရဲ့ အနည်းဆုံး ၂၅% ရှိရုံနဲ့ အိမ်ပိုင်ဆိုင်နိုင်မည့် ရန်ကုန်မြို့နယ်စုံရှိ တန်ဖိုးသင့်တိုက်ခန်းများ အရောင်းပြပွဲ

 

မိမိဝယ်လိုတဲ့ အိမ်တန်ဖိုးရဲ့ အနည်းဆုံး ၂၅% ရှိရုံနဲ့ အိမ်ပိုင်ဆိုင်နိုင်မည့် ရန်ကုန်မြို့နယ်စုံရှိ တန်ဖိုးသင့်တိုက်ခန်းများ အရောင်းပြပွဲ

 

‌iMyanmarHouse.com

အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း

မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်

မြန်မာနိုင်ငံသားတိုင်းအိမ်ပိုင်ဆိုင်နိုင်စေရမည်

 

 

အခြား အိမ်ခြံမြေ ပွဲစဉ်များ

အလုံလမ်းမကြီးပေါ်ရှိ မြေအချိုးကျပိုင်ဆိုင်နိုင်မည့် ပန်းစွယ်တော်ကွန်ဒို မိုးရာသီပရိုမိုးရှင်းပွဲကြီး ကျင်းပပြုလုပ်ခဲ့
ရန်ကုန်မြို့အလယ်မှာ သိန်း ၂၅၀၀ ဝန်းကျင်ကစတင်ပြီး Fully Decoration ဖြင့် Magical World Condominium အခန်းများအရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
မိုးရာသီအထူးပရိုမိုးရှင်းများစွာနဲ့ ကြီးကျယ်ခန်းနားလှပသော ရန်ကင်းမြို့နယ်ရှိ Golden City Luxury Condo အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
ဝယ်ပြီးအခန်းများ အပ်နှံပေးလျှက်ရှိပြီး မကြာမီပြီးစီးတော့မယ့် အဆင့်မြင်မင်္ဂလာဈေးသစ်ရှိဆိုင်ခန်းများ မိုးရာသီအထူးပရိုမိုးရှင်း အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
သိန်း ၂၅၀၀ ဝန်းကျင်မှ စတင်သည့် လမ်းမတော်မြို့နယ်ရှိ အသင့်နေထိုင်နိုင်သော Magical World Condominium မိုးရာသီ အထူးပရိုမိုးရှင်းအရောင်းပြပွဲကြီး ကျင်းပပြုလုပ်ခဲ့
အရစ်ကျစနစ်ဖြင့် ငွေပေးချေမှုအဆင်ပြေတဲ့ တောင်ဒဂုံ VIP ရပ်ကွက်က Innwa Pyae Sone Residence အခန်းများ အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
(၁၅) နှစ် အရစ်ကျစနစ်ဖြင့်ဝယ်ယူနိုင်မယ့် ဗဟန်းမြို့နယ် The Vista Luxury Residence ရှိ မြေညီအခန်းများ အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
1 sqft ကို ၂ သိန်း ၈ သောင်းဝန်းကျင်နဲ့ဝယ်ယူနိုင်မယ့် တောင်ဒဂုံမြို့နယ် VIP ရပ်ကွက်က Innwa Pyae Sone Condo အခန်းများအရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့
မိုးရာသီပရိုမိုးရှင်းအနေနဲ့ သိန်း၂၄၀၀ ဖြင့် ဝယ်ယူနိုင်မယ့် လမ်းမတော်မြို့နယ် သံရုံးများအနီးက Magical World ကွန်ဒိုအခန်းများ အရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့
၁ပေပတ်လည် ၁သိန်းဝန်းကျင်နဲ့ အနာဂတ်အတွက် မြေကွက်ရွေးချယ်ဖို့အသင့်တော်ဆုံး The Rich Villa အိမ်ရာမြေကွက်များ အရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App