955 ကြိမ် ကြည့်ရှု့ ပြီး
သန်လျင်အရှေ့ပိုင်းတက္ကသိုလ်ရှေ့ရှိ ရွှေစင်္ကြာဥယျာဉ်အိမ်ရာစီမံကိန်းမှ မြေကွက်နှင့်လုံးချင်းအိမ်များ အထူးပရိုမိုးရှင်း အရောင်းပြပွဲကျင်းပ ပြုလုပ်ခဲ့
[Unicode]
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ သန်လျင်အရှေ့ပိုင်းတက္ကသိုလ်ရှေ့ရှိ  ရွှေစင်္ကြာဥယျာဉ်အိမ်ရာစီမံကိန်း    မှ မြေကွက်နှင့်လုံးချင်းအိမ်များ အထူးပရိုမိုးရှင်း အရောင်းပြပွဲကို ၂၀၂၃ခုနှစ်၊ ဇွန်လ (၁၇) ရက်နေ့နှင့် (၁၈)ရက်နေ့ ( စနေ၊တနင်္ဂနွေ) နေ့များတွင် မနက် (၉)နာရီမှ ညနေ (၅)နာရီအထိ သန်လျင်မြို့ ၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်အရှေ့ ရှိ  ရွှေစင်္ကြာဥယျာဉ်အိမ်ရာစီမံကိန်း    နေရာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ပြပွဲကာလ ၂ ရက်အတွင်း ဝယ်ယူသည့် Customer များအတွက် အထူးသက်သာခွင့်များ၊ 100% Bank Transfer တို့ဖြင့် ငွေပေးချေနိုင်ခွင့်စသည့် အထူးသက်သာခွင့်များဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
သန်လျင်အရှေ့ပိုင်းတက္ကသိုလ်ရှေ့ရှိ ရွှေစင်္ကြာဥယျာဉ်အိမ်ရာစီမံကိန်းမှ မြေကွက်နှင့်လုံးချင်းအိမ်များ အထူးပရိုမိုးရှင်း အရောင်းပြပွဲကျင်းပ ပြုလုပ်ခဲ့
ရွှေစင်္ကြာဥယျာဉ်အိမ်ရာစီမံကိန်း   သည် သန်လျင်-ခရမ်းသုံးခွလမ်းမကြီးပေါ်တွင် တည်ရှိသည်။မြေအကျယ် ၇၈ ဧက အကျယ်ရှိသည့် မြေပေါ်တွင် ဖော်ဆောင်နေသည့် လုံးချင်းအိမ်ရာစီမံကိန်းဖြစ်သည်။ ဝယ်ယူသူအမည်ပေါက် ဂရန်ရရှိမည့် တစ်ခုတည်းသော စီမံကိန်းဖြစ်ပြီး ဝယ်ယူပြီးသည်နှင့်တပြိုင်နက် အဆောက်အဦး ချက်ချင်းဆောက်လုပ်နိုင်သည်။ ပေ (၆၀ x ၈၀) ၊ ပေ (၆၇ x ၈၀) ၊ ပေ (၈၀ x ၈၀) အကျယ်အဝန်းရှိသည့် မြေကွက်များတွင် 1910 sqft ၊ 2560 sqft ၊ 3496 sqft အကျယ်အဝန်းရှိသည့် တစ်ထပ်လုံးချင်းအိမ်များနှင့် နှစ်ထပ်လုံးချင်းများကို ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်သည်။
သန်လျင်အရှေ့ပိုင်းတက္ကသိုလ်ရှေ့ရှိ ရွှေစင်္ကြာဥယျာဉ်အိမ်ရာစီမံကိန်းမှ မြေကွက်နှင့်လုံးချင်းအိမ်များ အထူးပရိုမိုးရှင်း အရောင်းပြပွဲကျင်းပ ပြုလုပ်ခဲ့
စီမံကိန်းအတွင်းတွင် ဘဏ်များ ၊ ပန်းခြံ ၊ စာကြည့်တိုက် ၊ ကိုယ်ပိုင်ကျောင်း ၊ ရေကူးကန် ၊ အားကစားခန်းမ ၊ ကော်ဖီဆိုင် ၊ Supermarket ၊ Travel & Tour ၊ Money Changer ၊ ဆေးပေးခန်း ၊ ဆေးရုံ ၊ ဓမ္မာရုံ စသည့် Public Area များနှင့် Facilities များအပြည့်အစုံပါဝင်ပြီး Infrastructure များအနေဖြင့် ကွန်ကရစ်လမ်းများခင်းပေးခြင်း ၊ မီးတိုင်များပြုလုပ်ပေးခြင်း ၊ အမှိုက်ကန်များ ၊ သန့်ရှင်းရေး ၊ လုံခြုံရေး အစရှိသည်တို့ ပြုလုပ်ပေးမည်ဖြစ်သည်။ သောက်ရေ ၊ သုံးရေ အဆင်ပြေစေရန် မိမိအိမ်အတွက် ဂျိုးဖြူရေ နှင့် အဝီစိရေ ၂ မျိုးလုံး အသုံးပြုနိုင်မည်ဖြစ်သည်။ စီမံကိန်းအတွင်းရှိ လမ်းများကိုလည်း ပန်းအမည်များပေးထားပြီး ထိုလမ်းအမည်အတိုင်း ပန်းပင်များ စိုက်ပျိုးပေးထားမည်ဖြစ်၍ စိတ်အေးချမ်းသာယာဖွယ် ဝန်းကျင်လေးတွင် နေထိုင်နိုင်မည်ဖြစ်သည်။
သန်လျင်အရှေ့ပိုင်းတက္ကသိုလ်ရှေ့ရှိ ရွှေစင်္ကြာဥယျာဉ်အိမ်ရာစီမံကိန်းမှ မြေကွက်နှင့်လုံးချင်းအိမ်များ အထူးပရိုမိုးရှင်း အရောင်းပြပွဲကျင်းပ ပြုလုပ်ခဲ့
“ သန်လျင်မြို့က မြို့ကွက်သစ်ဖြစ်တာကြောင့် ဈေး၊ ဆေးရုံ၊ ဆေးခန်း၊ ဘုန်းကြီးကျောင်းတွေရှိပြီး ပတ်ဝန်းကျင်ကလည်း စည်စည်ကားကားရှိတယ်။ သွားရလာရလွယ်ကူပြီး စီမံကိန်းရဲ့ မြေအပြင်အနေအထားကလည်း သဘာဝဘေးအန္တရာယ်မှ ကင်းလွတ်နိုင်တဲ့နေရာမှာတည်ရှိတယ်။ လူဦးရေသိပ်မထူထပ်သေးတော့ လေထုညစ်ညမ်းမှုလည်းသက်သာတယ်။ နောက်ပြီး သန်လျင်တံတားက ၂၀၂၄ နှစ်ဆန်းမှာ စတင်ဖွင့်လှစ်တော့မှာဆိုတော့ စီးပွားရေးအခွင့်အလမ်းတွေ ပွင့်လာမယ့် စီမံကိန်းတစ်ခုဖြစ်ပါတယ်။ ” ဟု
iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူက ပြောကြားခဲ့သည်။
သန်လျင်အရှေ့ပိုင်းတက္ကသိုလ်ရှေ့ရှိ ရွှေစင်္ကြာဥယျာဉ်အိမ်ရာစီမံကိန်းမှ မြေကွက်နှင့်လုံးချင်းအိမ်များ အထူးပရိုမိုးရှင်း အရောင်းပြပွဲကျင်းပ ပြုလုပ်ခဲ့
သန်လျင်အရှေ့ပိုင်းတက္ကသိုလ်ရှေ့ရှိ ရွှေစင်္ကြာဥယျာဉ်အိမ်ရာစီမံကိန်းမှ မြေကွက်နှင့်လုံးချင်းအိမ်များ အထူးပရိုမိုးရှင်း အရောင်းပြပွဲကျင်းပ ပြုလုပ်ခဲ့
သန်လျင်အရှေ့ပိုင်းတက္ကသိုလ်ရှေ့ရှိ ရွှေစင်္ကြာဥယျာဉ်အိမ်ရာစီမံကိန်းမှ မြေကွက်နှင့်လုံးချင်းအိမ်များ အထူးပရိုမိုးရှင်း အရောင်းပြပွဲကျင်းပ ပြုလုပ်ခဲ့
သန်လျင်အရှေ့ပိုင်းတက္ကသိုလ်ရှေ့ရှိ ရွှေစင်္ကြာဥယျာဉ်အိမ်ရာစီမံကိန်းမှ မြေကွက်နှင့်လုံးချင်းအိမ်များ အထူးပရိုမိုးရှင်း အရောင်းပြပွဲကျင်းပ ပြုလုပ်ခဲ့
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်းအိမ်ပိုင်ဆိုင်နိုင်စေရမည်
[Zawgyi]
iMyanmarHouse.com
အခြား အိမ်ခြံမြေ ပွဲစဉ်များ
ဘဏ်(၁၅) နှစ်အရစ်ကျဖြင့် ဝယ်ယူနိုင်မည့် မန္တလေးမြို့ရှိ ပိုင်ဆိုင်မှုခိုင်မာသည့် ဂရန်မြေကွက်များ အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
ဘဏ်ဖြင့်ချိတ်ဆက်ပြီး (၂၅) နှစ်အရစ်ကျဖြင့်ဝယ်ယူနိုင်သည့် Shwe Wutt Hmone Housing လုံးချင်းအိမ်ရာများကို အရောင်းပြပွဲပြုလုပ်ရောင်းချပေးခဲ့
RAINFOREST Co., Ltd မှ တာဝန်ယူတည်ဆောက်နေသည့် ရန်ကုန်မြို့၏ အသည်းနှလုံးနေရာတွင်တည်ရှိနေသော AREA ONE BUSINESS Complex ရှိ Shophouses များအရောင်းပြပွဲ
မန္တလေးတွင် ကျင်းပပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ အရောင်းပြပွဲကြီးမှပုံရိပ်များ
YADANAR BON အဆင့်မြင့်လူနေရပ်ကွက်ရှိ ပိုင်ဆိုင်မှုခိုင်မာသည့် ဂရန်မြေကွက်များအရောင်းပြပွဲ အောင်မြင်စွာကျင်းပပြီးစီးခဲ့
Facilities ပြည့်စုံပြီး ပိုင်ဆိုင်မှု ခိုင်မာသည့် မြောက်ဥက္ကလာရှိ MTH အသစ်စက်စက်ကွန်ဒို အရောင်းပြပွဲ
ဘဏ်ဖြင့် (၁၅) နှစ်အရစ်ကျဝယ်ယူနိုင်မည့် Decoration ပြင်ပြီး အသင့်နေ ရွှေမိုးကောင်းကွန်ဒို အရောင်းပြပွဲ
တစ်လ (၄) သိန်းခွဲခန့်သွင်းရုံဖြင့် မရမ်းကုန်းမြို့နယ်တွင် တိုက်ခန်းပိုင်ဆိုင်နိုင်မည့်အခွင့်အရေးရရှိမည့် အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
တစ်လ (၁၀) သိန်းသာပေးသွင်းရန်လိုသည့် HOMES@PONNAMI အခန်းများကို စင်ကာပူနိုင်ငံတွင် အရောင်းပွဲပြုလုပ်ရောင်းချခဲ့
စီးပွားရေးလုပ်ရန် အထူးသင့်တော်သည့် လှိုင်သာယာ အမှတ် (၅) လမ်းမရှိ ဘက်စုံသုံးမြေကွက်များ အရောင်းပြပွဲ
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)