992 ႀကိမ္ ၾကည့္႐ႈ ႔ၿပီး

တန်ဖိုးမြင့်တက်နှုန်းမြန်သည့် မှော်ဘီမြို့ရှိမြေကွက်များကို သိန်း (၂၀၀) ကျော်ဖြင့်ရောင်းချပေးခဲ့

 

 [Unicode]


မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ တန်ဖိုးမြင့်တက်နှုန်းမြန်ပြီး သိန်း (၂၀၀) ကျော်ဖြင့်ဝယ်ယူနိုင်မည့် မှော်ဘီမြို့ရှိ မြေကွက်များအရောင်းပြပွဲကြီးကို ၂၀၂၃ ခုနှစ်၊ ဇွန်လ (၃) ရက်နေ့နှင့် (၄) ရက်နေ့ ( စနေ၊တနင်္ဂနွေ) နေ့များတွင် မနက် (၉)နာရီမှ ညနေ (၅)နာရီအထိ မှော်ဘီမြို့နယ်၊ သဲဖြူရွာဦးဘုန်းကြီးကျောင်းရှေ့၊ သဲဖြူကျေးရွာလမ်းတွင်ရှိ Sein Win Villa တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။


ပြပွဲနှစ်ရက်အတွင်းဝယ်ယူသူများအနေဖြင့် 10% Discount အပြင် 100% Bank Transfer ဖြင့် ငွေပေးချေခွင့်တို့ဖြင့်ဝယ်ယူနိုင်ခဲ့သည်။

 

တန်ဖိုးမြင့်တက်နှုန်းမြန်သည့် မှော်ဘီမြို့ရှိမြေကွက်များကို သိန်း (၂၀၀) ကျော်ဖြင့်ရောင်းချပေးခဲ့

Sein Win Villa မှ မြေကွက်များသည် ရန်ကုန်မြို့၊ မှော်ဘီမြို့နယ်အပိုင် ရွှေပြည်သာနှင့်ကပ်လျက် သဲဖြူကျေးရွာတွင်အကောင်အထည်ဖော်နေသည့် စီမံကိန်းတစ်ခုဖြစ်သည်။ စီမံကိန်းရှိရာသို့ အမှတ်၄ လမ်းမကြီးအတိုင်းမောင်းလာမည်ဆိုလျှင် ရွှေပြည်သာအထွက် သဲဖြူကျွေးရွာဆိုင်းဘုတ်ရှိရာလမ်းသို့ အချိန် ၂ မိနစ်ခန့်၊ ပြည်လမ်းမှ လာမည်ဆိုလျှင် မှော်ဘီ Toll Gate အကျော် ဘယ်ဘက်လမ်းသို့ဝင်ပြီး ၁၀ မိနစ်ခန့် ကားမောင်းရုံဖြင့် ရောက်ရှိနိုင်သောကြောင့် သွားလာရေး လွယ်ကူအဆင်ပြေသည်။ မြေကွက်များသည် ၂.၆၄ ဧက အကျယ်ရှိသည့် မြေပိုင်ရှင် အမည်ပေါက်မြေကွက်များဖြစ်သောကြောင့် ပိုင်ဆိုင်မှုခိုင်မာသည်။ ပေ ( ၄၀ x ၆၀) အကျယ်အဝန်းရှိသည့်မြေကွက်များကို ဝယ်ယူနိုင်မည်ဖြစ်ပြီး ဝယ်ယူပြီးသည်နှင့်တစ်ပြိုင်နက် ခြံစည်းရိုးခတ်ခြင်း၊ အိမ်ဆောက်လုပ်ခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။ Infrastructure များအနေဖြင့် ၁၅ ပေအကျယ်ရှိသည့် အိမ်ရာအတွင်းလမ်းများခင်းပေးပြီး လျှပ်စစ်မီးနှင့် ရေကို အသင့်လျှောက်၍ အသုံးပြုနိုင်မည်။ ပတ်ဝန်းကျင်တွင် အဆောက်အဦးများ ၊ လူနေတိုက်အိမ်များနှင့် ဘာသာရေးအတွက်လည်း မြေကွက်စီမံကိန်းရှေ့နားတွင် သဲဖြူရွာဦးဘုန်းကြီးကျောင်း ရှိသောကြောင့် စည်ကားသည့် နေရာတစ်ခုဖြစ်သည်။ ဈေးနှုန်းသင့်တင့်ပြီး ရန်ကုန်မြို့အပြင်ဘက်တွင် ပိတ်ရက်အနားယူရန် မြေကွက်ကျယ်ကျယ်လေး ဝယ်ဖို့စိတ်ဝင်စားသူများအကြိုက်တွေ့သည့် စီမံကိန်းတစ်ခုဖြစ်သည်။

 

တန်ဖိုးမြင့်တက်နှုန်းမြန်သည့် မှော်ဘီမြို့ရှိမြေကွက်များကို သိန်း (၂၀၀) ကျော်ဖြင့်ရောင်းချပေးခဲ့

 

“ရန်ကုန်မြို့အနီးအနား ၊ မှော်ဘီမြို့နယ်မှာ ကိုယ်ပိုင်မြေကွက်လေးနဲ့ သီးပင်စားပင်စိုက်ပျိုးပြီး နာအေးပါးအေးနေလိုသူတွေအတွက် အလွန်သင့်တော်တဲ့မြေကွက်တွေပါ။ ပြပွဲရက်အတွင်းမှာ အထူးအစီအစဉ်တွေနဲ့ ရောင်းချနိုင်ခဲ့ပါတယ်။” ဟု iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူက ပြောကြားသွားသည်။

MyanmarHouse.com

အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း

မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်

မြန်မာနိုင်ငံသားတိုင်းအိမ်ပိုင်ဆိုင်နိုင်စေရမည်

 

 


[Zawgyi]

 

တန္ဖိုးျမင့္တက္ႏႈန္းျမန္သည့္ ေမွာ္ဘီၿမိဳ႕႐ွိေျမကြက္မ်ားကို သိန္း (၂၀၀) ေက်ာ္ျဖင့္ေရာင္းခ်ေပးခဲ့

 


ျမန္မာႏိုင္ငံ၏နံပါတ္တစ္ အိမ္ျခံေျမေရာင္းဝယ္ငွားဝဘ္ဆိုက္ျဖစ္ေသာ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ ႀကီးမႉး၍ တန္ဖိုးျမင့္တက္ႏႈန္းျမန္ၿပီး သိန္း (၂၀၀) ေက်ာ္ျဖင့္ဝယ္ယူႏိုင္မည့္ ေမွာ္ဘီၿမိဳ႕႐ွိ ေျမကြက္မ်ားအေရာင္းျပပြဲႀကီးကို ၂၀၂၃ ခုႏွစ္၊ ဇြန္လ (၃) ရက္ေန႔ႏွင့္ (၄) ရက္ေန႔ ( စေန၊တနဂၤေႏြ) ေန႔မ်ားတြင္ မနက္ (၉)နာရီမွ ညေန (၅)နာရီအထိ ေမွာ္ဘီၿမိဳ႕နယ္၊ သဲျဖဴ႐ြာဦးဘုန္းႀကီးေက်ာင္းေ႐ွ႕၊ သဲျဖဴေက်း႐ြာလမ္းတြင္႐ွိ Sein Win Villa တြင္ က်င္းပျပဳလုပ္ခဲ့ပါသည္။


ျပပြဲႏွစ္ရက္အတြင္းဝယ္ယူသူမ်ားအေနျဖင့္ 10% Discount အျပင္ 100% Bank Transfer ျဖင့္ ေငြေပးေခ်ခြင့္တို႔ျဖင့္ဝယ္ယူႏိုင္ခဲ့သည္။

Sein Win Villa မွ ေျမကြက္မ်ားသည္ ရန္ကုန္ၿမိဳ႕၊ ေမွာ္ဘီၿမိဳ႕နယ္အပိုင္ ေ႐ႊျပည္သာႏွင့္ကပ္လ်က္ သဲျဖဴေက်း႐ြာတြင္အေကာင္အထည္ေဖာ္ေနသည့္ စီမံကိန္းတစ္ခုျဖစ္သည္။ စီမံကိန္း႐ွိရာသို႔ အမွတ္၄ လမ္းမႀကီးအတိုင္းေမာင္းလာမည္ဆိုလွ်င္ ေ႐ႊျပည္သာအထြက္ သဲျဖဴေကြၽး႐ြာဆိုင္းဘုတ္႐ွိရာလမ္းသို႔ အခ်ိန္ ၂ မိနစ္ခန္႔၊ ျပည္လမ္းမွ လာမည္ဆိုလွ်င္ ေမွာ္ဘီ Toll Gate အေက်ာ္ ဘယ္ဘက္လမ္းသို႔ဝင္ၿပီး ၁၀ မိနစ္ခန္႔ ကားေမာင္း႐ုံျဖင့္ ေရာက္႐ွိႏိုင္ေသာေၾကာင့္ သြားလာေရး လြယ္ကူအဆင္ေျပသည္။ ေျမကြက္မ်ားသည္ ၂.၆၄ ဧက အက်ယ္႐ွိသည့္ ေျမပိုင္႐ွင္ အမည္ေပါက္ေျမကြက္မ်ားျဖစ္ေသာေၾကာင့္ ပိုင္ဆိုင္မႈခိုင္မာသည္။ ေပ ( ၄၀ x ၆၀) အက်ယ္အဝန္း႐ွိသည့္ေျမကြက္မ်ားကို ဝယ္ယူႏိုင္မည္ျဖစ္ၿပီး ဝယ္ယူၿပီးသည္ႏွင့္တစ္ၿပိဳင္နက္ ျခံစည္း႐ိုးခတ္ျခင္း၊ အိမ္ေဆာက္လုပ္ျခင္းတို႔ကို ျပဳလုပ္ႏိုင္ပါသည္။ Infrastructure မ်ားအေနျဖင့္ ၁၅ ေပအက်ယ္႐ွိသည့္ အိမ္ရာအတြင္းလမ္းမ်ားခင္းေပးၿပီး လွ်ပ္စစ္မီးႏွင့္ ေရကို အသင့္ေလွ်ာက္၍ အသုံးျပဳႏိုင္မည္။ ပတ္ဝန္းက်င္တြင္ အေဆာက္အဦးမ်ား ၊ လူေနတိုက္အိမ္မ်ားႏွင့္ ဘာသာေရးအတြက္လည္း ေျမကြက္စီမံကိန္းေ႐ွ႕နားတြင္ သဲျဖဴ႐ြာဦးဘုန္းႀကီးေက်ာင္း ႐ွိေသာေၾကာင့္ စည္ကားသည့္ ေနရာတစ္ခုျဖစ္သည္။ ေဈးႏႈန္းသင့္တင့္ၿပီး ရန္ကုန္ၿမိဳ႕အျပင္ဘက္တြင္ ပိတ္ရက္အနားယူရန္ ေျမကြက္က်ယ္က်ယ္ေလး ဝယ္ဖို႔စိတ္ဝင္စားသူမ်ားအႀကိဳက္ေတြ႕သည့္ စီမံကိန္းတစ္ခုျဖစ္သည္။

 

“ရန္ကုန္ၿမိဳ႕အနီးအနား ၊ ေမွာ္ဘီၿမိဳ႕နယ္မွာ ကိုယ္ပိုင္ေျမကြက္ေလးနဲ႔ သီးပင္စားပင္စိုက္ပ်ိဳးၿပီး နာေအးပါးေအးေနလိုသူေတြအတြက္ အလြန္သင့္ေတာ္တဲ့ေျမကြက္ေတြပါ။ ျပပြဲရက္အတြင္းမွာ အထူးအစီအစဥ္ေတြနဲ႔ ေရာင္းခ်ႏိုင္ခဲ့ပါတယ္။” ဟု iMyanmarHouse.com ၏ မန္ေနဂ်င္းဒါ႐ိုက္တာျဖစ္သူ ဦးေနမင္းသူက ေျပာၾကားသြားသည္။

 

MyanmarHouse.com

အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း

ျမန္မာႏိုင္ငံ၏နံပါတ္တစ္ အိမ္ျခံေျမေရာင္းဝယ္ငွားဝဘ္ဆိုက္

ျမန္မာႏိုင္ငံသားတိုင္းအိမ္ပိုင္ဆိုင္ႏိုင္ေစရမည္

အခြား အိမ်ခြံမြေ ပွဲစဉ်များ

အလုံလမ်းမကြီးပေါ်ရှိ မြေအချိုးကျပိုင်ဆိုင်နိုင်မည့် ပန်းစွယ်တော်ကွန်ဒို မိုးရာသီပရိုမိုးရှင်းပွဲကြီး ကျင်းပပြုလုပ်ခဲ့
ရန်ကုန်မြို့အလယ်မှာ သိန်း ၂၅၀၀ ဝန်းကျင်ကစတင်ပြီး Fully Decoration ဖြင့် Magical World Condominium အခန်းများအရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
မိုးရာသီအထူးပရိုမိုးရှင်းများစွာနဲ့ ကြီးကျယ်ခန်းနားလှပသော ရန်ကင်းမြို့နယ်ရှိ Golden City Luxury Condo အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
ဝယ်ပြီးအခန်းများ အပ်နှံပေးလျှက်ရှိပြီး မကြာမီပြီးစီးတော့မယ့် အဆင့်မြင်မင်္ဂလာဈေးသစ်ရှိဆိုင်ခန်းများ မိုးရာသီအထူးပရိုမိုးရှင်း အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
သိန်း ၂၅၀၀ ဝန်းကျင်မှ စတင်သည့် လမ်းမတော်မြို့နယ်ရှိ အသင့်နေထိုင်နိုင်သော Magical World Condominium မိုးရာသီ အထူးပရိုမိုးရှင်းအရောင်းပြပွဲကြီး ကျင်းပပြုလုပ်ခဲ့
အရစ်ကျစနစ်ဖြင့် ငွေပေးချေမှုအဆင်ပြေတဲ့ တောင်ဒဂုံ VIP ရပ်ကွက်က Innwa Pyae Sone Residence အခန်းများ အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
(၁၅) နှစ် အရစ်ကျစနစ်ဖြင့်ဝယ်ယူနိုင်မယ့် ဗဟန်းမြို့နယ် The Vista Luxury Residence ရှိ မြေညီအခန်းများ အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
1 sqft ကို ၂ သိန်း ၈ သောင်းဝန်းကျင်နဲ့ဝယ်ယူနိုင်မယ့် တောင်ဒဂုံမြို့နယ် VIP ရပ်ကွက်က Innwa Pyae Sone Condo အခန်းများအရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့
မိုးရာသီပရိုမိုးရှင်းအနေနဲ့ သိန်း၂၄၀၀ ဖြင့် ဝယ်ယူနိုင်မယ့် လမ်းမတော်မြို့နယ် သံရုံးများအနီးက Magical World ကွန်ဒိုအခန်းများ အရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့
၁ပေပတ်လည် ၁သိန်းဝန်းကျင်နဲ့ အနာဂတ်အတွက် မြေကွက်ရွေးချယ်ဖို့အသင့်တော်ဆုံး The Rich Villa အိမ်ရာမြေကွက်များ အရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App