Contact Number Share on Facebook
Nang Htike Shwe Sin ကွန်ဒိုသည်
- ညောင်ရွှေဟော်ကုန်းရပ်၊ မြကန်သာပန်းခြံမြောက်ဘက် ၊ တောင်ကြီးမြို့တွင် တည်ရှိသည်။
- ၂ ထပ် Penthouse တစ်လုံးစီတွင် မာစတာအိပ်ခန်း (၄) ခန်း ၊ ဧည့်ခန်းကျယ်ကြီး (၂) ခန်း၊ Dry Kitchen နှင့် Wet Kitchen မီးဖို(၂)ခန်း ၊ Outdoor View Point နေရာနှင့် ပန်းခြံငယ်ပြုလုပ်နိုင်သော ဝရံတာကျယ်များပါရှိတာကြောင့် လုံးချင်းနှင့်မခြား လွတ်လပ်စွာနေထိုင်နိုင်မည်။
- 360° မြင်ကွင်းကျယ်မြင်ရသည့် ကွန်ဒို၏ကျယ်ဝန်းသော အခန်းကျယ်များဖြစ်ပြီး ကျယ်ကျယ်ဝန်းဝန်းနဲ့ လုံခြုံမှု ၊ အေးချမ်းမှုကို အပြည့်အဝခံစားနိုင်မည့် နေရာဖြစ်သည်။
- Roof top ရေကူးကန်ပါရှိသည့် တောင်ကြီးမြို့၏ တစ်ခုတည်းသော ကွန်ဒိုဖြစ်သည်။
- ကွန်ဒို၏ အရှေ့ကပ်လျက်တွင် အကြီးစားပြင်ဆင်မှုများဖြင့် အဆင့်မြှင့်တင်၍ လှပခမ်းနားစွာဖွင့်လှစ်လိုက်သည့် "မြကန်သာရေကန်နှင့် အပန်းဖြေပန်းခြံ" အသစ်စက်စက်လည်းရှိသည်။
- ပန်းခြံအတွင်းတွင် စားသောက်ဆိုင်ကြီးများ ၊ ကော်ဖီဆိုင်များ ၊ အနုပညာ ပြခန်းများ ၊ ကျန်းမာရေးလေ့ကျင့်ရန်နေရာနှင့် လှပသောပန်းခြံ ကန်ပတ်လမ်းတို့လည်း ပါရှိမည်ဖြစ်တာကြောင့် နေ့စဉ်အေးချမ်း သာယာပျော်ရွှင်စွာ အနားယူ အပန်းဖြေနိုင်မည်။
- အထပ်မြင့် မီးငြိမ်းသတ်စနစ် တပ်ဆင်ထားခြင်း ၊ မြေငလျင် ဒဏ်ခံဒီဇိုင်းဖြင့် တည်ဆောက်ထားခြင်းတို့ကလည်း ကွန်ဒိုဝယ်ယူသူများအတွက် ရွေးချယ်သင့်သည့် အချက်များဖြစ်သည်။
Nang Htike Shwe Sin Condo ကိုရွေးချယ်ဝယ်ယူသင့်သည့်အချက်များ
⭐ 100% ဆောက်လုပ်ပြီးဖြစ်တာကြောင့် ဝယ်ယူပြီး အသင့်နေထိုင်နိုင်သည်။
⭐ အခန်းဖွဲ့စည်းပုံကောင်းမွန်ခြင်း
- Basement တွင် ကားပါကင် ၂ ထပ်ပါရှိပြီး လူနေအထပ် ၁၂ ထပ်ပါရှိသည်။
- အပေါ်ဆုံးတွင် နှစ်ထပ် လုံးချင်းပုံစံ Penthouse ၂ လုံးပါရှိပြီး ကွန်ဒိုတစ်ခုလုံးတွင် အခန်း စုစုပေါင်း ၄၈ ခန်းသာ ပါရှိ၍ Privacy အလွန်ကောင်းပြီး စိတ်အေးလက်အေးနေထိုင်နိုင်မည်။
- တစ်လွှာတွင် ၄ ခန်းသာပါရှိပြီး (1770 ) sqft မှ (2170) sqft အထိ အကျယ်ရှိသော အခန်းကျယ်များဖြင့်ဖွဲ့စည်းပေးထားသည့်အတွက် လုံးချင်းအိမ်တွင်နေထိုင်ရသည့်ခံစားချက်ကို အပြည့်အဝရရှိမည်။
⭐ Facilities ပြည့်စုံခြင်း
- Facilities များအနေဖြင့် Rooftop Swimming Pool, GYM, Relaxation Area, Lift , 24 hr Generator (350 KVA), CCTV, 24 hr Security, Key Card System စသည်တို့ပါဝင်၍ ကွန်ဒို Facilities အပြည့်အစုံဖြင့်လုံခြုံစိတ်ချစွာနေထိုင်နိုင်မည်။
- နေထိုင်သူများသန့်ရှင်းကျန်းမာစွာနေထိုင်နိုင်ရန် သန့်ရှင်းရေးဝန်ထမ်းများနှင့် အထပ်မြင့်အမှိုက်ပစ်စနစ်များလည်းထားရှိပေးထားသည်။
⭐ Location အချက်အချာကျခြင်း
- စီမံကိန်းတည်နေရာသည် တောင်ကြီးမြို့လယ်အချက်အချာကျသည့်နေရာတွင်တည်ရှိပြီး တောင်ကြီးမြို့မဈေး၊ Ocean နဲ့ အိမ်ရှင်မဈေးအနီး ၊ အစိုးရကျောင်းများ၊ International Schools များ၊ ရုပ်ရှင်ရုံနှင့် ပန်းခြံများ ၊ နာမည်ကြီးစားသောက်ဆိုင်များ အစရှိသည့်နေရာတို့ကို ၃ မိနစ်အတွင်း ရောက်ရှိနိုင်၍ တစ်နေ့တာကိစ္စအဝဝအဆင်ပြေစေသည်။
⭐ အခြားအားသာချက်များ
▪ အသင့်နေထိုင်နိုင်သည့်ကွန်ဒိုဖြစ်သော်လည်း ဈေးနှုန်းသင့်တင့်ခြင်း
▪ Company အရစ်ကျစနစ်ဖြင့်ဝယ်ယူနိုင်ခြင်း
▪ KBZ Bank Home Loan ဖြင့် နှစ်ရှည်အရစ်ကျဝယ်ယူနိုင်ခြင်း
▪ အဆောက်အဦးကို ငလျင်ဒဏ်ခံနိုင်သည့် ဒီဇိုင်းဖြင့် တည်ဆောက်ထား၍ အရည်အသွေးစိတ်ချရခြင်း
▪ မီးဘေးအန္တရာယ်ကာကွယ်နိုင်ရန် အထပ်မြင့် မီးငြိမ်းသတ်စနစ်အတွက် မီးသတ်စက်ကြီးပါ တပ်ဆင်ပေးထားခြင်း
စီမံကိန်းတည်နေရာ
အမှတ်(၁၀၀)၊ သီတာလမ်း၊ ညောင်ရွှေဟော်ကုန်းရပ်ကွက်၊ သိပ္ပံ ပုံနှိပ်လုပ်ငန်း - တောင်ကြီး ၏ အပေါ်ထပ်ရုံးခန်း
ဆက်သွယ်မေးမြန်းရန်
ဤ Project နှင့် ပတ်သတ်၍ စိတ်ဝင်စားပါက အောက်ပါဖောင်တွင် ဖြည့်စွက်၍ ဆက်သွယ် မေးမြန်းနိုင်ပါသည်။