The Heart of Yangon & Beyond : INFINITY ကို အမှတ်(77) ၊ ကမ္ဘာအေးဘုရားလမ်း၊ ပုလဲကွန်ဒိုအရှေ့၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့တွင်KHG Development Co., Ltd. မှတာဝန်ယူတည်ဆောက်ပါသည်။ INFINITY ကိုနိုင်ငံတကာအဆင့်မီစံချိန်၊ စံညွန်းသတ်မှတ်ချက်များဖြင့် အထူးတလည် တည်ဆောက်သွားမည်ဖြစ်ပြီး၊ မိုးပျံအထပ်မြင့်လူနေမှုစနစ်ကို ကြိုဆိုသောအားဖြင့် သမရိုးကျပုံစံများမှ ဖောက်ထွက်ပြီးအဆင့်မြင့် ဗိသုကာပညာများဖြင့် ဖန်တီးထားမှုများ ကို မြင်တွေ့နိုင်ပါသည်။ ခေတ်မီဆန်းသစ်ခြင်းနှင့် ပတ်ဝန်းကျင်အေးချမ်း ဆိတ်ငြိမ်ခြင်း အရည်အသွေးများနှင့် ပြည့်စုံနေသော INFINITY သည်မြို့ပြပတ်ဝန်းကျင်၏ ရှုပ်ထွေး ဆူညံမှုများမှကင်းလွတ်ရာ သုခဘုံတစ်ခုအလားဖြစ်ပါမည်။ KHG သည်နိုင်ငံတကာ စံချိန်စံနှုန်းများရှိပြီး အထင်ကရ အဖွဲ့အစည်း များနှင့်ပူးပေါင်းကာ ရန်ကုန်မြို့၌ အကောင်းဆုံးလူနေမှုအဆင့်အတန်းရှိသော အဆောက်အဦး INFINITY အားသင့်ဆီသို့ ယူဆောင်လာပါပြီ။ KHG ၏ဦးဆောင်မှုအောက်တွင် ဗိသုကာလုပ်ငန်းနယ်ပယ်၌ ဆုတံဆိပ်များရရှိထားသော ONG&ONG မှ စီမံကိန်းကိုစိတ်ကူးပုံဖော်ပြီး စင်္ကာပူမှ ဖွဲ့စည်းထားသောနိုင်ငံတကာ အဖွဲ့ဝင်များ၏ ကူညီပံ့ပိုးမှုဖြင့် ဆောက်လုပ်သွားမည် ဖြစ်ပါသည်။
၃၆၀ ဒီဂရီမြင်ကွင်းစုံ
အဆင့်မြင့် ကွန်ဒိုမီနီယံ၏ ထူးခြားသည့်အင်္ဂါရပ်များ
အစဉ်အဆက်ပိုင်ဆိုင်မှုအစစ်အမှန်
KHG Development အဖွဲ့မှ INFINITY အဆောက်အဦးတစ်ခုလုံးကို စင်္ကာပူနိုင်ငံ စံချိန်စံညွှန်းများနှင့်အညီ တာဝန်ယူဆောက်လုပ်သွားမည်ဖြစ်ပါသည်။ ဘိုးဘွားပိုင်မြေအမျိုးအစားပေါ်တွင် ဆောက်လုပ်မည့် အဆောက်အဦးဖြစ်သည့်အလျှောက် သားစဉ်မြေးဆက်နေထိုင်ရန် အိမ်ဟုအမှန် တကယ်ခေါ်နိုင်မည့် နေရာဖြစ်ပါသည်။ ယနေ့အတွက်သာမက အနာဂတ် အတွက်ပါ အစဉ်ထာဝရ ရင်းနှီးမြှုပ်နှံမှုအတွက် အကောင်းဆုံးသောနေရာဖြစ်ပါသည်။ သင်၏ အနာဂတ်မျိုးဆက်သစ်များအတွက် အဖိုးတန်သည့် အကောင်းဆုံးအမွေအနှစ် တစ်ခုအဖြစ် လက်ဆင့်ကမ်းနိုင်မည့်နေရာလည်းဖြစ်ပါသည်။
အိမ်ခန်းဝယ်ယူနေထိုင်သော မိသားစုများ အဆင်ပြေစွာနေထိုင်နိုင်ရန်အတွက် အခန်းသော့ (၂)စုံစီ စီစဉ်ပေးထားပါသည်။ အဆင့်အတန်းရှိရှိ လုံခြုံစိတ်ချစွာနေထိုင်နိုင်ရန် စီစဉ်ပေးထားပြီး ပူးတွဲပါအခန်းများကိုလည်း မိမိလိုအပ်သလို အသုံးပြုနိုင်ပါသည်။
သင့်အတွက် INFINITY
အဆင့်မြင့် ကျွမ်းကျင်အကြံပေးများ
Location Map
အမှတ်(၂၅)၊ (အေ/၈)၊ အေးရိပ်သာ(၂)လမ်း၊ တက္ကသိုလ်လမ်းသစ်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
ဆက်သွယ်မေးမြန်းရန်
ဤ Project နှင့် ပတ်သတ်၍ စိတ်ဝင်စားပါက အောက်ပါဖောင်တွင် ဖြည့်စွက်၍ ဆက်သွယ် မေးမြန်းနိုင်ပါသည်။