တရုတ်နိုင်ငံရှိ ဝူဟန်ဗိုင်းရပ်စ် အင်စတီကျုသို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ ကိုယ်စားလှယ်အဖွဲ့များ စုံစမ်းရန် ရောက်ရှိ

တရုတ်နိုင်ငံရှိ ဝူဟန်ဗိုင်းရပ်စ် အင်စတီကျုသို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ ကိုယ်စားလှယ်အဖွဲ့များ စုံစမ်းရန် ရောက်ရှိ - Property News in Myanmar from iMyanmarHouse.com
4 Feb 2021 12:40 pm တွင် တင်ခဲ့သည်
1109 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) မှ ကျွမ်းကျင်ပညာရှင်အဖွဲ့သည် Covid-19 ရောဂါ၏ဇာစ်မြစ်ကို စုံစမ်းစစ်ဆေးရန် လာရောက်မှု ခရီးစဉ်၏ တစိတ်တပိုင်းအဖြစ် ဝူဟန်ဗိုင်းရပ်စ်အင်စတီကျုသို့ ရောက်ရှိခဲ့ကြသည်။

WHO ၏အဖွဲ့သည် ဝူဟန်ဗိုင်းရပ်စ်အင်စတီကျုဝန်းအတွင်းရှိ P4 ဓာတ်ခွဲခန်းအတွင်း ဝင်ရောက်လေ့လာခဲ့ကြကြောင်း တရုတ်အစိုးရပိုင် Global Times သတင်းတစ်ရပ်တွင် ဖော်ပြသည်။

WHO မှ ကျွမ်းကျင်ပညာရှင်အဖွဲ့သည် Covid-19 စတင်မှုရင်းမြစ်ကို စုံစမ်းစစ်ဆေးရန် ဝူဟန်မြို့သို့ ဇန်နဝါရီလ ၁၄ ရက်တွင် ရောက်ရှိခဲ့ကြခြင်း ဖြစ်သည်။

ကမ္ဘာပေါ်တွင် ကိုရိုနာဗိုင်းရပ်စ် ပထမဆုံး ကူးစက်ခံရသည့် လူနာများကို ဝူဟန်မြို့တွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက စတင်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

WHO ၏အဖွဲ့သည် တရုတ်ပြည်သို့ ရောက်ရှိပြီး ရက်သတ္တ ၂ ပတ် ကွာရန်တင်းဝင်ခဲ့ပြီးနောက် ပြီးခဲ့သော ရက်သတ္တပတ်ကမှ စတင်ကာ ကွင်းဆင်းစစ်ဆေးမှုလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်သည်။

၎င်းအဖွဲ့သည် ကိုရိုနာဗိုင်းရပ်စ် ပထမလှိုင်းလူနာများကို ကုသမှုပေးခဲ့သည့် ဒေသတွင်းဆေးရုံများနှင့် ရောဂါကူးစက်ခံရသူများ ပထမဆုံး တွေ့ခဲ့သည့် ဒေသတွင်းဈေးတစ်ခုသို့ သွားရောက်ခဲ့ကြသည်။

SARS-CoV-2 ဟု ခေါ်သော ကိုရိုနာဗိုင်းရပ်စ်သည် ကိုရိုနာဗိုင်းရပ်စ်နမူနာ ထောင်ပေါင်းများစွာ စုဆောင်းသိုလှောင်ထားသည့် ဝူဟန်ရှိ ဓာတ်ခွဲခန်းမှ လွတ်ထွက်လာခဲ့ခြင်းဖြစ်နိုင်သည်ဟူသော အယူအဆများ ပေါ်ပေါက်ခဲ့ခြင်းကြောင့် ဝူဟန်ဗိုင်းရပ်စ် အင်စတီကျုသည် WHO ၏ တရုတ်ပြည်ခရီးစဉ်တွင် အဓိကဦးတည်ရာ ဖြစ်လာခဲ့သည်။

ဝူဟန်ဓာတ်ခွဲခန်းမှ ထိပ်တန်းဗိုင်းရပ်စ်ပညာရှင် အမျိုးသမီး Shi Zhengli ကို လင်းနို့အမျိုးသမီးဟု လူသိများသည်။

Shi Zhengli သည် ၂၀၀၃ ခုနှစ်အတွင်းက တရုတ်ပြည်တွင် ပြင်းထန်အသက်ရှူလမ်းကြောင်းရောဂါ - ဆားစ်ရောဂါ(SARS) ကို ဖြစ်စေသည့် ကိုရိုနာဗိုင်းရပ်စ်မျိုးကို သုတေသနများ ကျယ်ပြန့်စွာ ပြုလုပ်ခဲ့သူ ဖြစ်သည်။

Shi Zhengli သည် တရုတ်ပြည် အနောက်တောင်ပိုင်းရှိ လင်းနို့ဂူများမှ ကိုရိုနာဗိုင်းရပ်စ် နမူနာများကို ၅ နှစ်ခန့် အချိန်ယူ စုဆောင်း လေ့လာခဲ့သည်။

သူမ၏ သုတေသနအရ ကောက်ချက်ချနိုင်ခဲ့သည်မှာ ဆားစ်ရောဂါဖြစ်စေသည့် ကိုရိုနာဗိုင်းရပ်စ်မှာ အဆိုပါ လှိုဏ်ဂူများတွင် ကျက်စားသည့် မြင်းခွာပုံလင်းနို့များမှ ဖြစ်ကြောင်း ကောက်ချက်ချနိုင်ခဲ့သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: WHO Team Visits Wuhan Institute of Virology on COVID-19 Origins Investigation Mission (sputnik)

[Zawgyi]

တရုတ္ႏိုင္ငံရွိ ဝူဟန္ဗိုင္းရပ္စ္ အင္စတီက်ဳသို႔ ကမၻာ့က်န္းမာေရးအဖြဲ႔ၾကီးမွ ကိုယ္စားလွယ္အဖြဲ႔မ်ား စံုစမ္းရန္ ေရာက္ရွိ

ကမၻာ့က်န္းမာေရးအဖြဲ႔ၾကီး (WHO) မွ ကၽြမ္းက်င္ပညာရွင္အဖြဲ႔သည္ Covid-19 ေရာဂါ၏ဇာစ္ျမစ္ကို စံုစမ္းစစ္ေဆးရန္ လာေရာက္မႈ ခရီးစဥ္၏ တစိတ္တပိုင္းအျဖစ္ ဝူဟန္ဗိုင္းရပ္စ္အင္စတီက်ဳသုိ႔ ေရာက္ရွိခဲ့ၾကသည္။

WHO ၏အဖြဲ႔သည္ ဝူဟန္ဗိုင္းရပ္စ္အင္စတီက်ဳဝန္းအတြင္းရွိ P4 ဓာတ္ခြဲခန္းအတြင္း ဝင္ေရာက္ေလ့လာခဲ့ၾကေၾကာင္း တရုတ္အစိုးရပိုင္ Global Times သတင္းတစ္ရပ္တြင္ ေဖာ္ျပသည္။

WHO မွ ကၽြမ္းက်င္ပညာရွင္အဖြဲ႔သည္ Covid-19 စတင္မႈရင္းျမစ္ကို စံုစမ္းစစ္ေဆးရန္ ဝူဟန္ျမိဳ႕သို႔ ဇန္နဝါရီလ ၁၄ ရက္တြင္ ေရာက္ရွိခဲ့ၾကျခင္း ျဖစ္သည္။

ကမၻာေပၚတြင္ ကိုရိုနာဗိုင္းရပ္စ္ ပထမဆံုး ကူးစက္ခံရသည့္ လူနာမ်ားကို ဝူဟန္ျမိဳ႕တြင္ ၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာလအတြင္းက စတင္ေတြ႔ရွိခဲ့ျခင္း ျဖစ္သည္။

WHO ၏အဖြဲ႔သည္ တရုတ္ျပည္သို႔ ေရာက္ရွိျပီး ရက္သတၱ ၂ ပတ္ ကြာရန္တင္းဝင္ခဲ့ျပီးေနာက္ ျပီးခဲ့ေသာ ရက္သတၱပတ္ကမွ စတင္ကာ ကြင္းဆင္းစစ္ေဆးမႈလုပ္ငန္းမ်ား ေဆာင္ရြက္ႏိုင္ခဲ့ျခင္း ျဖစ္သည္။

၎အဖြဲ႔သည္ ကိုရိုနာဗိုင္းရပ္စ္ ပထမလႈိင္းလူနာမ်ားကို ကုသမႈေပးခဲ့သည့္ ေဒသတြင္းေဆးရံုမ်ားႏွင့္ ေရာဂါကူးစက္ခံရသူမ်ား ပထမဆံုး ေတြ႔ခဲ့သည့္ ေဒသတြင္းေစ်းတစ္ခုသို႔ သြားေရာက္ခဲ့ၾကသည္။

SARS-CoV-2 ဟု ေခၚေသာ ကိုရိုနာဗိုင္းရပ္စ္သည္ ကိုရိုနာဗိုင္းရပ္စ္နမူနာ ေထာင္ေပါင္းမ်ားစြာ စုေဆာင္းသိုေလွာင္ထားသည့္ ဝူဟန္ရွိ ဓာတ္ခြဲခန္းမွ လြတ္ထြက္လာခဲ့ျခင္းျဖစ္ႏိုင္သည္ဟူေသာ အယူအဆမ်ား ေပၚေပါက္ခဲ့ျခင္းေၾကာင့္ ဝူဟန္ဗိုင္းရပ္စ္ အင္စတီက်ဳသည္ WHO ၏ တရုတ္ျပည္ခရီးစဥ္တြင္ အဓိကဦးတည္ရာ ျဖစ္လာခဲ့သည္။

ဝူဟန္ဓာတ္ခြဲခန္းမွ ထိပ္တန္းဗိုင္းရပ္စ္ပညာရွင္ အမ်ဳိးသမီး Shi Zhengli ကို လင္းႏို႔အမ်ဳိးသမီးဟု လူသိမ်ားသည္။

Shi Zhengli သည္ ၂၀၀၃ ခုႏွစ္အတြင္းက တရုတ္ျပည္တြင္ ျပင္းထန္အသက္ရွဴလမ္းေၾကာင္းေရာဂါ - ဆားစ္ေရာဂါ(SARS) ကို ျဖစ္ေစသည့္ ကိုရိုနာဗိုင္းရပ္စ္မ်ဳိးကို သုေတသနမ်ား က်ယ္ျပန္႔စြာ ျပဳလုပ္ခဲ့သူ ျဖစ္သည္။

Shi Zhengli သည္ တရုတ္ျပည္ အေနာက္ေတာင္ပိုင္းရွိ လင္းႏို႔ဂူမ်ားမွ ကိုရိုနာဗိုင္းရပ္စ္ နမူနာမ်ားကို ၅ ႏွစ္ခန္႔ အခ်ိန္ယူ စုေဆာင္း ေလ့လာခဲ့သည္။

သူမ၏ သုေတသနအရ ေကာက္ခ်က္ခ်ႏိုင္ခဲ့သည္မွာ ဆားစ္ေရာဂါျဖစ္ေစသည့္ ကိုရိုနာဗိုင္းရပ္စ္မွာ အဆိုပါ လိႈဏ္ဂူမ်ားတြင္ က်က္စားသည့္ ျမင္းခြာပံုလင္းႏို႔မ်ားမွ ျဖစ္ေၾကာင္း ေကာက္ခ်က္ခ်ႏိုင္ခဲ့သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: WHO Team Visits Wuhan Institute of Virology on COVID-19 Origins Investigation Mission (sputnik)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တောင်ကြီးနှင့် ကလော အိမ်ခြံမြေဈေး တည်ငြိမ်နေ
တောင်ကြီးနှင့် ကလော အိမ်ခြံမြေဈေး တည်ငြိမ်နေ
ဆောက်လုပ်ရေးလုပ်ငန်းတချို့ ရပ်နားနေ
ဆောက်လုပ်ရေးလုပ်ငန်းတချို့ ရပ်နားနေ
မြို့တော်ဝန် ဖြစ်လိုသူများအတွက် အမေရိကန်ပြည်၊ မွန်တားနားပြည်နယ်ရှိ မြို့တစ်မြို့လုံးကို ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းမျှဖြင့် ဝယ်ယူနိုင်မည့် အခွင့်အလမ်း ပေါ်ပေါက်နေ...
မြို့တော်ဝန် ဖြစ်လိုသူများအတွက် အမေရိကန်ပြည်၊ မွန်တားနားပြည်နယ်ရှိ မြို့တစ်မြို့လုံးကို ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းမျှဖြင့် ဝယ်ယူနိုင်မည့် အခွင့်အလမ်း ပေါ်ပေါက်နေ...
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
ကမ္ဘာ့အချမ်းသာဆုံး အိမ်ခြံမြေလောက သူဌေးကြီး (၅) ဦး
ကမ္ဘာ့အချမ်းသာဆုံး အိမ်ခြံမြေလောက သူဌေးကြီး (၅) ဦး
ဂျက်ကီချန်း၏ တရုတ်ပြည် ဟန်ကျိုးမြို့ရှိ ဒေါ်လာ (၈) သန်းတန် စံအိမ်
ဂျက်ကီချန်း၏ တရုတ်ပြည် ဟန်ကျိုးမြို့ရှိ ဒေါ်လာ (၈) သန်းတန် စံအိမ်
ဒဂုံမြို့သစ်လေးမြို့နယ်ရှိ ဈေးအနိမ့်ပိုင်းအိမ်ခြံမြေတွေ အရောင်းအဝယ်ဖြစ်
ဒဂုံမြို့သစ်လေးမြို့နယ်ရှိ ဈေးအနိမ့်ပိုင်းအိမ်ခြံမြေတွေ အရောင်းအဝယ်ဖြစ်
အိပ်ခန်း ၃ ခန်းပါ ပေါင် ၁၂၀၀၀၀ တန် နေအိမ်ကို အခမဲ့ပေးကမ်းလှူဒါန်းသူ (သို့မဟုတ်) ပန်းခြံခုံတန်းတွင် အိပ်စက်ရသည့် အိမ်ရာမဲ့ဘဝမှ ဒေါ်လာသန်း ၄၀ ခန့် ချမ်းသာကြွယ်ဝလာသည့် အိမ်ခြံမြေလုပ်ငန်းရှင်ကြီး...
အိပ်ခန်း ၃ ခန်းပါ ပေါင် ၁၂၀၀၀၀ တန် နေအိမ်ကို အခမဲ့ပေးကမ်းလှူဒါန်းသူ (သို့မဟုတ်) ပန်းခြံခုံတန်းတွင် အိပ်စက်ရသည့် အိမ်ရာမဲ့ဘဝမှ ဒေါ်လာသန်း ၄၀ ခန့် ချမ်းသာကြွယ်ဝလာသည့် အိမ်ခြံမြေလုပ်ငန်းရှင်ကြီး...
ပြင်သစ်နိုင်ငံရှိ မြို့ငယ်တစ်ခုတွင် မြို့လယ်ရှိ ၈၂၈ စတုရန်းပေ ကျယ်ဝန်းသော နှစ်ထပ်အိမ်တစ်လုံးကို ၁ ယူရို ဖြင့် ရောင်းချပေးမည်၊ လျှောက်လွှာများ လက်ခံနေပြီး ဇွန်လ (၁၅) ရက်အထိ လျှောက်လွှာတင် ဝယ်ယူနိုင်...

ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ
ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
area-one-business-complex
ponnami

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service