တရုတ်ပြည်တွင် COVID-19 ကာကွယ်ဆေးအတုများ မှောင်ခိုရောင်းဝယ်သူ ၈၀ ဦးကျော်ကို ဖမ်းဆီး

တရုတ်ပြည်တွင် COVID-19 ကာကွယ်ဆေးအတုများ မှောင်ခိုရောင်းဝယ်သူ ၈၀ ဦးကျော်ကို ဖမ်းဆီး - Property News in Myanmar from iMyanmarHouse.com
3 Feb 2021 9:55 am တွင် တင်ခဲ့သည်
1797 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

တရုတ်နိုင်ငံတွင် လူပေါင်း ၈၀ ကျော်ကို COVID-19 ကာကွယ်ဆေးအတုများ မှောင်ခိုရောင်းဝယ်၊ ဖြန့်ဖြူးမှုဖြင့် ဖမ်းဆီးလိုက်သည်။

အချို့သော ကာကွယ်ဆေးများသည် အာဖရိကသို့ တင်ပို့ထားပြီး လမ်းတွင်ရှိနေဆဲဖြစ်သည်ဟု တရုတ်အစိုးရပိုင် Global Times သတင်းဌာနက ဖော်ပြသည်။

ကာကွယ်ဆေးနှင့် ဆက်နွှယ်သည့် ရာဇဝတ်မှုများနှိမ်နင်းရန် အထူးစီမံချက်အရ ယခုကဲ့သို့ ဖမ်းဆီးအရေးယူမှုများကို ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကာကွယ်ဆေးအတု အလုံးရေ ၃၀၀၀ သိမ်းဆည်းရမိခဲ့ကြောင်း Global Times တွင် ဖော်ပြသည်။

ဖမ်းဆီးအရေးယူမှုများကို ပေကျင်း၊ တရုတ်ပြည်အရှေ့ပိုင်း ကျန်းဆုနှင့် ရှန်တုံးပြည်နယ်များမှ ရဲတပ်ဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ကာကွယ်ဆေးအတု ရောင်းချမှုများမှာ မြို့ကြီးပေါင်းများစွာတွင် ပျံ့နှံ့ပေါ်ပေါက်နေကြောင်း Global Times သတင်းတွင် ဖော်ပြသည်။

သံသယရှိသူများသည် ပြီးခဲ့သောနှစ် စက်တင်ဘာလကတည်းက ကာကွယ်ဆေးများ တရားမဝင် ထုတ်လုပ်၊ ရောင်းချမှုမှ အကျိုးစီးပွားဖြစ်ထွန်းနေကြကြောင်း Global Times သတင်းက ဆက်လက်ဖော်ပြသည်။

ဆေးထိုးအပ်ပါပြီးဖြစ်သော တစ်ခါသုံးကာကွယ်ဆေးထိုးအပ်များအတွင်းသို့ ဆားရည်များ ထိုးထည့်ကာ ကာကွယ်ဆေးအတု ပြုလုပ်ရောင်းချကြခြင်းဖြစ်ပြီး မြင့်မားသော ဈေးနှုန်းများဖြင့် ရောင်းချကြသည်ဟု Global Times သတင်းစာက ဖော်ပြသည်။

မှောင်ခိုသမားတို့သည် ကာကွယ်ဆေးအတုများကို အာဖရိကသို့ မှောင်ခိုတင်သွင်းခဲ့ကြသည်ဟု ယုံကြည်ရကြောင်း၊ သို့သော် တရုတ်ပြည်အတွင်းမှ မည်သို့မည်ပုံ ပြင်ပသို့ ထုတ်ရန် စီစဉ်နိုင်ခဲ့ကြသည်ကိုမူ မသိရသေးကြောင်း သတင်းတွင် ဆက်လက်ဖော်ပြသည်။

ကာကွယ်ဆေးအတုများ ပျံ့နှံ့နေသည်ဆိုသည့် သတင်းနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဝမ်းဝန်ပင်း (Wang Wenbin) က အင်္ဂါနေ့တွင် သတင်းထုတ်ပြန်ချက်ပြုလုပ်ခဲ့ရာ၌ တရုတ်နိုင်ငံအနေဖြင့် ကာကွယ်ဆေးအတုများနှင့် မှောင်ခိုရောင်းချမှုများကို တိုက်ဖျက်ရန် ထိရောက်သော ဆောင်ရွက်မှုများ ပြုလုပ်သွားလိမ့်မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ယင်းသို့သော ရာဇဝတ်လှုပ်ရှားမှုမျိုးကို ကာကွယ်ရန်အတွက် အခြားနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန်လည်း လိုအပ်လိမ့်မည်ဖြစ်ကြောင်း ဝမ်းဝန်ပင်းက ပြောသည်။

ဖမ်းဆီးရမိသူတို့သည် ကာကွယ်ဆေးအတုများကို ပြည်ပသို့ တင်ပို့ရန် စီစဉ်နေခြင်းဖြစ်နိုင်ကြောင်း Global Times သတင်းစာက ဖော်ပြသည်။

သံသယရှိသူတို့ထံမှ ဖမ်းဆီးရမိသော တရားမဝင်ကာကွယ်ဆေးများသည် အတုဟုတ်၊ မဟုတ် အတည်ပြုနိုင်ရန်အတွက် ရဲတပ်ဖွဲ့က ကာကွယ်ဆေးထုတ်လုပ်သော ကုမ္ပဏီတို့နှင့် ပူးပေါင်းကာ ကြိမ်ဖန်များစွာ စစ်ဆေးခဲ့ကြသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Over 80 people arrested in China for smuggling fake COVID-19 vaccines (wionews)

 

 [Zawgyi]

 

တရုတ္ျပည္တြင္ COVID-19 ကာကြယ္ေဆးအတုမ်ား ေမွာင္ခိုေရာင္းဝယ္သူ ၈၀ ဦးေက်ာ္ကို ဖမ္းဆီး

တရုတ္ႏိုင္ငံတြင္ လူေပါင္း ၈၀ ေက်ာ္ကို COVID-19 ကာကြယ္ေဆးအတုမ်ား ေမွာင္ခိုေရာင္းဝယ္၊ ျဖန္႔ျဖဴးမႈျဖင့္ ဖမ္းဆီးလိုက္သည္။

အခ်ဳိ႕ေသာ ကာကြယ္ေဆးမ်ားသည္ အာဖရိကသို႔ တင္ပို႔ထားျပီး လမ္းတြင္ရွိေနဆဲျဖစ္သည္ဟု တရုတ္အစိုးရပိုင္ Global Times သတင္းဌာနက ေဖာ္ျပသည္။

ကာကြယ္ေဆးႏွင့္ ဆက္ႏႊယ္သည့္ ရာဇဝတ္မႈမ်ားႏွိမ္နင္းရန္ အထူးစီမံခ်က္အရ ယခုကဲ့သို႔ ဖမ္းဆီးအေရးယူမႈမ်ားကို ျပဳလုပ္ခဲ့ျခင္းျဖစ္ျပီး ကာကြယ္ေဆးအတု အလံုးေရ ၃၀၀၀ သိမ္းဆည္းရမိခဲ့ေၾကာင္း Global Times တြင္ ေဖာ္ျပသည္။

ဖမ္းဆီးအေရးယူမႈမ်ားကို ေပက်င္း၊ တရုတ္ျပည္အေရွ႕ပိုင္း က်န္းဆုႏွင့္ ရွန္တံုးျပည္နယ္မ်ားမွ ရဲတပ္ဖြဲ႔မ်ားက ပူးေပါင္းေဆာင္ရြက္ခဲ့ျခင္းျဖစ္သည္။

ကာကြယ္ေဆးအတု ေရာင္းခ်မႈမ်ားမွာ ျမိဳ႕ၾကီးေပါင္းမ်ားစြာတြင္ ပ်ံ႕ႏွံ႔ေပၚေပါက္ေနေၾကာင္း Global Times သတင္းတြင္ ေဖာ္ျပသည္။

သံသယရွိသူမ်ားသည္ ျပီးခဲ့ေသာႏွစ္ စက္တင္ဘာလကတည္းက ကာကြယ္ေဆးမ်ား တရားမဝင္ ထုတ္လုပ္၊ ေရာင္းခ်မႈမွ အက်ဳိးစီးပြားျဖစ္ထြန္းေနၾကေၾကာင္း Global Times သတင္းက ဆက္လက္ေဖာ္ျပသည္။

ေဆးထိုးအပ္ပါျပီးျဖစ္ေသာ တစ္ခါသံုးကာကြယ္ေဆးထိုးအပ္မ်ားအတြင္းသို႔ ဆားရည္မ်ား ထိုးထည့္ကာ ကာကြယ္ေဆးအတု ျပဳလုပ္ေရာင္းခ်ၾကျခင္းျဖစ္ျပီး ျမင့္မားေသာ ေစ်းႏႈန္းမ်ားျဖင့္ ေရာင္းခ်ၾကသည္ဟု Global Times သတင္းစာက ေဖာ္ျပသည္။

ေမွာင္ခိုသမားတို႔သည္ ကာကြယ္ေဆးအတုမ်ားကို အာဖရိကသို႔ ေမွာင္ခိုတင္သြင္းခဲ့ၾကသည္ဟု ယံုၾကည္ရေၾကာင္း၊ သို႔ေသာ္ တရုတ္ျပည္အတြင္းမွ မည္သို႔မည္ပံု ျပင္ပသို႔ ထုတ္ရန္ စီစဥ္ႏိုင္ခဲ့ၾကသည္ကိုမူ မသိရေသးေၾကာင္း သတင္းတြင္ ဆက္လက္ေဖာ္ျပသည္။

ကာကြယ္ေဆးအတုမ်ား ပ်ံ႕ႏွံ႔ေနသည္ဆိုသည့္ သတင္းႏွင့္ ပတ္သက္ျပီး တရုတ္ႏိုင္ငံျခားေရးဝန္ၾကီးဌာန ေျပာေရးဆိုခြင့္ရပုဂၢိဳလ္ ဝမ္းဝန္ပင္း (Wang Wenbin) က အဂၤါေန႔တြင္ သတင္းထုတ္ျပန္ခ်က္ျပဳလုပ္ခဲ့ရာ၌ တရုတ္ႏိုင္ငံအေနျဖင့္ ကာကြယ္ေဆးအတုမ်ားႏွင့္ ေမွာင္ခိုေရာင္းခ်မႈမ်ားကို တိုက္ဖ်က္ရန္ ထိေရာက္ေသာ ေဆာင္ရြက္မႈမ်ား ျပဳလုပ္သြားလိမ့္မည္ျဖစ္ေၾကာင္း ထုတ္ျပန္ခဲ့သည္။

ယင္းသို႔ေသာ ရာဇဝတ္လႈပ္ရွားမႈမ်ဳိးကို ကာကြယ္ရန္အတြက္ အျခားႏိုင္ငံမ်ားႏွင့္ ပူးေပါင္းေဆာင္ရြက္ရန္လည္း လိုအပ္လိမ့္မည္ျဖစ္ေၾကာင္း ဝမ္းဝန္ပင္းက ေျပာသည္။

ဖမ္းဆီးရမိသူတို႔သည္ ကာကြယ္ေဆးအတုမ်ားကို ျပည္ပသို႔ တင္ပို႔ရန္ စီစဥ္ေနျခင္းျဖစ္ႏိုင္ေၾကာင္း Global Times သတင္းစာက ေဖာ္ျပသည္။

သံသယရွိသူတို႔ထံမွ ဖမ္းဆီးရမိေသာ တရားမဝင္ကာကြယ္ေဆးမ်ားသည္ အတုဟုတ္၊ မဟုတ္ အတည္ျပဳႏိုင္ရန္အတြက္ ရဲတပ္ဖြဲ႔က ကာကြယ္ေဆးထုတ္လုပ္ေသာ ကုမၸဏီတို႔ႏွင့္ ပူးေပါင္းကာ ၾကိမ္ဖန္မ်ားစြာ စစ္ေဆးခဲ့ၾကသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Over 80 people arrested in China for smuggling fake COVID-19 vaccines (wionews)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...
ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ
ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ
ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service