စွန့်လွှတ်ကြောင်း ကြေညာခံထားရသည့် ဇနီး၊ ခင်ပွန်းတို့နှင့် ဆက်စပ်နေသော အိမ်နှင့်မြေကို ဝယ်မည်ဆိုလျှင်

စွန့်လွှတ်ကြောင်း ကြေညာခံထားရသည့် ဇနီး၊ ခင်ပွန်းတို့နှင့် ဆက်စပ်နေသော အိမ်နှင့်မြေကို ဝယ်မည်ဆိုလျှင် - Property Knowledge in Myanmar from iMyanmarHouse.com
27 Jan 2021 3:12 pm တွင် တင်ခဲ့သည်
1257 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

''သားသမီးအဖြစ်မှ အမွေပြတ် စွန့်လွှတ်ခြင်း၊ ဇနီးအဖြစ်မှ စွန့်လွှတ်ခြင်းစတဲ့ ကြေညာချက်တွေကို သတင်းစာထဲမှာ နေ့တိုင်းဖတ်ရှုနေရတယ်။ အဲဒီကြေညာချက်တွေက အမှန်တကယ် တရားဝင်ဖြစ်ပါ သလား''

ငယ်သူငယ်ချင်းတစ်ဦးနှင့် မတွေ့သည်မှာကြာပြီဖြစ်၍ စားသောက်ဆိုင်တစ်ဆိုင်တွင် တွေ့ဆုံ စားသောက်နေစဉ် သူငယ်ချင်းဖြစ်သူက စာရေးသူအား အဆိုပါမေးခွန်းကို မေးလိုက်ခြင်းဖြစ်သည်။

''အမှန်တကယ်တရားဝင်သလားဆိုတာက ဥပဒေနဲ့ညီ၊ မညီကို ပြောချင်တာလား''

''သူငယ်ချင်းတို့ ဥပဒေသမားတွေပြောတဲ့ စကားမျိုးပြောရရင်တော့ ဒီလိုကြေညာလိုက်တာနဲ့ ဥပဒေအရ အတည်ဖြစ်သွားသလား''

''တစ်ဖက်သတ်ကြေညာရုံနဲ့တော့ ဥပဒေအရ အလိုအလျှောက် လင်မယားပြတ်စဲသွားခြင်း မရှိပါဘူး။ သားသမီးကိစ္စလည်းသည်လိုပဲ၊ တရားရုံးက အတည်ပြုဆုံးဖြတ်ဖို့တော့လိုတယ်''

''အချို့ကပြောတော့ လင်ယောက်ျားက ဇနီးသည်ကို သုံးနှစ်တိတိမထောက်ပံ့ဘူး။ မဆက်သွယ် ဘူးဆိုရင် လင်မယားအဖြစ် အလိုအလျှောက်ပြတ်စဲတယ်။ ဇနီးဖြစ်သူက လင်ယောက်ျားကို တစ်နှစ်တိတိ အဆက်အသွယ်မလုပ်စွန့်ပစ်ရင် လင်မယားအဖြစ် အလိုအလျှောက် ပြတ်စဲတယ်ဆိုပြီး သိရလို့ပါ''

''စွန့်ပစ်ရုံနဲ့ လင်မယားအလိုအလျှောက် ပြတ်စဲခြင်းမရှိပါဘူး။ စွန့်ပစ်ခဲ့တယ်ဆိုတဲ့ အထောက်အထား ပေါ်လွင်ရင် တရားရုံးမှာ လင်မယားကွာရှင်းမှု လျှောက်ထားတောင်းဆိုခွင့် ရှိမှာဖြစ်တယ်။ ဒါနဲ့ ပတ်သက်လို့ တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ မခင်မြနှင့် ကုလား(ခ)မောင်လှရွှေ ၁၉၅၆ ခုနှစ် တရားစီရင်ထုံး စာမျက်နှာ ၂၆၄ အမှုမှာ စွန့်ပစ်ခြင်းအတွက် သတ်မှတ်သည့်ကာလကုန်လွန်သွား သော်လည်း ထိမ်းမြားမှုသည် အလိုအလျောက် ပျက်ပြယ်မသွားပေလို့ ဆုံးဖြတ်ထားပါတယ်။ ဒါနဲ့ သူငယ်ချင်း ပြောချင်တဲ့ကိစ္စက ဒီအမှုမျိုးနဲ့ ဘယ်လိုပတ်သက်နေသလဲ''

စကားပြောလျှင် သွယ်ဝိုက်ပြီး မေးမြန်းတတ်သည့် သူငယ်ချင်း၏ အကျင့်စရိုက်ကို သိရှိသဖြင့် စာရေး သူက မေးခွန်းထုတ်လိုက်ခြင်းဖြစ်သည်။

''သားဖြစ်တဲ့သူက အိမ်ဝယ်ဖို့ သွားစုံစမ်းတယ်။ ရောင်းမယ့်သူက ဇနီးနဲ့ကွဲနေကြတယ်လို့ နောက်ပိုင်း မှာ သိရတယ်''

''အိမ်ဝယ်မယ်ဆိုတော့ မြေနဲ့အိမ်ကို ဝယ်မယ်လို့ဆိုလိုတာ မဟုတ်လား။ မြေကွက်ဆိုရင်တော့ အမည် ပေါက်က ရောင်းမယ့်သူ့ရဲ့ အမည် ပေါက်လား၊ အဆင့်ဆင့်ဝယ်ထားတာလား''

''ဂရန်အမည်ပေါက်ကတော့ လင်ယောက်ျား အမည်ပေါက်ဖြစ်တယ်''

''လင်ယောက်ျားဆိုတာက အခုရောင်းမယ့်သူပေါ့''

''ဟုတ်ပါတယ်။ အစကတော့ အိမ်ထောင်မရှိဘူးလို့ထင်တာ၊ နောက်မှ သားငယ်တစ်ဦးရှိတယ်ဆို တာ တွေ့ခဲ့တာနဲ့ စကားစပ်ပြီး ဇနီး သည်အကြောင်း မေးဖြစ်သွားတာ သူငယ်ချင်း''

''ဇနီးနဲ့ ကွဲကွာနေတယ်ဆိုတာ က တရားဝင်တရားရုံးမှာ ကွာရှင်းပြီးပြီလား''

''ဇနီးဖြစ်သူက ဒီမှာမရှိတော့ တရားရုံးမှာ ကွာရှင်းလို့ မရသေးဘူး ဖြစ်နေတယ်''

''ဒါဆို ဇနီးက ဘယ်ထွက်သွားလို့လဲ၊ မြန်မာပြည်မှာ မရှိဘူးလား''

''ဟုတ်တယ် ဆရာ၊ နိုင်ငံခြားမှာ အလုပ်သွားလုပ်နေတာလို့ ပြောတယ်''

''လင်ယောက်ျားက ဘာအလုပ်လုပ်သလဲ''

''နိုင်ငံခြားသင်္ဘောသားလို့ ပြောတာပဲ၊ သေချာတော့ မသိဘူး''

''လင်မယားနှစ်ဦးလုံး နိုင်ငံခြား မှာ အလုပ်လုပ်ကြတာပေါ့''

''လင်ယောက်ျားပြောစကား အရတော့ သူနိုင်ငံခြားသင်္ဘောပေါ် ရောက်နေစဉ်မှာ ဇနီးသည်နဲ့ ဖုန်း အဆက်အသွယ်ပြတ်သွားတယ်။ မြန်မာပြည်ပြန်ရောက်လာတော့မှ ဇနီးဖြစ်သူက နိုင်ငံခြားသွား အလုပ် လုပ်နေတယ်လို့ သိရကြောင်း ပြော ပါတယ်''

''အင်းပေါ့လေ၊ စီးပွားရေး လောဘကြောင့် ဒီလိုအခြေအနေမျိုးလည်း ရှိတတ်ပါတယ်။ အခုတော့ ဇနီးက မြန်မာပြည်ကို ပြန်ရောက်နေ ပြီပေါ့''

''မရောက်သေးဘူးဆရာ၊ အဆက်အသွယ်လည်းမရှိဘူးပြောတယ်''

''ဘယ်လောက်ကြာသွားပြီလဲ''

''နှစ်နှစ်နီးပါးရှိသွားပြီပြောတာပဲ။ ပြီးတော့ ဇနီးအဖြစ်မှ စွန့်လွှတ်ကြောင်းလည်း ကြေညာထားတယ် ပြောတယ်။ အခုထိ အဆက်အသွယ် မရှိတော့ နှောင့်ယှက်မှာမဟုတ်ဘူးလို့ ပြောတာပဲ''

''နှစ်ဦးသဘောတူကွာရှင်းဖို့က လည်း အဆင်မပြေသေးတော့ စဉ်းစားစရာပဲ''

''လင်ယောက်ျားရဲ့ ပြောစကားအရတော့ မိန်းမဖြစ်သူက သားနဲ့ လင်ယောက်ျားကို စွန့်ပစ်သွားတာမို့ တစ်နှစ်ကျော်ပြီလည်းဖြစ်တယ်။ အဆက်အသွယ်လည်း မရှိဘူးလို့ ပြော ပါတယ်''

''မြေနဲ့အိမ်က လင်ယောက်ျား တစ်ဦးတည်းရဲ့ အမည်ဆိုတော့ လက်မထပ်မီက ဝယ်ထားတဲ့ အိမ် ဖြစ်မယ် ထင်တယ်''

''ဒီကိစ္စကိုလည်း ပြောပြတယ်''

''ကဲ-ရှင်းပါဦး သူငယ်ချင်း''

''သူလူပျိုဘဝကတည်းက တိုက်ခန်းတစ်ခန်းဝယ်ထားတယ်။ အဲဒီတိုက်ခန်းကို ရောင်းပြီး ဒီမြေနဲ့အိမ်ကို ဝယ်တာလို့ ပြောတယ်''

''ဒါဆိုရင်တော့ ဒီမြေနဲ့အိမ်က လက်ထပ်ပွားပစ္စည်းမဟုတ်ဘူးပေါ့ဗျာ။ လင်မယားအိမ်ထောင်ကျရင် နေဖို့ဝယ်ပြီး အတူနေကြတာဖြစ်မယ်။ ဒါကြောင့် ဇနီးအမည်မပါပဲ သူတစ် ဦးတည်းအမည်နဲ့ ဝယ်လိုက်တာဖြစ်မယ်''

''ဇနီးနဲ့ အိမ်ထောင်မကျမီက ဝယ်ထားတယ်ဆိုရင် ဒီမြေနဲ့အိမ်ကို ဇနီးသည်က သက်ဆိုင်ပါဦးမလား''

''ဥပဒေအရတော့ သက်ဆိုင်မှုရှိတယ်လို့ ပြောရမှာပဲ''

''ဒါဆိုရင် ဇနီးသည်က အမွေရပိုင်ခွင့်ရှိတယ်လို့ ဆိုလိုတာလား''

''အိမ်ထောင်မကျမီက ဝယ်ထားတယ်ဆိုပေမယ့် အိမ်ထောင်ပြုရင် အတူနေမယ်လို့ ဝယ်ထားတဲ့ အိမ်နဲ့ မြေဖြစ်တယ်။ ပြီးတော့ အတူလည်းနေခဲ့တယ်။ ဒါကြောင့် လင်ယောက်ျားရဲ့ ပါရင်းပစ္စည်းလို့တော့ သတ်မှတ် နိုင်ပါတယ်''

''မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ မှာ လင်မယားကွာရှင်းကြရင် လင်ယောက်ျားရဲ့ ပါရင်းပစ္စည်းကို မယား ဖြစ်သူက သုံးပုံတစ်ပုံရခွင့်ရှိမှာဖြစ် တယ်''

''အခုကိစ္စမှာ သူငယ်ချင်းပြောသလို ဇနီးအဖြစ် စွန့်လွှတ်ကြောင်းကြေညာရုံနဲ့ တရားဝင်ကွာရှင်းခြင်း မဟုတ်ဘူးဆိုရင် ဇနီးဘက်က သုံးပုံတစ်ပုံတောင်းနိုင်တယ်လို့ ဆိုလိုတာလား''

''ဒါပေမယ့် စွန့်စားပြီးဝယ်ကြတဲ့ သူတွေလည်း ရှိပါတယ်''

''ရှင်းပြပါဦး သူငယ်ချင်း။ ပြီးတော့ လင်ယောက်ျားပြောတာက နိုင်ငံခြားမှာ အိမ်ထောင်ကျနေပြီလို့ ကြားတဲ့အကြောင်း ပြောတယ်။ ဒါကြောင့် သူရပိုင်ခွင့်လုံးဝမရှိဘူးလို့လည်း ပြောပြန်တယ်။ အဲဒါက ဘာကိုဆိုလိုတာလဲ''

''ဇနီးဖြစ်သူက နိုင်ငံခြားမှာ နောက်အိမ်ထောင်ပြုတယ်ဆိုတာကတော့ အိမ်မြေအရောင်းအဝယ်ဖြစ် အောင် ဝယ်သူယုံကြည်အောင် ပြောတာလည်းဖြစ်နိုင်တယ်။ အမှန်တကယ် အိမ်ထောင်ကျနေကြောင်း အထောက်အထားခိုင်လုံရင်တော့ ဥပဒေအရ အမွေရခွင့်မရှိဘူး။ မြန် မာ့ဓလေ့ထုံးတမ်းဥပဒေမှာ မယားဖြစ်သူက ပထမလင်ယောက်ျားနဲ့ တရားဝင်ကွာရှင်းခြင်းမရှိသေးဘဲ နောက်အိမ်ထောင်ပြုမယ်။ တစ်နည်းပြောရရင် ဖောက်ပြန်မယ်ဆိုရင် မိမိရရှိမယ့် လင်မယားနှစ်ဦးပိုင်ပစ္စည်း များအပေါ် ဆုံးရှုံးခံရမယ်လို့ ပြဋ္ဌာန်း ထားပါတယ်''

''ဒါကြောင့် လင်ယောက်ျားက ဇနီးနောက်အိမ်ထောင်ပြုသွားလို့ မဆိုင်ဘူးဆိုပြီး ပြောတာဖြစ်မယ်''

''ဟုတ်ပါတယ်။ စွန့်စားဝယ် တယ်ဆိုတာကတော့ ဇနီးဖြစ်သူရဲ့ ဆွေမျိုးသားချင်းတွေရှိတယ် မဟုတ် လား။ ဒီတော့ အိမ်မြေရောင်းဖိုးငွေထဲက စရန်ငွေချပြီး သတင်းစာထဲမှာ ကန့်ကွက်သူရှိ မရှိ ကြော်ငြာ၊ ကန့်ကွက်သူ မရှိရင် ငွေချေကာ အိမ်ပေါ်တက်ရောက်နေထိုင်တာလည်းရှိတယ်။ အရောင်းအဝယ်စာချုပ်မှာ အရှုပ်အရှင်း တစ်စုံတစ်ရာပေါ် ပေါက်ပါကရောင်းသူက မည်သို့တာ ဝန်ယူ မည်ဟု ဖော်ပြပြီး အရောင်းအ ဝယ်လုပ်ကြတာရှိတယ်။ ဒါကြောင့် သူငယ်ချင်းဆုံးဖြတ်ဝယ်ပါ''ဟု အကြံ ပေးဆွေးနွေးလိုက်ပါသည်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: ထီယု (ဥပဒေအတိုင်ပင်ခံ)

 

[Zawgyi]

စြန္႔လႊတ္ေၾကာင္း ေၾကညာခံထားရသည့္ ဇနီး၊ ခင္ပြန္းတုိ႔ႏွင့္ ဆက္စပ္ေနေသာ အိမ္ႏွင့္ေျမကို ၀ယ္မည္ဆိုလွ်င္

''သားသမီးအျဖစ္မွ အေမြျပတ္ စြန္႔လႊတ္ျခင္း၊ ဇနီးအျဖစ္မွ စြန္႔လႊတ္ျခင္းစတဲ့ ေၾကညာခ်က္ေတြကို သတင္းစာထဲမွာ ေန႔တုိင္းဖတ္႐ႈေနရတယ္။ အဲဒီေၾကညာခ်က္ေတြက အမွန္တကယ္ တရားဝင္ျဖစ္ပါ သလား''

ငယ္သူငယ္ခ်င္းတစ္ဦးႏွင့္ မေတြ႔သည္မွာၾကာၿပီျဖစ္၍ စားေသာက္ဆုိင္တစ္ဆုိင္တြင္ ေတြ႔ဆုံ စားေသာက္ေနစဥ္ သူငယ္ခ်င္းျဖစ္သူက စာေရးသူအား အဆုိပါေမးခြန္းကုိ ေမးလုိက္ျခင္းျဖစ္သည္။

''အမွန္တကယ္တရားဝင္သလားဆုိတာက ဥပေဒနဲ႔ညီ၊ မညီကုိ ေျပာခ်င္တာလား''

''သူငယ္ခ်င္းတုိ႔ ဥပေဒသမားေတြေျပာတဲ့ စကားမ်ဳိးေျပာရရင္ေတာ့ ဒီလုိေၾကညာလုိက္တာနဲ႔ ဥပေဒအရ အတည္ျဖစ္သြားသလား''

''တစ္ဖက္သတ္ေၾကညာ႐ုံနဲ႔ေတာ့ ဥပေဒအရ အလုိအေလွ်ာက္ လင္မယားျပတ္စဲသြားျခင္း မရွိပါဘူး။ သားသမီးကိစၥလည္းသည္လုိပဲ၊ တရား႐ုံးက အတည္ျပဳဆုံးျဖတ္ဖုိ႔ေတာ့လုိတယ္''

''အခ်ဳိ႕ကေျပာေတာ့ လင္ေယာက်္ားက ဇနီးသည္ကုိ သုံးႏွစ္တိတိမေထာက္ပံ့့ဘူး။ မဆက္သြယ္ ဘူးဆုိရင္ လင္မယားအျဖစ္ အလုိအေလွ်ာက္ျပတ္စဲတယ္။ ဇနီးျဖစ္သူက လင္ေယာက်္ားကို တစ္ႏွစ္တိတိ အဆက္အသြယ္မလုပ္စြန္႔ပစ္ရင္ လင္မယားအျဖစ္ အလုိအေလွ်ာက္ ျပတ္စဲတယ္ဆုိၿပီး သိရလုိ႔ပါ''

''စြန္႔ပစ္႐ုံနဲ႔ လင္မယားအလုိအေလွ်ာက္ ျပတ္စဲျခင္းမရွိပါဘူး။ စြန္႔ပစ္ခဲ့တယ္ဆုိတဲ့ အေထာက္အထား ေပၚလြင္ရင္ တရား႐ုံးမွာ လင္မယားကြာရွင္းမႈ ေလွ်ာက္ထားေတာင္းဆုိခြင့္ ရွိမွာျဖစ္တယ္။ ဒါနဲ႔ ပတ္သက္လုိ႔ တရား႐ုံးခ်ဳပ္က ဆုံးျဖတ္ထားတဲ့ မခင္ျမႏွင့္ ကုလား(ခ)ေမာင္လွေရႊ ၁၉၅၆ ခုႏွစ္ တရားစီရင္ထုံး စာမ်က္ႏွာ ၂၆၄ အမႈမွာ စြန္႔ပစ္ျခင္းအတြက္ သတ္မွတ္သည့္ကာလကုန္လြန္သြား ေသာ္လည္း ထိမ္းျမားမႈသည္ အလုိအေလ်ာက္ ပ်က္ျပယ္မသြားေပလုိ႔ ဆုံးျဖတ္ထားပါတယ္။ ဒါနဲ႔ သူငယ္ခ်င္း ေျပာခ်င္တဲ့ကိစၥက ဒီအမႈမ်ဳိးနဲ႔ ဘယ္လုိပတ္သက္ေနသလဲ''

စကားေျပာလွ်င္ သြယ္ဝုိက္ၿပီး ေမးျမန္းတတ္သည့္ သူငယ္ခ်င္း၏ အက်င့္စ႐ုိက္ကုိ သိရွိသျဖင့္ စာေရး သူက ေမးခြန္းထုတ္လုိက္ျခင္းျဖစ္သည္။

''သားျဖစ္တဲ့သူက အိမ္ဝယ္ဖုိ႔ သြားစုံစမ္းတယ္။ ေရာင္းမယ့္သူက ဇနီးနဲ႔ကြဲေနၾကတယ္လုိ႔ ေနာက္ပိုင္း မွာ သိရတယ္''

''အိမ္ဝယ္မယ္ဆုိေတာ့ ေျမနဲ႔အိမ္ကို ဝယ္မယ္လုိ႔ဆုိလုိတာ မဟုတ္လား။ ေျမကြက္ဆုိရင္ေတာ့ အမည္ ေပါက္က ေရာင္းမယ့္သူ႔ရဲ႕ အမည္ ေပါက္လား၊ အဆင့္ဆင့္ဝယ္ထားတာလား''

''ဂရန္အမည္ေပါက္ကေတာ့ လင္ေယာက်္ား အမည္ေပါက္ျဖစ္တယ္''

''လင္ေယာက်္ားဆုိတာက အခုေရာင္းမယ့္သူေပါ့''

''ဟုတ္ပါတယ္။ အစကေတာ့ အိမ္ေထာင္မရွိဘူးလုိ႔ထင္တာ၊ ေနာက္မွ သားငယ္တစ္ဦးရွိတယ္ဆုိ တာ ေတြ႔ခဲ့တာနဲ႔ စကားစပ္ၿပီး ဇနီး သည္အေၾကာင္း ေမးျဖစ္သြားတာ သူငယ္ခ်င္း''

''ဇနီးနဲ႔ ကြဲကြာေနတယ္ဆုိတာ က တရားဝင္တရား႐ုံးမွာ ကြာရွင္းၿပီးၿပီလား''

''ဇနီးျဖစ္သူက ဒီမွာမရွိေတာ့ တရား႐ုံးမွာ ကြာရွင္းလုိ႔ မရေသးဘူး ျဖစ္ေနတယ္''

''ဒါဆုိ ဇနီးက ဘယ္ထြက္သြားလုိ႔လဲ၊ ျမန္မာျပည္မွာ မရွိဘူးလား''

''ဟုတ္တယ္ ဆရာ၊ ႏုိင္ငံျခားမွာ အလုပ္သြားလုပ္ေနတာလုိ႔ ေျပာတယ္''

''လင္ေယာက်္ားက ဘာအလုပ္လုပ္သလဲ''

''ႏုိင္ငံျခားသေဘၤာသားလုိ႔ ေျပာတာပဲ၊ ေသခ်ာေတာ့ မသိဘူး''

''လင္မယားႏွစ္ဦးလုံး ႏုိင္ငံျခား မွာ အလုပ္လုပ္ၾကတာေပါ့''

''လင္ေယာက်္ားေျပာစကား အရေတာ့ သူႏုိင္ငံျခားသေဘၤာေပၚ ေရာက္ေနစဥ္မွာ ဇနီးသည္န႔ဲ ဖုန္း အဆက္အသြယ္ျပတ္သြားတယ္။ ျမန္မာျပည္ျပန္ေရာက္လာေတာ့မွ ဇနီးျဖစ္သူက ႏုိင္ငံျခားသြား အလုပ္ လုပ္ေနတယ္လုိ႔ သိရေၾကာင္း ေျပာ ပါတယ္''

''အင္းေပါ့ေလ၊ စီးပြားေရး ေလာဘေၾကာင့္ ဒီလုိအေျခအေနမ်ဳိးလည္း ရွိတတ္ပါတယ္။ အခုေတာ့ ဇနီးက ျမန္မာျပည္ကို ျပန္ေရာက္ေန ၿပီေပါ့''

''မေရာက္ေသးဘူးဆရာ၊ အဆက္အသြယ္လည္းမရွိဘူးေျပာတယ္''

''ဘယ္ေလာက္ၾကာသြားၿပီလဲ''

''ႏွစ္ႏွစ္နီးပါးရွိသြားၿပီေျပာတာပဲ။ ၿပီးေတာ့ ဇနီးအျဖစ္မွ စြန္႔လႊတ္ေၾကာင္းလည္း ေၾကညာထားတယ္ ေျပာတယ္။ အခုထိ အဆက္အသြယ္ မရွိေတာ့ ေႏွာင့္ယွက္မွာမဟုတ္ဘူးလုိ႔ ေျပာတာပဲ''

''ႏွစ္ဦးသေဘာတူကြာရွင္းဖုိ႔က လည္း အဆင္မေျပေသးေတာ့ စဥ္းစားစရာပဲ''

''လင္ေယာက်္ားရဲ႕ ေျပာစကားအရေတာ့ မိန္းမျဖစ္သူက သားနဲ႔ လင္ေယာက်္ားကုိ စြန္႔ပစ္သြားတာမုိ႔ တစ္ႏွစ္ေက်ာ္ၿပီလည္းျဖစ္တယ္။ အဆက္အသြယ္လည္း မရွိဘူးလုိ႔ ေျပာ ပါတယ္''

''ေျမနဲ႔အိမ္က လင္ေယာက်္ား တစ္ဦးတည္းရဲ႕ အမည္ဆုိေတာ့ လက္မထပ္မီက ဝယ္ထားတဲ့ အိမ္ ျဖစ္မယ္ ထင္တယ္''

''ဒီကိစၥကိုလည္း ေျပာျပတယ္''

''ကဲ-ရွင္းပါဦး သူငယ္ခ်င္း''

''သူလူပ်ဳိဘဝကတည္းက တုိက္ခန္းတစ္ခန္းဝယ္ထားတယ္။ အဲဒီတုိက္ခန္းကို ေရာင္းၿပီး ဒီေျမနဲ႔အိမ္ကို ဝယ္တာလုိ႔ ေျပာတယ္''

''ဒါဆုိရင္ေတာ့ ဒီေျမနဲ႔အိမ္က လက္ထပ္ပြားပစၥည္းမဟုတ္ဘူးေပါ့ဗ်ာ။ လင္မယားအိမ္ေထာင္က်ရင္ ေနဖုိ႔ဝယ္ၿပီး အတူေနၾကတာျဖစ္မယ္။ ဒါေၾကာင့္ ဇနီးအမည္မပါပဲ သူတစ္ ဦးတည္းအမည္နဲ႔ ဝယ္လုိက္တာျဖစ္မယ္''

''ဇနီးနဲ႔ အိမ္ေထာင္မက်မီက ဝယ္ထားတယ္ဆုိရင္ ဒီေျမနဲ႔အိမ္ကို ဇနီးသည္က သက္ဆုိင္ပါဦးမလား''

''ဥပေဒအရေတာ့ သက္ဆုိင္မႈရွိတယ္လုိ႔ ေျပာရမွာပဲ''

''ဒါဆုိရင္ ဇနီးသည္က အေမြရပုိင္ခြင့္ရွိတယ္လုိ႔ ဆုိလုိတာလား''

''အိမ္ေထာင္မက်မီက ဝယ္ထားတယ္ဆုိေပမယ့္ အိမ္ေထာင္ျပဳရင္ အတူေနမယ္လုိ႔ ဝယ္ထားတဲ့ အိမ္နဲ႔ ေျမျဖစ္တယ္။ ၿပီးေတာ့ အတူလည္းေနခဲ့တယ္။ ဒါေၾကာင့္ လင္ေယာက်္ားရဲ႕ ပါရင္းပစၥည္းလုိ႔ေတာ့ သတ္မွတ္ ႏုိင္ပါတယ္''

''ျမန္မာ့ဓေလ့ထုံးတမ္းဥပေဒ မွာ လင္မယားကြာရွင္းၾကရင္ လင္ေယာက်္ားရဲ႕ ပါရင္းပစၥည္းကုိ မယား ျဖစ္သူက သုံးပုံတစ္ပုံရခြင့္ရွိမွာျဖစ္ တယ္''

''အခုကိစၥမွာ သူငယ္ခ်င္းေျပာသလုိ ဇနီးအျဖစ္ စြန္႔လႊတ္ေၾကာင္းေၾကညာ႐ုံနဲ႔ တရားဝင္ကြာရွင္းျခင္း မဟုတ္ဘူးဆုိရင္ ဇနီးဘက္က သုံးပုံတစ္ပံုေတာင္းႏုိင္တယ္လုိ႔ ဆုိလုိတာလား''

''ဒါေပမယ့္ စြန္႔စားၿပီးဝယ္ၾကတဲ့ သူေတြလည္း ရွိပါတယ္''

''ရွင္းျပပါဦး သူငယ္ခ်င္း။ ၿပီးေတာ့ လင္ေယာက်္ားေျပာတာက ႏုိင္ငံျခားမွာ အိမ္ေထာင္က်ေနၿပီလုိ႔ ၾကားတဲ့အေၾကာင္း ေျပာတယ္။ ဒါေၾကာင့္ သူရပုိင္ခြင့္လုံးဝမရွိဘူးလုိ႔လည္း ေျပာျပန္တယ္။ အဲဒါက ဘာကိုဆုိလုိတာလဲ''

''ဇနီးျဖစ္သူက ႏုိင္ငံျခားမွာ ေနာက္အိမ္ေထာင္ျပဳတယ္ဆုိတာကေတာ့ အိမ္ေျမအေရာင္းအဝယ္ျဖစ္ ေအာင္ ဝယ္သူယုံၾကည္ေအာင္ ေျပာတာလည္းျဖစ္ႏုိင္တယ္။ အမွန္တကယ္ အိမ္ေထာင္က်ေနေၾကာင္း အေထာက္အထားခုိင္လုံရင္ေတာ့ ဥပေဒအရ အေမြရခြင့္မရွိဘူး။ ျမန္ မာ့ဓေလ့ထုံးတမ္းဥပေဒမွာ မယားျဖစ္သူက ပထမလင္ေယာက်္ားနဲ႔ တရားဝင္ကြာရွင္းျခင္းမရွိေသးဘဲ ေနာက္အိမ္ေထာင္ျပဳမယ္။ တစ္နည္းေျပာရရင္ ေဖာက္ျပန္မယ္ဆုိရင္ မိမိရရွိမယ့္ လင္မယားႏွစ္ဦးပုိင္ပစၥည္း မ်ားအေပၚ ဆုံး႐ႈံးခံရမယ္လု႔ိ ျပ႒ာန္း ထားပါတယ္''

''ဒါေၾကာင့္ လင္ေယာက်္ားက ဇနီးေနာက္အိမ္ေထာင္ျပဳသြားလုိ႔ မဆုိင္ဘူးဆုိၿပီး ေျပာတာျဖစ္မယ္''

''ဟုတ္ပါတယ္။ စြန္႔စားဝယ္ တယ္ဆုိတာကေတာ့ ဇနီးျဖစ္သူရဲ႕ ေဆြမ်ဳိးသားခ်င္းေတြရွိတယ္ မဟုတ္ လား။ ဒီေတာ့ အိမ္ေျမေရာင္းဖုိးေငြထဲက စရန္ေငြခ်ၿပီး သတင္းစာထဲမွာ ကန္႔ကြက္သူရွိ မရွိ ေၾကာ္ျငာ၊ ကန္႔ကြက္သူ မရွိရင္ ေငြေခ်ကာ အိမ္ေပၚတက္ေရာက္ေနထုိင္တာလည္းရွိတယ္။ အေရာင္းအဝယ္စာခ်ဳပ္မွာ အ႐ႈပ္အရွင္း တစ္စုံတစ္ရာေပၚ ေပါက္ပါကေရာင္းသူက မည္သုိ႔တာ ဝန္ယူ မည္ဟု ေဖာ္ျပၿပီး အေရာင္းအ ဝယ္လုပ္ၾကတာရွိတယ္။ ဒါေၾကာင့္ သူငယ္ခ်င္းဆုံးျဖတ္ဝယ္ပါ''ဟု အႀကံ ေပးေဆြးေႏြးလုိက္ပါသည္။

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: ထီယု (ဥပေဒအတုိင္ပင္ခံ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မိသားစုစီမံမှုစာချုပ်နှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မိသားစုစီမံမှုစာချုပ်နှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buffett က သူ၏ လက်ဝတ်ရတနာဆိုင်သို့ ခေါ်သွားခဲ့ပြီး ဒေါ်လာ သန်း ၄၀၀ နီးပါးသုံးစွဲကာ စိန်လက်စွပ်ဝယ်ယူရန် တိုက်တွန်းခဲ့သော်လ...
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buffett က သူ၏ လက်ဝတ်ရတနာဆိုင်သို့ ခေါ်သွားခဲ့ပြီး ဒေါ်လာ သန်း ၄၀၀ နီးပါးသုံးစွဲကာ စိန်လက်စွပ်ဝယ်ယူရန် တိုက်တွန်းခဲ့သော်လ...
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်တွင် ကန်ဒေါ်လာ သန်း ၁၃၀၀ ထီပေါက်...
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်တွင် ကန်ဒေါ်လာ သန်း ၁၃၀၀ ထီပေါက်...
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...
သစ်တောဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သစ်တောဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Social Media ပေါ်မှာ စိတ်ဝင်စားမှုအများဆုံး ဗီယက်နမ်နိုင်ငံရဲ့ ဘတ်စကက်ဘောလှေ ( သို့မဟုတ် ) အုန်းသီးလှေ...
Social Media ပေါ်မှာ စိတ်ဝင်စားမှုအများဆုံး ဗီယက်နမ်နိုင်ငံရဲ့ ဘတ်စကက်ဘောလှေ ( သို့မဟုတ် ) အုန်းသီးလှေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
ငွေကြေးဖောင်းပွမှုများကြောင့် အိမ်ရာချေးငွေများ အခက်အခဲဖြစ်နေ
ငွေကြေးဖောင်းပွမှုများကြောင့် အိမ်ရာချေးငွေများ အခက်အခဲဖြစ်နေ
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

bkk-projects
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service