COVID-19 ကာကွယ်ဆေးထိုးပြီးရင် လိင်ဆက်ဆံလို့ရသလား၊ Covishield (မြန်မာနိုင်ငံမှ ရရှိထားသောကာကွယ်ဆေး) ထိုးနှံထားသူများသည် အနည်းဆုံး ၃ လ အကာအကွယ်မဲ့ လိင်ဆက်ဆံမှုကို ရှောင်ကြဉ်ရမည်လား

COVID-19 ကာကွယ်ဆေးထိုးပြီးရင် လိင်ဆက်ဆံလို့ရသလား၊ Covishield (မြန်မာနိုင်ငံမှ ရရှိထားသောကာကွယ်ဆေး) ထိုးနှံထားသူများသည် အနည်းဆုံး ၃ လ အကာအကွယ်မဲ့ လိင်ဆက်ဆံမှုကို ရှောင်ကြဉ်ရမည်လား - Property News in Myanmar from iMyanmarHouse.com
27 Jan 2021 10:57 am တွင် တင်ခဲ့သည်
15326 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကာကွယ်ဆေးများ ဖြန့်ချိလာနိုင်မှုများကြောင့် Covid-19 ကပ်ဘေးကြီး နောက်ဆုံးတွင် အဆုံးသတ်တော့မည်ဟူသော မျှော်လင့်ချက်များ ပေါ်ပေါက်လာနေသော်လည်း သတင်းမှားများ ပျံ့နှံ့မှုမှာမူ အဆုံးသတ်မသွားချေ။

ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါဘေးကြီး စတင်ချိန်ကတည်းကပင် သတင်းတုများပေါ်ပေါက်မှုကြောင့် ကပ်ဘေးတိုက်ဖျက်ရေးမှာ ပိုမို ခက်ခဲခဲ့သည်။

ဗိုင်းရပ်စ်ကုသရေးအတွက် အစဉ်အလာမဟုတ်သည့် နည်းလမ်းများကို ယုံကြည်ကိုးစားခြင်းမျိုးမှ အစပြုကာ ကိုရိုနာဗိုင်းရပ်စ်ဟူသည်မှာ တကယ်မရှိကြောင်း ပြောကြားမှုမျိုးအထိ ကျွန်ုပ်တို့ တွေ့ခဲ့ရသည်။

ယခုအခါ ကာကွယ်ဆေးများ ရရှိလာချိန်တွင်လည်း လူတို့ ကာကွယ်ဆေးထိုးရေး လက်တွန့်စေမည့် သတင်းတုများ ပေါ်ပေါက်လာပြန်သည်။

ယခုပေါ်ပေါက်လာသည့်သတင်းမှာ ကာကွယ်ဆေး၊ လိင်ဆက်ဆံမှုတို့နှင့် ဆက်နွှယ်နေသည်။

အချို့သောသတင်းများနှင့် လူမှုကွန်ရက်ရေးသားချက်များတွင် ကာကွယ်ဆေး ထိုးနှံပြီးနောက် အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်းကို ရှောင်ကြဉ်ရမည်ဟူ၍ ဖော်ပြထားသည်။

အချို့ သတင်းဖော်ပြချက်များတွင် Pfizer ကုမ္ပဏီမှ စာရွက်စာတမ်းတစ်ခုကိုပင် ကိုးကားထားသေးသည်။ အဆိုပါ ဖော်ပြချက်မှာ ကာကွယ်ဆေး ဒုတိယမြောက်အလုံးကို ထိုးနှံပြီး ၂၈ ရက်နှင့်အထက် အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်းကို ရှောင်ကြဉ်ရန် သတိပေးထားသည်ဟု ဆိုသည်။

Pfizer ကုမ္ပဏီ၏ အဆိုပါစာရွက်စာတမ်းကို WhatsApp မှ ဂရုများတွင် များစွာဖြန့်ဝေပျံ့နှံ့ခဲ့သည်။

အကာကွယ်မဲ့ လိင်ဆက်ဆံမှု ရှောင်ကြဉ်ရေးမှာ ကျား၊ မ နှစ်ဦးလုံးနှင့် သက်ဆိုင်ကြောင်း၊ ယင်းသို့ လိင်ဆက်ဆံပါက မျိုးဗီဇပြောင်းလဲခြင်းများဖြစ်စေကာ မွေးဖွားလာသည့်ကလေးတွင် ချွတ်ယွင်းချက်များ ဖြစ်လာန်ိုင်ကြောင်း ဖော်ပြထားသည်။

အချို့သောသတင်းများနှင့် လူမှုကွန်ရက်ရေးသားမှုများတွင် အိန္ဒိယထုတ် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများဖြစ်သော Covaxin နှင့် Covishield (မြန်မာနိုင်ငံမှ ရရှိထားသောကာကွယ်ဆေး) များ ထိုးနှံထားသူများသည် အနည်းဆုံး ၃ လမှ ၁ နှစ်ခန့်အထိ အကာအကွယ်မဲ့ လိင်ဆက်ဆံမှုကို ရှောင်ကြဉ်ရမည်ဟု ဖော်ပြကြသည်။

(အချက်အလက်စစ်ဆေးမှု- Fact Check)

Pfizer က ၎င်းတို့၏ ကာကွယ်ဆေးသည် အမျိုးသမီးများတွင် သန္ဓေမအောင်ခြင်း မဖြစ်စေနိုင်ကြောင်း ထုတ်ပြန်လိုက်ပြီးနောက်ပိုင်း သတင်းတုများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

နောက်ဆုံးထွက်ပေါ်လာသည့် ကောလာဟလများတွင် ကာကွယ်ဆေးကြောင့် မျိုးဗီဇ ချွတ်ယွင်းမှုများ ဖြစ်နိုင်သည်ဟု ဆိုနေကြသော်လည်း အဆိုပါပြောကြားချက်များအတွက် သက်သေအထောက်အထား မရှိချေ။

အချို့သော ကျွမ်းကျင်ပညာရှင်များက ကလေးရရန်ကြိုးပမ်းနေစဉ်တွင် ကာကွယ်ဆေးမထိုးသေးဘဲ စောင့်ဆိုင်းရန် (သို့မဟုတ်) ကာကွယ်ဆေးထိုးပြီးလျှင် သန္ဓေအောင်မှုဆိုင်ရာ ကုသမှုများ ခံယူရန် အကြံပေးသည်ဟုဆိုသော်လည်း ထိုသို့အကြံပေးရခြင်း၏ အဓိက အကြောင်းရင်းမှာ ကာကွယ်ဆေးလက်တွေ့စမ်းသပ်စဉ်ကာလများက ကိုယ်ဝန်ဆောင်အမျိုးသမီးများ ပါဝင်စမ်းသပ်ရန် ခွင့်မပြုခဲ့ခြင်းကြောင့် ဖြစ်သည်။

အမေရိကန် CDC က ထုတ်ပြန်ရာတွင် mRNA ကာကွယ်ဆေးတို့၏ အလုပ်လုပ်ပုံကို အခြေခံပြီး ကျွမ်းကျင်ပညာရှင်တို့က ယုံကြည်သည်မှာ ကာကွယ်ဆေးများသည် ကိုယ်ဝန်ဆောင်များအတွက် အန္တရာယ်ဖြစ်စေဖွယ်မရှိနိုင်ကြောင်း ယုံကြည်ကြသည်ဟု ထုတ်ပြန်သည်။

သို့သော် ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် mRNA ကာကွယ်ဆေးများ၏ အမှန်တကယ်ဖြစ်လာနိုင်သည့် အန္တရာယ်များကို မသိရသောကြောင့် လက်တွေ့စမ်းသပ်မှုများတွင် ကိုယ်ဝန်ဆောင်များကို ချန်လှပ်ခဲ့ခြင်း ဖြစ်သည်။

အချို့သော သတင်းများတွင်ကား Pfizer ၏ ကာကွယ်ဆေးသည် ထိုးနှံမှုခံယူထားသူများအား မျိုးဗီဇ ပြောင်းလဲမှုများဖြစ်စေ သောကြောင့် ကာကွယ်ဆေးထိုးပြီးလျှင် အကာအကွယ်မဲ့ လိင်ဆက်ဆံမှု ရှောင်ကြဉ်ရမည်ဟု ဆိုကြသည်။

သို့သော် အဆိုပါပြောကြားမှုများအတွက် အထောက်အထားမရှိချေ။ ထို့အပြင် Pfizer ကလည်း ကာကွယ်ဆေးထိုးပြီးလျှင် အချိန်ကာလမည်မျှ အကာအကွယ်မပါဘဲ လိင်ဆက်ဆံမှု ရှောင်ရမည်ဟူသော လမ်းညွှန်ချက်မျိုး ထုတ်ပြန်ထားခြင်း မရှိချေ။

nRNA ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများသည် မျိုးဗီဇချွတ်ယွင်းပြောင်းလဲမှု မဖြစ်စေနိုင်ချေ။

သို့အတွက် International Business Times သတင်းဌာနက ကောက်ချက်ဆွဲသုံးသပ်သည်မှာ Covid-19 ကာကွယ်ဆေး ထိုးနှံပြီးနောက် အကာအကွယ်မရှိဘဲ လိင်ဆက်ဆံမှု ရှောင်ကြဉ်ရမည်ဟူသော ပြောကြားချက်မှာ မမှန်ကန်ကြောင်း သုံးသပ်ခဲ့သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Fact Check: Is it safe to have sex after taking COVID-19 vaccine (International Business Times)

 

[Zawgyi]

COVID-19 ကာကြယ္ေဆးထုိးျပီးရင္ လိင္ဆက္ဆံလို႔ရသလား၊ Covishield (ျမန္မာႏိုင္ငံမွ ရရွိထားေသာကာကြယ္ေဆး) ထိုးႏွံထားသူမ်ားသည္ အနည္းဆံုး ၃ လ အကာအကြယ္မဲ့ လိင္ဆက္ဆံမႈကို ေရွာင္ၾကဥ္ရမည္လား

ကာကြယ္ေဆးမ်ား ျဖန္႔ခ်ိလာႏိုင္မႈမ်ားေၾကာင့္ Covid-19 ကပ္ေဘးၾကီး ေနာက္ဆံုးတြင္ အဆံုးသတ္ေတာ့မည္ဟူေသာ ေမွ်ာ္လင့္ခ်က္မ်ား ေပၚေပါက္လာေနေသာ္လည္း သတင္းမွားမ်ား ပ်ံ႕ႏွံ႔မႈမွာမူ အဆံုးသတ္မသြားေခ်။

ကိုရိုနာဗိုင္းရပ္စ္ ကမၻာ့ကပ္ေရာဂါေဘးၾကီး စတင္ခ်ိန္ကတည္းကပင္ သတင္းတုမ်ားေပၚေပါက္မႈေၾကာင့္ ကပ္ေဘးတိုက္ဖ်က္ေရးမွာ ပိုမို ခက္ခဲခဲ့သည္။

ဗိုင္းရပ္စ္ကုသေရးအတြက္ အစဥ္အလာမဟုတ္သည့္ နည္းလမ္းမ်ားကို ယံုၾကည္ကိုးစားျခင္းမ်ဳိးမွ အစျပဳကာ ကိုရိုနာဗိုင္းရပ္စ္ဟူသည္မွာ တကယ္မရွိေၾကာင္း ေျပာၾကားမႈမ်ဳိးအထိ ကၽြႏု္ပ္တို႔ ေတြ႔ခဲ့ရသည္။

ယခုအခါ ကာကြယ္ေဆးမ်ား ရရွိလာခ်ိန္တြင္လည္း လူတို႔ ကာကြယ္ေဆးထုိးေရး လက္တြန္႔ေစမည့္ သတင္းတုမ်ား ေပၚေပါက္လာျပန္သည္။

ယခုေပၚေပါက္လာသည့္သတင္းမွာ ကာကြယ္ေဆး၊ လိင္ဆက္ဆံမႈတို႔ႏွင့္ ဆက္ႏႊယ္ေနသည္။

အခ်ဳိ႕ေသာသတင္းမ်ားႏွင့္ လူမႈကြန္ရက္ေရးသားခ်က္မ်ားတြင္ ကာကြယ္ေဆး ထုိးႏွံျပီးေနာက္ အကာအကြယ္မပါဘဲ လိင္ဆက္ဆံျခင္းကို ေရွာင္ၾကဥ္ရမည္ဟူ၍ ေဖာ္ျပထားသည္။

အခ်ဳိ႕ သတင္းေဖာ္ျပခ်က္မ်ားတြင္ Pfizer ကုမၸဏီမွ စာရြက္စာတမ္းတစ္ခုကိုပင္ ကိုးကားထားေသးသည္။ အဆိုပါ ေဖာ္ျပခ်က္မွာ ကာကြယ္ေဆး ဒုတိယေျမာက္အလံုးကို ထိုးႏွံျပီး ၂၈ ရက္ႏွင့္အထက္ အကာအကြယ္မပါဘဲ လိင္ဆက္ဆံျခင္းကို ေရွာင္ၾကဥ္ရန္ သတိေပးထားသည္ဟု ဆိုသည္။

Pfizer ကုမၸဏီ၏ အဆိုပါစာရြက္စာတမ္းကို WhatsApp မွ ဂရုမ်ားတြင္ မ်ားစြာျဖန္႔ေဝပ်ံ႕ႏွံ႔ခဲ့သည္။

အကာကြယ္မဲ့ လိင္ဆက္ဆံမႈ ေရွာင္ၾကဥ္ေရးမွာ က်ား၊ မ ႏွစ္ဦးလံုးႏွင့္ သက္ဆိုင္ေၾကာင္း၊ ယင္းသို႔ လိင္ဆက္ဆံပါက မ်ဳိးဗီဇေျပာင္းလဲျခင္းမ်ားျဖစ္ေစကာ ေမြးဖြားလာသည့္ကေလးတြင္ ခၽြတ္ယြင္းခ်က္မ်ား ျဖစ္လာႏို္င္ေၾကာင္း ေဖာ္ျပထားသည္။

အခ်ဳိ႕ေသာသတင္းမ်ားႏွင့္ လူမႈကြန္ရက္ေရးသားမႈမ်ားတြင္ အိႏိၵယထုတ္ ကိုရိုနာဗိုင္းရပ္စ္ကာကြယ္ေဆးမ်ားျဖစ္ေသာ Covaxin ႏွင့္ Covishield (ျမန္မာႏိုင္ငံမွ ရရွိထားေသာကာကြယ္ေဆး) မ်ား ထိုးႏွံထားသူမ်ားသည္ အနည္းဆံုး ၃ လမွ ၁ ႏွစ္ခန္႔အထိ အကာအကြယ္မဲ့ လိင္ဆက္ဆံမႈကို ေရွာင္ၾကဥ္ရမည္ဟု ေဖာ္ျပၾကသည္။

(အခ်က္အလက္စစ္ေဆးမႈ- Fact Check)

Pfizer က ၎တို႔၏ ကာကြယ္ေဆးသည္ အမ်ဳိးသမီးမ်ားတြင္ သေႏၶမေအာင္ျခင္း မျဖစ္ေစႏိုင္ေၾကာင္း ထုတ္ျပန္လိုက္ျပီးေနာက္ပိုင္း သတင္းတုမ်ား ေပၚေပါက္လာျခင္း ျဖစ္သည္။

ေနာက္ဆံုးထြက္ေပၚလာသည့္ ေကာလာဟလမ်ားတြင္ ကာကြယ္ေဆးေၾကာင့္ မ်ဳိးဗီဇ ခၽြတ္ယြင္းမႈမ်ား ျဖစ္ႏိုင္သည္ဟု ဆိုေနၾကေသာ္လည္း အဆိုပါေျပာၾကားခ်က္မ်ားအတြက္ သက္ေသအေထာက္အထား မရွိေခ်။

အခ်ဳိ႕ေသာ ကၽြမ္းက်င္ပညာရွင္မ်ားက ကေလးရရန္ၾကိဳးပမ္းေနစဥ္တြင္ ကာကြယ္ေဆးမထုိးေသးဘဲ ေစာင့္ဆိုင္းရန္ (သို႔မဟုတ္) ကာကြယ္ေဆးထုိးျပီးလွ်င္ သေႏၶေအာင္မႈဆိုင္ရာ ကုသမႈမ်ား ခံယူရန္ အၾကံေပးသည္ဟုဆိုေသာ္လည္း ထိုသို႔အၾကံေပးရျခင္း၏ အဓိက အေၾကာင္းရင္းမွာ ကာကြယ္ေဆးလက္ေတြ႔စမ္းသပ္စဥ္ကာလမ်ားက ကိုယ္ဝန္ေဆာင္အမ်ဳိးသမီးမ်ား ပါဝင္စမ္းသပ္ရန္ ခြင့္မျပဳခဲ့ျခင္းေၾကာင့္ ျဖစ္သည္။

အေမရိကန္ CDC က ထုတ္ျပန္ရာတြင္ mRNA ကာကြယ္ေဆးတို႔၏ အလုပ္လုပ္ပံုကို အေျခခံျပီး ကၽြမ္းက်င္ပညာရွင္တို႔က ယံုၾကည္သည္မွာ ကာကြယ္ေဆးမ်ားသည္ ကိုယ္ဝန္ေဆာင္မ်ားအတြက္ အႏၱရာယ္ျဖစ္ေစဖြယ္မရွိႏိုင္ေၾကာင္း ယံုၾကည္ၾကသည္ဟု ထုတ္ျပန္သည္။

သို႔ေသာ္ ကိုယ္ဝန္ေဆာင္အမ်ဳိးသမီးမ်ားအတြက္ mRNA ကာကြယ္ေဆးမ်ား၏ အမွန္တကယ္ျဖစ္လာႏိုင္သည့္ အႏၱရာယ္မ်ားကို မသိရေသာေၾကာင့္ လက္ေတြ႔စမ္းသပ္မႈမ်ားတြင္ ကိုယ္ဝန္ေဆာင္မ်ားကို ခ်န္လွပ္ခဲ့ျခင္း ျဖစ္သည္။

အခ်ဳိ႕ေသာ သတင္းမ်ားတြင္ကား Pfizer ၏ ကာကြယ္ေဆးသည္ ထိုးႏွံမႈခံယူထားသူမ်ားအား မ်ဳိးဗီဇ ေျပာင္းလဲမႈမ်ားျဖစ္ေစ ေသာေၾကာင့္ ကာကြယ္ေဆးထုိးျပီးလွ်င္ အကာအကြယ္မဲ့ လိင္ဆက္ဆံမႈ ေရွာင္ၾကဥ္ရမည္ဟု ဆိုၾကသည္။

သို႔ေသာ္ အဆိုပါေျပာၾကားမႈမ်ားအတြက္ အေထာက္အထားမရွိေခ်။ ထို႔အျပင္ Pfizer ကလည္း ကာကြယ္ေဆးထိုးျပီးလွ်င္ အခ်ိန္ကာလမည္မွ် အကာအကြယ္မပါဘဲ လိင္ဆက္ဆံမႈ ေရွာင္ရမည္ဟူေသာ လမ္းညႊန္ခ်က္မ်ဳိး ထုတ္ျပန္ထားျခင္း မရွိေခ်။

nRNA ကိုရိုနာဗိုင္းရပ္စ္ကာကြယ္ေဆးမ်ားသည္ မ်ဳိးဗီဇခၽြတ္ယြင္းေျပာင္းလဲမႈ မျဖစ္ေစႏိုင္ေခ်။

သို႔အတြက္ International Business Times သတင္းဌာနက ေကာက္ခ်က္ဆြဲသံုးသပ္သည္မွာ Covid-19 ကာကြယ္ေဆး ထိုးႏွံျပီးေနာက္ အကာအကြယ္မရွိဘဲ လိင္ဆက္ဆံမႈ ေရွာင္ၾကဥ္ရမည္ဟူေသာ ေျပာၾကားခ်က္မွာ မမွန္ကန္ေၾကာင္း သံုးသပ္ခဲ့သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Fact Check: Is it safe to have sex after taking COVID-19 vaccine (International Business Times)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service