အမေရိကန်သူနာပြု Pfizer ကာကွယ်ဆေးထိုးပြီး ၈ ရက်အကြာတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ

အမေရိကန်သူနာပြု Pfizer ကာကွယ်ဆေးထိုးပြီး ၈ ရက်အကြာတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ - Property News in Myanmar from iMyanmarHouse.com
31 Dec 2020 11:01 am တွင် တင်ခဲ့သည်
17704 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဒီဂိုတွင် အရေးပေါ်ကုသဆောင် သူနာပြုတစ်ဦးဖြစ်သူ အသက် ၄၅ နှစ်အရွယ်ရှိ မက်သူး ဒဗလျူသည် Pfizer ၏ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ဒီဇင်ဘာလ ၁၈ ရက်တွင် ထိုးနှံမှုခံယူခဲ့သည်။

ယင်းနောက် မက်သူးသည် ခရစ္စမတ်အကြို ဒီဇင်ဘာ ၂၄ ရက်တွင် Covid-19 လူနာဆောင်တစ်ခုတွင် တာဝန်ထမ်းဆောင်ပြီးနောက် နေထိုင်မကောင်းမှုများ စတင်ဖြစ်ပေါ်လာခဲ့သည်။

Pfizer ကာကွယ်ဆေး ကွပ်ကဲသူတို့ တွေ့ရှိထားသည်မှာ Pfizer သည် ၂ ကြိမ်ထိုးရသည့် ကာကွယ်ဆေးဖြစ်ပြီး ဒုတိယမြောက် ကာကွယ်ဆေးအလုံးကို ထိုးပြီး ၇ ရက်အကြာတွင် ကိုရိုနာဗိုင်းရပ်စ်ကို အကောင်းဆုံးကာကွယ်နိုင်စွမ်းရရှိကြောင်း တွေ့ရှိထားခြင်း ဖြစ်သည်။

ဒုတိယမြောက်ဆေးမှာ ပထမအကြိမ်ဆေးကို ထိုးနှံပြီး ရက်သတ္တ ၃ ပတ်အကြာတွင် ထိုးရခြင်းဖြစ်ရာ အဆိုပါ ကြားကာလအတွင်း ရောဂါကူးစက်နိုင်ချေရှိသည်ကို ပြသနေသည်။

ဆေးထိုးခံသူအားလုံးသည် ရောဂါပြီးမှုကို ရရှိနိုင်ရေးအတွက် ဆေး ၂ ကြိမ်ထိုးရန် လိုအပ်သည်။

မက်သူးက ABC 10 News သတင်းဌာနသို့ ပြောရာတွင် သူသည် ချမ်းစိမ့်မှု ဦးစွာခံစားခဲ့ရပြီး ယင်းနောက်တွင် ကြွက်သားနာကျင်ခြင်းနှင့် မောပန်းခြင်းများ ခံစားခဲ့ရသည်ဟု ဆိုသည်။

ဒီဇင်ဘာ ၂၆ ရက်တွင် မက်သူးသည် ဆေးရုံတစ်ခုသို့ သွားရောက်ကာ ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်စစ်ဆေးမှုခံယူခဲ့ရာ ပေါ့စတစ် စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ဆန်ဒီဂိုရှိ Family Health Centers မှ ကူးစက်ရောဂါ ပါရဂူ ဒေါက်တာ ခရစ္စတီယန် ရန်းမားစ်က ပြောသည်မှာ “ဒါမျိုးက လုံးဝ မျှော်လင့်မထားတဲ့ ကိစ္စမျိုးတော့ မဟုတ်ပါဘူး။ ကိန်းဂဏန်းအချက်အလက်တွေကိုသာ သိထားမယ်ဆိုရင် ဒါမျိုးက ရောဂါပိုးနဲ့ ထိတွေ့မိရင် ဖြစ်လာနိုင်တဲ့ကိစ္စမျိုးလို့ ကျွန်တော်တို့ မျှော်လင့်ထားပြီး ဖြစ်တာ အသေအချာပါပဲ”

“ကာကွယ်ဆေး လက်တွေ့စမ်းသပ်မှုတွေကနေ ကျွန်တော်တို့သိထားတဲ့အချက်က ကာကွယ်ဆေးဆီကနေ ရောဂါကာကွယ်နိုင်စွမ်း ဖြစ်ပေါ်လာဖို့ အချိန် ၁၀ ရက်ကနေ ၁၄ ရက်အထိ လိုပါတယ်”ဟု ရမ်းမားစ်ကပြောသည်။

“ဒါက ပထမမြောက်ဆေးအလုံးဖြစ်ပြီး ဒါက ၅၀ ရာခိုင်နှုန်းလောက်ပဲ အကာအကွယ်ပေးနိုင်ပြီး ၉၅ ရာခိုင်နှုန်း ကာကွယ်မှု ရနိုင်ဖိို့အတွက် ဒုတိယအကြိမ် ဆေးကို ဆက်လက်ထိုးနှံဖို့ လိုအပ်ပါတယ်”ဟု ရမ်းမားစ်က ဖြည့်စွက်ပြောကြားသည်။

ပြီးခဲ့သော ရက်သတ္တပတ်အတွင်း ရောဂါလက္ခဏာများ စတင်ခံစားခဲ့ရသူ သူနာပြု မက်သူးက ပြောရာတွင် ယခုအခါ နေရထိုင်ရ ကောင်းမွန်လာပြီဖြစ်ကြောင်း ပြောကြားသည်။

ထရမ့်အစိုးရက ၂၀၂၁ ခုနှစ်၊ ပထမနှစ်ဝက်အတွင်း အမေရိကန်ပြည်သူအများစုကို ကာကွယ်ဆေးထိုးနှံပေးရန် ရည်မှန်းခဲ့သော်လည်း ဆေးထိုးနှံမှုအစီအစဉ်မှာ နှေးကွေးလျက်ရှိသည်။ လက်ရှိနှုန်းအတိုင်းဆိုလျှင် အမေရိကန်ပြည်သူအားလုံးကို ကာကွယ်ဆေးထိုးနှံပြီးရန် ၁၀ နှစ်နီးပါး ကြာမြင့်ဖွယ်ရှိသည်။

အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကြိုတင်ကာကွယ်ရေးဗဟို (CDC) မှ ထုတ်ပြန်သော အချက်အလက်များအရ ကာကွယ်ဆေး ထိုးနှံမှု လုပ်ဆောင်ချက်များမှာ နှေးကွေးနေကြောင်း၊ ဒီဇင်ဘာ အစောပိုင်းတွင် ကာကွယ်ဆေး ၁၁ ဒသမ ၄ သန်းရရှိခဲ့သော်လည်း အမေရိကန်ပြည်သူ ၂ ဒသမ ၁ သန်းသာ ကာကွယ်ဆေးထိုးနှံပြီးသေးကြောင်း တွေ့ရသည်ဟု ဖော်ပြသည်။

ကာကွယ်ဆေးထိုးနှံမှုသည် လက်ရှိနှုန်းအတိုင်းသာ ဆက်သွားနေမည်ဆိုပါက အမေရိကန်ပြည်သူ ၃၃၀ ဒသမ ၇ သန်း၏ ၈၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးပြီးရန် ဆယ်စုနှစ်တစ်ခုနီးပါး ကြာမြင့်ဖွယ်ရာ ရှိသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမာ္ဘတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: ER nurse tests positive for COVID-19 eight days AFTER he received Pfizer vaccine (dailymail)

 

 

[Zawgyi]

အေမရိကန္သူနာျပဳ Pfizer ကာကြယ္ေဆးထိုးျပီး ၈ ရက္အၾကာတြင္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရ

အေမရိကန္ျပည္ေထာင္စု၊ ကယ္လီဖုိးနီးယားျပည္နယ္၊ ဆန္ဒီဂိုတြင္ အေရးေပၚကုသေဆာင္ သူနာျပဳတစ္ဦးျဖစ္သူ အသက္ ၄၅ ႏွစ္အရြယ္ရွိ မက္သူး ဒဗလ်ဴသည္ Pfizer ၏ ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးကို ဒီဇင္ဘာလ ၁၈ ရက္တြင္ ထိုးႏွံမႈခံယူခဲ့သည္။

ယင္းေနာက္ မက္သူးသည္ ခရစၥမတ္အၾကိဳ ဒီဇင္ဘာ ၂၄ ရက္တြင္ Covid-19 လူနာေဆာင္တစ္ခုတြင္ တာဝန္ထမ္းေဆာင္ျပီးေနာက္ ေနထိုင္မေကာင္းမႈမ်ား စတင္ျဖစ္ေပၚလာခဲ့သည္။

Pfizer ကာကြယ္ေဆး ကြပ္ကဲသူတို႔ ေတြ႔ရွိထားသည္မွာ Pfizer သည္ ၂ ၾကိမ္ထိုးရသည့္ ကာကြယ္ေဆးျဖစ္ျပီး ဒုတိယေျမာက္ ကာကြယ္ေဆးအလံုးကို ထိုးျပီး ၇ ရက္အၾကာတြင္ ကိုရိုနာဗိုင္းရပ္စ္ကို အေကာင္းဆံုးကာကြယ္ႏိုင္စြမ္းရရွိေၾကာင္း ေတြ႔ရွိထားျခင္း ျဖစ္သည္။

ဒုတိယေျမာက္ေဆးမွာ ပထမအၾကိမ္ေဆးကို ထိုးႏွံျပီး ရက္သတၱ ၃ ပတ္အၾကာတြင္ ထုိးရျခင္းျဖစ္ရာ အဆိုပါ ၾကားကာလအတြင္း ေရာဂါကူးစက္ႏိုင္ေခ်ရွိသည္ကို ျပသေနသည္။

ေဆးထုိးခံသူအားလံုးသည္ ေရာဂါျပီးမႈကို ရရွိႏိုင္ေရးအတြက္ ေဆး ၂ ၾကိမ္ထုိးရန္ လိုအပ္သည္။

မက္သူးက ABC 10 News သတင္းဌာနသုိ႔ ေျပာရာတြင္ သူသည္ ခ်မ္းစိမ့္မႈ ဦးစြာခံစားခဲ့ရျပီး ယင္းေနာက္တြင္ ၾကြက္သားနာက်င္ျခင္းႏွင့္ ေမာပန္းျခင္းမ်ား ခံစားခဲ့ရသည္ဟု ဆိုသည္။

ဒီဇင္ဘာ ၂၆ ရက္တြင္ မက္သူးသည္ ေဆးရံုတစ္ခုသို႔ သြားေရာက္ကာ ကိုရိုနာဗိုင္းရပ္စ္ စမ္းသပ္စစ္ေဆးမႈခံယူခဲ့ရာ ေပါ့စတစ္ စစ္ေဆးေတြ႔ရွိခဲ့ျခင္း ျဖစ္သည္။

ဆန္ဒီဂိုရွိ Family Health Centers မွ ကူးစက္ေရာဂါ ပါရဂူ ေဒါက္တာ ခရစၥတီယန္ ရန္းမားစ္က ေျပာသည္မွာ “ဒါမ်ဳိးက လံုးဝ ေမွ်ာ္လင့္မထားတဲ့ ကိစၥမ်ဳိးေတာ့ မဟုတ္ပါဘူး။ ကိန္းဂဏန္းအခ်က္အလက္ေတြကိုသာ သိထားမယ္ဆိုရင္ ဒါမ်ဳိးက ေရာဂါပိုးနဲ႔ ထိေတြ႔မိရင္ ျဖစ္လာႏိုင္တဲ့ကိစၥမ်ဳိးလို႔ ကၽြန္ေတာ္တို႔ ေမွ်ာ္လင့္ထားျပီး ျဖစ္တာ အေသအခ်ာပါပဲ”

“ကာကြယ္ေဆး လက္ေတြ႔စမ္းသပ္မႈေတြကေန ကၽြန္ေတာ္တို႔သိထားတဲ့အခ်က္က ကာကြယ္ေဆးဆီကေန ေရာဂါကာကြယ္ႏိုင္စြမ္း ျဖစ္ေပၚလာဖို႔ အခ်ိန္ ၁၀ ရက္ကေန ၁၄ ရက္အထိ လိုပါတယ္”ဟု ရမ္းမားစ္ကေျပာသည္။

“ဒါက ပထမေျမာက္ေဆးအလံုးျဖစ္ျပီး ဒါက ၅၀ ရာခိုင္ႏႈန္းေလာက္ပဲ အကာအကြယ္ေပးႏိုင္ျပီး ၉၅ ရာခိုင္ႏႈန္း ကာကြယ္မႈ ရႏိုင္ဖိုိ႔အတြက္ ဒုတိယအၾကိမ္ ေဆးကို ဆက္လက္ထိုးႏွံဖို႔ လိုအပ္ပါတယ္”ဟု ရမ္းမားစ္က ျဖည့္စြက္ေျပာၾကားသည္။

ျပီးခဲ့ေသာ ရက္သတၱပတ္အတြင္း ေရာဂါလကၡဏာမ်ား စတင္ခံစားခဲ့ရသူ သူနာျပဳ မက္သူးက ေျပာရာတြင္ ယခုအခါ ေနရထိုင္ရ ေကာင္းမြန္လာျပီျဖစ္ေၾကာင္း ေျပာၾကားသည္။

ထရမ့္အစိုးရက ၂၀၂၁ ခုႏွစ္၊ ပထမႏွစ္ဝက္အတြင္း အေမရိကန္ျပည္သူအမ်ားစုကို ကာကြယ္ေဆးထုိးႏွံေပးရန္ ရည္မွန္းခဲ့ေသာ္လည္း ေဆးထုိးႏွံမႈအစီအစဥ္မွာ ေႏွးေကြးလ်က္ရွိသည္။ လက္ရွိႏႈန္းအတိုင္းဆိုလွ်င္ အေမရိကန္ျပည္သူအားလံုးကို ကာကြယ္ေဆးထုိးႏွံျပီးရန္ ၁၀ ႏွစ္နီးပါး ၾကာျမင့္ဖြယ္ရွိသည္။

အေမရိကန္ ေရာဂါထိန္းခ်ဳပ္ေရးႏွင့္ ၾကိိဳတင္ကာကြယ္ေရးဗဟို (CDC) မွ ထုတ္ျပန္ေသာ အခ်က္အလက္မ်ားအရ ကာကြယ္ေဆး ထုိးႏွံမႈ လုပ္ေဆာင္ခ်က္မ်ားမွာ ေႏွးေကြးေနေၾကာင္း၊ ဒီဇင္ဘာ အေစာပိုင္းတြင္ ကာကြယ္ေဆး ၁၁ ဒသမ ၄ သန္းရရွိခဲ့ေသာ္လည္း အေမရိကန္ျပည္သူ ၂ ဒသမ ၁ သန္းသာ ကာကြယ္ေဆးထုိးႏွံျပီးေသးေၾကာင္း ေတြ႔ရသည္ဟု ေဖာ္ျပသည္။

ကာကြယ္ေဆးထုိးႏွံမႈသည္ လက္ရွိႏႈန္းအတိုင္းသာ ဆက္သြားေနမည္ဆိုပါက အေမရိကန္ျပည္သူ ၃၃၀ ဒသမ ၇ သန္း၏ ၈၀ ရာခိုင္ႏႈန္းကို ကာကြယ္ေဆးထုိးျပီးရန္ ဆယ္စုႏွစ္တစ္ခုနီးပါး ၾကာျမင့္ဖြယ္ရာ ရွိသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: ER nurse tests positive for COVID-19 eight days AFTER he received Pfizer vaccine (dailymail)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
18th Property and Car Expo
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service