ပြင်သစ်သမ္မတကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ၊ ၎င်းနှင့်တွေ့ဆုံခဲ့သောပေါ်တူဂီဝန်ကြီးချုပ်၊ စပိန်ဝန်ကြီးချုပ်နှင့် အခြားအကြီးအကဲများကွာရန်တင်းဝင်ရ
ပြင်သစ်သမ္မတကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ၊ ၎င်းနှင့်တွေ့ဆုံခဲ့သောပေါ်တူဂီဝန်ကြီးချုပ်၊ စပိန်ဝန်ကြီးချုပ်နှင့် အခြားအကြီးအကဲများကွာရန်တင်းဝင်ရ - Property News in Myanmar from iMyanmarHouse.com
18 Dec 2020 12:02 pm တွင် တင်ခဲ့သည်
673 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ပြင်သစ်သမ္မတအီမန်ညူရယ် မက်ခရွန်သည် Covid-19 ရောဂါလက္ခဏာများခံစားရပြီးနောက် ရောဂါကူးစက်ခံထားရကြောင်းစစ်ဆေးတွေ့ရှိခဲ့ရာရက်သတ္တ ၁ ပတ်ကြာသီးခြားနေထိုင်လိမ့်မည်ဖြစ်ကြောင်းသမ္မတရုံးကထုတ်ပြန်သည်။
သမ္မတ၏ အေးလိဇိနန်းတော် (Elysee Palace) က ထုတ်ပြန်ရာတွင် အသက် ၄၂ နှစ်အရွယ်ရှိသမ္မတမက်ခရွန်သည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသည့် လက္ခဏာများ ဖြစ်ပေါ်ပြီးနောက် စစ်ဆေးခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
“လက်ရှိထုတ်ပြန်ထားသောကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ နိုင်ငံတော်သမ္မတသည် မိမိဘာသာ ၇ ရက် သီးခြားနေထိုင်လိမ့်မည် ဖြစ်သည်။ သူ၏ တာဝန်များကိုအဝေးမှ ဆက်လက်ထမ်းဆောင်သွားမည်ဖြစ်သည်” ဟုအဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ပြင်သစ်သမ္မတကတော် ဘရီဂျိမက်ခရွန် (Brigitte Macron) (အသက် ၆၇) သည် ရောဂါလက္ခဏာမရှိသော်လည်းကွာရန်တင်းဝင်မည်ဖြစ်သည်။
ပြင်သစ်ဝန်ကြီးချုပ် ယွန်းကက်စ်တက်ဇ် (Jean Castex)သည်လည်းကွာရန်တင်းဝင်ရမည်ဖြစ်ပြီးလာမည့် ရက်သတ္တပတ်တွင် လက်ဘနွန်နိုင်ငံသို့ သွားရောက်ရန် စီစဉ်ထားသောသမ္မတ၏ ခရီးစဉ်ကိုဖျက်သိမ်းလိုက်သည်။
မကြာသေးမီရက်များအတွင်း ပြင်သစ်သမ္မတသည် ဥရောပထိပ်တန်းခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ရာသမ္မတမက်ခရွန် ရောဂါရှိကြောင်းစစ်ဆေးတွေ့ရှိပြီးနောက် ၎င်းတို့သည်လည်းကွာရန်တင်းဝင်ကြလိမ့်မည်ဖြစ်ကြောင်းကြေညာခဲ့ကြသည်။
ပေါ်တူဂီဝန်ကြီးချုပ် အင်ထိုနီယိုကော့စတာ (Antonio Costa)၊စပိန်ဝန်ကြီးချုပ် ဖီးဒရိုဆန်းချက်ဇ် (Pedro Sanchez) နှင့် ဥရောပကောင်စီဥက္ကဌချားလ်စ်မိုက်ကယ် (Charles Michel)တို့က ကြိုတင်သတိပေးလမ်းညွှန်ချက်များအတိုင်း ၎င်းတို့ ကွာရန်တင်းဝင်ကြမည်ဖြစ်ကြောင်းပြောကြားကြသည်။ မကြာသေးမီရက်ပိုင်းအတွင်း ပြင်သစ်သမ္မတ၏ ဆောင်ရွက်မှုများ
• ဒီဇင်ဘာ ၁၆ ရက်တွင် ပေါ်တူဂီဝန်ကြီးချုပ်နှင့် နေ့လယ်စာစားပွဲတွင် တွေ့ဆုံခဲ့ပြီးအစိုးရအဖွဲ့ အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။
• ဒီဇင်ဘာ ၁၅ ရက်တွင် သမ္မတမက်ခရွန်သည် နိုင်ငံတကာကြက်ခြေနီအဖွဲ့ (ICRC) ၏ ဥက္ကဌပီတာမောရာ (Peter Maurer)အပါအဝင် လူပေါင်းများစွာနှင့် တွေ့ဆုံခဲ့သည်။
• ဒီဇင်ဘာ ၁၄ ရက်တွင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေးအဖွဲ့ (OECD) တည်ထောင်မှု နှစ် ၆၀ ပြည့် အထိမ်းအမှတ်အဖြစ် အေးလိဇိနန်းတော်တွင် ကျင်းပသောအလုပ်သဘောနေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့သည်။ အဆိုပါ နေ့လယ်စာစားပွဲတွင် စပိန်ဝန်ကြီးချုပ် ဆန်းချက်ဇ်၊ ဥရောပကောင်စီဥက္ကဌမိုက်ကယ်နှင့် OECD ၏ အထွေထွေညွှန်ကြားရေးမှူးချုပ် အိန်ဂျယ် ဂါရီယာ (Angel Gurria)တို့နှင့် တွေ့ဆုံခဲ့သည်။
• ပြီးခဲ့သော ကြာသပတေးနှင့် သောကြာနေ့များတွင် သမ္မတသည် ဘရပ်ဆဲလ်ရှိဥရောပကောင်စီသို့လည်းတက်ရောက်ခဲ့သည်။ အဆိုပါအစည်းအဝေးသို့ ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၇ နိုင်ငံအနက် ၂၅ နိုင်ငံမှ ခေါင်းဆောင်များတက်ရောက်ခဲ့ကြသည်။ (ကျန် ၂ နိုင်ငံမှ ခေါင်းဆောင်များမှာ Covid-19 နှင့် ပတ်သက်သောအကြောင်းရင်းများကြောင့် မတက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။)
စပိန်နိုင်ငံခြားရေးဝန်ကြီးကပြောကြားရာတွင် စပိန်ဝန်ကြီးချုပ်သည် Covid-19 စစ်ဆေးမှု ချက်ချင်းပြုလုပ်မည်ဖြစ်ပြီးရက်သတ္တပတ် ကွာရန်တင်းဝင်မည်ဖြစ်ကြောင်းပြောကြားသည်။ ပြင်သစ်သမ္မတအတွက် ဆုမွန်ကောင်းတောင်းပေးပါကြောင်းလည်းစပိန်နိုင်ငံခြားရေးဝန်ကြီးကတွစ်တာတွင် ရေးသားဖော်ပြခဲ့သည်။
ဥရောပကော်မရှင်၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်ကပြောကြားရာတွင် ဥရောပကောင်စီဥက္ကဌမိုက်ကယ်သည် ရောဂါမရှိကြောင်းစစ်ဆေးတွေ့ရှိသော်လည်းကွာရန်တင်းဝင်သွားမည်ဖြစ်ကြောင်းပြောကြားသည်။
ပြင်သစ်သမ္မတမက်ခရွန်သည် ကမ္ဘာ့ခေါင်းဆောင်များအနက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံလိုက်ရသည့် နောက်ဆုံးပုဂ္ဂိုလ်လည်း ဖြစ်သည်။ ပြင်သစ်၏ အဓိကမဟာမိတ်များဖြစ်သောအမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်တို့လည်းကပ်ဘေးကာလအစောပိုင်းတွင် ဗိုင်းရပ်စ်ကူးစက်ခံရပြီး ၂ ဦးလုံးဆေးရုံတက်ခဲ့ကြရသည်။
“ကျွန်တော့်ရဲ့ မိတ်ဆွေ အီမန်ညူရယ် မက်ခရွန် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ သတင်းကြားရတာဝမ်းနည်းမိပါတယ်။ အမြန်ဆုံး ပြန်လည်ကျန်းမာပါစေလို့ ကျွန်တော်တို့အားလုံးဆုတောင်းပေးပါတယ်”ဟုဘောရစ်ဂျွန်ဆင်ကတွစ်တာတွင် ရေးသားဖော်ပြသည်။
ပြင်သစ်နိုင်ငံသည် နိုဝင်ဘာလကတည်းကလော့ဒေါင်းချမှတ်ထားခဲ့ပြီးယခုရက်သတ္တပတ်အတွင်းလော့ဒေါင်း ပြန်လည်ရုပ်သိမ်းရန် စီစဉ်ထားခဲ့သော်လည်းရည်မှန်းထားသည့် ရောဂါကူးစက်မှုပမာဏဖြစ်သောတစ်ရက်လျှင် ၅၀၀၀ ဦးထက် ကျော်လွန်ကာကူးစက်မှုများဆက်လက်မြင့်တက်နေမှုကြောင့် လော့ဒေါင်းရုပ်သိမ်းရန် နှောင့်နှေးနေခဲ့ရသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: France's Emmanuel Macron tests positive for Covid-19, sending other European leaders into quarantine (CNN)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
The Rich Villa
CarsDB
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service