အိမ်ခြံ‌မြေရောင်းရာ တရားဝင်လင်မယားဖြစ်သူက ကန့်ကွက်နိုင်ခြင်း

အိမ်ခြံ‌မြေရောင်းရာ တရားဝင်လင်မယားဖြစ်သူက ကန့်ကွက်နိုင်ခြင်း - Property Knowledge in Myanmar from iMyanmarHouse.com
27 Nov 2020 1:19 pm တွင် တင်ခဲ့သည်
5774 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

ရုံးခန်းသို့ စာရေးသူရောက်သည့်အခါ ဦးကောင်းမြင့်ရောက်နှင့်နေသည်ကိုတွေ့လိုက်ရသည်။ ဦးကောင်းမြင့်မှာ အိမ် ခြံ မြေ ဝယ်ရောင်းတစ်ဦးဖြစ်သည်။ အတွေ့အကြုံများပြီဖြစ် ၍ အခက်အခဲရှိမှ စာရေးသူထံ ရောက်လာလေ့ရှိသည်။

''ဦးကောင်းမြင့် မလာတာ အတော်ကြာပြီ၊ အခက်အခဲတစ်ခုတွေ့ နေလို့လား''

''ပြောစရာဖြစ်နေပြီ ဆရာ၊ ကိစ္စရှိမှပဲ ဆရာ့ဆီရောက်တော့တယ်''

''အိမ် ခြံ မြေ အရောင်းအဝယ် ပြန်ကောင်းနေပြီလား''

''အကောင်းကြီးတော့ မဟုတ် ဘူး။ ဒါပေမယ့် အခုကာလမှာတော့ အဝယ်နည်းနည်းလိုက်လာတယ်''

''အခုလောလောဆယ် ဦးကောင်းမြင့်ဘယ်မှာ ဝယ်ထားသေးသလဲ''

''ဒဂုံမြို့သစ်အရှေ့မှာ မြေနဲ့ အိမ်ဝယ်ဖို့သွားတယ်ဆရာ''

''ဘာအခက်အခဲရှိနေလို့လဲ''

''မြေကွက်က ဂရန်မြေ၊ အမည်ပေါက်က ဖခင်အမည်ပေါက်''

''ရောင်းမယ်ဆိုတော့ သားသမီးတွေက အဝေမတည့်လို့ ကန့်ကွက် ကြတယ်၊ ဒီလို မဟုတ်ဘူးလား''

''ဆရာပြောသလို ရိုးရိုးရှင်းရှင်းဆိုတော့ ပြဿနာမဟုတ်ဘူး။ အခု ကိစ္စက ထူးထူးခြားခြားလေးဖြစ်နေ လို့''

''ထူးခြားတယ်ဆိုတော့ ပြောပြပါဦး''

''အမည်ပေါက် ဖခင်နဲ့၊ မိခင်နှစ်ဦးလုံး ကွယ်လွန်သွားပြီ။ မိဘများမရှိတော့ မုဆိုးမဖြစ်တဲ့ အစ်မနဲ့ညီမ ဖြစ်သူတို့ အတူနေကြတယ်''

''ညီမဖြစ်သူက မိသားစုရှိလား''

''ညီမဖြစ်သူက သူ့မိသားစုရှိတယ်။ အစ်မဖြစ်တဲ့ မုဆိုးမမှာ သားသမီးမကျန်ခဲ့ဘူး။ မူလက အစ်မဖြစ်သူမှာ မိဘတွေနဲ့အတူနေတယ်။ ဖခင်လည်းဆုံး၊ ခင်ပွန်းလည်းဆုံးသွားတော့ တစ်ယောက်တည်းဖြစ်နေလို့ ညီမမိသားစုကို ခေါ်ထားတယ်''

''ညီမနှစ်ယောက်ခွဲဝေလိုက်ရင် ပြီးပြီမဟုတ်လား။ ဒီလိုကိစ္စမျိုး ဦးကောင်းမြင့် အဆင်ပြေအောင် လုပ်တတ်ပါတယ်'' စာရေးသူက စကားကို ဖြတ်၍မေးလိုက်ခြင်းဖြစ်သည်။

''ဒီလို ဆရာ၊ အခုအစ်မဖြစ်သူကလည်း ကွယ်လွန်သွားပြီ။ ဒါ ကြောင့် ညီမအငယ်က ရောင်းချင်တယ် ဆရာ''

''ဈေးပေါတယ်ထင်ပြီး ဦးကောင်းမြင့်ဝယ်လိုက်တယ်ပေါ့''

''ဈေးက သက်သာလှတယ်တော့ မဟုတ်ပါဘူး။ သင့်တင့်တယ်လို့ ထင်တယ်။ ပြီးတော့ အမွေဆက်ခံခွင့်ကလည်း ရှင်းနေတော့ စရန်ငွေပေးလိုက်တယ် ဆရာ''

''အခု ဘယ်လိုကိစ္စပေါ်လာလို့လဲ''

''အစ်မဖြစ်သူရဲ့ လင်ယောက်ျားဆိုပြီး ကန့်ကွက်လာလို့ ဆရာ''

''ဦးကောင်းမြင့်ပြောတော့၊ အစ်မရဲ့ လင်ယောက်ျားက ကွယ်လွန်သွားပြီဆို၊ အခု နောက်တစ်ယောက်ပေါ်လာတာလား''

''ဟုတ်တယ် ဆရာ။ သူနဲ့ ပေါင်း သင်းခဲ့ပါတယ်ဆိုပြီး ကန့်ကွက်တောင်းဆိုတာပဲ ဆရာ။ အဲဒါ ဘယ်လိုဖြစ်နိုင်သလဲလို့ ဆရာ့ဆီ အကြံလာတောင်းတာ ဆရာ''

''ထူးထူးခြားခြားကိစ္စဆိုတော့ ဥပဒေအကြံပေးခ နှစ်ဆတောင်းရမယ် ထင်တယ်''

''ပြောစရာလိုလို့လား ဆရာရယ်။ ကျွန်တော်လည်း ကန့်ကွက်ချက်ကို ကြားလိုက်တော့ အံ့သြပြီး အတော်စိတ်ပူသွားတယ်။ အမှုအ ခင်းတွေများဖြစ်နေမလားဆရာ''

''ပြောလို့တော့ မရဘူးဗျ။ ဒါပေမယ့် တရားဝင် ဇနီးအဖြစ် ပေါင်းသင်းခဲ့တာတော့ အခိုင်အမာပြဖို့လိုလိမ့်မယ်''

''ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ကန့်ကွက်စာပဲတင်ခဲ့တာ ဆရာ၊ ဘာအထောက်အထားမှတော့တင်ပြတာ မရှိဘူး''

''အဲဒီလူက ဘယ်မှာနေတာလဲ။ တစ်ရပ်ကွက်တည်းလား''

''မဟုတ်ဘူး။ စမ်းချောင်းမြို့နယ် မှာ သူ့မိသားစုနဲ့အတူနေတယ်''

''မိသားစုနဲ့အတူနေတယ်ဆိုတော့ ဇနီးမယားရှိသလား''

''ဇနီးနဲ့တော့ ကွဲနေတယ် ပြောတယ်။ ဒါကြောင့် ကွယ်လွန်သွားတဲ့ အစ်မဖြစ်သူနဲ့ ပေါင်းသင်းနေတယ်ဆိုပြီး ကန့်ကွက်တာ ဆရာ၊ ဥပဒေက ဘယ်လိုရှိပါသလဲ ဆရာ''

''မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ အရတော့လက်ထပ်မှု တရားဝင်ဖြစ်ဖို့အတွက် အခမ်းအနား၊ လက်ထပ် စာချုပ်ရှိစရာမလိုဘူး။ နှစ်ဦးပေါင်း သင်းနေထိုင်မှုဟာ တရားဝင်လင်မယားအဖြစ် လူသိရှင်ကြားပေါင်းသင်း နေထိုင်မှုဖြစ်ဖို့လိုပါတယ်။ တစ်နည်း ပြောရရင်တော့ လင်နဲ့မယားပေါင်းသင်းမှုမှာ ရပ်ရွာရပ်ကွက် ပတ်ဝန်းကျင်က ဇနီးမောင်နှံအဖြစ် အသိအမှတ်ပြုဆက်ဆံကြောင်း ထင်ရှားဖို့လို ပါတယ်''

''တိတ်တဆိတ်ပေါင်းသင်း ဆက်ဆံမှုမျိုးဆိုရင် တရားမဝင်ဘူး ပေါ့''

''တစ်ယောက်တည်းနေတဲ့ မုဆိုးမဆိုတော့၊ ဝင်ထွက်ပြီး အကူအညီပေးတာမျိုးလည်း ရှိနိုင်တာပေါ့။ အခွင့်အရေးယူမယ့် သူတွေလည်း ရှိ နိုင်တာပဲ။ ဒါကြောင့် ညီမ မိသားစုကို ခေါ်ထားတာလည်း ဖြစ်နိုင်တယ်''

''ရပ်ကွက်ရုံးက အထောက်အထားတောင်းပြီး ညှိနှိုင်းပေးရင် ဖြစ် နိုင်တယ်ပေါ့နော်''

''တရားစွဲဆိုတောင်းတဲ့ အဆင့်ထိလည်းဖြစ်နိုင်တယ်။ ဒီအဖြစ်အပျက်နဲ့တူတဲ့ တရားရုံးချုပ်က ဆုံးဖြတ်ချက်တစ်ခုကို သတိရမိတယ်''ဟု စာရေးသူက ဦးကောင်းမြင့်ကိုပြောပြီး၊ မှတ်သားထားသည့် စီရင်ထုံးတစ်ခုကို ဖတ်ပြလိုက်ပါသည်။

''ပြောပြပါဦး ဆရာ၊ ဗဟုသုတ အဖြစ် မှတ်ထားရအောင်''

''တရားရုံးချုပ်က ဆုံးဖြတ်ခဲ့တဲ့ ဒေါ်ကျင်မြနှင့် ဦးထွန်းလူ ၁၉၇၉ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ (၉) အမှုမှာ ဦးထွန်းလူက သေသူ ဒေါ်ကျင်တင်ရဲ့ ခင်ပွန်းဖြစ် တယ်ဆိုပြီး ညီမအရင်းဖြစ်သူ ဒေါ်ကျင်မြအပေါ် ဒေါ်ကျင်တင် ဝေစုကို ရလိုမှု တရားစွဲတာဖြစ်တယ်။ တရားရုံးတော်က မြန်မာ့ဓလေ့ထုံး တမ်းဥပဒေတွင် လင်မယားအဖြစ် ပေါင်းသင်းနေထိုင်မှုဆိုသည်မှာ တရားဝင်လင်မယားအဖြစ် အထင်အရှား နေထိုင်ပေါင်းသင်းဆက်ဆံမှုမျိုးကို ဆိုလိုသည်။ တိတ်တဆိတ် ပေါင်းသင်းဆက်ဆံမှုမျိုးကို မဆိုလိုပေ။ လင်နှင့်မယား ပေါင်းသင်းမှုမှာ ရပ်ရွာက ဇနီးမောင်နှံအဖြစ် အသိ အမှတ်ပြုဆက်ဆံကြောင်း ထင်ရှားစေရမည်။ ဦးထွန်းလူအနေဖြင့် လင်မယားအဖြစ်နေထိုင်သွားလာကြောင်း သက်သေမတင်ပြနိုင်ခြင်း၊ ဒေါ်ကျင်တင် ဆေးရုံတက်နေစဉ်က မလာခြင်း၊ အထောက်အထား ခိုင်မာစွာ မတင်ပြနိုင်သဖြင့် တရားဝင် လင် ယောက်ျားမဟုတ်ဟု ဆုံးဖြတ်ခဲ့ပါတယ်''

''ဇနီးဖြစ်ကြောင်း အထောက်အထား မခိုင်လုံရင်တော့ ရပိုင်ခွင့်ရှိမှာ မဟုတ်ဘူးပေါ့''

''မှန်ပါတယ်။ အထောက်အထား မခိုင်လုံလို့ ရပ်ကွက်အုပ်ချုပ် ရေးမှူး ရှေ့မှာပဲ ကြေအေးသွားရင် တော့ပြီးသွားမှာပေါ့။ ဒါမှမဟုတ်ရင် တရားရုံးမှာ အမှုအခင်း ဖြစ်နိုင်တဲ့အတွက် ဦးကောင်းမြင့် စဉ်းစားဆုံး ဖြတ်ပါလို့''အကြံပေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: ထီယု (ဥပဒေအတိုင်ပင်ခံ)

 

 

[Zawgyi]

အိမ္ၿခံ‌ေျမေရာင္းရာ တရား၀င္လင္မယားျဖစ္သူက ကန္႔ကြက္ႏုိင္ျခင္း

႐ုံးခန္းသုိ႔ စာေရးသူေရာက္သည့္အခါ ဦးေကာင္းျမင့္ေရာက္ႏွင့္ေနသည္ကိုေတြ႔လုိက္ရသည္။ ဦးေကာင္းျမင့္မွာ အိမ္ ၿခံ ေျမ ဝယ္ေရာင္းတစ္ဦးျဖစ္သည္။ အေတြ႔အႀကံဳမ်ားၿပီျဖစ္ ၍ အခက္အခဲရွိမွ စာေရးသူထံ ေရာက္လာေလ့ရွိသည္။

''ဦးေကာင္းျမင့္ မလာတာ အေတာ္ၾကာၿပီ၊ အခက္အခဲတစ္ခုေတြ႔ ေနလုိ႔လား''

''ေျပာစရာျဖစ္ေနၿပီ ဆရာ၊ ကိစၥရွိမွပဲ ဆရာ့ဆီေရာက္ေတာ့တယ္''

''အိမ္ ၿခံ ေျမ အေရာင္းအဝယ္ ျပန္ေကာင္းေနၿပီလား''

''အေကာင္းႀကီးေတာ့ မဟုတ္ ဘူး။ ဒါေပမယ့္ အခုကာလမွာေတာ့ အဝယ္နည္းနည္းလုိက္လာတယ္''

''အခုေလာေလာဆယ္ ဦးေကာင္းျမင့္ဘယ္မွာ ဝယ္ထားေသးသလဲ''

''ဒဂုံၿမိဳ႕သစ္အေရွ႕မွာ ေျမနဲ႔ အိမ္ဝယ္ဖုိ႔သြားတယ္ဆရာ''

''ဘာအခက္အခဲရွိေနလုိ႔လဲ''

''ေျမကြက္က ဂရန္ေျမ၊ အမည္ေပါက္က ဖခင္အမည္ေပါက္''

''ေရာင္းမယ္ဆုိေတာ့ သားသမီးေတြက အေဝမတည့္လုိ႔ ကန္႔ကြက္ ၾကတယ္၊ ဒီလုိ မဟုတ္ဘူးလား''

''ဆရာေျပာသလုိ ႐ုိး႐ုိးရွင္းရွင္းဆုိေတာ့ ျပႆနာမဟုတ္ဘူး။ အခု ကိစၥက ထူးထူးျခားျခားေလးျဖစ္ေန လုိ႔''

''ထူးျခားတယ္ဆုိေတာ့ ေျပာျပပါဦး''

''အမည္ေပါက္ ဖခင္နဲ႔၊ မိခင္ႏွစ္ဦးလုံး ကြယ္လြန္သြားၿပီ။ မိဘမ်ားမရွိေတာ့ မုဆုိးမျဖစ္တဲ့ အစ္မနဲ႔ညီမ ျဖစ္သူတုိ႔ အတူေနၾကတယ္''

''ညီမျဖစ္သူက မိသားစုရွိလား''

''ညီမျဖစ္သူက သူ႔မိသားစုရွိတယ္။ အစ္မျဖစ္တဲ့ မုဆုိးမမွာ သားသမီးမက်န္ခဲ့ဘူး။ မူလက အစ္မျဖစ္သူမွာ မိဘေတြနဲ႔အတူေနတယ္။ ဖခင္လည္းဆုံး၊ ခင္ပြန္းလည္းဆုံးသြားေတာ့ တစ္ေယာက္တည္းျဖစ္ေနလုိ႔ ညီမမိသားစုကို ေခၚထားတယ္''

''ညီမႏွစ္ေယာက္ခြဲေဝလုိက္ရင္ ၿပီးၿပီမဟုတ္လား။ ဒီလုိကိစၥမ်ဳိး ဦးေကာင္းျမင့္ အဆင္ေျပေအာင္ လုပ္တတ္ပါတယ္'' စာေရးသူက စကားကို ျဖတ္၍ေမးလုိက္ျခင္းျဖစ္သည္။

''ဒီလုိ ဆရာ၊ အခုအစ္မျဖစ္သူကလည္း ကြယ္လြန္သြားၿပီ။ ဒါ ေၾကာင့္ ညီမအငယ္က ေရာင္းခ်င္တယ္ ဆရာ''

''ေစ်းေပါတယ္ထင္ၿပီး ဦးေကာင္းျမင့္ဝယ္လုိက္တယ္ေပါ့''

''ေစ်းက သက္သာလွတယ္ေတာ့ မဟုတ္ပါဘူး။ သင့္တင့္တယ္လုိ႔ ထင္တယ္။ ၿပီးေတာ့ အေမြဆက္ခံခြင့္ကလည္း ရွင္းေနေတာ့ စရန္ေငြေပးလုိက္တယ္ ဆရာ''

''အခု ဘယ္လုိကိစၥေပၚလာလုိ႔လဲ''

''အစ္မျဖစ္သူရဲ႕ လင္ေယာက်္ားဆုိၿပီး ကန္႔ကြက္လာလုိ႔ ဆရာ''

''ဦးေကာင္းျမင့္ေျပာေတာ့၊ အစ္မရဲ႕ လင္ေယာက်္ားက ကြယ္လြန္သြားၿပီဆုိ၊ အခု ေနာက္တစ္ေယာက္ေပၚလာတာလား''

''ဟုတ္တယ္ ဆရာ။ သူနဲ႔ ေပါင္း သင္းခဲ့ပါတယ္ဆုိၿပီး ကန္႔ကြက္ေတာင္းဆုိတာပဲ ဆရာ။ အဲဒါ ဘယ္လုိျဖစ္ႏုိင္သလဲလုိ႔ ဆရာ့ဆီ အႀကံလာေတာင္းတာ ဆရာ''

''ထူးထူးျခားျခားကိစၥဆုိေတာ့ ဥပေဒအႀကံေပးခ ႏွစ္ဆေတာင္းရမယ္ ထင္တယ္''

''ေျပာစရာလုိလုိ႔လား ဆရာရယ္။ ကြၽန္ေတာ္လည္း ကန္႔ကြက္ခ်က္ကို ၾကားလုိက္ေတာ့ အံ့ၾသၿပီး အေတာ္စိတ္ပူသြားတယ္။ အမႈအ ခင္းေတြမ်ားျဖစ္ေနမလားဆရာ''

''ေျပာလုိ႔ေတာ့ မရဘူးဗ်။ ဒါေပမယ့္ တရားဝင္ ဇနီးအျဖစ္ ေပါင္းသင္းခဲ့တာေတာ့ အခုိင္အမာျပဖုိ႔လုိလိမ့္မယ္''

''ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး႐ုံးမွာ ကန္႔ကြက္စာပဲတင္ခဲ့တာ ဆရာ၊ ဘာအေထာက္အထားမွေတာ့တင္ျပတာ မရွိဘူး''

''အဲဒီလူက ဘယ္မွာေနတာလဲ။ တစ္ရပ္ကြက္တည္းလား''

''မဟုတ္ဘူး။ စမ္းေခ်ာင္းၿမိဳ႕နယ္ မွာ သူ႔မိသားစုနဲ႔အတူေနတယ္''

''မိသားစုနဲ႔အတူေနတယ္ဆုိေတာ့ ဇနီးမယားရွိသလား''

''ဇနီးနဲ႔ေတာ့ ကြဲေနတယ္ ေျပာတယ္။ ဒါေၾကာင့္ ကြယ္လြန္သြားတဲ့ အစ္မျဖစ္သူနဲ႔ ေပါင္းသင္းေနတယ္ဆုိၿပီး ကန္႔ကြက္တာ ဆရာ၊ ဥပေဒက ဘယ္လုိရွိပါသလဲ ဆရာ''

''ျမန္မာ့ဓေလ့ထုံးတမ္းဥပေဒ အရေတာ့လက္ထပ္မႈ တရားဝင္ျဖစ္ဖုိ႔အတြက္ အခမ္းအနား၊ လက္ထပ္ စာခ်ဳပ္ရွိစရာမလုိဘူး။ ႏွစ္ဦးေပါင္း သင္းေနထုိင္မႈဟာ တရားဝင္လင္မယားအျဖစ္ လူသိရွင္ၾကားေပါင္းသင္း ေနထိုင္မႈျဖစ္ဖုိ႔လုိပါတယ္။ တစ္နည္း ေျပာရရင္ေတာ့ လင္နဲ႔မယားေပါင္းသင္းမႈမွာ ရပ္ရြာရပ္ကြက္ ပတ္ဝန္းက်င္က ဇနီးေမာင္ႏွံအျဖစ္ အသိအမွတ္ျပဳဆက္ဆံေၾကာင္း ထင္ရွားဖုိ႔လုိ ပါတယ္''

''တိတ္တဆိတ္ေပါင္းသင္း ဆက္ဆံမႈမ်ဳိးဆုိရင္ တရားမဝင္ဘူး ေပါ့''

''တစ္ေယာက္တည္းေနတဲ့ မုဆိုးမဆုိေတာ့၊ ဝင္ထြက္ၿပီး အကူအညီေပးတာမ်ဳိးလည္း ရွိႏုိင္တာေပါ့။ အခြင့္အေရးယူမယ့္ သူေတြလည္း ရွိ ႏုိင္တာပဲ။ ဒါေၾကာင့္ ညီမ မိသားစုကို ေခၚထားတာလည္း ျဖစ္ႏုိင္တယ္''

''ရပ္ကြက္႐ုံးက အေထာက္အထားေတာင္းၿပီး ညႇိႏႈိင္းေပးရင္ ျဖစ္ ႏုိင္တယ္ေပါ့ေနာ္''

''တရားစြဲဆုိေတာင္းတဲ့ အဆင့္ထိလည္းျဖစ္ႏုိင္တယ္။ ဒီအျဖစ္အပ်က္နဲ႔တူတဲ့ တရား႐ုံးခ်ဳပ္က ဆုံးျဖတ္ခ်က္တစ္ခုကုိ သတိရမိတယ္''ဟု စာေရးသူက ဦးေကာင္းျမင့္ကုိေျပာၿပီး၊ မွတ္သားထားသည့္ စီရင္ထုံးတစ္ခုကို ဖတ္ျပလုိက္ပါသည္။

''ေျပာျပပါဦး ဆရာ၊ ဗဟုသုတ အျဖစ္ မွတ္ထားရေအာင္''

''တရား႐ုံးခ်ဳပ္က ဆုံးျဖတ္ခဲ့တဲ့ ေဒၚက်င္ျမႏွင့္ ဦးထြန္းလူ ၁၉၇၉ ခုႏွစ္၊ ျမန္မာႏုိင္ငံ တရားစီရင္ထုံး စာမ်က္ႏွာ (၉) အမႈမွာ ဦးထြန္းလူက ေသသူ ေဒၚက်င္တင္ရဲ႕ ခင္ပြန္းျဖစ္ တယ္ဆုိၿပီး ညီမအရင္းျဖစ္သူ ေဒၚက်င္ျမအေပၚ ေဒၚက်င္တင္ ေဝစုကုိ ရလုိမႈ တရားစြဲတာျဖစ္တယ္။ တရား႐ုံးေတာ္က ျမန္မာ့ဓေလ့ထုံး တမ္းဥပေဒတြင္ လင္မယားအျဖစ္ ေပါင္းသင္းေနထုိင္မႈဆုိသည္မွာ တရားဝင္လင္မယားအျဖစ္ အထင္အရွား ေနထုိင္ေပါင္းသင္းဆက္ဆံမႈမ်ဳိးကို ဆုိလုိသည္။ တိတ္တဆိတ္ ေပါင္းသင္းဆက္ဆံမႈမ်ဳိးကုိ မဆုိလုိေပ။ လင္ႏွင့္မယား ေပါင္းသင္းမႈမွာ ရပ္ရြာက ဇနီးေမာင္ႏွံအျဖစ္ အသိ အမွတ္ျပဳဆက္ဆံေၾကာင္း ထင္ရွားေစရမည္။ ဦးထြန္းလူအေနျဖင့္ လင္မယားအျဖစ္ေနထုိင္သြားလာေၾကာင္း သက္ေသမတင္ျပႏုိင္ျခင္း၊ ေဒၚက်င္တင္ ေဆး႐ုံတက္ေနစဥ္က မလာျခင္း၊ အေထာက္အထား ခုိင္မာစြာ မတင္ျပႏုိင္သျဖင့္ တရားဝင္ လင္ ေယာက်္ားမဟုတ္ဟု ဆုံးျဖတ္ခဲ့ပါတယ္''

''ဇနီးျဖစ္ေၾကာင္း အေထာက္အထား မခုိင္လုံရင္ေတာ့ ရပုိင္ခြင့္ရွိမွာ မဟုတ္ဘူးေပါ့''

''မွန္ပါတယ္။ အေထာက္အထား မခုိင္လုံလုိ႔ ရပ္ကြက္အုပ္ခ်ဳပ္ ေရးမွဴး ေရွ႕မွာပဲ ေၾကေအးသြားရင္ ေတာ့ၿပီးသြားမွာေပါ့။ ဒါမွမဟုတ္ရင္ တရား႐ုံးမွာ အမႈအခင္း ျဖစ္ႏိုင္တဲ့အတြက္ ဦးေကာင္းျမင့္ စဥ္းစားဆုံး ျဖတ္ပါလုိ႔''အႀကံေပးလုိက္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: ထီယု (ဥပေဒအတုိင္ပင္ခံ)

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်တွင် ကန်ဒေါ်လာ သန်း ၁၃၀၀ ထီပေါက်...
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်တွင် ကန်ဒေါ်လာ သန်း ၁၃၀၀ ထီပေါက်...
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...
သစ်တောဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သစ်တောဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Social Media ပေါ်မှာ စိတ်ဝင်စားမှုအများဆုံး ဗီယက်နမ်နိုင်ငံရဲ့ ဘတ်စကက်ဘောလှေ ( သို့မဟုတ် ) အုန်းသီးလှေ...
Social Media ပေါ်မှာ စိတ်ဝင်စားမှုအများဆုံး ဗီယက်နမ်နိုင်ငံရဲ့ ဘတ်စကက်ဘောလှေ ( သို့မဟုတ် ) အုန်းသီးလှေ...
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များတွင် ပါဝင်သူ Elon Musk ငယ်စဉ်က အငှားတိုက်ခန်းတွင် နေခဲ့ရပြီး ခုံတန်းတစ်ခုပေါ်တွင် အိပ်ခဲ
ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များတွင် ပါဝင်သူ Elon Musk ငယ်စဉ်က အငှားတိုက်ခန်းတွင် နေခဲ့ရပြီး ခုံတန်းတစ်ခုပေါ်တွင် အိပ်ခဲ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
area-one-business-complex
shwe-hninsi

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service