ဂျပန်သို့ ပြည်ဝင်ခွင့် ပိတ်ပင်သည့်နိုင်ငံများတွင် မြန်မာနိုင်ငံ ပါဝင်လာ
ဂျပန်သို့ ပြည်ဝင်ခွင့် ပိတ်ပင်သည့်နိုင်ငံများတွင် မြန်မာနိုင်ငံ ပါဝင်လာ - Property News in Myanmar from iMyanmarHouse.com
23 Nov 2020 11:13 am တွင် တင်ခဲ့သည်
9637 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
Covid-19 ရောဂါသည် ကျွန်ုပ်တို့၏ လူနေမှုဘဝများကို ပြောင်းလဲပေးလိုက်ပြီး ယခုအခါ ကျွန်ုပ်တို့သည် ပါးစပ်နှာခေါင်းစည်းများ တပ်ဆင်ခြင်း၊ လူမှုအလှမ်းခွာခြင်း၊ နေအိမ်တွင်သာ နေထိုင်ခြင်းတို့နှင့် သဟဇာတဖြစ်နေကြပြီ ဖြစ်သည်။
ဂျပန်နိုင်ငံသည် အချို့သော နိုင်ငံများ၊ ဒေသများကို ခရီးသွားလာမှု ဖြေလျှော့မှုများ ပြုလုပ်လာသော်လည်း ဂျပန်နိုင်ငံသို့ ဝင်ရောက်ခြင်းနှင့် ဂျပန်မှ ထွက်ခွာခြင်းတို့မှာ တင်းကြပ်ထားဆဲဖြစ်သည်။
ယခုအခါ တိုကျို၊ အိုဆာကာ မြို့ကြီးများနှင့် Narita လေဆိပ်တို့တွင် PCR စမ်းသပ်သည့်နေရာများ ထားရှိလာပြီ ဖြစ်သည်။ သတင်းများအရ နိုင်ငံတကာ ခရီးသွားအားလုံးကို လာမည့်နှစ် နွေဦးတွင် ပြန်လည်ဖွင့်လှစ်ပေးသွားဖွယ်ရာ ရှိသည်။
နိုဝင်ဘာလအတွင်း ဂျပန်သည် ဝင်ရောက်ခွင့်မပြုသည့် နိုင်ငံ ၂ နိုင်ငံ ထပ်မံတိုးမြှင့်ခဲ့ရာ ဂျော်ဒန်နှင့် မြန်မာနိုင်ငံတို့ဖြစ်သည်။ သို့အတွက် ဂျပန်သို့ ဝင်ရောက်ခွင့်မပြုသည့် နိုင်ငံစုစုပေါင်းမှာ ၁၅၂ နိုင်ငံဖြစ်လာသည်။
ဂျပန်သို့ ဝင်ရောက်ခွင့် ပိတ်ပင်ထားသည့် နိုင်ငံနှင့် ဒေသ ၁၁ ခုကို နိုဝင်ဘာလအတွင်းတွင်ပင် ပြန်လည်ရုပ်သိမ်းပေးခဲ့ရာ သြစတေးလျ၊ ဘရူနိုင်း၊ တရုတ်၊ ဟောင်ကောင်၊ မက္ကာအို၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ စင်္ကာပူ၊ ထိုင်ဝမ်၊ ထိုင်းနှင့် ဗီယက်နမ်တို့ ဖြစ်ကြသည်။
လက်ရှိစည်းမျဉ်းများအရ ဂျပန်နိုင်ငံသား မဟုတ်သည့် မည်သူမဆို ဂျပန်က ထုတ်ပြန်ထားသော ၁၅၂ နိုင်ငံသို့ ပြီးခဲ့သော ၁၄ ရက်အတွင်း သွားရောက်ခဲ့ပါက ဂျပန်သို့ ဝင်ရောက်ခွင့် ပြုမည်မဟုတ်ချေ။
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့ အချက်အလက်များအရ ဂျပန်သို့ ခရီးသွားလာခွင့် ပိတ်ပင်ခံရသည့် နိုင်ငံနှင့် ဒေသများမှာ အောက်ပါအတိုင်း ဖြစ်သည်။
(က)အာရှ- ပစိဖိတ်ဒေသ
ဘူတန်၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှား၊ မော်လ်ဒိုက်၊ နီပေါ၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ ဥဇဘက်ကစ္စတန်
(ခ) မြောက်အမေရိက
ကနေဒါ၊ အမေရိကန်ပြည်ထောင်စု
(ဂ) လက်တင်အမေရိကနှင့် ကာရစ်ဘီယန်
အာဂျင်တီးနား၊ အင်တီဂွါနှင့် ဘာဘူဒါ၊ ဘဟားမား၊ ဘာဘေဒေါ၊ ဘီလစ်ဇ်၊ ဘိုလီဗီးယား၊ ဘရာဇီး၊ ချီလီ၊ ကိုလံဘီယာ၊ ကော်စတာရီကာ၊ ကျူးဘား၊ ဒိုမီနီကာ၊ ဒိုမီနီကန် ရီပတ်ဘလစ်၊ အီကွေဒေါ၊ အယ်လ် ဆာဗေဒေါ၊ ဂရီနာဒါ၊ ဂရီနာဒင်းစ်၊ ဂွါတီမာလာ၊ ဂိုင်ယာနာ၊ ဟေတီ၊ ဟွန်ဒူးရပ်စ်၊ ဂျမေကာ၊ မက္ကဆီကို၊ နီကာရာဂွါ၊ ပနားမား၊ ပါရာဂွေး၊ ပီရူး၊ စိန့်ကစ်နှင့် နီဗစ်၊ စိန့်ဗင်းဆင့်နှင့် ဂရီနာဒင်းစ်၊ ဆာရီနိမ်း၊ ထရီနီဒက်နှင့် တိုဘာဂို၊ ဥရုဂွေး၊ ဗင်နီဇွဲလား
(ဃ) ဥရောပ
အယ်လ်ဘေးနီးယား၊ အန်ဒိုရာ၊ အာမေးနီးယား၊ သြစထရီးယား၊ အဇာဘိုင်ဂျန်၊ ဘီလာရုစ်၊ ဘယ်လ်ဂျီယံ၊ ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနား၊ ဘူလ်ဂေးရီးယား၊ ခရိုအေးရှား၊ ဆိုက်ပရပ်စ်၊ ချက်သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ အက်စ်တိုးနီးယား၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ ဂျော်ဂျီယာ၊ ဂရိ၊ ဟန်ဂေရီ၊ အိုက်စ်လန်၊ အိုင်ယာလန်၊ အီတလီ၊ ကာဇက်စတန်၊ ကိုဆိုဗို၊ ကာဂျစ်စတန်၊ လတ်ဗီးယား၊ လေချင်စတိန်း၊ လစ်သူယေးနီးယား၊ လူဇင်ဘတ်၊ မာလ်တာ၊ မော်လ်ဒိုဗာ၊ မိုနာကို၊ မွန်နီနီဂရိုး၊ နယ်သာလန်၊ မြောက် မက်ဆီဒိုးနီးယား၊ နော်ဝေ၊ ပိုလန်၊ ပေါ်တူဂီ၊ ရိုမေးနီးယား၊ ရုရှား၊ ဆန်မာရီနို၊ ဆားဘီးယား၊ ဆလိုဗက်ကီးယား၊ ဆလိုဗေးနီးယား၊ စပိန်၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ တာဂျစ်ကစ္စတန်၊ ယူကရိန်း၊ ဗြိတိန်၊ ဗာတီကန်မြို့တော်
(င) အရှေ့အလယ်ပိုင်းဒေသ
အာဖဂန်နစ္စတန်၊ ဘာရိန်း၊ အစ္စရေး၊ အီရန်၊ အီရတ်၊ ဂျော်ဒန်၊ ကူဝိတ်၊ လက်ဘနွန်၊ အိုမန်၊ ပါလက်စတိုင်း၊ ကာတာ၊ ဆော်ဒီအာရေးဘီးယား၊ တူရကီ၊ အာရပ်စော်ဘွားများပြည်ထောင်စု
(စ) အာဖရိက
အယ်လ်ဂျီးရီးယား၊ ဘော့ဆဝါနာ၊ ကာဘို ဗာဒီ၊ ကင်မရွန်၊ ဗဟိုအာဖရိက၊ အိုင်ဗရီကို့စ် (Cote d’lvoire) ၊ ကိုမိုရော့စ်၊ ကွန်ဂို ဒီမိုကရက်စ် သမ္မတနိုင်ငံ၊ ဒီဂျီဘိုတီ၊ အီဂျစ်၊ အီကွေတိုရီယယ် ဂီနီ၊ အီသီယိုးပီးယား၊ အက်စ်ဝါတီနီ၊ ဂါဘွန်၊ ဂမ်ဘီယာ၊ ဂါနာ၊ ဂီနီ၊ ဂီနီ ဘိုင်ဆော၊ ကင်ညာ၊ လီဆိုသို၊ လိုင်ဘေးရီးယား၊ လစ်ဗျား၊ မာဒါဂါစကာ၊ မာလာဝီ၊ မော်ရီတေးနီးယား၊ မော်ရီတီးယပ်စ်၊ မိုနာကို၊ နမီးဘီးယား၊ နိုင်ဂျီးရီးယား၊ ကွန်ဂို သမ္မတနိုင်ငံ၊ ရဝမ်ဒါ၊ ဆော တိုမီနှင့် ပရင်စပီ၊ ဆီနီဂေါ၊ ဆီယာလီယွန်၊ ဆိုမာလီယာ၊ တောင်အာဖရိက၊ တောင်ဆူဒန်၊ ဆူဒန်၊ တူနီးရှား၊ ဇမ်ဘီယာ၊ ဇင်ဘွာဘွေ
အထက်ပါနိုင်ငံများမှ ပြန်လာသော ဂျပန်နိုင်ငံသားများသည် ဆိုက်ရောက်ချိန်တွင် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးခံရမည်ဟု ဆိုသည်။
 မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: These are all the countries and regions affected by Japan’s entry ban (Timeout)
[Zawgyi]
(က)အာရှ- ပစိဖိတ်ဒေသ
(ခ) မြောက်အမေရိက
(ဃ) ဥရောပ
(င) အရှေ့အလယ်ပိုင်းဒေသ
(စ) အာဖရိက
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့်တိုက်ခန်းမဲပေါက်သူများကို ဇွန်လတွင် အခန်းအပ်မည်
သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့်တိုက်ခန်းမဲပေါက်သူများကို ဇွန်လတွင် အခန်းအပ်မည်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
စိတ်လှုပ်ရှားဖွယ်ရာ တောင်တက်ခရီးစဉ်တစ်ခုသေချာပေါက်ဖြစ်လာနိုင်တဲ့ တရုတ်နိုင်ငံ Zhangjiajie ပြည်နယ်မှ Tianmen Mountain...
စိတ်လှုပ်ရှားဖွယ်ရာ တောင်တက်ခရီးစဉ်တစ်ခုသေချာပေါက်ဖြစ်လာနိုင်တဲ့ တရုတ်နိုင်ငံ Zhangjiajie ပြည်နယ်မှ Tianmen Mountain...
ကမ္ဘာကျော် Pop ဘုရင် အဆိုတော်မိုက်ကယ်ဂျက်ဆင် တစ်ချိန်က ပိုင်ဆိုင်ခဲ့သော Neverland Ranch စံအိမ်ဝန်းကြီးအတွင်းမှ ကြီးကျယ်ခမ်းနားမှုများ...
ကမ္ဘာကျော် Pop ဘုရင် အဆိုတော်မိုက်ကယ်ဂျက်ဆင် တစ်ချိန်က ပိုင်ဆိုင်ခဲ့သော Neverland Ranch စံအိမ်ဝန်းကြီးအတွင်းမှ ကြီးကျယ်ခမ်းနားမှုများ...
တောင်ကြီးနှင့် ကလော အိမ်ခြံမြေဈေး တည်ငြိမ်နေ
တောင်ကြီးနှင့် ကလော အိမ်ခြံမြေဈေး တည်ငြိမ်နေ
ဆောက်လုပ်ရေးလုပ်ငန်းတချို့ ရပ်နားနေ
ဆောက်လုပ်ရေးလုပ်ငန်းတချို့ ရပ်နားနေ
မြို့တော်ဝန် ဖြစ်လိုသူများအတွက် အမေရိကန်ပြည်၊ မွန်တားနားပြည်နယ်ရှိ မြို့တစ်မြို့လုံးကို ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းမျှဖြင့် ဝယ်ယူနိုင်မည့် အခွင့်အလမ်း ပေါ်ပေါက်နေ...
မြို့တော်ဝန် ဖြစ်လိုသူများအတွက် အမေရိကန်ပြည်၊ မွန်တားနားပြည်နယ်ရှိ မြို့တစ်မြို့လုံးကို ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းမျှဖြင့် ဝယ်ယူနိုင်မည့် အခွင့်အလမ်း ပေါ်ပေါက်နေ...
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
ကမ္ဘာ့အချမ်းသာဆုံး အိမ်ခြံမြေလောက သူဌေးကြီး (၅) ဦး
ကမ္ဘာ့အချမ်းသာဆုံး အိမ်ခြံမြေလောက သူဌေးကြီး (၅) ဦး
ဂျက်ကီချန်း၏ တရုတ်ပြည် ဟန်ကျိုးမြို့ရှိ ဒေါ်လာ (၈) သန်းတန် စံအိမ်
ဂျက်ကီချန်း၏ တရုတ်ပြည် ဟန်ကျိုးမြို့ရှိ ဒေါ်လာ (၈) သန်းတန် စံအိမ်
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ ဒုတိယအဆင့်တိုက်ခန်းများအား မေလတွင် လျှပ်စစ်မီတာတပ်ပေးမည်
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ ဒုတိယအဆင့်တိုက်ခန်းများအား မေလတွင် လျှပ်စစ်မီတာတပ်ပေးမည်
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
bkk-projects
area-one-business-complex
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service