ထွက်ပေါ်လာတော့မည့် နာမည်ကျော် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးများ

ထွက်ပေါ်လာတော့မည့် နာမည်ကျော် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးများ - Property News in Myanmar from iMyanmarHouse.com
18 Nov 2020 12:23 pm တွင် တင်ခဲ့သည်
7002 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

Moderna ကုမ္ပဏီ၏ COVID-19 ကာကွယ်ဆေ

အမေရိကန် ဆေးဝါးကုမ္ပဏီ ModernaInc မှ မကြာသေးမီကကြေညာရာတွင် ၎င်းတို့ကုမ္ပဏီသည် mRNA-1273 ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးအဆင့် ၃ စမ်းသပ်မှု၏ ပဏာမအချက်အလက်များကို ကြီးကြပ်ရေးကော်မတီသို့ တင်သွင်းရန် စီစဉ်နေကြောင်းကြေညာလိုက်သည်။

Bloombergသတင်းဌာန၏ ဖော်ပြချက်အရပထမအကြိမ် ကြားဖြတ်စမ်းစစ်ချက်တွင် စမ်းသပ်ထားသူ ၅၃ ဦးကျော်၏ အချက်အလက်များပါဝင်ဖွယ်ရှိကြောင်း၊ အဆိုပါ စမ်းသပ်ထားသူများသည် စမ်းစစ်မှု၏ အဓိကဦးတည်ထားသူများဖြစ်ကြောင်းဖော်ပြသည်။

Moderna ၏ ကာကွယ်ဆေးသည် Pfizer ၏ ကာကွယ်ဆေးနည်းတူယခုနှစ်၊ ဇူလိုင်လကုန်ပိုင်းတွင် နောက်ဆုံးဆင့် စမ်းသပ်မှုများကိုတချိန်တည်းစတင်ခဲ့ခြင်းဖြစ်သော်လည်း Moderna ၏ ကာကွယ်ဆေးစမ်းသပ်မှု အစီအစဉ်များအရအနည်းငယ်နောက်ကျနေသည်။

နောက်ကျရခြင်း၏ အကြောင်းမှာ Moderna ၏ ကာကွယ်ဆေးသည် ၂ ကြိမ်ထိုးရမည်ဖြစ်ပြီးတစ်ကြိမ်နှင့်တစ်ကြိမ် ရက်သတ္တ ၄ ပတ် ခြားရသောကြောင့်ဖြစ်ပြီးPfizer ၏ ကာကွယ်ဆေးမှာမူရက်သတ္တ ၃ ပတ်သာ ခြားရသည်။

Moderna က ကြေညာထားသည်မှာ ကြားဖြတ်တွက်ချက်မှုများတွင် ကာကွယ်ဆေး၏ ထိရောက်မှုမှာအနည်းဆုံး ၇၀ ရာခိုင်နှုန်းရှိပါက အန္တရာယ်များသည့် အုပ်စုများအတွက် အသုံးပြုရန် အရေးပေါ်အသုံးပြုခွင့် လျှောက်ထားသွားမည်ဖြစ်ကြောင်းကြေညာသည်။

ယခုနှစ်ကုန်တွင် Moderna က ကာကွယ်ဆေးသန်း ၂၀ ခန့် ထုတ်လုပ်ရန် မျှော်မှန်းထားသည်။

Sputnik V COVID-19 ကာကွယ်ဆေး

ရုရှားထုတ် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဖြစ်သော Sputnik-V ကိုGamaleya National Research Institute of Epidemiology and Microbiology က ထုတ်လုပ်ခြင်းဖြစ်ပြီးအိန္ဒိယနိုင်ငံသို့ ရောက်ရှိနေပြီဖြစ်ကာမကြာမီတွင် စမ်းသပ်မှုများ ပြုလုပ်သွားမည် ဖြစ်သည်။

အိန္ဒိယနိုင်ငံတွင် အနည်းဆုံးဒေသ ၁၀ ခု၌ Sputnik-Vကာကွယ်ဆေး၏ အဆင့် ၂ ၊ ၃ စမ်းသပ်မှုများကိုလူပေါင်း ၁၅၀၀ ခန့်တွင် စမ်းသပ်သွားမည် ဖြစ်သည်။

Sputnik-Vကာကွယ်ဆေးသည် COVID-19 ကူးစက်မှုကိုကာကွယ်ရာတွင် ၉၂ ရာခိုင်နှုန်းထိရောက်မှုရှိကြောင်းရုရှားအာဏာပိုင် တို့ကထုတ်ပြန်ခဲ့ပြီးနောက် ရက်အနည်းငယ်အကြာတွင် အိန္ဒိယတွင် စမ်းသပ်ရန် စီစဉ်လာခြင်း ဖြစ်သည်။

ရုရှားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့ (RDIF) မှ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ကပြောသည်မှာယခုရလဒ်အဖြေမှာလူပေါင်း ၁၆၀၀၀ ခန့်ကိုစမ်းသပ်ထားမှုများအားတွက်ချက်မှုမှ ရရှိလာခြင်းဖြစ်ကြောင်းပြောသည်။

အဆိုပါ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ကဆက်လက်ပြောကြားသည်မှာ Sputnik V ကာကွယ်ဆေးသည် ၂ မျိုးလာကြောင်း၊ ပထမတစ်မျိုးမှာအရည်ဖြစ်ပြီးအနုတ် ၁၈ ဒီဂရီဆဲစီးယပ်စ် အပူချိန်တွင် ထားရှိရမည်ဟုဆိုသည်။

ဒုတိယတစ်မျိုးမှာအေးခဲထားသည့် ဆေးဖြစ်ပြီး ၂ မှ ၈ ဒီဂရီဆဲစီးယပ်စ် အပူချိန်ကြားထားရှိနိုင်သည်ဟုဆိုသည်။

Johnson & Johnson ကုမ္ပဏီထုတ် COVID-19ကာကွယ်ဆေး

Johnson & Johnson မှ ထုတ်လုပ်ရန် ကြိုးပမ်းနေသည့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးမှာမူအခြားဆေးများနှင့် ယှဉ်လျှင် နောက်ကျ ကျန်နေခဲ့သည်။

ပြီးခဲ့သောအောက်တိုဘာလအတွင်းကာကွယ်ဆေးစမ်းသပ်မှု ရပ်ဆိုင်းလိုက်ရခြင်းကြောင့် ဖြစ်သည်။

Johnson & Johnson သည် အမေရိကန်အစိုးရနှင့် သဘောတူညီထားချက်ဖြစ်သော JNJ-78436735 ကာကွယ်ဆေးထုတ်လုပ်မှုကိုတိုးချဲ့ရန်အတွက် ကန်ဒေါ်လာ ၆၀၄ သန်းခန့် သုံးစွဲသွားမည် ဖြစ်သည်။

အဆိုပါငွေပမာဏအပြင် ဇီဝဆေးပညာအဆင့်မြင့် သုတေသနနှင့် ဖွံ့ဖြိုးရေးအာဏာပိုင်အဖွဲ့ (Biomedical Advanced Research and Development Authority) ကလည်းယခုကာကွယ်ဆေးအဆင့် ၃ စမ်းသပ်မှုများအတွက် ကန်ဒေါ်လာ ၄၅၄ သန်းသုံးစွဲသွားမည်ဟုဆိုသည်။

Johnson & Johnson သည် လက်ရှိအားဖြင့် အဆိုပါကာကွယ်ဆေးကိုအဆင့် ၃ စမ်းသပ်မှု ပြုလုပ်နေပြီးအရွယ်ရောက်ပြီးသူ ၆၀၀၀၀ တွင် စမ်းသပ်လျက်ရှိသည်။

Johnson & Johnson ၏ ကာကွယ်ဆေးသည် ပြုပြင်မွမ်းမံထားသောadenovirusကိုအသုံးပြုထားပြီးအောက်စ်ဖို့ဒ်မှ ကာကွယ်ဆေးနှင့် တူညီသည်။

Johnson & Johnson က ပြောကြားသည်မှာပထမသုတ် ကာကွယ်ဆေးများကိုအစောဆုံးအနေဖြင့် လာမည့် ဇန်နဝါရီလခန့်တွင် ရရှိနိုင်ဖွယ်ရှိကြောင်းပြောကြားထားသည်။

Pfizerကုမ္ပဏီ၏ COVID-19 ကာကွယ်ဆေး

Pfizer ၏ ကာကွယ်ဆေးသည် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထုတ်လုပ်မှု ပြိုင်ပွဲတွင် ရှေ့ဆုံးမှ ဦးဆောင်နေသည်ဟုဆိုနိုင်သည်။

Pfizer သည် နောက်ဆုံးဆင့်စမ်းသပ်မှုများ၏ ပဏာမအချက်အလက်များကိုပထမဆုံးထုတ်ပြန်နိုင်သည့် ကုမ္ပဏီအဖြစ် ရပ်တည်နေသည်။

သို့သော် ပါဝင်စမ်းသပ်ခံသူများတွင် ဖျားနာခြင်း၊ ကြွက်သားနာကျင်ခြင်းနှင့် ခေါင်းကိုက်ခြင်းတို့ ခံစားကြရသည်ဟုဆိုသည်။

ပါဝင်စမ်းသပ်ခံသည့် အမျိုးသမီးတစ်ဦးကပြောရာတွင် ပထမတစ်ကြိမ် ကာကွယ်ဆေးထိုးခံပြီးနောက်တွင် ခေါင်းကိုက်ခြင်း၊ ကိုယ်လက်နာကျင်ကိုက်ခဲခြင်းနှင့် ဖျားနာခြင်းတို့ ခံစားခဲ့ရပြီးဒုတိယတစ်ကြိမ်ထိုးသောအခါတွင်ကားပိုမိုပြင်းထန်စွာခံစားရကြောင်းပြောကြားသည်။

အသက် ၄၄ နှစ်အရွယ်ရှိပါဝင်စမ်းသပ်ခံသူအမျိုးသားတစ်ဦးကပြောရာတွင် ကာကွယ်ဆေးထိုးပြီးနောက် အပြင်းအထန် ခေါင်းကိုက်ခဲ့ကြောင်း၊ သို့သော် အဆိုပါ ဝေဒနာမှာလျင်မြန်စွာပျောက်ကွယ်သွားသည်ကိုတွေ့ရကြောင်းပြောသည်။

သို့သော် ပြောရန်တစ်ချက်ရှိသည်မှာကာကွယ်ဆေးစမ်းသပ်မှုသည် စမ်းသပ်မည့် ဆရာဝန်နှင့် စမ်းသပ်ခံသူတို့နှစ်ဦးလုံးအားအသိပေးမထားသည့် စမ်းသပ်ချက်ဖြစ်သည်။

ကာကွယ်ဆေးစမ်းသပ်မှုတွင် ကာကွယ်ဆေးအပြင် ကာကွယ်ဆေးမဟုတ်ဘဲမည့်သည့်အာနိသင်မျှ မရှိသည့်ဆေး (Placebo) များကိုရောနှောစမ်းသပ်ခြင်းဖြစ်ပြီးမည်သူ့ကိုကာကွယ်ဆေးအစစ်ပေးပြီးမည်သူ့အား placebo ဆေးပေးသည်ကိုဆရာဝန်နှင့် စမ်းသပ်ခံသူ ၂ ဦးလုံးမသိကြချေ။

Pfizerသည် ဒီဇင်ဘာလအတွင်းအရေးပေါ်အခြေအနေအသုံးပြုခွင့်အတွက် အမေရိကန်အာဏာပိုင်တို့ကအတည်ပြုပေးမည်ဟုမျှော်လင့်ထားသည်။

အရေးပေါ်အခြေအနေသုံးခွင့်ရပါကအသက် ၁၆ နှစ်မှ ၈၅ နှစ်ကြားရှိသူများအတွက် ကာကွယ်ဆေးသုံးစွဲခွင့် ရရှိမည်ဖြစ်သည်။

အရေးပေါ်အခြေအနေသုံးစွဲခွင့် (EUA) လျှောက်ထားရန်အတွက် ကာကွယ်ဆေးစမ်းသပ်ရာတွင် ပါဝင်ခဲ့သောလူပေါင်း ၄၄၀၀၀ နီးပါးမှ ထက်ဝက်ခန့်၏ ၂ လတာဘေးကင်းမှုအချက်အလက်များတင်ပြရမည်ဖြစ်ပြီး Pfizer က ယခုလကုန်ပိုင်းတွင် တင်ပြသွားမည်ဟုမျှော်လင့်ရသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: HERE IS A STATUS CHECK OF THE CORONAVIRUS VACCINE FRONTRUNNERS: (inventiva)

 

 

[Zawgyi]

ထြက္ေပၚလာေတာ့မည့္ နာမည္ေက်ာ္ ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးမ်ား

Moderna ကုမၸဏီ၏ COVID-19 ကာကြယ္ေဆး

အေမရိကန္ ေဆးဝါးကုမၸဏီ ModernaInc မွ မၾကာေသးမီကေၾကညာရာတြင္ ၎တို႔ကုမၸဏီသည္ mRNA-1273 ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးအဆင့္ ၃ စမ္းသပ္မႈ၏ ပဏာမအခ်က္အလက္မ်ားကို ၾကီးၾကပ္ေရးေကာ္မတီသို႔ တင္သြင္းရန္ စီစဥ္ေနေၾကာင္းေၾကညာလိုက္သည္။

Bloombergသတင္းဌာန၏ ေဖာ္ျပခ်က္အရပထမအၾကိမ္ ၾကားျဖတ္စမ္းစစ္ခ်က္တြင္ စမ္းသပ္ထားသူ ၅၃ ဦးေက်ာ္၏ အခ်က္အလက္မ်ားပါဝင္ဖြယ္ရွိေၾကာင္း၊ အဆိုပါ စမ္းသပ္ထားသူမ်ားသည္ စမ္းစစ္မႈ၏ အဓိကဦးတည္ထားသူမ်ားျဖစ္ေၾကာင္းေဖာ္ျပသည္။

Moderna ၏ ကာကြယ္ေဆးသည္ Pfizer ၏ ကာကြယ္ေဆးနည္းတူယခုႏွစ္၊ ဇူလိုင္လကုန္ပိုင္းတြင္ ေနာက္ဆံုးဆင့္ စမ္းသပ္မႈမ်ားကိုတခ်ိန္တည္းစတင္ခဲ့ျခင္းျဖစ္ေသာ္လည္း Moderna ၏ ကာကြယ္ေဆးစမ္းသပ္မႈ အစီအစဥ္မ်ားအရအနည္းငယ္ေနာက္က်ေနသည္။

ေနာက္က်ရျခင္း၏ အေၾကာင္းမွာ Moderna ၏ ကာကြယ္ေဆးသည္ ၂ ၾကိမ္ထိုးရမည္ျဖစ္ျပီးတစ္ၾကိမ္ႏွင့္တစ္ၾကိမ္ ရက္သတၱ ၄ ပတ္ ျခားရေသာေၾကာင့္ျဖစ္ျပီးPfizer ၏ ကာကြယ္ေဆးမွာမူရက္သတၱ ၃ ပတ္သာ ျခားရသည္။

Moderna က ေၾကညာထားသည္မွာ ၾကားျဖတ္တြက္ခ်က္မႈမ်ားတြင္ ကာကြယ္ေဆး၏ ထိေရာက္မႈမွာအနည္းဆံုး ၇၀ ရာခိုင္ႏႈန္းရွိပါက အႏၱရာယ္မ်ားသည့္ အုပ္စုမ်ားအတြက္ အသံုးျပဳရန္ အေရးေပၚအသံုးျပဳခြင့္ ေလွ်ာက္ထားသြားမည္ျဖစ္ေၾကာင္းေၾကညာသည္။

ယခုႏွစ္ကုန္တြင္ Moderna က ကာကြယ္ေဆးသန္း ၂၀ ခန္႔ ထုတ္လုပ္ရန္ ေမွ်ာ္မွန္းထားသည္။

Sputnik V COVID-19 ကာကြယ္ေဆး

ရုရွားထုတ္ ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးျဖစ္ေသာ Sputnik-V ကိုGamaleya National Research Institute of Epidemiology and Microbiology က ထုတ္လုပ္ျခင္းျဖစ္ျပီးအိႏိၵယႏိုင္ငံသို႔ ေရာက္ရွိေနျပီျဖစ္ကာမၾကာမီတြင္ စမ္းသပ္မႈမ်ား ျပဳလုပ္သြားမည္ ျဖစ္သည္။

အိႏိၵယႏိုင္ငံတြင္ အနည္းဆံုးေဒသ ၁၀ ခု၌ Sputnik-Vကာကြယ္ေဆး၏ အဆင့္ ၂ ၊ ၃ စမ္းသပ္မႈမ်ားကိုလူေပါင္း ၁၅၀၀ ခန္႔တြင္ စမ္းသပ္သြားမည္ ျဖစ္သည္။

Sputnik-V ကာကြယ္ေဆးသည္ COVID-19 ကူးစက္မႈကိုကာကြယ္ရာတြင္ ၉၂ ရာခိုင္ႏႈန္းထိေရာက္မႈရွိေၾကာင္းရုရွားအာဏာပိုင္ တို႔ကထုတ္ျပန္ခဲ့ျပီးေနာက္ ရက္အနည္းငယ္အၾကာတြင္ အိႏိၵယတြင္ စမ္းသပ္ရန္ စီစဥ္လာျခင္း ျဖစ္သည္။

ရုရွားတိုက္ရိုက္ရင္းႏွီးျမွဳပ္ႏွံမႈ ရန္ပံုေငြအဖြဲ႔ (RDIF) မွ ေျပာေရးဆိုခြင့္ရပုဂၢိဳလ္ကေျပာသည္မွာယခုရလဒ္အေျဖမွာလူေပါင္း ၁၆၀၀၀ ခန္႔ကိုစမ္းသပ္ထားမႈမ်ားအားတြက္ခ်က္မႈမွ ရရွိလာျခင္းျဖစ္ေၾကာင္းေျပာသည္။

အဆိုပါ ေျပာေရးဆိုခြင့္ရပုဂၢိဳလ္ကဆက္လက္ေျပာၾကားသည္မွာ Sputnik V ကာကြယ္ေဆးသည္ ၂ မ်ဳိးလာေၾကာင္း၊ ပထမတစ္မ်ဳိးမွာအရည္ျဖစ္ျပီးအႏုတ္ ၁၈ ဒီဂရီဆဲစီးယပ္စ္ အပူခ်ိန္တြင္ ထားရွိရမည္ဟုဆိုသည္။

ဒုတိယတစ္မ်ဳိးမွာေအးခဲထားသည့္ ေဆးျဖစ္ျပီး ၂ မွ ၈ ဒီဂရီဆဲစီးယပ္စ္ အပူခ်ိန္ၾကားထားရွိႏိုင္သည္ဟုဆိုသည္။

Johnson & Johnson ကုမၸဏီထုတ္ COVID-19 ကာကြယ္ေဆး

Johnson & Johnson မွ ထုတ္လုပ္ရန္ ၾကိဳးပမ္းေနသည့္ ကိုရိုနာဗိုင္းရပ္စ္ကာကြယ္ေဆးမွာမူအျခားေဆးမ်ားႏွင့္ ယွဥ္လွ်င္ ေနာက္က် က်န္ေနခဲ့သည္။

ျပီးခဲ့ေသာေအာက္တိုဘာလအတြင္းကာကြယ္ေဆးစမ္းသပ္မႈ ရပ္ဆိုင္းလိုက္ရျခင္းေၾကာင့္ ျဖစ္သည္။

Johnson & Johnsonသည္ အေမရိကန္အစိုးရႏွင့္ သေဘာတူညီထားခ်က္ျဖစ္ေသာ JNJ-78436735 ကာကြယ္ေဆးထုတ္လုပ္မႈကိုတိုးခ်ဲ႕ရန္အတြက္ ကန္ေဒၚလာ ၆၀၄ သန္းခန္႔ သံုးစြဲသြားမည္ ျဖစ္သည္။

အဆိုပါေငြပမာဏအျပင္ ဇီဝေဆးပညာအဆင့္ျမင့္ သုေတသနႏွင့္ ဖြံ႔ျဖိဳးေရးအာဏာပိုင္အဖြဲ႔ (Biomedical Advanced Research and Development Authority) ကလည္းယခုကာကြယ္ေဆးအဆင့္ ၃ စမ္းသပ္မႈမ်ားအတြက္ ကန္ေဒၚလာ ၄၅၄ သန္းသံုးစြဲသြားမည္ဟုဆိုသည္။

Johnson & Johnson သည္ လက္ရွိအားျဖင့္ အဆိုပါကာကြယ္ေဆးကိုအဆင့္ ၃ စမ္းသပ္မႈ ျပဳလုပ္ေနျပီးအရြယ္ေရာက္ျပီးသူ ၆၀၀၀၀ တြင္ စမ္းသပ္လ်က္ရွိသည္။

Johnson & Johnson ၏ ကာကြယ္ေဆးသည္ ျပဳျပင္မြမ္းမံထားေသာadenovirusကိုအသံုးျပဳထားျပီးေအာက္စ္ဖို႔ဒ္မွ ကာကြယ္ေဆးႏွင့္ တူညီသည္။

Johnson & Johnson က ေျပာၾကားသည္မွာပထမသုတ္ ကာကြယ္ေဆးမ်ားကိုအေစာဆံုးအေနျဖင့္ လာမည့္ ဇန္နဝါရီလခန္႔တြင္ ရရွိႏိုင္ဖြယ္ရွိေၾကာင္းေျပာၾကားထားသည္။

Pfizer ကုမၸဏီ၏ COVID-19 ကာကြယ္ေဆး

Pfizer ၏ ကာကြယ္ေဆးသည္ ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးထုတ္လုပ္မႈ ျပိဳင္ပြဲတြင္ ေရွ႕ဆံုးမွ ဦးေဆာင္ေနသည္ဟုဆိုႏိုင္သည္။

Pfizer သည္ ေနာက္ဆံုးဆင့္စမ္းသပ္မႈမ်ား၏ ပဏာမအခ်က္အလက္မ်ားကိုပထမဆံုးထုတ္ျပန္ႏိုင္သည့္ ကုမၸဏီအျဖစ္ ရပ္တည္ေနသည္။

သို႔ေသာ္ ပါဝင္စမ္းသပ္ခံသူမ်ားတြင္ ဖ်ားနာျခင္း၊ ၾကြက္သားနာက်င္ျခင္းႏွင့္ ေခါင္းကိုက္ျခင္းတို႔ ခံစားၾကရသည္ဟုဆိုသည္။

ပါဝင္စမ္းသပ္ခံသည့္ အမ်ဳိးသမီးတစ္ဦးကေျပာရာတြင္ ပထမတစ္ၾကိမ္ ကာကြယ္ေဆးထိုးခံျပီးေနာက္တြင္ ေခါင္းကိုက္ျခင္း၊ ကိုယ္လက္နာက်င္ကိုက္ခဲျခင္းႏွင့္ ဖ်ားနာျခင္းတို႔ ခံစားခဲ့ရျပီးဒုတိယတစ္ၾကိမ္ထိုးေသာအခါတြင္ကားပိုမိုျပင္းထန္စြာခံစားရေၾကာင္းေျပာၾကားသည္။

အသက္ ၄၄ ႏွစ္အရြယ္ရွိပါဝင္စမ္းသပ္ခံသူအမ်ဳိးသားတစ္ဦးကေျပာရာတြင္ ကာကြယ္ေဆးထုိးျပီးေနာက္ အျပင္းအထန္ ေခါင္းကိုက္ခဲ့ေၾကာင္း၊ သို႔ေသာ္ အဆိုပါ ေဝဒနာမွာလ်င္ျမန္စြာေပ်ာက္ကြယ္သြားသည္ကိုေတြ႔ရေၾကာင္းေျပာသည္။

သို႔ေသာ္ ေျပာရန္တစ္ခ်က္ရွိသည္မွာကာကြယ္ေဆးစမ္းသပ္မႈသည္ စမ္းသပ္မည့္ ဆရာဝန္ႏွင့္ စမ္းသပ္ခံသူတို႔ႏွစ္ဦးလံုးအားအသိေပးမထားသည့္ စမ္းသပ္ခ်က္ျဖစ္သည္။

ကာကြယ္ေဆးစမ္းသပ္မႈတြင္ ကာကြယ္ေဆးအျပင္ ကာကြယ္ေဆးမဟုတ္ဘဲမည့္သည့္အာနိသင္မွ် မရွိသည့္ေဆး (Placebo) မ်ားကိုေရာေႏွာစမ္းသပ္ျခင္းျဖစ္ျပီးမည္သူ႔ကိုကာကြယ္ေဆးအစစ္ေပးျပီးမည္သူ႔အား placebo ေဆးေပးသည္ကိုဆရာဝန္ႏွင့္ စမ္းသပ္ခံသူ ၂ ဦးလံုးမသိၾကေခ်။

Pfizerသည္ ဒီဇင္ဘာလအတြင္းအေရးေပၚအေျခအေနအသံုးျပဳခြင့္အတြက္ အေမရိကန္အာဏာပိုင္တို႔ကအတည္ျပဳေပးမည္ဟုေမွ်ာ္လင့္ထားသည္။

အေရးေပၚအေျခအေနသံုးခြင့္ရပါကအသက္ ၁၆ ႏွစ္မွ ၈၅ ႏွစ္ၾကားရွိသူမ်ားအတြက္ ကာကြယ္ေဆးသံုးစြဲခြင့္ ရရွိမည္ျဖစ္သည္။

အေရးေပၚအေျခအေနသံုးစြဲခြင့္ (EUA) ေလွ်ာက္ထားရန္အတြက္ ကာကြယ္ေဆးစမ္းသပ္ရာတြင္ ပါဝင္ခဲ့ေသာလူေပါင္း ၄၄၀၀၀ နီးပါးမွ ထက္ဝက္ခန္႔၏ ၂ လတာေဘးကင္းမႈအခ်က္အလက္မ်ားတင္ျပရမည္ျဖစ္ျပီး Pfizer က ယခုလကုန္ပိုင္းတြင္ တင္ျပသြားမည္ဟုေမွ်ာ္လင့္ရသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: HERE IS A STATUS CHECK OF THE CORONAVIRUS VACCINE FRONTRUNNERS: (inventiva)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service