ချီလီနိုင်ငံမှ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထုတ်လုပ်နိုင်မည့် သစ်ပင်များ

ချီလီနိုင်ငံမှ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထုတ်လုပ်နိုင်မည့် သစ်ပင်များ - Property News in Myanmar from iMyanmarHouse.com
5 Oct 2020 12:52 pm တွင် တင်ခဲ့သည်
1051 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

Covid-19 ကာကွယ်ဆေးထုတ်လုပ်နိုင်ရန် ကမ္ဘာတစ်ဝန်း အပူတပြင်းကြိုးပမ်းနေကြသူများတွင် ချီလီနိုင်ငံမှ ဇီဝနည်းပညာ ကုမ္ပဏီ ဖြစ်သော Desert King လည်း ပါဝင်သည်။

အဆိုပါ ကုမ္ပဏီသည် ချီလီရှိ အင်ဒီးစ်တောင်တန်းကြီးပေါ်တွင်သာ ပေါက်ရောက်သည့် ကီလာဂျား (quillaja) ဟူသည့် အပင်၏ အခေါက်နှင့် ပင်စည်တို့မှ အရေးပါသည့် ဒြပ်ပေါင်းများကို ထုတ်ယူသည့်နည်းလမ်းတစ်ခု ဖော်ထုတ်ခဲ့သည်။

Desert King က ရရှိလာသော အမှုန့်များကို အမေရိကန် ကာကွယ်ဆေး ထုတ်လုပ်သည့် ကုမ္ပဏီ Novovax ထံ ရောင်းချ၏။

Novovax က ပြီးခဲ့သော စက်တင်ဘာလအတွင်း ၎င်း၏ Covid-19 ကာကွယ်ဆေး၏ ဘေးကင်းမှုနှင့် ထိရောက်မှုကို တွက်ချက်နိုင်ရန် ဗြိတိန်တွင် အဆင့် ၃ စမ်းသပ်မှု (Phase 3 clinical trial) စတင်ပြုလုပ်ကြောင်း ကြေညာခဲ့သည်။ အသက် ၁၈ နှစ်မှ ၆၄ နှစ်ကြား အရွယ်ရှိသူပေါင်း ၁၀၀၀၀ ခန့်တွင် စမ်းသပ်သွားရန် ရည်မှန်းထားကြောင်းလည်း ကြေညာခဲ့သည်။

လက်ရှိအားဖြင့် အဆင့် ၃ စမ်းသပ်နေသည့် COVID-19 ကာကွယ်ဆေး ၁၁ ခု ရှိနေသည်။

Desert King ၏ အထွေထွေမန်နေဂျာ အန်းဒရက်စ် ဂွန်ဇာလက်စ် (Andres Gonzales) က ပြောကြားရာတွင် စမ်းသပ်မှုများတွင် ရလဒ်ကောင်းများရှိပါက ကာကွယ်ဆေး ထုတ်လုပ်မှုကို လာမည့်နှစ်ဆန်းပိုင်းတွင် ပြုလုပ်သွားနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

“ကာကွယ်ဆေးတစ်ခုမှာ ပါဝင်ပစ္စည်း ၂ မျိုးနဲ့ ဖွဲ့စည်းထားပါတယ်။ antigen နဲ့ adjuvant တို့ ဖြစ်ပါတယ်” ဟု ဂွန်ဇာလက်စ်က ရှင်းပြသည်။ (antigen =ပဋိပစ္စည်းဖြစ်လာစေရန် လှုံ့ဆော်ပေးသောပစ္စည်း။ adjuvant = အခြားတစ်မျိုးကို ပိုမိုအစွမ်းထက်စေသည့် အကူဆေး)

“antigen က ကိုယ်ပိုင်ကာကွယ်ရေးစနစ်ကို အသက်ဝင်အောင် နှိုးဆွပေးပြီး adjuvant ကတော့ antigen တွေ ဆဲလ်ထဲဝင်ဖို့ ကူညီပေးတဲ့အပြင် ကိုယ်ခံအားစနစ် တုံ့ပြန်မှုကိုလည်း လှုံ့ဆော်ပေးပါတယ်။”

ကီလာဂျားပင်ကို ဆပ်ပြာခေါက်ပင်ဟုလည်း လူသိများပြီး ဆပ်ပြာတွင် တွေ့ရသည့်ဓာတ်ပေါင်းတစ်မျိုးဖြစ်သော ဆာပိုနင်ဓာတ် ပေါကြွယ်ဝစွာ တွေ့ရသည်။ ဆာပိုနင်သည် သဘာဝ ရေဆေးများဖြစ်ကြပြီး ဘက်စုံသုံးနိုင်သည့် အမြှုပ်ထပစ္စည်းများလည်း ဖြစ်ကြသည်။

ပုံမှန်အားဖြင့် ရောစပ်လေ့မရှိသော ရေနှင့် ဆီကဲ့သို့ အရာများကို ပေါင်းစည်းသွားစေရန် ပြုလုပ်ပေးနိုင်ရုံသာမက adjuvant အဖြစ်လည်း အသုံးပြုနိုင်သည်။

ကီလာဂျားပင်တွင် တွေ့ရသော ဆာပိုနင်ဓာတ် ၅၀ ခန့်ကို လေ့လာမှုများ ပြုလုပ်ပြီးနောက် Desert King က QS 7 နှင့် QS 21 အမျိုးအစား ဆာပိုနင်တို့သည် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွင် adjuvant အဖြစ် အသုံးပြုနိုင်ကြောင်း ဖော်ထုတ်ခဲ့သည်။

မိမိတို့အနေဖြင့် Novavax အတွက် ကီလာဂျားမှ ထုတ်ကုန်ပမာဏ အများအပြား ထုတ်လုပ်ပေးနေခဲ့ပြီးဖြစ်ကြောင်း ဂွန်ဇာလက်စ်က ပြောကြားသည်။

ကီလာဂျားအပင်သည် အမြင့် ၂၀ မီတာ (၆၅ ပေ) အထိ ရောက်ရှိနိုင်ပြီး ပင်စည်မှာ အချင်း ၁ ဒသမ ၅ မီတာခန့်အထိ ရှိနိုင်သည်။

အောက်တိုဘာလမှ ဇန်နဝါရီလအထိ ပန်းပွင့်လေ့ရှိပြီး အမြဲစိမ်းလန်းနေကာ ချောမွတ်နူးညံ့သည့် အရွက်များရှိသည်။

သေးငယ်သော ဝါဖြူကြား ကြယ်ပုံသဏ္ဍာန် ပန်းကလေးများ ပွင့်လေ့ရှိသည်။

ယနေ့ကာလတွင် ချီလီရှိ အကြီးမားဆုံးမျိုးနွှယ်စု အုပ်စုဖြစ်သော မာပူချီလူမျိုးတို့က ကီလာဂျားပင်၏ ဆေးဘက်ဝင်ပုံများကို ရှေးယခင်ကတည်းကပင် သိနှင့်ခဲ့ကြပြီး ဖြစ်သည်။

၎င်းတို့၏ တိုင်းရင်းဆေးသုံးစွဲပုံအရ အခေါက်ကို နှာခေါင်းပိတ်ပျောက်ဆေးအဖြစ် အသုံးပြုသကဲ့သို့ အစာမကြေရောဂါများအတွက်လည်း အသုံးပြုကြသည်။

ပန်းများကို အဆီထုတ်၍လည်း ဒူလာရောဂါများအတွက် အသုံးပြုကြ၏။

ကီလာဂျားကို သဘာဝခေါင်းလျှော်ရည်အဖြစ် အသုံးပြုနိုင်သည့်နည်းတူ ဘီယာထုတ်လုပ်ရေးတွင်လည်း အသုံးပြုကြသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref:  Is Chilean tree bark a key ingredient? (dw.com)

 

[Zawgyi]

ခ်ီလီႏိုင္ငံမွ ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးထုတ္လုပ္ႏိုင္မည့္ သစ္ပင္မ်ား

Covid-19 ကာကြယ္ေဆးထုတ္လုပ္ႏိုင္ရန္ ကမၻာတစ္ဝန္း အပူတျပင္းၾကိဳးပမ္းေနၾကသူမ်ားတြင္ ခ်ီလီႏိုင္ငံမွ ဇီဝနည္းပညာ ကုမၸဏီ ျဖစ္ေသာ Desert King လည္း ပါဝင္သည္။

အဆိုပါ ကုမၸဏီသည္ ခ်ီလီရွိ အင္ဒီးစ္ေတာင္တန္းၾကီးေပၚတြင္သာ ေပါက္ေရာက္သည့္ ကီလာဂ်ား (quillaja) ဟူသည့္ အပင္၏ အေခါက္ႏွင့္ ပင္စည္တို႔မွ အေရးပါသည့္ ျဒပ္ေပါင္းမ်ားကို ထုတ္ယူသည့္နည္းလမ္းတစ္ခု ေဖာ္ထုတ္ခဲ့သည္။

Desert King က ရရွိလာေသာ အမႈန္႔မ်ားကို အေမရိကန္ ကာကြယ္ေဆး ထုတ္လုပ္သည့္ ကုမၸဏီ Novovax ထံ ေရာင္းခ်၏။

Novovax က ျပီးခဲ့ေသာ စက္တင္ဘာလအတြင္း ၎၏ Covid-19 ကာကြယ္ေဆး၏ ေဘးကင္းမႈႏွင့္ ထိေရာက္မႈကို တြက္ခ်က္ႏိုင္ရန္ ျဗိတိန္တြင္ အဆင့္ ၃ စမ္းသပ္မႈ (Phase 3 clinical trial) စတင္ျပဳလုပ္ေၾကာင္း ေၾကညာခဲ့သည္။ အသက္ ၁၈ ႏွစ္မွ ၆၄ ႏွစ္ၾကား အရြယ္ရွိသူေပါင္း ၁၀၀၀၀ ခန္႔တြင္ စမ္းသပ္သြားရန္ ရည္မွန္းထားေၾကာင္းလည္း ေၾကညာခဲ့သည္။

လက္ရွိအားျဖင့္ အဆင့္ ၃ စမ္းသပ္ေနသည့္ COVID-19 ကာကြယ္ေဆး ၁၁ ခု ရွိေနသည္။

Desert King ၏ အေထြေထြမန္ေနဂ်ာ အန္းဒရက္စ္ ဂြန္ဇာလက္စ္ (Andres Gonzales) က ေျပာၾကားရာတြင္ စမ္းသပ္မႈမ်ားတြင္ ရလဒ္ေကာင္းမ်ားရွိပါက ကာကြယ္ေဆး ထုတ္လုပ္မႈကို လာမည့္ႏွစ္ဆန္းပိုင္းတြင္ ျပဳလုပ္သြားႏိုင္မည္ျဖစ္ေၾကာင္း ေျပာၾကားသည္။

“ကာကြယ္ေဆးတစ္ခုမွာ ပါဝင္ပစၥည္း ၂ မ်ဳိးနဲ႔ ဖြဲ႔စည္းထားပါတယ္။ antigen နဲ႔ adjuvant တို႔ ျဖစ္ပါတယ္” ဟု ဂြန္ဇာလက္စ္က ရွင္းျပသည္။ (antigen =ပဋိပစၥည္းျဖစ္လာေစရန္ လံႈ႔ေဆာ္ေပးေသာပစၥည္း။ adjuvant = အျခားတစ္မ်ဳိးကို ပိုမိုအစြမ္းထက္ေစသည့္ အကူေဆး)

“antigen က ကိုယ္ပိုင္ကာကြယ္ေရးစနစ္ကို အသက္ဝင္ေအာင္ ႏႈိးဆြေပးျပီး adjuvant ကေတာ့ antigen ေတြ ဆဲလ္ထဲဝင္ဖို႔ ကူညီေပးတဲ့အျပင္ ကိုယ္ခံအားစနစ္ တံု႔ျပန္မႈကိုလည္း လံႈ႔ေဆာ္ေပးပါတယ္။”

ကီလာဂ်ားပင္ကို ဆပ္ျပာေခါက္ပင္ဟုလည္း လူသိမ်ားျပီး ဆပ္ျပာတြင္ ေတြ႔ရသည့္ဓာတ္ေပါင္းတစ္မ်ဳိးျဖစ္ေသာ ဆာပိုနင္ဓာတ္ ေပါၾကြယ္ဝစြာ ေတြ႔ရသည္။ ဆာပိုနင္သည္ သဘာဝ ေရေဆးမ်ားျဖစ္ၾကျပီး ဘက္စံုသံုးႏိုင္သည့္ အျမွဳပ္ထပစၥည္းမ်ားလည္း ျဖစ္ၾကသည္။

ပံုမွန္အားျဖင့္ ေရာစပ္ေလ့မရွိေသာ ေရႏွင့္ ဆီကဲ့သို႔ အရာမ်ားကို ေပါင္းစည္းသြားေစရန္ ျပဳလုပ္ေပးႏိုင္ရံုသာမက adjuvant အျဖစ္လည္း အသံုးျပဳႏိုင္သည္။

ကီလာဂ်ားပင္တြင္ ေတြ႔ရေသာ ဆာပိုနင္ဓာတ္ ၅၀ ခန္႔ကို ေလ့လာမႈမ်ား ျပဳလုပ္ျပီးေနာက္ Desert King က QS 7 ႏွင့္ QS 21 အမ်ဳိးအစား ဆာပိုနင္တို႔သည္ ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးတြင္ adjuvant အျဖစ္ အသံုးျပဳႏိုင္ေၾကာင္း ေဖာ္ထုတ္ခဲ့သည္။

မိမိတို႔အေနျဖင့္ Novavax အတြက္ ကီလာဂ်ားမွ ထုတ္ကုန္ပမာဏ အမ်ားအျပား ထုတ္လုပ္ေပးေနခဲ့ျပီးျဖစ္ေၾကာင္း ဂြန္ဇာလက္စ္က ေျပာၾကားသည္။

ကီလာဂ်ားအပင္သည္ အျမင့္ ၂၀ မီတာ (၆၅ ေပ) အထိ ေရာက္ရွိႏိုင္ျပီး ပင္စည္မွာ အခ်င္း ၁ ဒသမ ၅ မီတာခန္႔အထိ ရွိႏိုင္သည္။

ေအာက္တိုဘာလမွ ဇန္နဝါရီလအထိ ပန္းပြင့္ေလ့ရွိျပီး အျမဲစိမ္းလန္းေနကာ ေခ်ာမြတ္ႏူးညံ့သည့္ အရြက္မ်ားရွိသည္။

ေသးငယ္ေသာ ဝါျဖဴၾကား ၾကယ္ပံုသ႑ာန္ ပန္းကေလးမ်ား ပြင့္ေလ့ရွိသည္။

ယေန႔ကာလတြင္ ခ်ီလီရွိ အၾကီးမားဆံုးမ်ဳိးႏႊယ္စု အုပ္စုျဖစ္ေသာ မာပူခ်ီလူမ်ဳိးတို႔က ကီလာဂ်ားပင္၏ ေဆးဘက္ဝင္ပံုမ်ားကို ေရွးယခင္ကတည္းကပင္ သိႏွင့္ခဲ့ၾကျပီး ျဖစ္သည္။

၎တို႔၏ တိုင္းရင္းေဆးသံုးစြဲပံုအရ အေခါက္ကို ႏွာေခါင္းပိတ္ေပ်ာက္ေဆးအျဖစ္ အသံုးျပဳသကဲ့သို႔ အစာမေၾကေရာဂါမ်ားအတြက္လည္း အသံုးျပဳၾကသည္။

ပန္းမ်ားကို အဆီထုတ္၍လည္း ဒူလာေရာဂါမ်ားအတြက္ အသံုးျပဳၾက၏။

ကီလာဂ်ားကို သဘာဝေခါင္းေလွ်ာ္ရည္အျဖစ္ အသံုးျပဳႏိုင္သည့္နည္းတူ ဘီယာထုတ္လုပ္ေရးတြင္လည္း အသံုးျပဳၾကသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref:  Is Chilean tree bark a key ingredient? (dw.com)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
Magical World
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service