ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်နှင့် တွေ့ဆုံမေးမြန်းခြင်း

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်နှင့် တွေ့ဆုံမေးမြန်းခြင်း - Property News in Myanmar from iMyanmarHouse.com
29 Sep 2020 12:04 pm တွင် တင်ခဲ့သည်
777 ကြိမ် ကြည့်ရှု့ပြီး

“လူတိုင်းဝယ်နိုင်မယ့်ကာကွယ်ဆေးရဖို့လိုပါတယ်”

(ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်နှင့် တွေ့ဆုံမေးမြန်းခြင်း)

ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေမှုကြောင့် ကုလသမဂ္ဂ (United Nations) ၏ ၇၅ ကြိမ်မြောက် အထွေထွေညီလာခံကို ဗွီဒီယိုဖြင့်သာ ဆွေးနွေးပြောကြားသည့်နည်းလမ်းဖြင့် ကျင်းပခဲ့သည်။ ထိုသို့ကျင်းပရမှုမှာ ယခင်က မဖြစ်ပေါ်ခဲ့ဖူးချေ။

လူသားတို့ကို ဒူးထောက်စေခဲ့သည့် COVID-19 သည် ကမ္ဘာ့ခေါင်းဆောင်များအတွက် သင်ခန်းစာတစ်ခုဖြစ်ကြောင်း၊ ချမ်းသာသည့် နိုင်ငံအချို့သည် ဖွံ့ဖြိုးဆဲနိုင်ငံများအပေါ် စည်းလုံးမှုကင်းမဲ့ခြင်းမှာ ကျွန်ုပ်တို့အားလုံး ကြီးမားစွာပေးဆပ်ရတော့မည်ကို ပြသနေခြင်း ဖြစ်ကြောင်း ကုလအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (Antonio Guterres) က ကုလသမဂ္ဂ သတင်းဌာနသို့ ပြောကြားသည်။

လက်ရှိပျံ့နှံ့နေဆဲဖြစ်သော ကိုရိုနာဗိုင်းရပ်စ်၏ မခန့်မှန်းနိုင်ဖွယ် ခြိမ်းခြောက်မှုနှင့်အတူ လာမည့်ကာလများအတွက် ၎င်း၏ ဦးစားပေး လုပ်ဆောင်ဖွယ်ရာတို့ကို Guterres က ထုတ်နှုတ်ပြောကြားခဲ့သည်။

အောက်တွင် ကုလသမဂ္ဂသတင်းဌာနက အထွေထွေအတွင်းရေးမှူးချုပ်အား တွေ့ဆုံမေးမြန်းထားသည့်အနက်မှ အချို့ကို ထုတ်နှုတ်ကာ မြန်မာပြန်ဆိုဖော်ပြအပ်ပါသည်။

(UN သတင်းဌာန)- အစိုးရအဖွဲ့တွေနဲ့ နိုင်ငံတကာအသိုင်းအဝန်းက ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကို ကျော်လွှားနိုင်ဖို့အတွက် ဘာတွေလုပ် ကြမယ်လို့ လူကြီးမင်း မျှော်လင့်ထားပါသလဲခင်ဗျာ။

(ဂူတာရက်စ်)- လူတိုင်း အတူတူ ပူးပေါင်းအလုပ်လုပ်ဖို့ လိုအပ်ပါတယ်။

ကာကွယ်ဆေးဟာ ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကောင်းကျိုး အတွက် လုံးဝ မရှိမဖြစ် အရေးပါတဲ့ကိစ္စ ဖြစ်ပါတယ်။ လူတိုင်း၊ နေရာတိုင်းအတွက် တတ်နိုင်မယ့် ကာကွယ်ဆေးမျိုးကို ကျွန်တော်တို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတိုင်း ဘေးကင်းမှ ကျွန်တော်တို့ဘေးကင်းမှာပါ။ ချမ်းသာတဲ့သူကိုတော့ အကာအကွယ်ပေးပြီး ဆင်းရဲတဲ့သူတွေ ခံပါစေဆိုတဲ့အတွေးမျိုးက ရူးမိုက်တဲ့ အမှားတစ်ရပ်ပါ။

(UN သတင်းဌာန)- ရာသီဥတုဆိုင်ရာအရေးတွေမှာ အဆောတလျင်ကိုင်တွယ်ဖို့ လိုအပ်နေချိန်မျိုးမှာ Covid-19 က အာရုံစိုက်မှုနဲ့ အရင်းအမြစ်တွေကို လမ်းလွှဲပေးလိုက်တာဖြစ်နိုင်ပါတယ်။ ကမ္ဘာကြီးအနေနဲ့ ဒီအကြောင်းရပ်အပေါ်မှာ ချက်ချင်း လုပ်ဆောင်ရမယ့် အဓိကအချက် ၃ ခုက ဘယ်လိုအရာတွေဖြစ်ပါသလဲခင်ဗျာ

(ဂူတာရက်စ်)- ကျွန်တော်တို့ဟာ အခုရာစုနှစ်အကုန်မှာ ကမ္ဘာ့အပူချိန် မြင့်တက်မှု ၁ ဒသမ ၅ ဒီဂရီမှာပဲရှိအောင် ထိန်းထားရပါမယ်။ဒီလိုလုပ်ဖို့အတွက်က ၂၀၅၀ ပြည့်နှစ်ရောက်ရင် ကာဘွန်ုထုတ်လွှတ်မှုကို သုညအဆင့်ရောက်ဖို့ လိုပါတယ်။ ဒီအတွက် လာမယ့် ဆယ်စုနှစ်ထဲမှာ ကာဗွန်ထုတ်လွှတ်မှု ၄၅ ရာခိုင်နှုန်းလောက် လျှော့ချနိုင်ဖို့ လိုပါတယ်။ ဒီတော့ ရည်မှန်းချက်တွေကတော့ ရှင်းပြီ။ ရည်မှန်းချက်ရောက်အောင် ဘယ်လိုလုပ်ကြမလဲ။ ကျွန်တော်တို့မှာ စုပေါင်းကတိကဝတ် လိုပါတယ်။ အထူးသဖြင့် ကာဗွန်ထုတ်လွှတ်မှုများတဲ့နိုင်ငံတွေကစပြီး စွမ်းအင်နဲ့ ပတ်သက်တဲ့ကဏ္ဍတွေ ၊ စိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ ကဏ္ဍတွေ၊ သယ်ယူပို့ဆောင်ရေး၊ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝ အခန်းကဏ္ဍအားလုံး …အစရှိတဲ့နယ်ပယ်တွေမှာ ရည်မှန်းချက်ကို ရောက်ဖို့အတွက် ပြောင်းလဲတဲ့ လုပ်ဆောင်မှုတွေ လုပ်ဖို့ လိုပါတယ်။

(UN သတင်းဌာန)- မစ္စတာ ဂူတာရက်စ်ခင်ဗျာ၊ လူကြီးမင်းဟာ ယနေ့ကာလ ကမ္ဘာ့ပြဿနာအများစု ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းဖြစ်တဲ့ မညီမျှမှုနဲ့ တရားမျှတမှု မရှိတာတွေအပေါ် ဖိဖိစီးစီးပြောခဲ့ပါတယ်။ ဒါတွေကြောင့် ထိခိုက်မှုအဖြစ်ရဆုံး သာဓကအချို့က ဘယ်အရာတွေပါလဲခင်ဗျာ။ နိုင်ငံစုံဝါဒဟာ လူသားအားလုံး အကျိုးဖြစ်ထွန်းရေး အတွက် အဖြေတစ်ရပ် ဘယ်လိုများဖြစ်နိုင်ပါသလဲ ခင်ဗျာ။

(ဂူတာရက်စ်)- ဒါက ဓနဥစ္စာနဲ့ ဝင်ငွေရှုထောင့်က ကြည့်မယ်ဆိုရင်တော့ သိပ်တုန်လှုပ်ဖွယ်ရာပါပဲ။ ကမ္ဘာ့လူဦးရေရဲ့ ၁ ရာခိုင်နှုန်းသာ ရှိသူတွေရဲ့ ပိုင်ဆိုင်မှုဟာ ကမ္ဘာ့လူဦးရေထက်ဝက် စုစုပေါင်းပိုင်ဆိုင်မှုထက် များပါတယ်။ ဒါပေမယ့် ကျွန်တော်ပြောချင်တာက မညီမျှမှုရဲ့ တုန်လှုပ်ဖွယ်ရာ အကောင်းဆုံးရှုထောင့်က ငွေကြေးနဲ့ မဆက်နွှယ်ပါဘူး။ လိင်နဲ့ ဆက်နွှယ်ပြီးသော်လည်းကောင်း၊ လူမျိုးနဲ့ ပတ်သက်ပြီးသော်လည်းကောင်း၊ ဘာသာရေးအပေါ် အခြေခံပြီးသော်လည်းကောင်း၊ မသန်စွမ်းမှုနဲ့ ပတ်သက်ပြီးသော်လည်းကောင်း၊ LGBTQI အသိုက်အဝန်းနဲ့ ဆက်နွှယ်ပြီးသော်လည်းကောင်း ခွဲခြားဆက်ဆံမှုတွေဟာ မညီမျှမှုပဲ ဖြစ်ပါတယ်။ ဆိုလိုတာက ညီညီညွှတ်ညွှတ် ပေါင်းစည်းနေထိုင်ရေးကိုသာ ရည်မှန်းချက်ထားတဲ့ လူ့အသိုက်အဝန်းတစ်ခုရှိဖို့ ကျွန်တော်တို့ လိုအပ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ လူ့အသိုက်အဝန်းတိုင်းမှာ မိမိတို့ရဲ့ ဖြစ်တည်မှုကို လေးစားခံရတယ်လို့ ခံစားကြရစေအောင် လုပ်ဆောင်နိုင်ဖို့ အတွက် ညီညီညွှတ်ညွှတ် ပေါင်းစည်းနေထိုင်ရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံကြဖို့ လိုအပ်ပါတယ်။

(UN သတင်းဌာန)- မစ္စတာ ဂူတာရက်စ်ခင်ဗျာ။ နောက်ဆုံး မေးခွန်းတစ်ခု မေးလိုပါတယ်။ ဒီနှစ်အထွေထွေညီလာခံဟာ သမားရိုးကျအတိုင်းမဟုတ်တဲ့ ဗွီဒီယိုညီလာခံဖြစ်ပါတယ်။ ဒါပေမယ့်လည်း အလျင်လိုမှုတွေ၊ စိုးရိမ်ရမှုတွေနဲ့ မျှော်လင့်ချက်တွေ ပြည့်နှက်နေခဲ့ပါတယ်။ လူကြီးမင်းအနေနဲ့ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ ကမ္ဘာ့ပြည်သူတွေကို ဒီ ၇၅ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံကနေ ဘာတွေရသွားစေလိုပါသလဲခင်ဗျာ။

(ဂူတာရက်စ်)- တကယ်တော့ အများကြီးရှိပါတယ်။ ဒါပေမယ့် ဦးစားပေးအနေနဲ့ ရွေးချယ်ပြောရမယ်ဆိုရင် ကမ္ဘာလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးရလာဖို့ သေချာအောင် လုပ်ဆောင်ကြပါစို့၊ ကမ္ဘာ့ပြည်သူကောင်းကျိုးအတွက် ကာကွယ်ဆေးတစ်မျိုးရလာဖို့ သေချာအောင် လုပ်ဆောင်ကြပါစို့။ ကျွန်တော်တို့ရဲ့ စီးပွားရေးတွေ ပြန်လည်ထူထောင်တဲ့အခါ ၂၀၅၀ ပြည့်နှစ်မှာ ကာဗွန်ထုတ်လွှတ်မှု မရှိတော့တဲ့ အခြေအနေ အသေအချာရောက်အောင် လုပ်ဆောင်ကြပါစို့။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: EXCLUSIVE INTERVIEW: Shortsighted and 'stupid mistake' not to support affordable COVID vaccine for all, says Guterres (United Nations)

 

[Zawgyi]

 ကုလသမဂၢ အေထြေထြအတြင္းေရးမွဴးခ်ဳပ္ႏွင့္ ေတြ႔ဆံုေမးျမန္းျခင္း

 

“လူတိုင္းဝယ္ႏိုင္မယ့္ကာကြယ္ေဆးရဖို႔လိုပါတယ္”

(ကုလသမဂၢ အေထြေထြအတြင္းေရးမွဴးခ်ဳပ္ႏွင့္ ေတြ႔ဆံုေမးျမန္းျခင္း)

ကမၻာတစ္ဝန္း ကိုရိုနာဗုိင္းရပ္စ္ ကူးစက္ပ်ံ ႔ႏွံ႔ေနမႈေၾကာင့္ ကုလသမဂၢ (United Nations) ၏ ၇၅ ၾကိမ္ေျမာက္ အေထြေထြညီလာခံကို ဗြီဒီယိုျဖင့္သာ ေဆြးေႏြးေျပာၾကားသည့္နည္းလမ္းျဖင့္ က်င္းပခဲ့သည္။ ထိုသို႔က်င္းပရမႈမွာ ယခင္က မျဖစ္ေပၚခဲ့ဖူးေခ်။

လူသားတို႔ကို ဒူးေထာက္ေစခဲ့သည့္ COVID-19 သည္ ကမၻာ့ေခါင္းေဆာင္မ်ားအတြက္ သင္ခန္းစာတစ္ခုျဖစ္ေၾကာင္း၊ ခ်မ္းသာသည့္ ႏိုင္ငံအခ်ဳိ ႔သည္ ဖြံ႔ျဖိဳးဆဲႏိုင္ငံမ်ားအေပၚ စည္းလံုးမႈကင္းမဲ့ျခင္းမွာ ကၽြႏု္ပ္တို႔အားလံုး ၾကီးမားစြာေပးဆပ္ရေတာ့မည္ကို ျပသေနျခင္း ျဖစ္ေၾကာင္း ကုလအေထြေထြအတြင္းေရးမွဴးခ်ဳပ္ အန္တိုနီယို ဂူတာရက္စ္ (Antonio Guterres) က ကုလသမဂၢ သတင္းဌာနသို႔ ေျပာၾကားသည္။

လက္ရွိပ်ံ ႔ႏွံ႔ေနဆဲျဖစ္ေသာ ကိုရိုနာဗိုင္းရပ္စ္၏ မခန္႔မွန္းႏိုင္ဖြယ္ ျခိမ္းေျခာက္မႈႏွင့္အတူ လာမည့္ကာလမ်ားအတြက္ ၎၏ ဦးစားေပး လုပ္ေဆာင္ဖြယ္ရာတို႔ကို Guterres က ထုတ္ႏႈတ္ေျပာၾကားခဲ့သည္။

ေအာက္တြင္ ကုလသမဂၢသတင္းဌာနက အေထြေထြအတြင္းေရးမွဴးခ်ဳပ္အား ေတြ႔ဆံုေမးျမန္းထားသည့္အနက္မွ အခ်ဳိ ႔ကို ထုတ္ႏႈတ္ကာ ျမန္မာျပန္္ဆိုေဖာ္ျပအပ္ပါသည္။

(UN သတင္းဌာန)- အစိုးရအဖြဲ႔ေတြနဲ႔ ႏိုင္ငံတကာအသိုင္းအဝန္းက ကိုရိုနာဗိုင္းရပ္စ္ ကပ္ေဘးကို ေက်ာ္လႊားႏိုင္ဖုိ႔အတြက္ ဘာေတြလုပ္ ၾကမယ္လို႔ လူၾကီးမင္း ေမွ်ာ္လင့္ထားပါသလဲခင္ဗ်ာ။

(ဂူတာရက္စ္)- လူတိုင္း အတူတူ ပူးေပါင္းအလုပ္လုပ္ဖို႔ လိုအပ္ပါတယ္။

ကာကြယ္ေဆးဟာ ကမၻာလံုးဆိုင္ရာ ျပည္သူ႔ေကာင္းက်ဳိး အတြက္ လံုးဝ မရွိမျဖစ္ အေရးပါတဲ့ကိစၥ ျဖစ္ပါတယ္။ လူတိုင္း၊ ေနရာတိုင္းအတြက္ တတ္ႏိုင္မယ့္ ကာကြယ္ေဆးမ်ဳိးကို ကၽြန္ေတာ္တို႔ လိုအပ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ လူတိုင္း ေဘးကင္းမွ ကၽြန္ေတာ္တို႔ေဘးကင္းမွာပါ။ ခ်မ္းသာတဲ့သူကိုေတာ့ အကာအကြယ္ေပးျပီး ဆင္းရဲတဲ့သူေတြ ခံပါေစဆိုတဲ့အေတြးမ်ဳိးက ရူးမိုက္တဲ့ အမွားတစ္ရပ္ပါ။

(UN သတင္းဌာန)- ရာသီဥတုဆိုင္ရာအေရးေတြမွာ အေဆာတလ်င္ကိုင္တြယ္ဖုိ႔ လိုအပ္ေနခ်ိန္မ်ဳိးမွာ Covid-19 က အာရံုစိုက္မႈနဲ႔ အရင္းအျမစ္ေတြကို လမ္းလႊဲေပးလိုက္တာျဖစ္ႏိုင္ပါတယ္။ ကမၻာၾကီးအေနနဲ႔ ဒီအေၾကာင္းရပ္အေပၚမွာ ခ်က္ခ်င္း လုပ္ေဆာင္ရမယ့္ အဓိကအခ်က္ ၃ ခုက ဘယ္လိုအရာေတြျဖစ္ပါသလဲခင္ဗ်ာ

(ဂူတာရက္စ္)- ကၽြန္ေတာ္တို႔ဟာ အခုရာစုႏွစ္အကုန္မွာ ကမၻာ့အပူခ်ိန္ ျမင့္တက္မႈ ၁ ဒသမ ၅ ဒီဂရီမွာပဲရိွေအာင္ ထိန္းထားရပါမယ္။ဒီလိုလုပ္ဖို႔အတြက္က ၂၀၅၀ ျပည့္ႏွစ္ေရာက္ရင္ ကာဘြန္ုထုတ္လႊတ္မႈကို သုညအဆင့္ေရာက္ဖို႔ လိုပါတယ္။ ဒီအတြက္ လာမယ့္ ဆယ္စုႏွစ္ထဲမွာ ကာဗြန္ထုတ္လႊတ္မႈ ၄၅ ရာခိုင္ႏႈန္းေလာက္ ေလွ်ာ့ခ်ႏိုင္ဖို႔ လိုပါတယ္။ ဒီေတာ့ ရည္မွန္းခ်က္ေတြကေတာ့ ရွင္းျပီ။ ရည္မွန္းခ်က္ေရာက္ေအာင္ ဘယ္လိုလုပ္ၾကမလဲ။ ကၽြန္ေတာ္တို႔မွာ စုေပါင္းကတိကဝတ္ လုိပါတယ္။ အထူးသျဖင့္ ကာဗြန္ထုတ္လႊတ္မႈမ်ားတဲ့ႏိုင္ငံေတြကစျပီး စြမ္းအင္နဲ႔ ပတ္သက္တဲ့က႑ေတြ ၊ စိုက္ပ်ဳိးေရးနဲ႔ ပတ္သက္တဲ့ က႑ေတြ၊ သယ္ယူပို႔ေဆာင္ေရး၊ ကၽြန္ေတာ္တို႔ရဲ ႔ ေန႔စဥ္ဘဝ အခန္းက႑အားလံုး …အစရွိတဲ့နယ္ပယ္ေတြမွာ ရည္မွန္းခ်က္ကို ေရာက္ဖုိ႔အတြက္ ေျပာင္းလဲတဲ့ လုပ္ေဆာင္မႈေတြ လုပ္ဖုိ႔ လိုပါတယ္။

(UN သတင္းဌာန)- မစၥတာ ဂူတာရက္စ္ခင္ဗ်ာ၊ လူၾကီးမင္းဟာ ယေန႔ကာလ ကမၻာ့ျပႆနာအမ်ားစု ျဖစ္ေပၚေစတဲ့ အေၾကာင္းရင္းျဖစ္တဲ့ မညီမွ်မႈနဲ႔ တရားမွ်တမႈ မရွိတာေတြအေပၚ ဖိဖိစီးစီးေျပာခဲ့ပါတယ္။ ဒါေတြေၾကာင့္ ထိခိုက္မႈအျဖစ္ရဆံုး သာဓကအခ်ဳိ ႔က ဘယ္အရာေတြပါလဲခင္ဗ်ာ။ ႏိုင္ငံစံုဝါဒဟာ လူသားအားလံုး အက်ဳိးျဖစ္ထြန္းေရး အတြက္ အေျဖတစ္ရပ္ ဘယ္လိုမ်ားျဖစ္ႏိုင္ပါသလဲ ခင္ဗ်ာ။

(ဂူတာရက္စ္)- ဒါက ဓနဥစၥာနဲ႔ ဝင္ေငြရႈေထာင့္က ၾကည့္မယ္ဆိုရင္ေတာ့ သိပ္တုန္လႈပ္ဖြယ္ရာပါပဲ။ ကမၻာ့လူဦးေရရဲ ႔ ၁ ရာခိုင္ႏႈန္းသာ ရွိသူေတြရဲ ႔ ပိုင္ဆိုင္မႈဟာ ကမၻာ့လူဦးေရထက္ဝက္ စုစုေပါင္းပိုင္ဆိုင္မႈထက္ မ်ားပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္ေျပာခ်င္တာက မညီမွ်မႈရဲ ႔ တုန္လႈပ္ဖြယ္ရာ အေကာင္းဆံုးရႈေထာင့္က ေငြေၾကးနဲ႔ မဆက္ႏႊယ္ပါဘူး။ လိင္နဲ႔ ဆက္ႏႊယ္ျပီးေသာ္လည္းေကာင္း၊ လူမ်ဳိးနဲ႔ ပတ္သက္ျပီးေသာ္လည္းေကာင္း၊ ဘာသာေရးအေပၚ အေျခခံျပီးေသာ္လည္းေကာင္း၊ မသန္စြမ္းမႈနဲ႔ ပတ္သက္ျပီးေသာ္လည္းေကာင္း၊ LGBTQI အသိုက္အဝန္းနဲ႔ ဆက္ႏႊယ္ျပီးေသာ္လည္းေကာင္း ခြဲျခားဆက္ဆံမႈေတြဟာ မညီမွ်မႈပဲ ျဖစ္ပါတယ္။ ဆိုလိုတာက ညီညီညႊတ္ညႊတ္ ေပါင္းစည္းေနထုိင္ေရးကိုသာ ရည္မွန္းခ်က္ထားတဲ့ လူ႔အသိုက္အဝန္းတစ္ခုရွိဖုိ႔ ကၽြန္ေတာ္တို႔ လိုအပ္ပါတယ္။ ကၽြန္ေတာ္တို႔အေနနဲ႔ လူ႔အသိုက္အဝန္းတိုင္းမွာ မိမိတို႔ရဲ ႔ ျဖစ္တည္မႈကို ေလးစားခံရတယ္လို႔ ခံစားၾကရေစေအာင္ လုပ္ေဆာင္ႏိုင္ဖို႔ အတြက္ ညီညီညႊတ္ညႊတ္ ေပါင္းစည္းေနထိုင္ေရးက႑မွာ ရင္းႏွီးျမွဳပ္ႏွံၾကဖို႔ လိုအပ္ပါတယ္။

(UN သတင္းဌာန)- မစၥတာ ဂူတာရက္စ္ခင္ဗ်ာ။ ေနာက္ဆံုး ေမးခြန္းတစ္ခု ေမးလိုပါတယ္။ ဒီႏွစ္အေထြေထြညီလာခံဟာ သမားရိုးက်အတိုင္းမဟုတ္တဲ့ ဗြီဒီယိုညီလာခံျဖစ္ပါတယ္။ ဒါေပမယ့္လည္း အလ်င္လိုမႈေတြ၊ စိုးရိမ္ရမႈေတြနဲ႔ ေမွ်ာ္လင့္ခ်က္ေတြ ျပည့္ႏွက္ေနခဲ့ပါတယ္။ လူၾကီးမင္းအေနနဲ႔ ကမၻာ့ေခါင္းေဆာင္ေတြနဲ႔ ကမၻာ့ျပည္သူေတြကို ဒီ ၇၅ ၾကိမ္ေျမာက္ ကုလသမဂၢ အေထြေထြ ညီလာခံကေန ဘာေတြရသြားေစလိုပါသလဲခင္ဗ်ာ။

(ဂူတာရက္စ္)- တကယ္ေတာ့ အမ်ားၾကီးရွိပါတယ္။ ဒါေပမယ့္ ဦးစားေပးအေနနဲ႔ ေရြးခ်ယ္ေျပာရမယ္ဆိုရင္ ကမၻာလံုးဆိုင္ရာ အပစ္အခတ္ ရပ္စဲေရးရလာဖို႔ ေသခ်ာေအာင္ လုပ္ေဆာင္ၾကပါစို႔၊ ကမၻာ့ျပည္သူေကာင္းက်ဳိးအတြက္ ကာကြယ္ေဆးတစ္မ်ဳိးရလာဖို႔ ေသခ်ာေအာင္ လုပ္ေဆာင္ၾကပါစို႔။ ကၽြန္ေတာ္တို႔ရဲ ႔ စီးပြားေရးေတြ ျပန္လည္ထူေထာင္တဲ့အခါ ၂၀၅၀ ျပည့္ႏွစ္မွာ ကာဗြန္ထုတ္လႊတ္မႈ မရွိေတာ့တဲ့ အေျခအေန အေသအခ်ာေရာက္ေအာင္ လုပ္ေဆာင္ၾကပါစို႔။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: EXCLUSIVE INTERVIEW: Shortsighted and 'stupid mistake' not to support affordable COVID vaccine for all, says Guterres (United Nations)

 

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိပ်ခန်း ၃ ခန်းပါ ပေါင် ၁၂၀၀၀၀ တန် နေအိမ်ကို အခမဲ့ပေးကမ်းလှူဒါန်းသူ (သို့မဟုတ်) ပန်းခြံခုံတန်းတွင် အိပ်စက်ရသည့် အိမ်ရာမဲ့ဘဝမှ ဒေါ်လာသန်း ၄၀ ခန့် ချမ်းသာကြွယ်ဝလာသည့် အိမ်ခြံမြေလုပ်ငန်းရှင်ကြီး...
အိပ်ခန်း ၃ ခန်းပါ ပေါင် ၁၂၀၀၀၀ တန် နေအိမ်ကို အခမဲ့ပေးကမ်းလှူဒါန်းသူ (သို့မဟုတ်) ပန်းခြံခုံတန်းတွင် အိပ်စက်ရသည့် အိမ်ရာမဲ့ဘဝမှ ဒေါ်လာသန်း ၄၀ ခန့် ချမ်းသာကြွယ်ဝလာသည့် အိမ်ခြံမြေလုပ်ငန်းရှင်ကြီး...
ပြင်သစ်နိုင်ငံရှိ မြို့ငယ်တစ်ခုတွင် မြို့လယ်ရှိ ၈၂၈ စတုရန်းပေ ကျယ်ဝန်းသော နှစ်ထပ်အိမ်တစ်လုံးကို ၁ ယူရို ဖြင့် ရောင်းချပေးမည်၊ လျှောက်လွှာများ လက်ခံနေပြီး ဇွန်လ (၁၅) ရက်အထိ လျှောက်လွှာတင် ဝယ်ယူနိုင်...
ပြင်သစ်နိုင်ငံရှိ မြို့ငယ်တစ်ခုတွင် မြို့လယ်ရှိ ၈၂၈ စတုရန်းပေ ကျယ်ဝန်းသော နှစ်ထပ်အိမ်တစ်လုံးကို ၁ ယူရို ဖြင့် ရောင်းချပေးမည်၊ လျှောက်လွှာများ လက်ခံနေပြီး ဇွန်လ (၁၅) ရက်အထိ လျှောက်လွှာတင် ဝယ်ယူနိုင်...
ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ
ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ
မီးပျက်ချိန်ကြာမြင့်မှုကြောင့် နေအိမ်နှင့်တိုက်ခန်းများတွင် လေအေးပေးစက်တပ်ဆင်မှု ကျဆင်း...
မီးပျက်ချိန်ကြာမြင့်မှုကြောင့် နေအိမ်နှင့်တိုက်ခန်းများတွင် လေအေးပေးစက်တပ်ဆင်မှု ကျဆင်း...
အမေရိကန်အဆိုတော် ရုပ်ရှင်မင်းသမီး ဂျက်ဆီကာ ဆင်ပဆင်၏ မကြာသေးမီက အပန်းဖြေခဲ့သော မက္ကဆီကို ရှိ အပန်းဖြေစံအိမ်တွင် ကမ္ဘာ့အဆင့် စားဖိုမှူး ၃ ဦး၊ snow room တို့ ပါဝင်ပြီး ကန်ဒေါ်လာ ၄၀၀၀၀ ဖြင့် ငှားရမ်းတည်းခိုနိုင်...
အမေရိကန်အဆိုတော် ရုပ်ရှင်မင်းသမီး ဂျက်ဆီကာ ဆင်ပဆင်၏ မကြာသေးမီက အပန်းဖြေခဲ့သော မက္ကဆီကို ရှိ အပန်းဖြေစံအိမ်တွင် ကမ္ဘာ့အဆင့် စားဖိုမှူး ၃ ဦး၊ snow room တို့ ပါဝင်ပြီး ကန်ဒေါ်လာ ၄၀၀၀၀ ဖြင့် ငှားရမ်းတည်းခိုနိုင်...
အောင်မြင့်မိုရ်အိမ်ရာတိုက်ခန်းဝယ်ယူခွင့် မေလ (၇) ရက်နေ့ တွင် မဲနှိုက် ရွေးချယ်မည်
အောင်မြင့်မိုရ်အိမ်ရာတိုက်ခန်းဝယ်ယူခွင့် မေလ (၇) ရက်နေ့ တွင် မဲနှိုက် ရွေးချယ်မည်
အမေရိက အိမ်ခြံမြေကပ်ဘေး (သို့) အိမ်ခြံမြေဈေးနှုန်းများ ကြောက်မက်ဖွယ် ထိုးကျနေသော အမေရိကန်မှ စိန့်လူးဝစ်မြို့...
အမေရိက အိမ်ခြံမြေကပ်ဘေး (သို့) အိမ်ခြံမြေဈေးနှုန်းများ ကြောက်မက်ဖွယ် ထိုးကျနေသော အမေရိကန်မှ စိန့်လူးဝစ်မြို့...
အဒေါ့ဖ် ဟစ်တလာ၏ ဝါဒဖြန့်ချိရေးဝန်ကြီး ဂိုဘဲလ်နေထိုင်ခဲ့သော ဘာလင်မှ စံအိမ်ကို ပိုင်ဆိုင်လိုသူ မည်သူကိုမဆို ဂျာမနီအစိုးရက အခမဲ့ပေးမည်ဖြစ်ပြီး ယူလိုသူမရှိလျှင် ဖြိုချပစ်မည်ဟု ကြေညာလာ...
အဒေါ့ဖ် ဟစ်တလာ၏ ဝါဒဖြန့်ချိရေးဝန်ကြီး ဂိုဘဲလ်နေထိုင်ခဲ့သော ဘာလင်မှ စံအိမ်ကို ပိုင်ဆိုင်လိုသူ မည်သူကိုမဆို ဂျာမနီအစိုးရက အခမဲ့ပေးမည်ဖြစ်ပြီး ယူလိုသူမရှိလျှင် ဖြိုချပစ်မည်ဟု ကြေညာလာ...
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
သိမှတ်စရာ အိမ်ခြံမြေရေးရာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ponnami
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service