ပုသိမ်စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံနှစ်ခုတွင် အလုပ်သမား လေးဦးကိုဗစ်ပိုးတွေ့ရှိ၍ ဧရာဝတီတိုင်းရှိ အထည်ချုပ်စက်ရုံများ ယာယီပိတ်

ပုသိမ်စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံနှစ်ခုတွင် အလုပ်သမား လေးဦးကိုဗစ်ပိုးတွေ့ရှိ၍ ဧရာဝတီတိုင်းရှိ အထည်ချုပ်စက်ရုံများ ယာယီပိတ် - Property News in Myanmar from iMyanmarHouse.com
25 Sep 2020 11:17 am တွင် တင်ခဲ့သည်
1491 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ပုသိမ်စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံနှစ်ခုတွင် အလုပ်သမား လေးဦး ကိုဗစ်ပိုးတွေ့ရှိသဖြင့် တိုင်းအတွင်းရှိ စက်ရုံ ၁၂ ရုံကို နှစ်ပတ်ကြာ ယာယီပိတ်သိမ်းပြီး အလုပ်သမားကို အိမ်တွင် နေထိုင်ရန် သတ်မှတ်လိုက်ကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က စက်တင်ဘာ ၂၄ ရက်တွင် သတင်းထုတ်ပြသည်။

ထိုအထည်ချုပ်စက်ရုံ ၁၂ ရုံအနက် အလုပ်သမား ၁၃၀၀၀ကျော်ရှိပြီး စက်တင်ဘာ ၂၁ ရက်တွင် အလုပ်သမား ၆၈၀၀ ခန့်အလုပ်ဆင်းခဲ့သည်ဟု တိုင်းအစိုးရအဖွဲ့ကဆိုသည်။

ရောဂါကူးစက်ပြန့်ပွားမူထပ်မံမဖြစ်ရေးနှင့် ရောဂါထိန်းချုပ်ရေးအတွက် ထိုစက်ရုံ ၁၂ ရုံကို စက်တင်ဘာ ၂၄ ရက်မှ အောက်တိုဘာ ၉ ရက်အထိ နှစ်ပတ်ယာယီပိတ်သိမ်းရမည်ဖြစ်သည်။

ထိုကာလတွင်း အလုပ်သမားများသည် Stay at Home နေထိုင်ရမည်ဖြစ်ပြီး အသွားအလာကို စောင့်ကြည်သွားမည်ဟု တိုင်းအစိုးရကဆိုသည်။

စက်ရုံ ၁၂ ရုံမှ အလုပ်သမားနှင့်အလုပ်ရှင်များသည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လမ်းညွန့်ချက်များကို လေးစားလိုက်နာရမည်ဟု တိုင်းအစိုးရကဆိုသည်။

အတည်ပြုလူနာ လေးဦီးသည် ပုသိမ်စက်မှုဇုန်ရှိ He Shan နှင့် Dong Long အထည်ချုပ်စက်ရုံများမှ ဖြစ်သည်ဟုတိုင်းအစိုးရကဆိုသည်။

ဧရာဝတီတိုင်းတွင် ပုသိမ်၊ မအူပင်နှင့် ဒေးဒရဲမြို့နယ်၌ အထည်ချုပ်စက်ရုံများ ရှိသည်။ ထိုစက်ရုံများတွင် လုပ်သားအင်အား ၁၃,၀၀၀ကျော်ရှိကြောင်း လျှပ်စစ်၊စွမ်းအင်နှင့် လမ်းပန်းဆက်ဆွယ်ရေးဝန်ကြီးဦးဝင်းဌေးက ပြောသည်။ ထို့ပြင် ဧရာဝတီတိုင်း၌ Covid-19 ဖြစ်ပွားမှုတိုးလာနေသဖြင့် ကူးစက်မှု လျော့ကျစေလို၍ စက်ရုံများအား ယာယီပိတ်ရခြင်းဖြစ်သည်ဟု ၎င်းကပြောသည် ။ “စက်ရုံပိတ်ထားတယ် ဆိုပေမယ့် စက်ရုံလုပ်သားတွေအနေနဲ့ အကြောင်းကိစ္စကြီးကြီးမားမား မရှိဘဲ ပြင်ပကိုသွားလာတာမျိုးမလုပ်ဖို့ တားမြစ်ထားပါတယ်၊ အိမ်မှာပဲ Stay at Home အနေနဲ့ နေရမှာပါ”ဟု ဝန်ကြီး ဦးဝင်းဌေးက ပြောသည်။ တိုင်းအစိုးရအဖွဲ့မှ စက်ရုံများအား စက်တင်ဘာ၂၄ရက်က စ၍ပိတ်ရန် ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့ သော်လည်း အဆိုပါနေ့ ညနေ၄နာရီခန့်အထိ လုပ်သားများ လုပ်ငန်းခွင်ဝင်ရောက်နေရဆဲ ဖြစ်သည်ဟု အမားဘား ဧပရယ်အထည်ချုပ်စက်ရုံမှ လုပ်သားတစ်ဦးက ပြောသည်။ထို့အတူ ပိတ်ခြင်း၊ မပိတ်ခြင်းကိုလည်း စက်ရုံတာဝန်ရှိသူများက တစ်စုံတစ်ရာ ပြောကြားခြင်းမရှိသေးဟု ၎င်းကဆိုသည်။

စက်ရုံများပိတ်မည့်ကိစ္စနှင့် ပတ်သက်၍ မူလကပင် ကန့်ကွက်ခြင်းမရှိခဲ့ဟု မြန်မာနစ်တင်းသိုးမွေးအထည်ချုပ် စက်ရုံမှ မန်နေဂျာဦးသက်နိုင်က ပြောသည်။ ထိုသို့စက်ရုံများ မပိတ်မီကပင် လုပ်သားအင်အား ထက်ဝက်ခန့်သာ လုပ်ငန်းခွင်ဝင်ရောက်ခဲ့သည်ဟုဆိုသည်။ ကိုဗစ်နှင့်ပတ်သက်၍ ကျေးရွာများတွင် အသွားအလာကန့် သတ်မှုရှိခြင်း၊ လာရောက်သော လုပ်သားများတွင်လည်း ခွင့်တိုင်သူများရှိခြင်းကြောင့် လုပ်ငန်းပိုင်း တွင်ကျယ်မှု မရှိကြောင်း ဦးသက်နိုင်က ပြောသည်။

“ကျွန်တော်တို့ စက်ရုံအနေနဲ့တော့ မူလလစာထုတ်ရက်အတိုင်း ဘဏ်ကတ်ထဲကို ထည့်ပေးမှာပါ။ ကတ်မရှိသူကတော့ လာထုတ်ရမှာပါ။ အကယ်၍ အရမ်းခက်ခဲနေတယ်လို့ အကြောင်းကြားလာရင်တော့ ငွေလွှဲတွေကနေလစာ ထုတ်ပေးဖို့ စီစဉ်ထားပါတယ်”ဟု ဦးသက်နိုင်က ပြောသည်။ ဧရာဝတီတိုင်းအတွင်းရှိအထည်ချုပ်စက်ရုံများတွင်အခြေခံလုပ်သားများအနေဖြင့်တစ်လလျှင်ကျပ်နှစ်သိန်းခွဲမှနှစ်သိန်းခုနစ်သောင်းအထိရရှိပြီး လုပ်သက်နှင့်ရာထူးကြီးသူများသည်ကျပ်လေးသိန်းမှ ငါးသိန်းအထိရရှိသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ပုသိမ္စက္မႈဇုန္႐ွိ အထည္ခ်ဳပ္စက္႐ုံႏွစ္ခုတြင္ အလုပ္သမား ေလးဦးကိုဗစ္ပိုးေတြ႕႐ွိ၍ ဧရာ၀တီတိုင္း႐ွိ အထည္ခ်ဳပ္စက္႐ုံမ်ား ယာယီပိတ္

ပုသိမ္စက္မႈဇုန္႐ွိ အထည္ခ်ဳပ္စက္႐ုံႏွစ္ခုတြင္ အလုပ္သမား ေလးဦး ကိုဗစ္ပိုးေတြ႕႐ွိသျဖင့္ တိုင္းအတြင္း႐ွိ စက္႐ုံ ၁၂ ႐ုံကို ႏွစ္ပတ္ၾကာ ယာယီပိတ္သိမ္းၿပီး အလုပ္သမားကို အိမ္တြင္ ေနထိုင္ရန္ သတ္မွတ္လိုက္ေၾကာင္း ဧရာ၀တီတိုင္းေဒသႀကီးအစိုးရအဖြဲ႕က စက္တင္ဘာ ၂၄ ရက္တြင္ သတင္းထုတ္ျပသည္။

ထိုအထည္ခ်ဳပ္စက္႐ုံ ၁၂ ရုံအနက္ အလုပ္သမား ၁၃၀၀၀ေက်ာ္႐ွိၿပီး စက္တင္ဘာ ၂၁ ရက္တြင္ အလုပ္သမား ၆၈၀၀ ခန္႔အလုပ္ဆင္းခဲ့သည္ဟု တိုင္းအစိုးရအဖြဲ႕ကဆိုသည္။

ေရာဂါကူးစက္ျပန္႔ပြားမူထပ္မံမျဖစ္ေရးႏွင့္ ေရာဂါထိန္းခ်ဳပ္ေရးအတြက္ ထိုစက္႐ုံ ၁၂ ႐ုံကို စက္တင္ဘာ ၂၄ ရက္မွ ေအာက္တိုဘာ ၉ ရက္အထိ ႏွစ္ပတ္ယာယီပိတ္သိမ္းရမည္ျဖစ္သည္။

ထိုကာလတြင္း အလုပ္သမားမ်ားသည္ Stay at Home ေနထိုင္ရမည္ျဖစ္ၿပီး အသြားအလာကို ေစာင့္ၾကည္သြားမည္ဟု တိုင္းအစိုးရကဆိုသည္။

စက္႐ုံ ၁၂ ႐ုံမွ အလုပ္သမားႏွင့္အလုပ္႐ွင္မ်ားသည္ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန လမ္းၫြန္႔ခ်က္မ်ားကို ေလးစားလိုက္နာရမည္ဟု တိုင္းအစိုးရကဆိုသည္။

အတည္ျပဳလူနာ ေလးဦီးသည္ ပုသိမ္စက္မႈဇုန္႐ွိ He Shan ႏွင့္ Dong Long အထည္ခ်ဳပ္စက္႐ုံမ်ားမွ ျဖစ္သည္ဟုတိုင္းအစိုးရကဆိုသည္။

ဧရာဝတီတိုင္းတြင္ ပုသိမ္၊ မအူပင္ႏွင့္ ေဒးဒရဲၿမိဳ႕နယ္၌ အထည္ခ်ဳပ္စက္႐ုံမ်ား ႐ွိသည္။ ထိုစက္႐ုံမ်ားတြင္ လုပ္သားအင္အား ၁၃,၀၀၀ေက်ာ္႐ွိေၾကာင္း လွ်ပ္စစ္၊စြမ္းအင္ႏွင့္ လမ္းပန္းဆက္ဆြယ္ေရးဝန္ႀကီးဦးဝင္းေဌးက ေျပာသည္။ ထို႔ျပင္ ဧရာဝတီတိုင္း၌ Covid-19 ျဖစ္ပြားမႈတိုးလာေနသျဖင့္ ကူးစက္မႈ ေလ်ာ့က်ေစလို၍ စက္႐ုံမ်ားအား ယာယီပိတ္ရျခင္းျဖစ္သည္ဟု ၎ကေျပာသည္ ။ “စက္႐ုံပိတ္ထားတယ္ ဆိုေပမယ့္ စက္႐ုံလုပ္သားေတြအေနနဲ႔ အေၾကာင္းကိစၥႀကီးႀကီးမားမား မ႐ွိဘဲ ျပင္ပကိုသြားလာတာမ်ိဳးမလုပ္ဖို႔ တားျမစ္ထားပါတယ္၊ အိမ္မွာပဲ Stay at Home အေနနဲ႔ ေနရမွာပါ”ဟု ဝန္ႀကီး ဦးဝင္းေဌးက ေျပာသည္။ တိုင္းအစိုးရအဖြဲ႕မွ စက္႐ုံမ်ားအား စက္တင္ဘာ၂၄ရက္က စ၍ပိတ္ရန္ ၫႊန္ၾကားခ်က္မ်ား ထုတ္ျပန္ခဲ့ ေသာ္လည္း အဆိုပါေန႔ ညေန၄နာရီခန္႔အထိ လုပ္သားမ်ား လုပ္ငန္းခြင္ဝင္ေရာက္ေနရဆဲ ျဖစ္သည္ဟု အမားဘား ဧပရယ္အထည္ခ်ဳပ္စက္႐ုံမွ လုပ္သားတစ္ဦးက ေျပာသည္။ထို႔အတူ ပိတ္ျခင္း၊ မပိတ္ျခင္းကိုလည္း စက္႐ုံတာဝန္႐ွိသူမ်ားက တစ္စုံတစ္ရာ ေျပာၾကားျခင္းမ႐ွိေသးဟု ၎ကဆိုသည္။

စက္႐ုံမ်ားပိတ္မည့္ကိစၥႏွင့္ ပတ္သက္၍ မူလကပင္ ကန္႔ကြက္ျခင္းမ႐ွိခဲ့ဟု ျမန္မာနစ္တင္းသိုးေမြးအထည္ခ်ဳပ္ စက္႐ုံမွ မန္ေနဂ်ာဦးသက္ႏိုင္က ေျပာသည္။ ထိုသို႔စက္႐ုံမ်ား မပိတ္မီကပင္ လုပ္သားအင္အား ထက္ဝက္ခန္႔သာ လုပ္ငန္းခြင္ဝင္ေရာက္ခဲ့သည္ဟုဆိုသည္။ ကိုဗစ္ႏွင့္ပတ္သက္၍ ေက်း႐ြာမ်ားတြင္ အသြားအလာကန္႔ သတ္မႈ႐ွိျခင္း၊ လာေရာက္ေသာ လုပ္သားမ်ားတြင္လည္း ခြင့္တိုင္သူမ်ား႐ွိျခင္းေၾကာင့္ လုပ္ငန္းပိုင္း တြင္က်ယ္မႈ မ႐ွိေၾကာင္း ဦးသက္ႏိုင္က ေျပာသည္။ “ကြၽန္ေတာ္တို႔ စက္႐ုံအေနနဲ႔ေတာ့ မူလလစာထုတ္ရက္အတိုင္း ဘဏ္ကတ္ထဲကို ထည့္ေပးမွာပါ။ ကတ္မ႐ွိသူကေတာ့ လာထုတ္ရမွာပါ။ အကယ္၍ အရမ္းခက္ခဲေနတယ္လို႔ အေၾကာင္းၾကားလာရင္ေတာ့ ေငြလႊဲေတြကေနလစာ ထုတ္ေပးဖို႔ စီစဥ္ထားပါတယ္”ဟု ဦးသက္ႏိုင္က ေျပာသည္။ ဧရာဝတီတိုင္းအတြင္း႐ွိအထည္ခ်ဳပ္စက္႐ုံမ်ားတြင္အေျခခံလုပ္သားမ်ားအေနျဖင့္တစ္လလွ်င္က်ပ္ႏွစ္သိန္းခြဲမွႏွစ္သိန္းခုနစ္ေသာင္းအထိရ႐ွိၿပီး လုပ္သက္ႏွင့္ရာထူးႀကီးသူမ်ားသည္က်ပ္ေလးသိန္းမွ ငါးသိန္းအထိရ႐ွိသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
INNO CITY
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service