အီတလီက ဆွတ်ပျံ့ဖွယ် ကိုဗစ်ဖူးစာ

အီတလီက ဆွတ်ပျံ့ဖွယ် ကိုဗစ်ဖူးစာ - Property News in Myanmar from iMyanmarHouse.com
24 Sep 2020 12:22 pm တွင် တင်ခဲ့သည်
6379 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အီတလီတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် လော့ဒေါင်း ချမှတ်ထားစဉ်ကာလအတွင်း နေအိမ်ခန်း ဝရန်တာများမှတဆင့် တွေ့မြင်ချစ်ကြိုက်ခဲ့ကြကာ မကြာမီတွင် လက်ထပ်ကြတော့မည့် စုံတွဲကို ခေတ်သစ် ရိုမီယိုနှင့် ဂျူးလိယက်ဟု အမည်ပေးထားကြသည်။

အီတလီနိုင်ငံ၊ ဗီရိုနာမြို့တွင် နေထိုင်ကြသော အသက် ၄၀ အရွယ်အမျိုးသမီး ပါအိုလာ ညယ်လီ (Paola Agnelli) နှင့် အသက် ၃၈ နှစ်အရွယ်အမျိုးသား မစ်ခဲလီ ဒီ အားလ်ပေါက်စ် (Michele D’ Alpaos) တို့သည် မျက်နှာချင်းဆိုင် တိုက်ခန်းများတွင် ကာလကြာရှည် နေထိုင်ခဲ့ကြသူများ ဖြစ်သော်လည်း မတ်လအတွင်း အီတလီတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့ပြီးနောက် လော့ဒေါင်းများ ချမှတ်လိုက်ချိန် တွင်မှ အကြည့်ချင်း ဆုံခဲ့ကြခြင်း ဖြစ်သည်။

ပါအိုလာက ပြောကြားရာတွင် သူမသည် အစိုးရက ရက်သတ္တ ၁၀ ပတ် လော့ဒေါင်းချမှတ်ထားစဉ် ကာလအတွင်း ပြည်သူများအကြား စိတ်ဓာတ်ခွန်အားမြှင့်တင်ပေးရန် ရည်ရွယ်ကာ ဝရန်တာ ဂီတဖျော်ဖြေပွဲများ ပြုလုပ်ကြစဉ် မစ်ခဲလီကို ဝရန်တာတစ်ခုတွင် စတင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ပါအိုလာသည် ရှေ့နေအမျိုးသမီးတစ်ဦးဖြစ်ပြီး ဝရန်တာဂီတဖျော်ဖြေပွဲတွင် ညီမဖြစ်သူ တယောပညာရှင် လီဆာ ညယ်လီ (Lisa Agnelli) က ကမ္ဘာကျော် ရော့ခ်ဂီတအဖွဲ့ကြီး Queen ၏ We Are The Champions သီချင်းကို တယောထိုးပေးပြီး သူမက သီချင်းသီဆိုပေးခဲ့ခြင်း ဖြစ်သည်။

သူမတို့၏ အချစ်မှာ မြင်မြင်ချင်းချစ်မိခဲ့ကြသည့် အချစ်မျိုးဖြစ်ကြောင်း ပါအိုလာက ဆိုသည်။

“မစ်ခဲလီကို ပထမဆုံးတွေ့လိုက်ကတည်းက ကျွန်မ ချစ်သွားမိတာပါ။ သူ့ဘက်ကလည်း အလားတူပါပဲ။ ကျွန်မတို့တွေ အကြည့်ချင်းဆုံခဲ့ကြတယ်။ ပတ်ဝန်းကျင်အခြေအနေကလည်း ဆွတ်ပျံ့ဖွယ်ရာ သိပ်ကောင်းပါတယ်” ဟု ပါအိုလာက dailymail သတင်းဌာန၏ ဖက်ရှင်နှင့် အချစ်ရေးကဏ္ဍဖြစ်သော FEMAIL သို့ ပြောကြားသည်။

ဝရန်တာဖျော်ဖြေပွဲအပြီး မကြာမီတွင် မစ်ခဲလီက ပါအိုလာ၏ အင်စတာဂရမ်အကောင့်ကို ရှာဖွေတွေ့ရှိသွားပြီး ၎င်းတို့နှစ်ဦးသည် ညစဉ်ညတိုင်း မိုးလင်းခါနီး မနက် ၃ နာရီအချိန်ခန့်အထိ စာပို့ (messaging) ကြတော့သည်။

အင်စတာဂရမ်တွင် ပထမဆုံးည စာပို့ကြသည့်အကြောင်း ပါအိုလာက ပြောပြရာတွင် “အဲဒီညက ကျွန်မတို့တွေ မနက်လင်းအားကြီး အချိန်ထိ အပြန်အလှန် စာပို့ခဲ့ကြတယ်။ ကျွန်မတို့မှာ ခံယူချက်သဘောထားတူညီမှုတွေ ရှိနေတာ တွေ့လိုက်ရပါတယ်။ ဒါက ခိုင်မာတဲ့အချစ်ရေးဖြစ်ဖို့အတွက် အရေးကြီးပါတယ်။ ကျွန်မတို့ နှစ်ယောက်လုံးက ဆုံးဖြတ်ချက်ခိုင်မာသူတွေဖြစ်ပြီး ကြင်နာတတ်သူ၊ ခံစားလွယ်သူတွေ ဖြစ်ကြပါတယ်” ဟု ဆိုသည်။

ကိုရိုနာဗိုင်းရပ်စ် စည်းမျဉ်းတင်းကြပ်ထားမှုများကြောင့် ၎င်းတို့ နှစ်ဦးသည် လူချင်းမတွေ့ရသဖြင့် ညဉ့်နက်ပိုင်းအထိ ဖုန်းပြောခြင်း၊ တမ်းတငေးမျှော်ကြည့်ခြင်းများသာ ပြုလုပ်ခဲ့ကြရသည်။

မစ်ခဲလီက BBC Radio 4 သို့ ပြောကြားရာတွင် မိမိအနေဖြင့် ပါအိုလာကို တစ်နာရီခန့် နမ်းလိုကြောင်း၊ မိမိတို့၏ အချစ်ရေးမှာ မှော်ဆန်ကြောင်း ပြောကြားသည်။

မစ်ခဲလီက ပါအိုလာ၏ အမည်ကို အဝတ်ဟောင်းတစ်ခုတွင် ရေးသားပြီး ၎င်းနေထိုင်ရာ အဆောက်အအုံ၏ အပေါ်ဆုံးထပ်တွင် လူတိုင်းတွေ့မြင်နိုင်ရန် လွှင့်တင်ထားခဲ့ပြီးနောက်ပိုင်း ၎င်းတို့၏ အချစ်ဇာတ်လမ်းမှာ အွန်လိုင်းတွင် တဟုန်ထိုးပျံ့နှံ့သွားခဲ့သည်။

၂ လခန့် ဖြတ်သန်းပြီးနောက် မေလအတွင်းတွင်ကား ပန်းခြံတစ်ခုထဲတွင် ၎င်းတို့နှစ်ဦး တွေ့ဆုံနိုင်ခဲ့ကြသည်။

အချစ်ခရီး ၆ လဖြတ်သန်းပြီးနောက် ယခုအခါ ၎င်းတို့နှစ်ဦးသည် လက်ထပ်ရန် စီစဉ်နေကြသည်။

မစ်ခဲလီက ပြောကြားရာတွင် ၎င်းနေထိုင်ရာအဆောက်အအုံ၏ ခေါင်မိုးပေါ်တွင် အခမ်းအနားတစ်ခု ကျင်းပလိုကြောင်း၊ ထိုသို့အားဖြင့် ဝရန်တာများမှ တွေ့ဆုံခဲ့ပုံကို ပြန်လည်အမှတ်ရစေမည်ဖြစ်ကြောင်း ပြောကြားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Couple who met on their balconies during lockdown planning to get married (Metro)

[Zawgyi]

အီတလီက ဆြတ္ပ်ံ ႔ဖြယ္ ကိုဗစ္ဖူးစာ

အီတလီတြင္ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ေလာ့ေဒါင္း ခ်မွတ္ထားစဥ္ကာလအတြင္း ေနအိမ္ခန္း ဝရန္တာမ်ားမွတဆင့္ ေတြ႔ျမင္ခ်စ္ၾကိဳက္ခဲ့ၾကကာ မၾကာမီတြင္ လက္ထပ္ၾကေတာ့မည့္ စံုတြဲကို ေခတ္သစ္ ရိုမီယိုႏွင့္ ဂ်ဴးလိယက္ဟု အမည္ေပးထားၾကသည္။

အီတလီႏိုင္ငံ၊ ဗီရိုနာျမိဳ ႔တြင္ ေနထိုင္ၾကေသာ အသက္ ၄၀ အရြယ္အမ်ဳိးသမီး ပါအိုလာ ညယ္လီ (Paola Agnelli) ႏွင့္ အသက္ ၃၈ ႏွစ္အရြယ္အမ်ဳိးသား မစ္ခဲလီ ဒီ အားလ္ေပါက္စ္ (Michele D’ Alpaos) တို႔သည္ မ်က္ႏွာခ်င္းဆိုင္ တိုက္ခန္းမ်ားတြင္ ကာလၾကာရွည္ ေနထိုင္ခဲ့ၾကသူမ်ား ျဖစ္ေသာ္လည္း မတ္လအတြင္း အီတလီတြင္ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ပ်ံ ႔ႏွံ႔ျပီးေနာက္ ေလာ့ေဒါင္းမ်ား ခ်မွတ္လိုက္ခ်ိန္ တြင္မွ အၾကည့္ခ်င္း ဆံုခဲ့ၾကျခင္း ျဖစ္သည္။

ပါအိုလာက ေျပာၾကားရာတြင္ သူမသည္ အစိုးရက ရက္သတၱ ၁၀ ပတ္ ေလာ့ေဒါင္းခ်မွတ္ထားစဥ္ ကာလအတြင္း ျပည္သူမ်ားအၾကား စိတ္ဓာတ္ခြန္အားျမွင့္တင္ေပးရန္ ရည္ရြယ္ကာ ဝရန္တာ ဂီတေဖ်ာ္ေျဖပြဲမ်ား ျပဳလုပ္ၾကစဥ္ မစ္ခဲလီကို ဝရန္တာတစ္ခုတြင္ စတင္ေတြ႔ရွိခဲ့ျခင္းျဖစ္ေၾကာင္း ေျပာၾကားသည္။

ပါအိုလာသည္ ေရွ ႔ေနအမ်ဳိးသမီးတစ္ဦးျဖစ္ျပီး ဝရန္တာဂီတေဖ်ာ္ေျဖပြဲတြင္ ညီမျဖစ္သူ တေယာပညာရွင္ လီဆာ ညယ္လီ (Lisa Agnelli) က ကမၻာေက်ာ္ ေရာ့ခ္ဂီတအဖြဲ႔ၾကီး Queen ၏ We Are The Champions သီခ်င္းကို တေယာထိုးေပးျပီး သူမက သီခ်င္းသီဆိုေပးခဲ့ျခင္း ျဖစ္သည္။

သူမတို႔၏ အခ်စ္မွာ ျမင္ျမင္ခ်င္းခ်စ္မိခဲ့ၾကသည့္ အခ်စ္မ်ဳိးျဖစ္ေၾကာင္း ပါအိုလာက ဆိုသည္။

“မစ္ခဲလီကို ပထမဆံုးေတြ႔လိုက္ကတည္းက ကၽြန္မ ခ်စ္သြားမိတာပါ။ သူ႔ဘက္ကလည္း အလားတူပါပဲ။ ကၽြန္မတို႔ေတြ အၾကည့္ခ်င္းဆံုခဲ့ၾကတယ္။ ပတ္ဝန္းက်င္အေျခအေနကလည္း ဆြတ္ပ်ံ ႔ဖြယ္ရာ သိပ္ေကာင္းပါတယ္” ဟု ပါအိုလာက dailymail သတင္းဌာန၏ ဖက္ရွင္ႏွင့္ အခ်စ္ေရးက႑ျဖစ္ေသာ FEMAIL သို႔ ေျပာၾကားသည္။

ဝရန္တာေဖ်ာ္ေျဖပြဲအျပီး မၾကာမီတြင္ မစ္ခဲလီက ပါအိုလာ၏ အင္စတာဂရမ္အေကာင့္ကို ရွာေဖြေတြ႔ရွိသြားျပီး ၎တို႔ႏွစ္ဦးသည္ ညစဥ္ညတုိင္း မိုးလင္းခါနီး မနက္ ၃ နာရီအခ်ိန္ခန္႔အထိ စာပို႔ (messaging) ၾကေတာ့သည္။

အင္စတာဂရမ္တြင္ ပထမဆံုးည စာပို႔ၾကသည့္အေၾကာင္း ပါအိုလာက ေျပာျပရာတြင္ “အဲဒီညက ကၽြန္မတို႔ေတြ မနက္လင္းအားၾကီး အခ်ိန္ထိ အျပန္အလွန္ စာပို႔ခဲ့ၾကတယ္။ ကၽြန္မတို႔မွာ ခံယူခ်က္သေဘာထားတူညီမႈေတြ ရွိေနတာ ေတြ႔လိုက္ရပါတယ္။ ဒါက ခိုင္မာတဲ့အခ်စ္ေရးျဖစ္ဖို႔အတြက္ အေရးၾကီးပါတယ္။ ကၽြန္မတို႔ ႏွစ္ေယာက္လံုးက ဆံုးျဖတ္ခ်က္ခိုင္မာသူေတြျဖစ္ျပီး ၾကင္နာတတ္သူ၊ ခံစားလြယ္သူေတြ ျဖစ္ၾကပါတယ္” ဟု ဆိုသည္။

ကိုရိုနာဗိုင္းရပ္စ္ စည္းမ်ဥ္းတင္းၾကပ္ထားမႈမ်ားေၾကာင့္ ၎တု႔ိ ႏွစ္ဦးသည္ လူခ်င္းမေတြ႔ရသျဖင့္ ညဥ့္နက္ပိုင္းအထိ ဖုန္းေျပာျခင္း၊ တမ္းတေငးေမွ်ာ္ၾကည့္ျခင္းမ်ားသာ ျပဳလုပ္ခဲ့ၾကရသည္။

မစ္ခဲလီက BBC Radio 4 သို႔ ေျပာၾကားရာတြင္ မိမိအေနျဖင့္ ပါအိုလာကို တစ္နာရီခန္႔ နမ္းလိုေၾကာင္း၊ မိမိတို႔၏ အခ်စ္ေရးမွာ ေမွာ္ဆန္ေၾကာင္း ေျပာၾကားသည္။

မစ္ခဲလီက ပါအိုလာ၏ အမည္ကို အဝတ္ေဟာင္းတစ္ခုတြင္ ေရးသားျပီး ၎ေနထိုင္ရာ အေဆာက္အအံု၏ အေပၚဆံုးထပ္တြင္ လူတိုင္းေတြ႔ျမင္ႏိုင္ရန္ လႊင့္တင္ထားခဲ့ျပီးေနာက္ပိုင္း ၎တို႔၏ အခ်စ္ဇာတ္လမ္းမွာ အြန္လိုင္းတြင္ တဟုန္ထိုးပ်ံ ႔ႏွံ႔သြားခဲ့သည္။

၂ လခန္႔ ျဖတ္သန္းျပီးေနာက္ ေမလအတြင္းတြင္ကား ပန္းျခံတစ္ခုထဲတြင္ ၎တို႔ႏွစ္ဦး ေတြ႔ဆံုႏိုင္ခဲ့ၾကသည္။

အခ်စ္ခရီး ၆ လျဖတ္သန္းျပီးေနာက္ ယခုအခါ ၎တို႔ႏွစ္ဦးသည္ လက္ထပ္ရန္ စီစဥ္ေနၾကသည္။

မစ္ခဲလီက ေျပာၾကားရာတြင္ ၎ေနထိုင္ရာအေဆာက္အအံု၏ ေခါင္မိုးေပၚတြင္ အခမ္းအနားတစ္ခု က်င္းပလိုေၾကာင္း၊ ထိုသို႔အားျဖင့္ ဝရန္တာမ်ားမွ ေတြ႔ဆံုခဲ့ပံုကို ျပန္လည္အမွတ္ရေစမည္ျဖစ္ေၾကာင္း ေျပာၾကားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Couple who met on their balconies during lockdown planning to get married (Metro)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တောင်ကြီးနှင့် ကလော အိမ်ခြံမြေဈေး တည်ငြိမ်နေ
တောင်ကြီးနှင့် ကလော အိမ်ခြံမြေဈေး တည်ငြိမ်နေ
ဆောက်လုပ်ရေးလုပ်ငန်းတချို့ ရပ်နားနေ
ဆောက်လုပ်ရေးလုပ်ငန်းတချို့ ရပ်နားနေ
မြို့တော်ဝန် ဖြစ်လိုသူများအတွက် အမေရိကန်ပြည်၊ မွန်တားနားပြည်နယ်ရှိ မြို့တစ်မြို့လုံးကို ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းမျှဖြင့် ဝယ်ယူနိုင်မည့် အခွင့်အလမ်း ပေါ်ပေါက်နေ...
မြို့တော်ဝန် ဖြစ်လိုသူများအတွက် အမေရိကန်ပြည်၊ မွန်တားနားပြည်နယ်ရှိ မြို့တစ်မြို့လုံးကို ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းမျှဖြင့် ဝယ်ယူနိုင်မည့် အခွင့်အလမ်း ပေါ်ပေါက်နေ...
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
ကမ္ဘာ့အချမ်းသာဆုံး အိမ်ခြံမြေလောက သူဌေးကြီး (၅) ဦး
ကမ္ဘာ့အချမ်းသာဆုံး အိမ်ခြံမြေလောက သူဌေးကြီး (၅) ဦး
ဂျက်ကီချန်း၏ တရုတ်ပြည် ဟန်ကျိုးမြို့ရှိ ဒေါ်လာ (၈) သန်းတန် စံအိမ်
ဂျက်ကီချန်း၏ တရုတ်ပြည် ဟန်ကျိုးမြို့ရှိ ဒေါ်လာ (၈) သန်းတန် စံအိမ်
ဒဂုံမြို့သစ်လေးမြို့နယ်ရှိ ဈေးအနိမ့်ပိုင်းအိမ်ခြံမြေတွေ အရောင်းအဝယ်ဖြစ်
ဒဂုံမြို့သစ်လေးမြို့နယ်ရှိ ဈေးအနိမ့်ပိုင်းအိမ်ခြံမြေတွေ အရောင်းအဝယ်ဖြစ်
အိပ်ခန်း ၃ ခန်းပါ ပေါင် ၁၂၀၀၀၀ တန် နေအိမ်ကို အခမဲ့ပေးကမ်းလှူဒါန်းသူ (သို့မဟုတ်) ပန်းခြံခုံတန်းတွင် အိပ်စက်ရသည့် အိမ်ရာမဲ့ဘဝမှ ဒေါ်လာသန်း ၄၀ ခန့် ချမ်းသာကြွယ်ဝလာသည့် အိမ်ခြံမြေလုပ်ငန်းရှင်ကြီး...
အိပ်ခန်း ၃ ခန်းပါ ပေါင် ၁၂၀၀၀၀ တန် နေအိမ်ကို အခမဲ့ပေးကမ်းလှူဒါန်းသူ (သို့မဟုတ်) ပန်းခြံခုံတန်းတွင် အိပ်စက်ရသည့် အိမ်ရာမဲ့ဘဝမှ ဒေါ်လာသန်း ၄၀ ခန့် ချမ်းသာကြွယ်ဝလာသည့် အိမ်ခြံမြေလုပ်ငန်းရှင်ကြီး...
ပြင်သစ်နိုင်ငံရှိ မြို့ငယ်တစ်ခုတွင် မြို့လယ်ရှိ ၈၂၈ စတုရန်းပေ ကျယ်ဝန်းသော နှစ်ထပ်အိမ်တစ်လုံးကို ၁ ယူရို ဖြင့် ရောင်းချပေးမည်၊ လျှောက်လွှာများ လက်ခံနေပြီး ဇွန်လ (၁၅) ရက်အထိ လျှောက်လွှာတင် ဝယ်ယူနိုင်...

ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ
ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
shwe-wutthmone
ponnami

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service