ကိုရီးယား-မြန်မာ စက်မှုဇုန် (KMIC) စီမံကိန်း ပထမအဆင့် မြေဧက (၃၀၀) ၂၀၂၂ ဒီဇင်ဘာတွင် ပြီးစီးမည်
ကိုရီးယား-မြန်မာ စက်မှုဇုန် (KMIC) စီမံကိန်း ပထမအဆင့် မြေဧက (၃၀၀) ၂၀၂၂ ဒီဇင်ဘာတွင် ပြီးစီးမည် - Property News in Myanmar from iMyanmarHouse.com
22 Sep 2020 11:49 am တွင် တင်ခဲ့သည်
2197 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ကိုရီးယား-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး စက်မှုဇုန်(KMIC) ကိုလာမည့် ဒီဇင်ဘာလတွင် စတင်ဆောက်လုပ်ပြီး ၂၀၂၂တွင် စီမံကိန်းအပိုင်း ၁ အဖြစ်ဧက ၃၀၀ ပြီးစီးမည်ဟု မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ် မစ္စတာလီဆန်း ဟွာကပြောသည်။
ကိုရီးယား-မြန်မာ စီး ပွားရေး ပူးဆောင်ရွက်မှု၏ သင်္ကေတဖြစ်သည့် အဓိကစီမံကိန်း သုံးခုကို ယခုနှစ် နှစ်ကုန်ပိုင်းတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားရန် ရည်မှန်းထားသည်ဟု သံအမတ်ကဆိုသည်။
ထိုသို့ဆောင်ရွက်ခြင်းမှာ ကိုဗစ်-၁၉ ဖြစ်ပွားနေ‌သော်လည်း နှစ်နိုင်ငံကြား စီးပွားရေး ကဏ္ဍ၊ လူမှုရေးကဏ္ဍ ဆက်သွယ် ဖလှယ်ရေးဆိုင်ရာ အရှိန်အဟုန်အတိုင်း ဆက်လက်ဆောင်ရွက်ရန်အတွက်ဖြစ်သည်ဟု ဆိုသည်။
ပထမဦးဆုံးစီမံကိန်းဖြစ်သည့် ကိုရီးယား-မြန်မာ စီးပွား ရေးပူးပေါင်းဆောင်ရွက်ရေး စက်မှုဇုန်(KMIC)သည် ကိုရီးယား အစိုးရက နိုင်ငံရပ်ခြားတွင် ပထမဦးဆုံး အကောင်အထည်ဖော် တည်ဆောက်သည့် စက်မှုဇုန်ဖြစ်သည်ဟု သံအမတ်ကပြောသည်။
ကိုရီးယားနိုင်ငံ၏ စမတ်စီးတီး နည်းပညာများ နိုင်ငံခြားလုပ်ငန်း ခွင်တွင် လက်တွေ့ အကောင်အထည်ဖော် ပြသနိုင်မည်ဟု မျှော်မှန်းထားကြောင်း သံအမတ်ကဆိုသည်။
ထိုစီမံကိန်းကို ယခုနှစ် အောက်တိုဘာလတွင် အသေးစိတ်ဒီဇိုင်းရေဆွဲပြီးစီးမှာဖြစ်ပြီး ဒီဇင်ဘာလမှာ စတင် တည်ဆောက်သွားရန် မျှော်လင့်ထားသည်ဟု ၎င်းကဆိုသည်။
၂၀၂၂ ခုနှစ် ဒီဇင် ဘာလတွင် စီမံကိန်း အပိုင်း (၁) (ဧက ၃၁၀)ကို တည်ဆောက် ပြီးစီးမည်ဟု ၎င်းကဆိုသည်။
“၂၀၂၄ ခုနှစ် စီမံကိန်းတစ်ခုလုံး တည်ဆောက် ပြီးစီးချိန်မှာတော့ ယှဉ်ပြိုင်နိုင်စွမ်း ရှိတဲ့ ကိုရီးယား အလယ်အလတ် နှင့် အသေးစားလုပ်ငန်းရှင် ၁၅၀ မှ ၂၀၀ ကြား ဝင်ရောက်လုပ်ကိုင် မှာဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းအသစ် တစ်သိန်းကို ဖန်တီး ပေးနိုင်ခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ပြုကာ win-win မိတ်ဖက်ဖြစ်ခြင်းရဲ့ စံပြစီမံကိန်း ဖြစ်လာမယ်လို့ မျှော်လင့်ထားပါ တယ်။”ဟု သံအမတ်ကဆိုသည်။
ဒုတိယစီမံကိန်းအဖြစ် ချစ်ကြည်ရေးတံတား (ဒလတံတား)သည် နှစ်နိုင်ငံအစိုးရများ၏ သဘောတူညီချက်နှင့် အ ကောင်အထည်ဖော်ဆောင်ရွက်သည့် ကိုရီးယား၏ ပထမဦးဆုံး ပမာဏကြီးမားသော အခြေခံအဆောက်အအုံ စီမံကိန်းဖြစ်သည်ဟု သံအမတ်ကဆိုသည်။
“အနာဂတ်မှာ ရန် ကုန်မြို့ရဲ့ အထင်ကရနေရာ (Landmark) ဖြစ်လာမယ့်အပြင် သူ့နာမည်အတိုင်း နှစ်နိုင်ငံရင်းနှီး ချစ်ခင် ပူးပေါင်းဆောင်ရွက်ရေး တို့ရဲ့ သင်္ကေတတံတား ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။”ဟု ၎င်းကပြောသည်။
တတိယစီမံကိန်းမှာ ဒလဒေသတွင် ကိုရီးယားပုံစံ စမတ်စီးတီးကို တည်ဆောက်သည့် စီမံကိန်းဖြစ်ပြီးသည်။ ၎င်းသည် အနာဂတ်တွင် ဒလဒေသကို ကိုရီးယားနိုင်ငံ၏ ‘ဂမ်နန်း’ ကဲ့သို့ ခေတ်ရှေ့ပြေး နေချင့်စဖွယ် မြို့ပြအဖြစ် ပြောင်းလဲပေးသွားရန်ဟုဆိုသည်။ ယခုနှစ်ကုန်ပိုင်း စီမံကိန်းဖြစ်နိုင်ခြေလေ့လာရေးလုပ်ငန်းများ အပြီးသတ်မည်ဟု ဆိုသည်။
စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ...
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ...
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွမ်းထက်လှကြောင်း တွေ့ရှိ...
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွမ်းထက်လှကြောင်း တွေ့ရှိ...
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျောက်ဖြစ်နေကြောင်း တွေ့ခဲ့ရသည့် ဆန်းကြယ်သော ဖြစ်ပုံ...
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျောက်ဖြစ်နေကြောင်း တွေ့ခဲ့ရသည့် ဆန်းကြယ်သော ဖြစ်ပုံ...
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင်းကြောင်တောင် ဝင်ရောက်ဓားပြတိုက်...
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင်းကြောင်တောင် ဝင်ရောက်ဓားပြတိုက်...
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ...
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ...
ဆံပင်ဆေးဆိုးခြင်းနှင့် ဆံပင်ဖြောင့်ခြင်းမှာ ရင်သားကင်ဆာဖြစ်နိုင်ချေ မြင့်မားစေကြောင်း အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ဆံပင်ဆေးဆိုးခြင်းနှင့် ဆံပင်ဖြောင့်ခြင်းမှာ ရင်သားကင်ဆာဖြစ်နိုင်ချေ မြင့်မားစေကြောင်း အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ...
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ...
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ...
ဂျပန်သိပ္ပံပညာရှင်တို့က အိပ်မက်များကို မှတ်တမ်းတင်ထားကာ အိပ်ယာနိုးလာချိန်တွင် ပြန်လည်ကြည့်ရှုနိုင်သော နားကြပ်တစ်မျိုး တီထွင်...
ဂျပန်သိပ္ပံပညာရှင်တို့က အိပ်မက်များကို မှတ်တမ်းတင်ထားကာ အိပ်ယာနိုးလာချိန်တွင် ပြန်လည်ကြည့်ရှုနိုင်သော နားကြပ်တစ်မျိုး တီထွင်...
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို ချေမှုန်းနိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို ချေမှုန်းနိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service