ဒလမြို့သစ်စီမံကိန်းကို ကိုရီးယားက ဆောင်ရွက်မည်

ဒလမြို့သစ်စီမံကိန်းကို ကိုရီးယားက ဆောင်ရွက်မည် - Property News in Myanmar from iMyanmarHouse.com
17 Sep 2020 11:19 am တွင် တင်ခဲ့သည်
8949 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဒလမြို့သစ်စီမံကိန်းကို ကိုရီးယားနှင့်ပူးပေါင်း၍ ဆောင်ရွက်မည်ဖြစ်ကြောင်း ပထမအကြိမ် မြန်မာ-ကိုရီးယား ကုန်သွယ်ရေးနှင့် စက်မှုပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မရှင်အစည်းအဝေးမှ သိရသည်။

စက်တင်ဘာ ၁၆ ရက်တွင်ကျင်းပသည့် ထိုအစည်းအဝေးတွင် (Korea-Myanmar Industrial Complex-KMIC)၊ ဒလတံတားနှင့် မြို့သစ်စီမံကိန်း၊ အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေးတို့နှင့် စပ်လျဉ်း၍ Joint Investment Working Group Committee က ထုတ်ပြန်ရာတွင် အထက်ပါစီမံကိန်းအကြောင်း ပါဝင်ခဲ့ခြင်းဖြစ်သည်။

ဒလဘက်ခြမ်းဖွံဖြိုးရေးအတွက် ကိုရီးယားနိုင်ငံက ကိုရီးယား-မြန်မာ ချစ်ကြည်ရေး ဒလတံတားကို ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။ ထိုပြင် Joint Energy Working Group Committee အစည်းအဝေးတွင် နှစ်ဘက် ဆွေးနွေးခဲ့ကြသည့် ဒလသဘာဝဓာတ်ငွေ့မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် စီမံကိန်းကိုလည်း ထည့်သွင်းဆွေးနွေးခဲ့သည်ဟု အစိုးရက သတင်းထုတ်ပြန်ထားသည်။

ဒလမြို့သစ်စီမံကိန်း အကြိုဆန်းစစ်လေ့လာခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာကို ရေးထိုးခဲ့ကြောင်း ၂၀၁၉ စက်တင်ဘာ ၄ ရက်က Lotte Hotel တွင်ပြုလုပ်သော မြန်မာ-ကိုရီးယားစီးပွားရေးဖိုရမ်တွင် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။လက်မှတ်ရေးထိုးရာတွင်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် Korea Land and Housing Corporation တို့ အကြား ဒလမြို့သစ်စီမံကိန်း အကြိုဆန်းစစ်လေ့လာခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာဟု ဆိုသည်။

ထိုပြင် ယနေ့ကျင်းသည့် နှစ်နိုင်ငံအစည်းအဝေးတွင် မြန်မာနှင့် ကိုရီးယားနိုင်ငံတို့အကြား စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စက်မှုနှင့်စွမ်းအင်ကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်သွားမှုများ အရှိန်အဟုန်ဖြင့် တိုးတက်လာမည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဒေါက်တာသန်းမြင့်က ပြောသည်။

Covid-19 ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝှမ်းလုံး၌ စီးပွားရေးကျဆင်းလျက်ရှိရာ နှစ်နိုင်ငံအနေဖြင့် ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် စီးပွားရေးအကျပ်အတည်းများကို ကျော်လွှားသွားနိုင်မည်ဟုလည်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံက ကိုရီးယားနိုင်ငံနှင့် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ စက်မှုနှင့် စွမ်းအင်ကဏ္ဍများတွင် နီးကပ်စွာဆက်လက်ပူးပေါင်း ဆောင်ရွက်သွားလိုသည် ဝန်ကြီးကဆိုသည်။ တည်ထောင်ကာ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်သွားနိုင်မည်လို့ ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။

ကိုရီးယားသမ္မတနိုင်ငံ ကုန်သွယ်ရေး၊ စက်မှုနှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဝန်ကြီး H.E. Mr.Sung Yunmo က ကိုရီးယားနိုင်ငံက မြန်မာနိုင်ငံတွင် အထည် ချုပ်လုပ်ငန်းများအပါအဝင် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများစွာတွင် ဆောင်ရွက်လျက်ရှိသည်ဟုဆိုသည်။ မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကြောင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်လာခြင်း ဖြစ်သည်ဟုဆိုသည်။

ထိုပြင် မြန်မာနိုင်ငံတွင် Korea Desk ထူထောင်ပြီးနောက် မြန်မာနိုင်ငံရှိ ကိုရီးယားစီးပွားရေးလုပ်ငန်းများ ကို ပိုမိုပံ့ပိုးကူညီပေးနိုင်မည့်အပြင် မြန်မာ့ထုတ်ကုန်များ ကမ္ဘာ့ဈေးကွက်သို့ ဝင်ရောက်နိုင်ရေး အတွက်လည်း အထောက်အကူဖြစ်စေမည်ဟု ကိုရီးယားဝန်ကြီးကပြောသည်။

ထိုပြင် ၎င်းက ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ စက်မှုနှင့် စွမ်းအင်ကဏ္ဍများတွင်သာမက အခြားကဏ္ဍများ၌ပါ ပိုမိုပူးပေါင်းဆောင်ရွက်သွားခြင်း ဖြင့် နှစ်နိုင်ငံအကြား ကုန်သွယ်မှုများ တိုးတက်လာမည်ဟုဆိုသည်။

ထိုအစည်းအဝေးတွင် တွဲဖက်ကော်မတီများ၏ အစည်းအဝေးများလည်း ကျင်းပခဲ့ခြင်းဖြစ်သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုငျ်မန္မာဟောက္စ်ဒေါ့ကြန်း) မွ အထူးရေးသားဖောျ်ပသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]













စိမ့်စည်သူ ( iMyanmarHouse.com အိုင်ျမန္မာဟောက္စ်ဒေါ့ကြန်း) မွ အထူးရေးသားဖော်ျပသည်။


 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...
ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ
ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ
ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service