သီလဝါအထူးစီးပွားရေးဇုန်ရှိ မြေ၈၆ ဧကတွင် Thilawa Shopping Mall စီမံကိန်းကို အကောင်အထည် ဖော်မည်ဟုဆို

သီလဝါအထူးစီးပွားရေးဇုန်ရှိ မြေ၈၆ ဧကတွင် Thilawa Shopping Mall စီမံကိန်းကို အကောင်အထည် ဖော်မည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
20 Aug 2020 11:02 am တွင် တင်ခဲ့သည်
821 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

သီလဝါအထူးစီးပွားရေးဇုန်တွင် ဈေးဝယ်စင်တာ Thilawa Shopping Mall စီမံကိန်းကို အကောင်အထည်ဖော်မည့် Thilawa property Development ကုမ္ပဏီထုတ်ပြန်သည်။

ထိုစီမံကိန်းကို သီလဝါအထူးစီးပွားရေးလူနေရာနှင့်ကုန်သွယ်မှုဆိုင်ရာ ဧရိယာတွင် အကောင်အထည်ဖော်မည်ဖြစ်ပြီး ဈေးဝယ်စင်တာ၊ အစားအသောက်ခန်းနှင့် ရုပ်ရှင်ရုံများပါဝင်မည်ဟု ကုမ္ပဏီကဆိုသည်။

ထိုစီမံကိန်းကို စိတ်ဝင်စားသည့် လုပ်ငန်းရှင်များကို ကုမ္ပဏီက ဖိတ်ခေါ်လိုက်ခြင်းဖြစ်ပြီး စိတ်ဝင်စားသည့် ကုမ္ပဏီများသည် စက်တင်ဘာလနောက်ဆုံးထား၍ တင်ပြရမည်ဟုဆိုသည်။

သီလဝါအထူးစီးပွားရေးဇုန်အတွင်း ၃၅ ဟတ်တာ(၈၆ ဧက )ကို လူနေအိမ်ယာနှင့် ကုန်သွယ်ဆိုင်ရာဧရိယာအဖြစ် အကောင်အထည်ဖော်ပြီး ထိုနေရာတွင် လူနေအဆောက်အအုံများ ၊ ဘဏ်များ ၊ ဆေးရုံ ၊ SuperMarket နှင့် Shopping Mall တို့ကိုဆောင်ရွက်သွားမည်ဟု ကုမ္ပဏီကဆိုထားသည်။

အထက်ပါစီမံကိန်းအကောင်အထည်ဖော်ရန် MTSH ကုမ္ပဏီ စီမံကိန်းဒါရိုက်တာ ဦးသူရိန်အောင်က ၂၀၁၉ ဇူလိုင်လတွင် စတင်ပြောကြားခဲ့ခြင်းဖြစ်သည်။ ထိုမတိုင်ခင်ကတည်းပင် လေ့လာဆန်းစစ်မှုများပြုလုပ်နေခြင်းဖြစ်သည်ဟု ၎င်းကဆိုထားသည်။

ထိုစီမံကိန်းအကောင်အထည်ဖော်ခြင်းမှာ သီလဝါအထူးစီးပွားရေးဇုန်အတွင်း လုပ်ကိုင်နေသူ လူဦးရေ ကိုးထောင်ကျော်ရှိပြီး ၎င်းတို့အတွက် ရည်ရွယ်သည်ဟု ၎င်းကဆိုထားသည်။

Thilawa property Development ကုမ္ပဏီသည် သီလဝါအထူးစီးပွားရေးဇုန်ကို အကောင်အထည်ဖော်ရန် မြန်မာဘက်မှ လုပ်ကိုင်ခွင့်ရထားသည့် MSTH ကုမ္ပဏီ၏ လက်အောက်ခံကုမ္ပဏီတစ်ခုဖြစ်သည်။

"သီလဝါထဲမှာ တဖြေးဖြေးနဲ့ လူဦးရေးကများလာပြီး အလုပ်အကိုင်အခွင့်အလမ်းဆိုရင် ၉ ထောင်ကျော်လောက် ဖော်ဆောင်ပေးနိုင်တယ်ဆိုတော့ အဲ့ဒီ ၉ ထောင်ကျော်အတွက် သွားရေးလာရေးနဲ့ ဝယ်ခြမ်းဖို့အတွက်ဆို ရှော့ပင်းမောလ်တခု စတင်ဆောက်နိုင်အောင် လေ့လာဆန်းစစ်မှုတွေ လုပ်နေပါတယ်။ ၂ ထပ်ဆောက်မလား ၊၃ထပ်ဆောက်မလား ၊ အကျယ်ဘယ်လောက်ဆောက်မလဲ ၊ဈေးကွက်က ဘယ်လောက်ကြီးမလဲ ၊ ဘယ်သူတွေက ဘယ်လောက်နဲ့ ငှားဖို့စိတ်ဝင်စားလဲ ဒါတွေကို သုံးသပ်နေပါတယ်။ ဒါပြီးရင် ကျွန်တော်တို့ကုမ္ပဏီရဲ့ အတည်ပြုချက်ရယူပြီး စီမံကိန်းကို ဆက်လုပ်သွားဖို့ရှိပါတယ်"ဟု ဦးသူရိန်အောင်ပြောထားသည်။

ထို့ပြင် သီလဝါအထူးစီးပွားရေးဇုန်အတွင်း ရေလမ်းကြောင်းကုန်သွယ်မှု ၊ ကုန်းလမ်းကြောင်း ကုန်သွယ်မှုများအပြင် မီးရထားလမ်းကြောင်းဖြင့် ကုန်သွယ်မှုကိုပါ ဆောင်ရွက်နိုင်ရေးအတွက် မီးရထားသယ်ယူပို့ဆောင်ရေးကဏ္ဍကို တိုးချဲ့နိုင်အောင် ဆောင်ရွက်သွားမည်ဟုဆိုသည်။

အဆိုပါ မီးရထားစီမံကိန်းသည် အချိန်ယူလုပ်ဆောင်ရမည်ဖြစ်ပြီး ဆိပ်ကမ်းအာဏာပိုင် ၊ မြန်မာ့မီးရထားတို့နှင့် ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်သောကြောင့် လာမည့် ၂ နှစ်ခန့်မှသာ စတင်နိုင်မည်ဖြစ်သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]














နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ...
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ...
ဂျပန်သိပ္ပံပညာရှင်တို့က အိပ်မက်များကို မှတ်တမ်းတင်ထားကာ အိပ်ယာနိုးလာချိန်တွင် ပြန်လည်ကြည့်ရှုနိုင်သော နားကြပ်တစ်မျိုး တီထွင်...
ဂျပန်သိပ္ပံပညာရှင်တို့က အိပ်မက်များကို မှတ်တမ်းတင်ထားကာ အိပ်ယာနိုးလာချိန်တွင် ပြန်လည်ကြည့်ရှုနိုင်သော နားကြပ်တစ်မျိုး တီထွင်...
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို ချေမှုန်းနိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို ချေမှုန်းနိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...
ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ
ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
လိုင်စင်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ‌ရေးသားဖော်ပြပေးလိုက်ပါသည်။
လိုင်စင်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ‌ရေးသားဖော်ပြပေးလိုက်ပါသည်။
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service