လာမည့် I’M A CELEB ရုပ်သံအစီအစဉ်ကို အင်္ဂလန်ရှိ သရဲခြောက်သော ရဲတိုက်ကြီးတွင် ပြုလုပ်မည်ဟုဆို
လာမည့် I’M A CELEB ရုပ်သံအစီအစဉ်ကို အင်္ဂလန်ရှိ သရဲခြောက်သော ရဲတိုက်ကြီးတွင် ပြုလုပ်မည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
11 Aug 2020 1:13 pm တွင် တင်ခဲ့သည်
829 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ဗြိတိန်တွင် ထုတ်လွှင့်ပြသလျက်ရှိသည့် ရုပ်သံအစီအစဉ်များအနက် ဆန်းပြားသည့်အစီအစဉ်တစ်ခု ပါဝင်သည်။
ယင်းကား “ကျွန်ုပ်က နာမည်ကျော်တစ်ဦးပါ..ဒီနေရာက ခေါ်ထုတ်ပေးပါ” I'm a Celebrity... Get Me Out Of Here! (I’M A CELEB ဟု အတိုကောက်ခေါ်လေ့ရှိ) ဟု အမည်ရသော အစီအစဉ်ဖြစ်၏။
ထိုအစီအစဉ်တွင် ပါဝင်မည့် ကမ္ဘာကျော် အကျော်အမော်တို့သည် တောတွင်းတစ်နေရာတွင် စခန်းချရမည်ဖြစ်ပြီး အဖွဲ့အတွက် လိုအပ်သည့် စားရေ ရိက္ခာတိို့ကို အဖွဲ့သားတစ်ဦးစီက တာဝန်ယူရှာဖွေကြကာ တောတွင်းတွင် ရှင်သန်ရပ်တည်နိုင်ရန် ရုန်းကန်ကြရမည်ဖြစ်သည်။ ၎င်းတို့၏ လုပ်ဆောင်ပုံများကို ရုပ်သံမှ ထုတ်လွှင့်တင်ဆက်ပြီး ပရိသတ်က တစ်ဦးချင်းကို vote ပေး ရွေးချယ်ကြကာ အမှတ်အများဆုံးလူက "King သို့မဟုတ် Queen of the Jungle" အဖြစ် ဆုရရှိမည် ဖြစ်သည့် အစီအစဉ်ဖြစ်သည်။
ပထမဆုံး I’M A CELEB အစီအစဉ်ကို ၂၀၀၂ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်တွင် စတင်ထုတ်လွှင့်ခဲ့သည်။
ယခုလာမည့် I’M A CELEB အစီအစဉ်အတွက် ရွေးချယ်ထားသည့်နေရာမှာ အင်္ဂလန်နိုင်ငံ၊ ဝေလပြည်နယ်မှ သရဲခြောက်သော ရဲတိုက်ကြီးတစ်လုံးတွင် ဖြစ်သည်ဟု ဆိုသည်။
ယခုနှစ် I’M a CELEB တွင် ပါဝင်မည့်သူတို့သည် ထိုနေရာမှ အမှန်တကယ် ထွက်ပြေးလိုစိတ်များ ပေါ်လာဖွယ်ရာရှိသည်။
ရွေးချယ်ထားသည့် Gwrych Castle ရဲတိုက်ကြီးသည် ဝေလမြောက်ပိုင်းတွင်တည်ရှိပြီး နှစ်ပေါင်း ၂၀၀ သက်တမ်းရှိပြီ ဖြစ်သည်။
ခြောက်ခြားဖွယ် အပျက်အစီးများအကြား မူလပိုင်ရှင် Dundonald မြို့စားကတော်၏ ဝိဉာဉ်က လှည့်ပတ်ချောင်းမြောင်းနေဟန်ရှိသည်။
လွန်ခဲ့သော ၁၀ နှစ်ခန့်က အဆိုပါနေရာတွင် ရိုက်ကူးထားခဲ့သော ကျောချမ်းဖွယ် ဓာတ်ပုံတစ်ပုံရှိသည်။ ပထမထပ်ဆီတွင် မိန်းမငယ်ကလေးတစ်ဦး၏ အရိပ်ကို တွေ့မြင်ရခြင်း ဖြစ်သည်။
အချို့ ပြောကြားချက်များအရ စံအိမ်ဝန်းအတွင်း မြင်းပေါ်မှ ပြုတ်ကျကာ သေဆုံးခဲ့သော အစေခံမိန်းကလေးတစ်ဦး၏ ဝိဉာဉ်လည်း ရဲတိုက်ကြီးအတွင်း ခြောက်လှန့်နေဆဲဖြစ်သည်ဟု ဆိုသည်။
ထို့အပြင် ရဲတိုက်ဝန်း စောင့်ရှောက်ရေးဝန်ထမ်းတို့၏ ဝိဉာဉ်များလည်းရှိနေသည့်အပြင် တိရ စ္ဆာန်သင်္ချိုင်းတစ်ခုလည်း ရဲတိုက်ဝန်းအတွင်း တည်ရှိနေသည်။
ထိုနေရာသည် တချိန်က ခမ်းနားကြီးကျယ်သည့် ညစာစားပွဲများကျင်းပရာ ခန်းမကြီးတစ်ခုဖြစ်ခဲ့ဖွယ်ရှိသည်။ ယနေ့တွင်ကား ပြတင်းအောက်ရှိ ပျဉ်တို့မှာ ဆွေးမြေ့နေပြီဖြစ်ရာ ထိုနေရာတွင် လူတစ်ဦး မတ်တပ်ရပ်နေရန်မှာ မဖြစ်နိုင်ချေ။
I’M a CELEB အစီအစဉ်ထုတ်လုပ်သူတို့က ရဲတိုက်ကြီးအတွင်း ညဘက်တွင် ရိုက်ကူးနိုင်သည့် ကင်မရာများဖြင့် ဆန်းကြယ်သည့် ဖြစ်ရပ်များပေါ်ပေါက်လာပါက မှတ်တမ်းတင်ရန်ပင် စီစဉ်ထားသည်။
ITV မှ သတင်းရင်းမြစ်တစ်ခုက ပြောကြားရာတွင် ယခုနှစ် ရုပ်သံအစီအစဉ်ပြုလုပ်မည့်နေရာသစ်အပေါ် ထုတ်လုပ်သူတို့က အလွန် သဘောတွေ့နေကြောင်း၊ ယခုနှစ် မြင်ကွင်း အပြောင်းအလဲအတွက် စိတ်လှုပ်ရှားနေကြကြောင်း ပြောကြားသည်။
I’M a CELEB အစီအစဉ်ကို မူလက သြစတေးလျနိုင်ငံရှိ တောအုပ်များအတွင်း စခန်းချနေထိုင်ပုံသာ ရိုက်ကူးလေ့ရှိခဲ့သည်။
ယခုနေရာနှင့် စပ်လျဉ်းပြီး အစီအစဉ်တင်ဆက်သူများဖြစ်သော Ant နှင့် Dec တို့ကို တိုင်ပင်ခဲ့သေးသည်ဟုဆိုသည်။ ရဲတိုက်ကြီး တည်ရှိရာဝန်းမှာ ဧကပေါင်း ၂၅၀ ခန့် ကျယ်ဝန်းပြီး တောအုပ်တစ်ခုနှင့် သမင်များကျက်စားရာနေရာတို့ရှိကာ အနီးတွင် သာယာလှပသော Abergele မြို့ တည်ရှိသည်။ အစီအစဉ်တင်ဆက်သူတို့ကလည်း အကြိမ် ၂၀ မြောက် I’M a CELEB အစီအစဉ်သည် ပိုမိုထူးခြားလာလိမ့်မည်ဟု ယူဆလျက်ရှိနေကြသည်။
လှံရှည် စီးချင်းထိုး၊ မြေအောက်အကျဉ်းခန်းများနှင့် ကြိုးစင်အတုများပင်လျှင် ပါဝင်မည်ဖြစ်ကြောင်းနှင့် ရေခဲမတတ်အေးစက်လှသော အိုင်းရစ်ပင်လယ်ရေများကိုလည်း အသုံးပြုသွားဖွယ်ရာရှိကြောင်း သိရသည်။
သရုပ်ဆောင်များအနေဖြင့် ITV ရုပ်သံအစီအစဉ်များတွင် ပါဝင်ခဲ့သည့် ဗာနွန်ခေ (Vernon Kay ) ၊ အင်္ဂလန်ရုပ်ရှင်မင်းသမီး ထမ်ဇင် အုတ်သ်ဝိတ် (Tamzin Outhwaite ) နှင့် ဘဲဗလီ ခါးလာ့ဒ် (Beverley Callard ) တို့ ပါဝင်ဖွယ်ရှိကြောင်း ကောလာဟလများရှိသည်။
ITV သည် အဆိုပါရဲတိုက်ကြီးကို ရက်သတ္တ ၆ ပတ်တာ သုံးစွဲခွင့်နှင့် ရိုက်ကူးရေးအတွက် မွမ်းမံမှုအချို့ ပြုလုပ်ရန် ပေါင် ၁ သန်းခန့် သုံးစွဲဖွယ်ရာရှိသည်။
GWRYCH ရဲတိုက်ကြီးကို ၁၈၁၂ ခုနှစ်မှ ၁၈၂၂ ခုနှစ်အကြား လွိုက်ဒ် ဟက်စ်ကက်သ် ဘမ်းဖို့ဒ်-ဟက်စ်ကက်သ်က ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါရဲတိုက်ကြီးတွင် ခြောက်လှန့်နေသည့် ဝိဉာဉ်မှာ ဟက်စ်ကက်သ်၏ မြေးမ Dundonald မြို့စားကတော်ဖြစ်သည်ဟု ဆိုသည်။
မြို့စားကတော်သည် သူကွယ်လွန်ချိန် ၁၉၂၄ ခုနှစ်အထိ ရဲတိုက်ကြီးတွင် နေထိုင်သွားခဲ့ပြီး ကွယ်လွန်ချိန်တွင် ရဲတိုက်ကြီးကို ဝေလမင်းသား (နောင်အခါ ဂျော့ဘုရင်-၅) သို့ ပေးအပ်ကြောင်း သေတမ်းစာအတွင်း ရေးသားခဲ့သည်။
ဝေလမင်းသားကမူ ရဲတိုက်ကို လက်ခံရန် ငြင်းပယ်ခဲ့သည်။
ဒုတိယကမ္ဘာစစ်ကြီးအတွင်း နာဇီတို့၏ လက်အောက် ဂျာမနီမှ ထွက်ပြေးလာသော ဂျူးကလေးငယ် ဒုက္ခသည်ပေါင်း ၂၀၀ ခန့် ရဲတိုက်ကြီးအတွင်း နေထိုင်ခဲ့ကြဖူးသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: I’m A Celeb’s new camp is spooky castle in Wales haunted by floating woman in white (The Sun)
[Zawgyi]
ခြောက်ခြားဖွယ် အပျက်အစီးများအကြား မူလပိုင်ရှင် Dundonald မြို့ စားကတော်၏ ဝိဥာဉ်က လှည့်ပတ်ချောင်းမြောင်းနေဟန်ရှိသည်။
အချို့ ပြောကြားချက်များအရ စံအိမ်ဝန်းအတွင်း မြင်းပေါ်မှ ပြုတ်ကျကာ သေဆုံးခဲ့သော အစေခံမိန်းကလေးတစ်ဦး၏ ဝိဥာဉ်လည်း ရဲတိုက်ကြီးအတွင်း ခြောက်လှန့်နေဆဲဖြစ်သည်ဟု ဆိုသည်။
ထို့အပြင် ရဲတိုက်ဝန်း စောင့်ရှောက်ရေးဝန်ထမ်းတို့၏ ဝိဥာဉ်များလည်းရှိနေသည့်အပြင် တိရ စ္ဆာန်သင်္ချိုင်းတစ်ခုလည်း ရဲတိုက်ဝန်းအတွင်း တည်ရှိနေသည်။
အဆိုပါရဲတိုက်ကြီးတွင် ခြောက်လှန့်နေသည့် ဝိဥာဉ်မှာ ဟက်စ်ကက်သ်၏ မြေးမ Dundonald မြို့စားကတော်ဖြစ်သည်ဟု ဆိုသည်။
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...
‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……………...
ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံးအုံးကြွက်ကြွက်ဖြစ်ကာ လယ်ထဲတွင် စိန်ရှာပွဲကြီး အလုအယက်လုပ်နေကြပုံ...
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံးအုံးကြွက်ကြွက်ဖြစ်ကာ လယ်ထဲတွင် စိန်ရှာပွဲကြီး အလုအယက်လုပ်နေကြပုံ...
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖြင့် ထီထိုးခဲ့ရာ ရင်းဂစ် ၂ သန်းကျော် ကံထူးခဲ့ပြီး ထီပေါက်သောငွေအားလုံးကို မိမိ၏ ငယ်ဘဝ မူလတန်းကျောင်းလေးသို့ လှူဒါန်းပစ်ခဲ့ပုံ...
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးနေ...
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးနေ...
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျောင်းတက်ခဲ့ကာ အသက် ၂၅ နှစ်တွင် ဆေးတက္ကသိုလ်ကျောင်းသား ဖြစ်လာသော လူငယ်တစ်ဦးအကြောင်း...
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ အိမ်ရာချေးငွေစနစ်ဖြင့် ဝယ်ယူရန်လျှောက်ထားန...
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ အိမ်ရာချေးငွေစနစ်ဖြင့် ဝယ်ယူရန်လျှောက်ထားန...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service