လယ်ယာမြေ အများကြီးဝယ်ထားသူများအခြားနည်းအသုံးပြုခွင့် အမြန်မရချင်ဘူးလား

လယ်ယာမြေ အများကြီးဝယ်ထားသူများအခြားနည်းအသုံးပြုခွင့် အမြန်မရချင်ဘူးလား - Property Knowledge in Myanmar from iMyanmarHouse.com
5 Aug 2020 11:40 am တွင် တင်ခဲ့သည်
1209 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

၂၀၀၂ ခုနှစ် လယ်ယာမြေ ဥပဒေ ပေါ်ထွက်လာပြီး နောက်ပိုင်းမှာ အိမ်ခြံမြေ တိုက်ခန်း အရောင်းအဝယ်များနည်းတူ လယ်ယာ မြေအရောင်းအဝယ်တွေဟာလည်း မြန်မာပြည်အနှံမှာ ဈေးကောင်းရလို့ အပြိုင်အဆိုင်ရောင်းဝယ်လုပ်ကိုင်နေကြတာကိုတွေ့ရပါတယ်။

လယ်ယာမြေ အရောင်းအဝယ် အကောင်းဆုံးနေရာတွေကို လေ့လာ ကြည့်တဲ့အခါ တိုင်းနဲ့ပြည်နယ်မှာရှိတဲ့ လမ်းမကြီး ဝဲယာတစ်လျှောက်နဲ့ လမ်းမ ကြီးဘေးမှာရှိတဲ့ ကျေးရွာတွေနဲ့ နိုင်ငံ တော်အစိုးရက စီမံကိန်းရေးဆွဲထားတဲ့ နယ်မြေ ပတ်ဝန်းကျင်တွေမှာ တွေ့ရပါတယ်။

မြေကွက်ကျယ်ကျယ်၊ ဧကများများ ပိုင်ဆိုင်ပြီး စီးပွားရေးလုပ်ငန်းတွက် ချေကိုက်မယ်လို့ ခန့်မှန်းထားတဲ့ လုပ်ငန်းရှင်တွေဟာ လယ်ယာမြေတွေ ကိုယ်ပိုင် စီးပွားရေးလုပ်နိုင်ရန် အခြားနည်းလျှောက်ထားကြသူ အများအပြားရှိတယ်လို့ သိရပါတယ်။ အဆင့်ဆင့်ဆောင်ရွက်ရတာ တွေကြောင့် နှောင့်နှေးကြန့်ကြာမှုလည်း ရှိနေတယ်လို့ သိရပါတယ်။ ယခုအခါ ဒီလိုမဖြစ်တော့ဘဲ တစ်ပြေးညီဆောင်ရွက် နိုင်အောင် ပြည်ထောင်စုအစိုးရအဖွဲ့က ညွှန်ကြားထားပြီဖြစ်လို့ ဆောင်ရွက်ပုံ အဆင့်ဆင့်ကို လေ့လာတင်ပြလိုက်ပါတယ်။

တပြေးညီဆောင်ရွက်ရေး ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်ထွက်

ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်အစိုးရ ဗဟိုလယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့အနေနဲ့ နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီး ပြည်နယ် အသီးသီးမှာ လယ်ယာမြေကို အခြား နည်းအသုံးပြုရန် လျှောက်ထားခြင်းကိစ္စရပ်နှင့်ပတ်သက်ပြီး နိုင်ငံနှင့်တစ်ဝန်း ပုံစံအမျိုးမျိုးနဲ့ ဆောင်ရွက်နေကြခြင်း အပေါ် တစ်နိုင်ငံလုံး တစ်ပြေးညီဖြစ်စေ ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့ ရဲ့ သဘောတူအကြောင်းကြားချက်အရ ၂၀၁၇ ခုနှစ်၊ မတ်လအတွင်းကပင် ညွှန် ကြားချက်အသစ်ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

အမှုပွဲစားနဲ့ ဝန်ထမ်းများ မသမာမှုတွေ ကြောင့် လယ်ယာမြေအခြားနည်းလျှောက်ရာမှာ ငွေကြေးအကုန်အကျများ

အချို့သော တိုင်းဒေသကြီး ပြည်နယ်များမှာဆိုရင် လယ်ယာမြေကို အခြားနည်းအသုံးပြုရန် ကိစ်္စရပ်အတွက် မြေစာရင်းပုံစံ (၁၀၅) ရေးကူးခွင့်ပြုလုပ် ဖို့ တစ်ကြိမ်၊ လုပ်ငန်းစာတွဲတည်ဆောက် ခြင်းအတွက် တစ်ကြိမ်၊ စုစုပေါင်းနှစ် ကြိမ်တင်ပြနေရတယ်လို့ သိရပါတယ်။ ဒါကြောင့် လုပ်ငန်းဆောင်ရွက်လိုတဲ့ ကာယကံရှင်များအဖို့ မလိုအပ်သော အချိန်ကြန့်ကြာမှုများဖြစ်ပေါ်ခဲ့ရတာကို တွေ့ရပါတယ်။ အဲဒီလို ကြန့်ကြာမှုတွေ ကြောင့် ပြည်သူလူထုအနေနဲ့ ဌာနအပေါ် အထင်အမြင်လွဲမှားတတ်ကြတယ်။ အဲဒီလို အဆင့်ဆင့် နှစ်ကြိမ်တိုင်အောင် အထက်အောက် တင်ပြရမှုတွေကြောင့် ဆောင်ရွက်ရသည့် အဆင့်အပေါ်မူတည် ပြီး မသမာသော ဝန်ထမ်းများအနေနဲ့ လုပ်ပိုင်ခွင့်ကို အကြောင်းပြုကာ “အဂတိ လိုက်စားမှု”များ ဖြစ်ပေါ်တတ်ပါတယ်။

ဒါ့အပြင် ရုံးဌာန၊ အဖွဲ့အစည်း များသို့ ကိုယ်တိုင်မသွားရောက်နိုင်သောသူများအနေနဲ့ အမှုပွဲစားများကို အားကိုးကြရ ပြန်တယ်။ ဒါကြောင့် ငွေကြေးပိုမို ကုန်ကျရခြင်းစတဲ့ ဆိုးကျိုးတွေ ဖြစ်ပေါ်ခဲ့ရပါတယ်။

လယ်ယာမြေအခြားနည်းသုံးစွဲခွင့် တစ်ကြိမ်တည်းနဲ့ ရဖို့အတွက် သက်ဆိုင်ရာအစိုးရထံမှ ခွင့်ပြုချက်ရ

အထက်ပါဆိုးကျိုးများကို ရှောင်ရှားနိုင်ဖို့အတွက် ယခုအခါ လယ်ယာ မြေကို အခြားနည်းအသုံးပြုခွင့်လျှောက် ထားတဲ့ကိစ်္စရပ်တွေနဲ့ ပတ်သက်ပြီး မြေစာရင်းပုံစံ (၁၀၅)နဲ့ သက်သေခံမြေပုံ မြေစာရင်းပုံစံ (၁၀၆)တို့ကို မြေရာဇဝင် ရေးကူးပြီးရင် သက်ဆိုင်ရာလယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီး ဌာနရဲ့ လုပ်ထုံးလုပ်နည်းများအတိုင်း ရေးကူးစေပြီးနောက် လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့် လုပ်ငန်းစာတမ်း ဖြင့် ပူးတွဲပြီး သက်ဆိုင်ရာအစိုးရအဖွဲ့ တစ်ကြိမ်တည်း စိစစ်ခွင့်ပြုဖို့နဲ့ လုပ်ငန်း ကို တစ်နိုင်ငံလုံး တစ်ပြေးညီ ကျင့်သုံး ဆောင်ရွက်နိုင်စေရေးအတွက် ဗဟိုလယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့မှ ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြခဲ့တယ်လို့ သိရပါတယ်။ အဲဒီလို တင်ပြသည့်အတိုင်း ဆောင်ရွက်ရန် သဘောတူခွင့်ပြုခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

အခြားနည်းအသုံးပြုခွင့်ရဖို့ မြို့နယ်မှ တိုင်းအထိ အဆင့်ဆင့်ခွင့်ပြုချက်ရဖို့ လိုအပ်

ဒါကြောင့် လယ်ယာမြေကို အခြားနည်းအသုံးပြုလိုသူများအနေနဲ့ ယခင်ကလို နှောင့်နှေးကြန့်ကြာခြင်းမရှိ တော့ဘဲ သက်ဆိုင်ရာ လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှာ မြေစာရင်းပုံစံ (၁၀၅)၊ (၁၀၆) ရေးကူး ပြီး လယ်ယာမြေဥပဒေပုဒ်မ ၂၉/၃၀(က)/ ၃၀(ခ)အရ လုပ်ငန်းစာတွဲ ဖွင့်လှစ်ရန် သာ လိုအပ်ပါတယ်။

ဒါပေမဲ့ မြို့နယ်၊ ခရိုင်၊ တိုင်း ဒေသကြီး၊ ပြည်နယ်တို့က အဆင့်ဆင့်ထောက်ခံချက်ပါရပါမယ်။ လယ်မြေဖြစ်ပါက ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အခြားလယ်ယာမြေဖြစ်နေပါက နေပြည် တော်ကောင်စီ ဒါမှမဟုတ် တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်ကို ရယူရန် လိုအပ်တယ်လို့ သိရပါတယ်။

အခြားနည်းအသုံးပြုခွင့်ရဖို့ အချက်(၁၁) ခု တင်ပြရန်လို

လယ်ယာမြေဥပဒေပုဒ်မ ၂၉/ ၃၀(က)/၃၀(ခ)အရ လုပ်ငန်းစာတွဲ ဖွင့်လှစ်တဲ့အခါမှာ လျှောက်ထားသူများ အနေနဲ့ အောက်ပါစာရွက်စာတမ်း အထောက်အထားများကို ပြည့်စုံစွာ ပူးတွဲတင်ပြရန် လိုအပ်ပါတယ်။ [က] လယ် ယာမြေကို အခြားနည်းအသုံးပြုရန် လျှောက်လွှာပုံစံ-၁၄၊ [ခ] မြေစာရင်းပုံစံ (၁၀၅)၊ (၁၀၆)၊ [ဂ] ပတ်ဝန်းကျင်ပြမြေပုံ၊ [ဃ] မြေတည်ရှိရာ အခြေပြမြေပုံ (Loca-tion Map)၊ [င] ဆိုက်ပလင် ( Site Plan)၊ [စ] ဓာတ်ပုံမှတ်တမ်းများ၊ [ဆ] လယ်ယာ မြေလုပ်ပိုင်ခွင့်ပြုလက်မှတ် [ပုံစံ-၇] မိတ္တူ [ဇ] ရပ်ကွက်၊ ကျေးရွာအုပ်စု လယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့၏ထောက်ခံချက်၊ [ဈ] ဘေးပတ်ဝန်းကျင် လယ်သမားနှစ်ဦး၏ ထွက်ဆိုချက်၊ [ည] လျှောက်ထားသူ၏ မှတ်ပုံတင် (မိတ္တူ)တို့ကို ပူးတွဲတင်ပြရပါမယ်။

လယ်မြေမဟုတ်တဲ့ လယ်ယာမြေကို အခြားနည်းသုံးစွဲခွင့်ရဖို့ နေပြည်တော်/ တိုင်းနှင့် ပြည်နယ်ကသာ ခွင့်ပြုမိန့်ပေး

လယ်ယာမြေကို အခြားနည်း အသုံးပြုရန် လျှောက်ထားသည့် ကိစ္စရပ် များအနက် “လယ်မြေကို အခြားနည်း အသုံးပြု၍ ခွင့်ပြုမိန့်ပုံစံ (၁၅)”ကို ရရှိ ဖို့အတွက် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့အထိ လုပ်ငန်းစာတွဲပေးပို့တင်ပြ ကြရမည်ဖြစ်ပါတယ်။ လယ်မြေ မဟုတ်သော အခြားလယ်ယာမြေကို အခြားနည်း အသုံးပြု၍ ခွင့်ပြုမိန့်ပုံစံ (၁၅-က)ကို တော့ နေပြည်တော်ကောင်စီ ဒါမှမဟုတ် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ များကသာ ထုတ်ပေးပိုင်ခွင့်ရှိတယ်လို့ သိရပါတယ်။

ယခုအခါ အချို့သော တိုင်းဒေသကြီးအစိုးရအဖွဲ့ (ဥပမာ ရန်ကုန် တိုင်းဒေသကြီး)များက လယ်မြေကို အခြားနည်းအသုံးပြုခွင့်လျှောက်ထားမှုကို တားမြစ်ပိတ်ပင်လိုက်ပြီဟု ကြားသိရပါတယ်။

အချုပ်ဆိုသော် လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့်လျှောက်ထားလိုသော လူပုဂ်္ဂိုလ်တစ်ဦးချင်း ဒါမှမဟုတ် အဖွဲ့အစည်းများအနေနဲ့ လယ်မြေဖြစ် စေ၊ လယ်မြေမဟုတ်သော အခြားလယ် ယာမြေကိုဖြစ်စေ၊ သက်ဆိုင်ရာမြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံးများတွင် မြေစာရင်း ပုံစံ (၁၀၅)၊ (၁၀၆) လုပ်ငန်းစာတွဲနှင့် အတူ ပူးတွဲလျှောက်ထားနိုင်ပြီဖြစ်ပါတယ်။ ဒါကြောင့် ယခင်ကထက် ပိုမို အဆင်ပြေချောမွေ့လွယ်ကူလာနိုင်တော့မည်ဖြစ်ပါကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။

ရှာဖွေလေ တွေ့ရှိလေမို့ ရှာဖွေဖို့ မမေ့ကြစို့

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက်  ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

လယ္ယာေျမ အမ်ားႀကီး၀ယ္ထားသူမ်ားအျခားနည္းအသံုးျပဳခြင့္ အျမန္မရခ်င္ဘူးလား

၂၀၀၂ ခုႏွစ္ လယ္ယာေျမ ဥပေဒ ေပၚထြက္လာၿပီး ေနာက္ပိုင္းမွာ အိမ္ၿခံေျမ တိုက္ခန္း အေရာင္းအ၀ယ္မ်ားနည္းတူ လယ္ယာ ေျမအေရာင္းအ၀ယ္ေတြဟာလည္း ျမန္မာျပည္အႏွံမွာ ေစ်းေကာင္းရလို႔ အၿပိဳင္အဆိုင္ေရာင္း၀ယ္လုပ္ကိုင္ေနၾကတာကိုေတြ႕ရပါတယ္။

လယ္ယာေျမ အေရာင္းအ၀ယ္ အေကာင္းဆံုးေနရာေတြကို ေလ့လာ ၾကည့္တဲ့အခါ တိုင္းနဲ႔ျပည္နယ္မွာရွိတဲ့ လမ္းမႀကီး ၀ဲယာတစ္ေလွ်ာက္နဲ႔ လမ္းမ ႀကီးေဘးမွာရွိတဲ့ ေက်းရြာေတြနဲ႔ ႏိုင္ငံ ေတာ္အစိုးရက စီမံကိန္းေရးဆြဲထားတဲ့ နယ္ေျမ ပတ္၀န္းက်င္ေတြမွာ ေတြ႕ရပါတယ္။

ေျမကြက္က်ယ္က်ယ္၊ ဧကမ်ားမ်ား ပိုင္ဆိုင္ၿပီး စီးပြားေရးလုပ္ငန္းတြက္ ေခ်ကိုက္မယ္လို႔ ခန္႔မွန္းထားတဲ့ လုပ္ငန္းရွင္ေတြဟာ လယ္ယာေျမေတြ ကိုယ္ပိုင္ စီးပြားေရးလုပ္ႏိုင္ရန္ အျခားနည္းေလွ်ာက္ထားၾကသူ အမ်ားအျပားရွိတယ္လို႔ သိရပါတယ္။ အဆင့္ဆင့္ေဆာင္ရြက္ရတာ ေတြေၾကာင့္ ေႏွာင့္ေႏွးၾကန္႔ၾကာမႈလည္း ရွိေနတယ္လို႔ သိရပါတယ္။ ယခုအခါ ဒီလိုမျဖစ္ေတာ့ဘဲ တစ္ေျပးညီေဆာင္ရြက္ ႏိုင္ေအာင္ ျပည္ေထာင္စုအစိုးရအဖြဲ႕က ၫႊန္ၾကားထားၿပီျဖစ္လို႔ ေဆာင္ရြက္ပံု အဆင့္ဆင့္ကို ေလ့လာတင္ျပလိုက္ပါတယ္။

တေျပးညီေဆာင္ရြက္ေရး ျပည္ေထာင္စု အစိုးရအဖြဲ႕ရဲ႕ ၫႊန္ၾကားခ်က္ထြက္

ျပည္ေထာင္စုသမၼတ ျမန္မာ ႏိုင္ငံေတာ္အစိုးရ ဗဟိုလယ္ယာေျမစီမံ ခန္႔ခြဲမႈအဖြဲ႕အေနနဲ႔ ေနျပည္ေတာ္ေကာင္စီ အပါအ၀င္ တိုင္းေဒသႀကီး ျပည္နယ္ အသီးသီးမွာ လယ္ယာေျမကို အျခား နည္းအသံုးျပဳရန္ ေလွ်ာက္ထားျခင္းကိိစၥရပ္ႏွင့္ပတ္သက္ၿပီး ႏိုင္ငံႏွင့္တစ္၀န္း ပံုစံအမ်ဳိးမ်ဳိးနဲ႔ ေဆာင္ရြက္ေနၾကျခင္း အေပၚ တစ္ႏိုင္ငံလံုး တစ္ေျပးညီျဖစ္ေစ ေရးအတြက္ ျပည္ေထာင္စုအစိုးရအဖြဲ႕ ရဲ႕ သေဘာတူအေၾကာင္းၾကားခ်က္အရ ၂၀၁၇ ခုႏွစ္၊ မတ္လအတြင္းကပင္ ၫႊန္ ၾကားခ်က္အသစ္ထုတ္ျပန္ခဲ့တယ္လို႔ သိရပါတယ္။

အမႈပြဲစားနဲ႔ ၀န္ထမ္းမ်ား မသမာမႈေတြ ေၾကာင့္ လယ္ယာေျမအျခားနည္းေလွ်ာက္ရာမွာ ေငြေၾကးအကုန္အက်မ်ား

အခ်ဳိ႕ေသာ တိုင္းေဒသႀကီး ျပည္နယ္မ်ားမွာဆိုရင္ လယ္ယာေျမကို အျခားနည္းအသံုးျပဳရန္ ကိစ္ၥရပ္အတြက္ ေျမစာရင္းပံုစံ (၁၀၅) ေရးကူးခြင့္ျပဳလုပ္ ဖုိ႔ တစ္ႀကိမ္၊ လုပ္ငန္းစာတြဲတည္ေဆာက္ ျခင္းအတြက္ တစ္ႀကိမ္၊ စုစုေပါင္းႏွစ္ ႀကိမ္တင္ျပေနရတယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ လုပ္ငန္းေဆာင္ရြက္လိုတဲ့ ကာယကံရွင္မ်ားအဖို႔ မလိုအပ္ေသာ အခ်ိန္ၾကန္႔ၾကာမႈမ်ားျဖစ္ေပၚခဲ့ရတာကို ေတြ႕ရပါတယ္။ အဲဒီလို ၾကန္႔ၾကာမႈေတြ ေၾကာင့္ ျပည္သူလူထုအေနနဲ႔ ဌာနအေပၚ အထင္အျမင္လြဲမွားတတ္ၾကတယ္။ အဲဒီလို အဆင့္ဆင့္ ႏွစ္ႀကိမ္တိုင္ေအာင္ အထက္ေအာက္ တင္ျပရမႈေတြေၾကာင့္ ေဆာင္ရြက္ရသည့္ အဆင့္အေပၚမူတည္ ၿပီး မသမာေသာ ၀န္ထမ္းမ်ားအေနနဲ႔ လုပ္ပိုင္ခြင့္ကို အေၾကာင္းျပဳကာ “အဂတိ လိုက္စားမႈ”မ်ား ျဖစ္ေပၚတတ္ပါတယ္။

ဒါ့အျပင္ ႐ံုးဌာန၊ အဖြဲ႕အစည္း မ်ားသုိ႔ ကိုယ္တိုင္မသြားေရာက္ႏိုင္ေသာသူမ်ားအေနနဲ႔ အမႈပြဲစားမ်ားကို အားကိုးၾကရ ျပန္တယ္။ ဒါေၾကာင့္ ေငြေၾကးပိုမို ကုန္က်ရျခင္းစတဲ့ ဆိုးက်ဳိးေတြ ျဖစ္ေပၚခဲ့ရပါတယ္။

လယ္ယာေျမအျခားနည္းသံုးစြဲခြင့္ တစ္ႀကိမ္တည္းနဲ႔ ရဖို႔အတြက္ သက္ဆိုင္ရာအစိုးရထံမွ ခြင့္ျပဳခ်က္ရ

အထက္ပါဆိုးက်ဳိးမ်ားကို ေရွာင္ရွားႏိုင္ဖို႔အတြက္ ယခုအခါ လယ္ယာ ေျမကို အျခားနည္းအသံုးျပဳခြင့္ေလွ်ာက္ ထားတဲ့ကိစ္ၥရပ္ေတြနဲ႔ ပတ္သက္ၿပီး ေျမစာရင္းပံုစံ (၁၀၅)နဲ႔ သက္ေသခံေျမပံု ေျမစာရင္းပံုစံ (၁၀၆)တို႔ကို ေျမရာဇ၀င္ ေရးကူးၿပီးရင္ သက္ဆိုင္ရာလယ္ယာေျမ စီမံခန္႔ခြဲေရးႏွင့္ စာရင္းအင္းဦးစီး ဌာနရဲ႕ လုပ္ထံုးလုပ္နည္းမ်ားအတိုင္း ေရးကူးေစၿပီးေနာက္ လယ္ယာေျမကို အျခားနည္းအသံုးျပဳခြင့္ လုပ္ငန္းစာတမ္း ျဖင့္ ပူးတြဲၿပီး သက္ဆိုင္ရာအစိုးရအဖြဲ႕ တစ္ႀကိမ္တည္း စိစစ္ခြင့္ျပဳဖို႔နဲ႔ လုပ္ငန္း ကို တစ္ႏိုင္ငံလံုး တစ္ေျပးညီ က်င့္သံုး ေဆာင္ရြက္ႏိုင္ေစေရးအတြက္ ဗဟိုလယ္ယာ ေျမစီမံခန္႔ခြဲမႈအဖြဲ႕မွ ျပည္ေထာင္စု အစိုးရအဖြဲ႕သို႔ တင္ျပခဲ့တယ္လို႔ သိရပါတယ္။ အဲဒီလို တင္ျပသည့္အတိုင္း ေဆာင္ရြက္ရန္ သေဘာတူခြင့္ျပဳခဲ့ျခင္းျဖစ္တယ္လို႔ သိရပါတယ္။

အျခားနည္းအသံုးျပဳခြင့္ရဖို႔ ၿမိဳ႕နယ္မွ တိုင္းအထိ အဆင့္ဆင့္ခြင့္ျပဳခ်က္ရဖို႔ လိုအပ္

ဒါေၾကာင့္ လယ္ယာေျမကို အျခားနည္းအသံုးျပဳလိုသူမ်ားအေနနဲ႔ ယခင္ကလို ေႏွာင့္ေႏွးၾကန္႔ၾကာျခင္းမရွိ ေတာ့ဘဲ သက္ဆိုင္ရာ လယ္ယာေျမစီမံ ခန္႔ခြဲေရးႏွင့္ စာရင္းအင္းဦးစီးဌာနမွာ ေျမစာရင္းပံုစံ (၁၀၅)၊ (၁၀၆) ေရးကူး ၿပီး လယ္ယာေျမဥပေဒပုဒ္မ ၂၉/၃၀(က)/ ၃၀(ခ)အရ လုပ္ငန္းစာတြဲ ဖြင့္လွစ္ရန္ သာ လိုအပ္ပါတယ္။

ဒါေပမဲ့ ၿမိဳ႕နယ္၊ ခ႐ိုင္၊ တုိင္း ေဒသႀကီး၊ ျပည္နယ္တို႔က အဆင့္ဆင့္ေထာက္ခံခ်က္ပါရပါမယ္။ လယ္ေျမျဖစ္ပါက ဗဟိုလယ္ယာေျမစီမံခန္႔ခြဲမႈအဖြဲ႕ အျခားလယ္ယာေျမျဖစ္ေနပါက ေနျပည္ ေတာ္ေကာင္စီ ဒါမွမဟုတ္ တိုင္းေဒသႀကီး ျပည္နယ္အစိုးရအဖြဲ႕ရဲ႕ ခြင့္ျပဳခ်က္ကို ရယူရန္ လိုအပ္တယ္လို႔ သိရပါတယ္။

အျခားနည္းအသံုးျပဳခြင့္ရဖို႔ အခ်က္(၁၁) ခု တင္ျပရန္လို

လယ္ယာေျမဥပေဒပုဒ္မ ၂၉/ ၃၀(က)/၃၀(ခ)အရ လုပ္ငန္းစာတြဲ ဖြင့္လွစ္တဲ့အခါမွာ ေလွ်ာက္ထားသူမ်ား အေနနဲ႔ ေအာက္ပါစာရြက္စာတမ္း အေထာက္အထားမ်ားကို ျပည့္စံုစြာ ပူးတဲြတင္ျပရန္ လိုအပ္ပါတယ္။ [က] လယ္ ယာေျမကို အျခားနည္းအသံုးျပဳရန္ ေလွ်ာက္လႊာပံုစံ-၁၄၊ [ခ] ေျမစာရင္းပံုစံ (၁၀၅)၊ (၁၀၆)၊ [ဂ] ပတ္၀န္းက်င္ျပေျမပံု၊ [ဃ] ေျမတည္ရွိရာ အေျချပေျမပံု (Loca-tion Map)၊ [င] ဆိုက္ပလင္ ( Site Plan)၊ [စ] ဓာတ္ပံုမွတ္တမ္းမ်ား၊ [ဆ] လယ္ယာ ေျမလုပ္ပိုင္ခြင့္ျပဳလက္မွတ္ [ပုံစံ-၇] မိတၱဴ [ဇ] ရပ္ကြက္၊ ေက်းရြာအုပ္စု လယ္ယာ ေျမစီမံခန္႔ခြဲမႈအဖြဲ႕၏ေထာက္ခံခ်က္၊ [စ်] ေဘးပတ္၀န္းက်င္ လယ္သမားႏွစ္ဦး၏ ထြက္ဆိုခ်က္၊ [ည] ေလွ်ာက္ထားသူ၏ မွတ္ပံုတင္ (မိတၱဴ)တို႔ကို ပူးတြဲတင္ျပရပါမယ္။

လယ္ေျမမဟုတ္တဲ့ လယ္ယာေျမကို အျခားနည္းသံုးစြဲခြင့္ရဖို႔ ေနျပည္ေတာ္/ တိုင္းႏွင့္ ျပည္နယ္ကသာ ခြင့္ျပဳမိန္႔ေပး

လယ္ယာေျမကို အျခားနည္း အသံုးျပဳရန္ ေလွ်ာက္ထားသည့္ ကိစၥရပ္ မ်ားအနက္ “လယ္ေျမကို အျခားနည္း အသံုးျပဳ၍ ခြင့္ျပဳမိန္႔ပံုစံ (၁၅)”ကို ရရွိ ဖို႔အတြက္ ဗဟိုလယ္ယာေျမစီမံခန္႔ခြဲမႈ အဖြဲ႕အထိ လုပ္ငန္းစာတြဲေပးပို႔တင္ျပ ၾကရမည္ျဖစ္ပါတယ္။ လယ္ေျမ မဟုတ္ေသာ အျခားလယ္ယာေျမကို အျခားနည္း အသံုးျပဳ၍ ခြင့္ျပဳမိန္႔ပံုစံ (၁၅-က)ကို ေတာ့ ေနျပည္ေတာ္ေကာင္စီ ဒါမွမဟုတ္ တိုင္းေဒသႀကီး၊ ျပည္နယ္အစိုးရအဖြဲ႕ မ်ားကသာ ထုတ္ေပးပိုင္ခြင့္ရွိတယ္လို႔ သိရပါတယ္။

ယခုအခါ အခ်ဳိ႕ေသာ တုိင္းေဒသႀကီးအစိုးရအဖြဲ႕ (ဥပမာ ရန္ကုန္ တိုင္းေဒသႀကီး)မ်ားက လယ္ေျမကို အျခားနည္းအသံုးျပဳခြင့္ေလွ်ာက္ထားမႈကို တားျမစ္ပိတ္ပင္လိုက္ၿပီဟု ၾကားသိရပါတယ္။

အခ်ဳပ္ဆိုေသာ္ လယ္ယာေျမကို အျခားနည္းအသံုးျပဳခြင့္ေလွ်ာက္ထားလိုေသာ လူပုဂ္ၢိဳလ္တစ္ဦးခ်င္း ဒါမွမဟုတ္ အဖြဲ႕အစည္းမ်ားအေနနဲ႔ လယ္ေျမျဖစ္ ေစ၊ လယ္ေျမမဟုတ္ေသာ အျခားလယ္ ယာေျမကိုျဖစ္ေစ၊ သက္ဆိုင္ရာၿမိဳ႕နယ္ လယ္ယာေျမ စီမံခန္႔ခြဲေရးႏွင့္ စာရင္းအင္းဦးစီးဌာန႐ံုးမ်ားတြင္ ေျမစာရင္း ပံုစံ (၁၀၅)၊ (၁၀၆) လုပ္ငန္းစာတြဲႏွင့္ အတူ ပူးတြဲေလွ်ာက္ထားႏုိင္ၿပီျဖစ္ပါတယ္။ ဒါေၾကာင့္ ယခင္ကထက္ ပိုမို အဆင္ေျပေခ်ာေမြ႕လြယ္ကူလာႏိုင္ေတာ့မည္ျဖစ္ပါေၾကာင္း သတင္းေကာင္းပါးလိုက္ရပါတယ္။

ရွာေဖြေလ ေတြ႕ရွိေလမို႔ ရွာေဖြဖို႔ မေမ့ၾကစို႔

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္  ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

လႊတ္ေတာ္ေရွ႕ေန ေမာင္ေကာင္းေဖ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buffett က သူ၏ လက်ဝတ်ရတနာဆိုင်သို့ ခေါ်သွားခဲ့ပြီး ဒေါ်လာ သန်း ၄၀၀ နီးပါးသုံးစွဲကာ စိန်လက်စွပ်ဝယ်ယူရန် တိုက်တွန်းခဲ့သော်လ...
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buffett က သူ၏ လက်ဝတ်ရတနာဆိုင်သို့ ခေါ်သွားခဲ့ပြီး ဒေါ်လာ သန်း ၄၀၀ နီးပါးသုံးစွဲကာ စိန်လက်စွပ်ဝယ်ယူရန် တိုက်တွန်းခဲ့သော်လ...
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်တွင် ကန်ဒေါ်လာ သန်း ၁၃၀၀ ထီပေါက်...
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်တွင် ကန်ဒေါ်လာ သန်း ၁၃၀၀ ထီပေါက်...
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...
သစ်တောဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သစ်တောဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Social Media ပေါ်မှာ စိတ်ဝင်စားမှုအများဆုံး ဗီယက်နမ်နိုင်ငံရဲ့ ဘတ်စကက်ဘောလှေ ( သို့မဟုတ် ) အုန်းသီးလှေ...
Social Media ပေါ်မှာ စိတ်ဝင်စားမှုအများဆုံး ဗီယက်နမ်နိုင်ငံရဲ့ ဘတ်စကက်ဘောလှေ ( သို့မဟုတ် ) အုန်းသီးလှေ...
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
ဆန်ကရန်တီ (သို့မဟုတ်) ဆောင်ကရန် (သို့မဟုတ်) ထိုင်းသင်္ကြန်ပွဲတော်
ဆန်ကရန်တီ (သို့မဟုတ်) ဆောင်ကရန် (သို့မဟုတ်) ထိုင်းသင်္ကြန်ပွဲတော်
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
သိမှတ်စရာ အိမ်ခြံမြေရေးရာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
shwe-hninsi
ponnami

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service