ဗိုလ်ချုပ်ပုံပါ ၅၀၀ကျပ်တန် ​ငွေစက္ကူများ စီးပွား​ရေးဘဏ်များတွင်လဲလှယ်နိုင်

ဗိုလ်ချုပ်ပုံပါ ၅၀၀ကျပ်တန် ​ငွေစက္ကူများ စီးပွား​ရေးဘဏ်များတွင်လဲလှယ်နိုင် - Property News in Myanmar from iMyanmarHouse.com
21 Jul 2020 10:39 am တွင် တင်ခဲ့သည်
3276 ကြိမ် ကြည့်ရှု့ပြီး

[Unicode] 

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံပါ ၅၀၀ကျပ်တန် ငွေစက္ကူ အသစ်ကို ဇူလိုင် ၂၁ ရက်က စတင်၍ မြန်မာ့စီးပွားရေး ဘဏ်ခွဲများတွင် လဲလှယ်နိုင်မည်ဟု မြန်မာ့စီးပွားရေး ဘဏ်တာဝန်ရှိသူက​ပြောသည်။

ဗိုလ်ချုပ်ရုပ်ပုံပါ ၅၀၀ ကျပ်တန် ငွေစက္ကူပုံစံအသစ်ကို ဇူလိုင် ၁၉ ရက်(အာဇာနည်နေ့)တွင် ထုတ်ဝေမည်ဟု ဗဟိုဘဏ်က ထုတ်ပြန်ထားသော်လည်း အာဇာ နည်နေ့သည် အစိုးရရုံးပိတ်ရက် ဖြစ်ခြင်း၊ ဇူလိုင် ၂၀ ရက်သည်လည်း အစားထိုး ရုံးပိတ်ရက်ဖြစ်ခြင်းကြောင့် ဇူလိုင် ၂၁ ရက်မှသာ လဲလှယ်ခွင့်ရရှိမည်ဖြစ်သည်။

ဗိုလ်ချုပ်ရုပ်ပုံပါ ငွေစက္ကူများ စတင်ထုတ်ဝေချိန်တွင် လဲလှယ်လိုသူများခြင်းကြောင့် ဖြန့် ဝေရေးပိုင်းတွင် အခက်အခဲရှိနိုင်သည်ဟုလည်း မြန်မာ့စီးပွား​ရေးဘဏ် အ​ထျွေထွမန်​နေဂျာ ဦးအောင်မျိုးထွန်း က ပြောသည်။ ဗိုလ်ချုပ်ရုပ်ပုံပါ ကျပ်တစ်ထောင်တန်ငွေစက္ကူ စတင်ထုတ်ဝေချိန်ကလည်း လဲ လှယ်လိုသူများခြင်းကြောင့် မြန်မာ့စီးပွားရေးဘဏ်များတွင် တန်းစီပြီးမှ အကန့်အသတ်ဖြင့်လဲလှယ် ပေးခဲ့သည်။

ဘဏ်တွင်ရှိသော ငွေပမာဏထက် လဲလှယ်လိုသူများသည့် အခြေအနေမျိုး ထပ်မံဖြစ်နိုင် သည်ဟု ဦးအောင်မျိုးထွန်းက ပြောသည်။

‘‘စဖြန့်တာဆိုတော့ လူတွေ လိုသလောက်တော့ ရဖို့မလွယ် ဘူး’’ ဟု ဦးအောင်မျိုးထွန်းကဆို သည်။

ဗိုလ်ချုပ်ရုပ်ပုံပါ ၅၀၀ ကျပ်တန် ငွေစက္ကူအရွယ်မှာ အလျား ၁၅၀ မီလီမီတာ၊ အနံ ၇၀ မီလီမီ တာရှိသည်။ ငွေစက္ကူသည် ပေါ် လွင်သော နီညိုရောင်ရှိပြီး အပေါ် ဘက်တွင် မြန်မာနိုင်ငံတော်ဗဟို ဘဏ်စာတန်းကို ရိုက်နှိပ်ထားသည်။ ၅၀၀ ကျပ်တန်၏ မျက်နှာ ပြင်တွင် ဗိုလ်ချုပ်ပုံရိုက်နှိပ်ထားမည်ဖြစ်ပြီး လက်ယာဘက်တွင် ငွေစက္ကူတန်ဖိုးကို မြန်မာဘာသာဖြင့် ‘ငါးရာကျပ်’ဟု ဖော်ပြထား မည်ဖြစ်သည်။

ထောင့်သုံးထောင့်တွင် ငွေ စက္ကူတန်ဖိုးများကို ကိန်းဂဏန်းဖြင့် ဖော်ပြမည်ဖြစ်သည်။ ငွေစက္ကူနံပါတ်များကို မြန်မာအက္ခ ရာကိန်းဂဏန်းများဖြင့် အလျား လိုက်ရိုက်နှိပ်ပြီး အင်္ဂလိပ်အက္ခ ရာဖြင့် အင်္ဂလိပ်ဂဏန်းများကို ရိုက်နှိပ်ထားမည်ဖြစ်သည်။ ငွေစက္ကူလက်ဝဲဘက်တွင် ဗိုလ်ချုပ် အောင်ဆန်းပုံရေစာပါရှိသည်။ လုံခြုံရေးကြိုးကို ဒေါင်လိုက်မြှုပ်နှံထည့်သွင်းထားပြီး ငွေစက္ကူ၏ ဘယ်ညာအစွန်းများတွင် ဖောင်းကြွလှိုင်းတိုများ ရိုက်နှိပ်ထား သည်။

၅၀၀ ကျပ်တန်၏ ကျောဘက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် အဆောက်အအုံပုံ ရိုက်နှိပ်ထားပြီး အပေါ်ပိုင်းတွင် ‘CENTRAL BANK OF MYANMAR’ စာတန်းနှင့် အောက်ပိုင်းတွင် ‘FIVE HUNDRED KYATS’ ဟူ သောစာတန်းများ ရိုက်နှိပ်ထားသည်။ ထောင့်သုံးထောင့်တွင်ငွေ စက္ကူ၏ တန်ဖိုးကိန်းဂဏန်းများ ရိုက်နှိပ်ထားသည်။

ဗိုလ်ချုပ်ပုံပါ ငွေစက္ကူပုံစံအသစ် ထုတ်လုပ်မည်ဖြစ်သော်လည်း လက်ရှိသုံးစွဲလျက်ရှိသော ၅၀၀ ကျပ်တန် ငွေစက္ကူများက တရားဝင်ငွေအဖြစ် ဆက်လက် ရှိနေမည်ဖြစ်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်သည်။

ပြည်တွင်းသုံးစွဲနေသည့် ငွေစက္ကူအားလုံးကို ဗိုလ်ချုပ်ရုပ်ပုံဖြင့် ဆက်လက်ထုတ်ဝေသွားမည်ဟု ဇွန်လ ၁၅ ရက်က နေပြည် တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန တွင်ပြုလုပ်သော အစိုးရ၏ လေးနှစ်တာကာလ သတင်းစာရှင်း လင်းပွဲတွင် ဗဟိုဘဏ်ဒုတိယ ဥက္ကဋ္ဌဦးစိုးမင်းက ပြောကြားထားသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]














နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
Magical World
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service