အိန္ဒိယနိုင်ငံ၏မြို့တော် ဟိုတယ်လုပ်ငန်းအဖွဲ့က တရုတ်ခရီးသွားများကို လက်မခံရန် ဟိုတယ်များကို အမိန့်ထုတ်

အိန္ဒိယနိုင်ငံ၏မြို့တော် ဟိုတယ်လုပ်ငန်းအဖွဲ့က တရုတ်ခရီးသွားများကို လက်မခံရန် ဟိုတယ်များကို အမိန့်ထုတ် - Property News in Myanmar from iMyanmarHouse.com
9 Jul 2020 12:24 pm တွင် တင်ခဲ့သည်
761 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ပြီးခဲ့သောလအတွင်း ဟိမဝန္တာတောင်တန်းပေါ်ရှိ တရုတ်-အိန္ဒိယနယ်စပ်တွင် နှစ်နိုင်ငံတပ်များ စစ်ရေးတင်းမာမှု ဖြစ်ပေါ်ခဲ့ရာ အိန္ဒိယတွင် တရုတ်ဆန့်ကျင်ရေးစိတ်များ မြင့်တက်လာပြီးနောက် အိန္ဒိယဟိုတယ်လုပ်ငန်းအဖွဲ့သည် အဖွဲ့ဝင်ပေါင်း ၃၀၀၀ ကျော်ပါဝင်သည့် တည်းခိုရေးနေရာများတွင် တရုတ်ခရီးသည်များ လက်မခံရန် တားမြစ်ချက်အမိန့်ထုတ်ပြန်လိုက်သည်။

“တရုတ်ရဲ့ ယုတ်ညံ့တဲ့အပြုအမူတွေကို သုံးသပ်ပြီးတဲ့နောက် ဒေလီမှာရှိတဲ့ ဟိုတယ်နဲ့ တည်းခိုခန်းတွေမှာ တရုတ်ခရီးသွားတွေကို လက်မခံဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်” ဟု ဒေလီဟိုတယ်နှင့် စားသောက်ဆိုင်ပိုင်ရှင်များအသင်း (DHROA) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

DHROA အသင်းတွင် ဒေလီမြို့ရှိ တန်ဖိုးနည်းဟိုတယ်များ ဖွဲ့စည်းပါဝင်ပြီး ဟိုတယ်ခန်းပေါင်း ၇၅၀၀၀ ခန့်ရှိသည်။

DHROA က ၎င်း၏အဖွဲ့ဝင် ဟိုတယ်များကို တရုတ်ပြည်မှထုတ်လုပ်သော ပရိဘောဂများနှင့် မီးဖိုဆောင်အသုံးအဆောင်ပစ္စည်းများကို အသုံးမပြုရန်လည်း ညွှန်ကြားထားသည်ဟု ဆိုသည်။

နယ်စပ်တွင် ဖြစ်ပေါ်ခဲ့သော တင်းမာမှုများကြောင့် အိန္ဒိယတွင် တရုတ်ထုတ်ကုန်များကို သပိတ်မှောက်ခြင်းများလည်း ဖြစ်ပေါ်လာသည်။

နယ်စပ်တွင်ဖြစ်ပွားခဲ့သော ပဋိပက္ခတွင် အိန္ဒိယစစ်သည် ၂၀ ဦးသေဆုံးခဲ့မှုသည် စီးပွားရေးနယ်အထိ ဂယက်ရိုက်လာခြင်း ဖြစ်သည်။

အိန္ဒိယတောင်ပိုင်း ဆိပ်ကမ်းများတွင် ဇွန်လကတည်းက တရုတ် စမတ်ဖုန်းများနှင့် ဆေးဝါးထုတ်ကုန်များအတွက် အကောက်ခွန်ရှင်းလင်းရေးကိစ္စရပ်များ ရပ်ဆိုင်းသွားခဲ့သည်။

တရုတ်တယ်လီဖုန်းဆက်သွယ်ရေးပစ္စည်းများ ထောက်ပံ့သည့် Huawei နှင့် ZTE တို့မှ ပစ္စည်းများကိုလည်း အိန္ဒိယအာဏာပိုင်တု့ိက ပိတ်ပင်လိုက်သည်။

မဟာရပ်ရှ်တရာပြည်နယ်တွင်လည်း တရုတ်မော်တော်ကားကုမ္ပဏီ Great Wall Motor နှင့် ရင်းနှီးမြှုပ်နှံမှု သဘောတူညီထားချက်ကို ပြောင်းလဲပြင်ဆင်ရန် စီစဉ်နေသည်။

TikTok အပါအဝင် အခြားသော တရုတ် Apps ၅၈ ခုကိုလည်း အိန္ဒိယတွင် ပိတ်ပင်လိုက်ပြီဟု ဆိုသည်။

အိန္ဒိယတွင် ဆင်းရဲသားပြည်သူများအကြား ကိုရိုနာဗိုင်းရပ်စ်ပျံ့ပွားမှုများဖြင့် လက်ရှိအားဖြင့် ကူးစက်ခံရသူ ၇၀၀၀၀၀ ခန့် ရှိနေပြီဖြစ်သည်။

နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF ၏ ခန့်မှန်းချက်အရ အိန္ဒိယသည် ယခုနှစ်အတွင်း စီးပွားရေး ၄ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းမည် ဟု ခန့်မှန်းထားသည်။ အဆိုပါ ပမာဏသည် နှစ်ပေါင်း ၄၀ ခန့်အတွင်း မပေါ်ပေါက်ဖူးသေးသော အခြေအနေတစ်ရပ်လည်း ဖြစ်သည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: No rooms for Chinese travelers: Indian hotel body issues a ban (Nikkei Asian Review)

 

[Zawgyi]

 

အိႏိၵယႏိုင္ငံ၏ျမိဳ႕ေတာ္ ဟိုတယ္လုပ္ငန္းအဖြဲ႔က တရုတ္ခရီးသြားမ်ားကို လက္မခံရန္ ဟိုတယ္မ်ားကို အမိန္႔ထုတ္

ျပီးခဲ့ေသာလအတြင္း ဟိမဝႏၱာေတာင္တန္းေပၚရွိ တရုတ္-အိႏိၵယနယ္စပ္တြင္ ႏွစ္ႏိုင္ငံတပ္မ်ား စစ္ေရးတင္းမာမႈ ျဖစ္ေပၚခဲ့ရာ အိႏိၵယတြင္ တရုတ္ဆန္႔က်င္ေရးစိတ္မ်ား ျမင့္တက္လာျပီးေနာက္ အိႏိၵယဟိုတယ္လုပ္ငန္းအဖြဲ႔သည္ အဖြဲ႔ဝင္ေပါင္း ၃၀၀၀ ေက်ာ္ပါဝင္သည့္ တည္းခိုေရးေနရာမ်ားတြင္ တရုတ္ခရီးသည္မ်ား လက္မခံရန္ တားျမစ္ခ်က္အမိန္႔ထုတ္ျပန္လိုက္သည္။

“တရုတ္ရဲ႕ ယုတ္ညံ့တဲ့အျပဳအမူေတြကို သံုးသပ္ျပီးတဲ့ေနာက္ ေဒလီမွာရွိတဲ့ ဟိုတယ္နဲ႔ တည္းခိုခန္းေတြမွာ တရုတ္ခရီးသြားေတြကို လက္မခံဖို႔ ဆံုးျဖတ္ခဲ့တာ ျဖစ္ပါတယ္” ဟု ေဒလီဟိုတယ္ႏွင့္ စားေသာက္ဆိုင္ပိုင္ရွင္မ်ားအသင္း (DHROA) ၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။

DHROA အသင္းတြင္ ေဒလီျမိဳ႕ရွိ တန္ဖိုးနည္းဟိုတယ္မ်ား ဖြဲ႔စည္းပါဝင္ျပီး ဟိုတယ္ခန္းေပါင္း ၇၅၀၀၀ ခန္႔ရွိသည္။

DHROA က ၎၏အဖြဲ႔ဝင္ ဟိုတယ္မ်ားကို တရုတ္ျပည္မွထုတ္လုပ္ေသာ ပရိေဘာဂမ်ားႏွင့္ မီးဖိုေဆာင္အသံုးအေဆာင္ပစၥည္းမ်ားကို အသံုးမျပဳရန္လည္း ညႊန္ၾကားထားသည္ဟု ဆိုသည္။

နယ္စပ္တြင္ ျဖစ္ေပၚခဲ့ေသာ တင္းမာမႈမ်ားေၾကာင့္ အိႏိၵယတြင္ တရုတ္ထုတ္ကုန္မ်ားကို သပိတ္ေမွာက္ျခင္းမ်ားလည္း ျဖစ္ေပၚလာသည္။

နယ္စပ္တြင္ျဖစ္ပြားခဲ့ေသာ ပဋိပကၡတြင္ အိႏိၵယစစ္သည္ ၂၀ ဦးေသဆံုးခဲ့မႈသည္ စီးပြားေရးနယ္အထိ ဂယက္ရိုက္လာျခင္း ျဖစ္သည္။

အိႏိၵယေတာင္ပိုင္း ဆိပ္ကမ္းမ်ားတြင္ ဇြန္လကတည္းက တရုတ္ စမတ္ဖုန္းမ်ားႏွင့္ ေဆးဝါးထုတ္ကုန္မ်ားအတြက္ အေကာက္ခြန္ရွင္းလင္းေရးကိစၥရပ္မ်ား ရပ္ဆိုင္းသြားခဲ့သည္။

တရုတ္တယ္လီဖုန္းဆက္သြယ္ေရးပစၥည္းမ်ား ေထာက္ပံ့သည့္ Huawei ႏွင့္ ZTE တို႔မွ ပစၥည္းမ်ားကိုလည္း အိႏိၵယအာဏာပိုင္တု႔ိက ပိတ္ပင္လိုက္သည္။

မဟာရပ္ရွ္တရာျပည္နယ္တြင္လည္း တရုတ္ေမာ္ေတာ္ကားကုမၸဏီ Great Wall Motor ႏွင့္ ရင္းႏွီးျမွဳပ္ႏွံမႈ သေဘာတူညီထားခ်က္ကို ေျပာင္းလဲျပင္ဆင္ရန္ စီစဥ္ေနသည္။

TikTok အပါအဝင္ အျခားေသာ တရုတ္ Apps ၅၈ ခုကိုလည္း အိႏိၵယတြင္ ပိတ္ပင္လိုက္ျပီဟု ဆိုသည္။

အိႏိၵယတြင္ ဆင္းရဲသားျပည္သူမ်ားအၾကား ကိုရိုနာဗိုင္းရပ္စ္ပ်ံ ႔ပြားမႈမ်ားျဖင့္ လက္ရွိအားျဖင့္ ကူးစက္ခံရသူ ၇၀၀၀၀၀ ခန္႔ ရွိေနျပီျဖစ္သည္။

ႏုိင္ငံတကာ ေငြေၾကးရန္ပံုေငြအဖြဲ႔ IMF ၏ ခန္႔မွန္းခ်က္အရ အိႏိၵယသည္ ယခုႏွစ္အတြင္း စီးပြားေရး ၄ ဒသမ ၅ ရာခိုင္ႏႈန္း က်ဆင္းမည္ ဟု ခန္႔မွန္းထားသည္။ အဆိုပါ ပမာဏသည္ ႏွစ္ေပါင္း ၄၀ ခန္႔အတြင္း မေပၚေပါက္ဖူးေသးေသာ အေျခအေနတစ္ရပ္လည္း ျဖစ္သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: No rooms for Chinese travelers: Indian hotel body issues a ban (Nikkei Asian Review)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
18th Property and Car Expo
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service