ဆွီဒင်တွင် spa ကျေးရွာတစ်ခုလုံးကို ကန်ဒေါ်လာ ၇ သန်းဖြင့် ရောင်းချမည်

ဆွီဒင်တွင် spa ကျေးရွာတစ်ခုလုံးကို ကန်ဒေါ်လာ ၇ သန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
29 Jun 2020 1:28 pm တွင် တင်ခဲ့သည်
700 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဆွီဒင်နိုင်ငံမြို့တော် စတော့ဟုမ်း၏ မြောက်ဘက် မိနစ် ၉၀ ခရီးသာဝေးကွာသော Vastmanland ခရိုင်တွင် တည်ရှိသည့် ကျေးရွာတစ်ခုလုံးကို ဝယ်ယူနိုင်မည့် ရှားပါးအခွင့်အရေး ပေါ်ပေါက်လာပြီ ဖြစ်သည်။

၁၈ ရာစုကတည်းက ကျန်းမာရေးအပန်းဖြေနေရာအဖြစ် တည်ထောင်ဆောက်လုပ်ခဲ့ခြင်းဖြစ်သော ဆတရ ဘလွန်း (Sätra Brunn) ကျေးရွာသည် ဆွီဒင်ကျေးလက်ဗိသုကာအတွက် ပြီးပြည့်စုံသည့် စံပြနမူနာတစ်ခု ဖြစ်သည်။

ကျေးရွာအတွင်း ဘုရားကျောင်း၊ စာသင်ကျောင်း၊ ဟိုတယ်တစ်လုံးတို့အပြင် ဒေသတွင်း စမ်းရေများကို ဘူးဖြင့်ထည့်ကာ ဈေးကွက်သို့ တင်ပို့ရောင်းချသည့် လုပ်ငန်းတစ်ခုလည်း ပါဝင်သည်။

Spa ကျေးရွာအဖြစ် နှစ်ပေါင်း ၃၂၀ ဆက်တိုက်အသုံးပြုခဲ့သော အဆိုပါကျေးရွာကလေးကို လက်ရှိပိုင်ရှင်များက ၁၉၉၀ ပြည့်လွန်ကာလများကတည်းက ဝယ်ယူထားခဲ့ခြင်း ဖြစ်သည်။

Christie's International အိမ်ခြံမြေမှ Jonas Martinsson က ပြောကြားရာတွင် ကျေးရွာကလေးတွင် နေထိုင်သူ ၁၅ ဦးရှိပြီး ကျေးရွာကို ဆက်လက်ထိန်းသိမ်းထားရန်အတွက် ၎င်းတို့က ဝယ်ယူလိုနေကြကြောင်း ပြောကြားသည်။

နေထိုင်သူအုပ်စုသည် ၆၂ ဧက ကျယ်ဝန်းကာ အဆောက်အအုံပေါင်း ၇၀ ကျော်ပါဝင်သည့် ကျေးရွာကလေးကို နှစ်ပေါင်း ၃၀ နီးပါး ထိန်းသိမ်းခဲ့ကြသည်။

၎င်းတို့သည် ပုံမှန်ပွဲလမ်းသဘင်များ၊ အခမ်းအနားများ ကျင်းပလေ့ရှိကြရာ နွေလယ်ပါတီပွဲတစ်ခုလည်း ပါဝင်ပြီး အဆိုပါ ပါတီပွဲသို့ လာရောက်လည်ပတ်သူ ၆၀၀၀ ခန့် ရှိလေ့ရှိသည်။

ယခုအချိန်တွင်ကား ၎င်းတို့မှာ အသက်အရွယ်ကြီးမြင့်နေကြပြီဖြစ်ရာ ဦးဆောင်မည့်သူတစ်ဦးဦး ရှိရတော့မည့်အချိန်ဖြစ်ကြောင်း ခံစားမိလာကြသည်ဟု Martinsson က ပြောကြားသည်။

ကျေးရွာအတွင်း ဟိုတယ်အပြင်၊ ဘုရားကျောင်း၊ ဒေသတွင်း ကလေးငယ် ၄၀ ဦးကို ပညာသင်ကြားပေးနေသည့် မူကြိုကျောင်း၊ ကွန်ဖရင့်ခန်းမ၊ စားသောက်ဆိုင်တစ်ခု၊ ရေကူးကန်ပါဝင်သော spa၊ အားကစားလေ့ကျင့်ခန်းမနှင့် ရေနွေးစိမ်ခန်းတို့ ပါဝင်သည်။ “ဒီရွာက အလွန်ရှုပ်ထွေးတဲ့ ဖွဲ့စည်းတည်ဆောက်ပုံနဲ့ နှစ်ကာလများစွာ ဖွံ့ဖြိုးခဲ့တာဖြစ်ပါတယ်” ဟု Martinsson က ရှင်းပြသည်။

ရာစုနှစ်များစွာအတွင်း ယခုကဲ့သို့ကျေးရွာမျိုး အခြားမည်သူကမျှ တည်ထောင်နိုင်ခဲ့ခြင်းမရှိကြောင်းလည်း Martinsson က ပြောကြားသည်။

ကျေးရွာအကျယ်အဝန်း ၆၂ ဧကအပြင် သစ်တောမြေ ၈၄ ဧကလည်း ပါဝင်ရာ ကျေးရွာကို တိုးချဲ့ဆောက်လုပ်မှုများ ပြုလုပ်နိုင်သည်။

လက်ရှိပိုင်ရှင်များသည် ယခုကျေးရွာတွင် အချိန်အတန်ကြာ အချိန်ပေးခဲ့ပြီးဖြစ်သော်လည်း ကျေးရွာအား နောက်တစ်ဆင့်သို့ ပို့ဆောင်ပေးမည့် အခြားတစ်ဦးကို ရှာဖွေနေသည်။

ကိုရိုနာဗိုင်းရပ်စ်သည် နေရာတိုင်းမှ အိမ်ခြံမြေဈေးကွက်အတွက် ခက်ခဲသည့်ကာလဖြစ်ပေါ်စေရာ Christie's International က လေလံကာလကို မေလ ၃၁ ရက်မှ သြဂုတ်လ ၁၆ ရက်အထိ တိုးမြှင့်ပေးထားသည်။

လေလံဆွဲလာသူအချို့ရှိနေပြီး စိတ်ဝင်စားမှုများစွာ လက်ခံရရှိနေသည်ဟု ဆိုသည်။

ပထမဆုံးမှာ အိမ်ခြံမြေ developer တစ်ဦးဖြစ်ပြီး ၎င်းက ရှိရင်းစွဲ အဆောက်အအုံများအပြင် ချဲ့ထွင်ဆောက်လုပ်မှုများ ပြုလုပ်သွားလိုသည်ဟု ဆိုသည်။

လက်ရှိအားဖြင့် ကျေးရွာကလေးမှာ စကင်ဒီနေးဗီးယားခရီးသွားများနှင့် ဒေသခံများအတွက် နွေရာသီအပန်းဖြေရာနေရာတစ်ခု ဖြစ်နေသည်။

စကင်ဒီနေးဗီးယားဒေသများသည် ဆောင်းတွင်းတွင် အနှုတ် ၁၀ ဒီဂရီစင်တီဂရိတ် (သို့မဟုတ်) ထို့အောက်ပင် အေးစက်လှသော ကာလများကို ဖြတ်သန်းကြရသည်။

ခရီးသွားများကို တစ်နှစ်တာလုံး ဧည့်ခံနိုင်ရန် ကျေးရွာတွင် အဆောက်အအုံများ ထပ်မံဆောက်လုပ်ရန် လိုအပ်နေသည်။

ဤကျေးရွာသည် ဆိတ်ငြိမ်အေးချမ်းသည့်နေရာ ရှာဖွေနေကြသော ယောဂ (yoga ) အဖွဲ့အစည်းများနှင့် ဘာသာရေး အဖွဲ့အစည်းများ အတွက် ကောင်းမွန်သည့်နေရာတစ်ခုဖြစ်ကြောင်း Martinssen က ပြောကြားသည်။

အချို့သော နိုင်ငံများတွင် အစိုးရကျောထောက်နောက်ခံပြု ကုမ္ပဏီများရှိပြီး အဆိုပါကုမ္ပဏီများသည် ၎င်းတို့နိုင်ငံသားများ ပြည်ပတွင် လည်ပတ်နိုင်မည့် နေရာတစ်ခု ဝယ်ယူရန် စိတ်ဝင်စားလေ့ရှိကြသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Entire Swedish spa village on sale for $7 million ( edition )

[Zawgyi]

ဆြီဒင္တြင္ spa ေက်းရြာတစ္ခုလံုးကို ကန္ေဒၚလာ ၇ သန္းျဖင့္ ေရာင္းခ်မည္

ဆြီဒင္ႏိုင္ငံျမိဳ႕ေတာ္ စေတာ့ဟုမ္း၏ ေျမာက္ဘက္ မိနစ္ ၉၀ ခရီးသာေဝးကြာေသာ Vastmanland ခရိုင္တြင္ တည္ရွိသည့္ ေက်းရြာတစ္ခုလံုးကို ဝယ္ယူႏိုင္မည့္ ရွားပါးအခြင့္အေရး ေပၚေပါက္လာျပီ ျဖစ္သည္။

၁၈ ရာစုကတည္းက က်န္းမာေရးအပန္းေျဖေနရာအျဖစ္ တည္ေထာင္ေဆာက္လုပ္ခဲ့ျခင္းျဖစ္ေသာ ဆတရ ဘလြန္း (Sätra Brunn) ေက်းရြာသည္ ဆီြဒင္ေက်းလက္ဗိသုကာအတြက္ ျပီးျပည့္စံုသည့္ စံျပနမူနာတစ္ခု ျဖစ္သည္။

ေက်းရြာအတြင္း ဘုရားေက်ာင္း၊ စာသင္ေက်ာင္း၊ ဟိုတယ္တစ္လံုးတို႔အျပင္ ေဒသတြင္း စမ္းေရမ်ားကို ဘူးျဖင့္ထည့္ကာ ေစ်းကြက္သို႔ တင္ပို႔ေရာင္းခ်သည့္ လုပ္ငန္းတစ္ခုလည္း ပါဝင္သည္။

Spa ေက်းရြာအျဖစ္ ႏွစ္ေပါင္း ၃၂၀ ဆက္တိုက္အသံုးျပဳခဲ့ေသာ အဆိုပါေက်းရြာကေလးကို လက္ရွိပိုင္ရွင္မ်ားက ၁၉၉၀ ျပည့္လြန္ကာလမ်ားကတည္းက ဝယ္ယူထားခဲ့ျခင္း ျဖစ္သည္။

Christie's International အိမ္ျခံေျမမွ Jonas Martinsson က ေျပာၾကားရာတြင္ ေက်းရြာကေလးတြင္ ေနထိုင္သူ ၁၅ ဦးရွိျပီး ေက်းရြာကို ဆက္လက္ထိန္းသိမ္းထားရန္အတြက္ ၎တို႔က ဝယ္ယူလိုေနၾကေၾကာင္း ေျပာၾကားသည္။

ေနထိုင္သူအုပ္စုသည္ ၆၂ ဧက က်ယ္ဝန္းကာ အေဆာက္အအံုေပါင္း ၇၀ ေက်ာ္ပါဝင္သည့္ ေက်းရြာကေလးကို ႏွစ္ေပါင္း ၃၀ နီးပါး ထိန္းသိမ္းခဲ့ၾကသည္။

၎တို႔သည္ ပံုမွန္ပြဲလမ္းသဘင္မ်ား၊ အခမ္းအနားမ်ား က်င္းပေလ့ရွိၾကရာ ေႏြလယ္ပါတီပြဲတစ္ခုလည္း ပါဝင္ျပီး အဆိုပါ ပါတီပြဲသုိ႔ လာေရာက္လည္ပတ္သူ ၆၀၀၀ ခန္႔ ရွိေလ့ရွိသည္။

ယခုအခ်ိန္တြင္ကား ၎တို႔မွာ အသက္အရြယ္ၾကီးျမင့္ေနၾကျပီျဖစ္ရာ ဦးေဆာင္မည့္သူတစ္ဦးဦး ရွိရေတာ့မည့္အခ်ိန္ျဖစ္ေၾကာင္း ခံစားမိလာၾကသည္ဟု Martinsson က ေျပာၾကားသည္။

ေက်းရြာအတြင္း ဟိုတယ္အျပင္၊ ဘုရားေက်ာင္း၊ ေဒသတြင္း ကေလးငယ္ ၄၀ ဦးကို ပညာသင္ၾကားေပးေနသည့္ မူၾကိဳေက်ာင္း၊ ကြန္ဖရင့္ခန္းမ၊ စားေသာက္ဆိုင္တစ္ခု၊ ေရကူးကန္ပါဝင္ေသာ spa၊ အားကစားေလ့က်င့္ခန္းမႏွင့္ ေရေႏြးစိမ္ခန္းတို႔ ပါဝင္သည္။ “ဒီရြာက အလြန္ရႈပ္ေထြးတဲ့ ဖြဲ႔စည္းတည္ေဆာက္ပံုနဲ႔ ႏွစ္ကာလမ်ားစြာ ဖြံ႔ျဖိဳးခဲ့တာျဖစ္ပါတယ္” ဟု Martinsson က ရွင္းျပသည္။

ရာစုႏွစ္မ်ားစြာအတြင္း ယခုကဲ့သို႔ေက်းရြာမ်ဳိး အျခားမည္သူကမွ် တည္ေထာင္ႏိုင္ခဲ့ျခင္းမရွိေၾကာင္းလည္း Martinsson က ေျပာၾကားသည္။

ေက်းရြာအက်ယ္အဝန္း ၆၂ ဧကအျပင္ သစ္ေတာေျမ ၈၄ ဧကလည္း ပါဝင္ရာ ေက်းရြာကို တိုးခ်ဲ႕ေဆာက္လုပ္မႈမ်ား ျပဳလုပ္ႏိုင္သည္။

လက္ရွိပုိင္ရွင္မ်ားသည္ ယခုေက်းရြာတြင္ အခ်ိန္အတန္ၾကာ အခ်ိန္ေပးခဲ့ျပီးျဖစ္ေသာ္လည္း ေက်းရြာအား ေနာက္တစ္ဆင့္သို႔ ပို႔ေဆာင္ေပးမည့္ အျခားတစ္ဦးကို ရွာေဖြေနသည္။

ကိုရိုနာဗိုင္းရပ္စ္သည္ ေနရာတိုင္းမွ အိမ္ျခံေျမေစ်းကြက္အတြက္ ခက္ခဲသည့္ကာလျဖစ္ေပၚေစရာ Christie's International က ေလလံကာလကို ေမလ ၃၁ ရက္မွ ၾသဂုတ္လ ၁၆ ရက္အထိ တိုးျမွင့္ေပးထားသည္။

ေလလံဆြဲလာသူအခ်ဳိ႕ရွိေနျပီး စိတ္ဝင္စားမႈမ်ားစြာ လက္ခံရရွိေနသည္ဟု ဆိုသည္။

ပထမဆံုးမွာ အိမ္ျခံေျမ developer တစ္ဦးျဖစ္ျပီး ၎က ရွိရင္းစြဲ အေဆာက္အအံုမ်ားအျပင္ ခ်ဲ႕ထြင္ေဆာက္လုပ္မႈမ်ား ျပဳလုပ္သြားလိုသည္ဟု ဆိုသည္။

လက္ရွိအားျဖင့္ ေက်းရြာကေလးမွာ စကင္ဒီေနးဗီးယားခရီးသြားမ်ားႏွင့္ ေဒသခံမ်ားအတြက္ ေႏြရာသီအပန္းေျဖရာေနရာတစ္ခု ျဖစ္ေနသည္။

စကင္ဒီေနးဗီးယားေဒသမ်ားသည္ ေဆာင္းတြင္းတြင္ အႏႈတ္ ၁၀ ဒီဂရီစင္တီဂရိတ္ (သို႔မဟုတ္) ထို႔ေအာက္ပင္ ေအးစက္လွေသာ ကာလမ်ားကို ျဖတ္သန္းၾကရသည္။

ခရီးသြားမ်ားကို တစ္ႏွစ္တာလံုး ဧည့္ခံႏိုင္ရန္ ေက်းရြာတြင္ အေဆာက္အအံုမ်ား ထပ္မံေဆာက္လုပ္ရန္ လိုအပ္ေနသည္။

ဤေက်းရြာသည္ ဆိတ္ျငိမ္ေအးခ်မ္းသည့္ေနရာ ရွာေဖြေနၾကေသာ ေယာဂ (yoga ) အဖြဲ႔အစည္းမ်ားႏွင့္ ဘာသာေရး အဖြဲ႔အစည္းမ်ား အတြက္ ေကာင္းမြန္သည့္ေနရာတစ္ခုျဖစ္ေၾကာင္း Martinssen က ေျပာၾကားသည္။

အခ်ဳိ႕ေသာ ႏိုင္ငံမ်ားတြင္ အစိုးရေက်ာေထာက္ေနာက္ခံျပဳ ကုမၸဏီမ်ားရွိျပီး အဆိုပါကုမၸဏီမ်ားသည္ ၎တို႔ႏိုင္ငံသားမ်ား ျပည္ပတြင္ လည္ပတ္ႏိုင္မည့္ ေနရာတစ္ခု ဝယ္ယူရန္ စိတ္ဝင္စားေလ့ရွိၾကသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Entire Swedish spa village on sale for $7 million ( edition )

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဆောက်လုပ်မှုကုန်ကျစရိတ်ကြောင့် အိမ်ခြံမြေလုပ်ငန်းများ ဈေးနှုန်းပိုတက်လာ
ဆောက်လုပ်မှုကုန်ကျစရိတ်ကြောင့် အိမ်ခြံမြေလုပ်ငန်းများ ဈေးနှုန်းပိုတက်လာ
ဂျွန်နီဒက်ပ်က အီတလီရှိ သမိုင်းဝင်ရဲတိုက်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၄ သန်းဖြင့် ဝယ်ယူရန် မျက်စိကျနေ...
ဂျွန်နီဒက်ပ်က အီတလီရှိ သမိုင်းဝင်ရဲတိုက်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၄ သန်းဖြင့် ဝယ်ယူရန် မျက်စိကျနေ...
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြည်က အမျိုးသမီးကြီး...
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြည်က အမျိုးသမီးကြီး...
အမေရိကန်ပြည်၊ စိန့်လူးဝစ်မြို့လယ်မှ ကန်ဒေါ်လာ ၂၀၅ သန်းတန် မိုးမျှော်တိုက်ကြီးတစ်ခုလုံးကို တိုက်ခန်းတစ်ခန်းဈေးပင် မရှိသောဈေးနှုန်းဖြင့် အံ့အားသင့်ဖွယ် အရောင်းအဝယ်ဖြ...
အမေရိကန်ပြည်၊ စိန့်လူးဝစ်မြို့လယ်မှ ကန်ဒေါ်လာ ၂၀၅ သန်းတန် မိုးမျှော်တိုက်ကြီးတစ်ခုလုံးကို တိုက်ခန်းတစ်ခန်းဈေးပင် မရှိသောဈေးနှုန်းဖြင့် အံ့အားသင့်ဖွယ် အရောင်းအဝယ်ဖြ...
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK အဖွဲ့မှ လီဆာက လော့စ်အိန်ဂျလိမြို့ ကမ္ဘာကျော်များ အခြေချရာ Beverly Hills တွင် ကန်ဒေါ်လာ ၄ သန်းတန် စံအိမ်တစ်လုံး ဝ...

ရေဂါလံတစ်သန်းကျော်နေ့စဥ်ပေးဝေမည့် ဒလရေပေးဝေရေးစီမံကိန်း အမြန်တည်ဆောက်နေ
ရေဂါလံတစ်သန်းကျော်နေ့စဥ်ပေးဝေမည့် ဒလရေပေးဝေရေးစီမံကိန်း အမြန်တည်ဆောက်နေ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများကြောင့် လူတို့မှာ ပိုမိုပျော်ရွှင်မလာနိုင်ကြောင်း ပြောကြား...
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများကြောင့် လူတို့မှာ ပိုမိုပျော်ရွှင်မလာနိုင်ကြောင်း ပြောကြား...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
ဒါတွေကြုံနေရပြီလား? ဒါဆိုရင်တော့ ခေတ္တအနားယူဖို့ လိုနေပါပြီ!
ဒါတွေကြုံနေရပြီလား? ဒါဆိုရင်တော့ ခေတ္တအနားယူဖို့ လိုနေပါပြီ!
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
mya-villa
119-mdy

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service