COVID-19 ကြောင့် ကမ္ဘာ့စီးပွားရေးပျက်ကပ်သည် ဒုတိယကမ္ဘာစစ်ပြီးနောက်အဆိုးဝါးဆုံးဖြစ်၍ မြန်မာတွင်လည်း စီးပွားရေးတိုးတက်နှုန်းကျဆင်းမည်ဟု ကမ္ဘာ့ဘဏ်ထုတ်ပြန်

COVID-19 ကြောင့် ကမ္ဘာ့စီးပွားရေးပျက်ကပ်သည် ဒုတိယကမ္ဘာစစ်ပြီးနောက်အဆိုးဝါးဆုံးဖြစ်၍ မြန်မာတွင်လည်း စီးပွားရေးတိုးတက်နှုန်းကျဆင်းမည်ဟု ကမ္ဘာ့ဘဏ်ထုတ်ပြန် - Property News in Myanmar from iMyanmarHouse.com
10 Jun 2020 11:17 am တွင် တင်ခဲ့သည်
1030 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

COVID-19 ကပ်ရောဂါကြောင့် ကမ္ဘာ့စီးပွားရေးပျက်ကပ်အဆိုးဝါးဆုံးကို ကြုံတွေ့ရမည်ဖြစ်ပြီး မြန်မာနိုင်ငံလည်း စီးပွားရေးတိုးတက်နှုန်းကျဆင်းမည်ဟု ကမ္ဘာ့ဘဏ်က ဇွန် ၈ ရက်တွင် ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

COVID-19 ကြောင့် တစ်ကမ္ဘာလုံးတွင် စီးပွားရေးကျဆင်းမူနှုန်းသည် ၅ ဒသမ ၂ ရာခိုင်နှုန်းရှိမည်ဖြစ်ပြီး မြန်မာ့နိုင်ငံက စီးပွားရေးတိုးတက်မည်ဖြစ်သော်လည်း တိုးတက်နှုန်းလျော့နည်းကာ ၁ ဒသမ ၅ ရာခိုင်နှုန်းသာရှိမည်ဟု ကမ္ဘာ့ဘဏ်ကဆိုသည်။

ကမ္ဘာ့ဘဏ်အတွက် ဒုတိယကမ္ဘာစစ်ပြီးနောက်အကြီးမားဆုံး စီးပွားရေးပျက်ကပ်ဖြစ်သည်ဟု ကမ္ဘာ့ဘဏ်ကဆိုသည်။ ထိုနှုန်းထားသည် မြန်မာနိုင်ငံအတွက် ၂၅ နှစ်အတွင်း အနိမ့်ဆုံးစီးပွားရေးတိုးတက်နှုန်းဖြစ်သည်။

မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်နှုန်းသည် ၂၀၂၀ နှစ်ကုန်တွင် ၁ ဒသမ ၅ ရာခိုင်နှုန်းရှိပြီး အာဆီယံနိုင်ငံများ အနက် ဗီယက်နမ်နိုင်ငံပြီးလျှင် ဒုတိယမြောက် စီးပွားရေးတိုးမှုအမြင့်ဆုံးနိုင်ငံအဖြစ် တည်ရှိသည်။

၂၀၂၁ တွင် မြန်မာ့စီးပွားရေးတိုးတက်နှုန်းသည် ၆ ရာခိုင်နှုန်းသို့ ပြန်လည်မြှင့်တက်လာမည်ဟု ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာပါဝင်သည့် အာရှ-ပစိဖိတ်ဒေသတွင် စီးပွားရေးတိုးတက်နှုန်းသည် ၀ ဒသမ ၅ ရာခိုင်နှုန်းသာရှိမည်ဟု ကမ္ဘာ့ဘဏ်ကဆိုသည်။

၂၀၂၀ တွင် စီးပွားရေးကျဆင်းမှုသည် အမေရိကန်နိုင်ငံက ၆ ဒသမ ၁ ရာခိုင်နှုန်း၊ ဥရောပသမဂ္ဂက ၉ ဒသမ ၁ ရာခိုင်နှုန်းနှင့် ဂျပန်နိုင်ငံက ၆ ဒသမ ၁ ရာခိုင်နှုန်းစီရှိမည်ဟု ကမ္ဘာ့ဘဏ်ကဆိုထားသည်။

တရုတ်နိုင်ငံ ၂၀၂၀ တွင် စီးပွားရေးတိုးတက်နှုန်းသည် ၁ ရာခိုင်နှုန်းရှိပြီး ၂၀၂၁ တွင် ၆ ဒသမ ၉ရာခိုင်နှုန်းအထိ ပြန်လည်မြှင့်တက်မည်ဟုဆိုသည်။အိမ်နီးချင်းထိုင်းနိုင်ငံက စီးပွားရေးကျဆင်းမည်ဖြစ်ပြီး ၂၀၂၀ တွင် ၅ ရာခိုင်နှုန်း လျော့ကျမည်ဟုဆိုသည်။ ၂၀၂၁ တွင် ၄ ဒသမ ၁ ရာခိုင်နှုန်း ပြန်မြှင့်တက်မည်ဟုဆိုသည်။ ဗီယက်နမ်နိုင်ငံသည် စီးပွားရေးတိုးတက်နှုန်းသည် ၂၀၂၀ တွင် ၂ ဒသမ ၈ ရာခိုင်နှုန်းနှင့် ၂၀၂၁ တွင် ၆ ဒသမ ၉ရာခိုင်နှုန်းရှိမည်ဟုဆိုသည်။

ကမ္ဘာ့ဘဏ်က အဆိုပါအစီရင်ခံစာကို နိုင်ငံပေါင်း ၁၈၃ နိုင်ငံကို ၁၈၇၀ မှ ၂၀၂၁ အထိ စီးပွားရေးဆိုင်ရာ အလားအလာများနှင့် စီးပွားရေးပျက်ကပ်များကို လေ့လာခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ကပ်ရောဂါရှည်ကြာလာခြင်းကြောင့် ရင်းနှီးမြှပ်နှံမှုများလျော့ကျလာခြင်း၊ အလုပ်လက်မဲ့တစတစများလာခြင်း၊ ကုန်သွယ်မှုနှင့် ကုန်ပစ္စည်းထောက်ပို့‌ရေးများ အပြောင်းအလဲဖြစ်လာသည်ဟု ဆိုသည်။

ယခုကပ်ရောဂါသည် ကမ္ဘာကြီး၏ ကုန်သွယ်ရေး၊ ကုန်ထုတ်လုပ်မှုနှင့် ငွေကြေးဈေးကွက်များ၏ ကုန်စည် ထောက်ပံ့လည်ပတ်မှုအားလုံးကို ထိခိုက်ခဲ့သည်ဟုဆိုသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန်  ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]


















နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service