တရုတ်နိုင်ငံအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ပျံ့ပွားမှုအပေါ် တာဝန်မခံပါက အရေးယူမည့် ဥပဒေတစ်ရပ်ကို အမေရိကန်အထက်လွှတ်တော် အမတ်များ တင်သွင်း
တရုတ်နိုင်ငံအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ပျံ့ပွားမှုအပေါ် တာဝန်မခံပါက အရေးယူမည့် ဥပဒေတစ်ရပ်ကို အမေရိကန်အထက်လွှတ်တော် အမတ်များ တင်သွင်း - Property News in Myanmar from iMyanmarHouse.com
14 May 2020 12:00 pm တွင် တင်ခဲ့သည်
1047 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
တရုတ်နိုင်ငံအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ပျံ့ပွားမှုနှင့် စပ်လျဉ်းပြီး အပြည့်အဝ တာဝန်ခံမှုပေးရန်နှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် ပျက်ကွက်ပါက သမ္မတမှ အရေးယူပိတ်ဆို့မှုများ လုပ်ပိုင်ခွင့်ပေးအပ်ထားသည့် ဥပဒေတစ်ရပ်ကို အမေရိကန် ကွန်ဂရက် (အောက်လွှတ်တော်) သို့ ပေးပို့တင်သွင်းလိုက်ပြီဖြစ်ကြောင်း အထက်လွှတ်တော်အမတ် ၉ ဦးက ထုတ်ပြန်သည်။
“ဒီဥပဒေအရ သမ္မတအနေနဲ့ အရေးယူမှုတွေ များစွာပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ပိုင်ဆိုင်မှုတွေ သိမ်းဆည်းခြင်း၊ ခရီးသွားလာခွင့် ပိတ်ပင် ခြင်း၊ ဗီဇာ ပြန်လည်ရုပ်သိမ်းခြင်း၊ တရုတ်စီးပွားရေးလုပ်ငန်းများကို ငွေထုတ်မချေးရန်နှင့် အာမခံ မပေးရန် အမေရိကန် ဘဏ္ဍာရေး အင်စတီကျူးရှင်းများကို ပိတ်ပင်ခြင်း၊ အမေရိကန်စတော့ဈေးကွက်များတွင် တရုတ်လုပ်ငန်းများကို စာရင်းဝင်ခွင့် ပိတ်ပင်ခြင်း အစရှိတာ တွေ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ် ” ဟု အထက်လွှတ်တော်အမတ်များဖြစ်သော လင်းဆေး ဂရေဟမ်၊ သွမ် တီးလစ်၊ စင်ဒီ ဟိုက်ဒ်-စမစ်၊ မိုက်ခ် ဘရောင်း၊ ရစ်ခ် စကော့၊ စတိဗ် ဒိန်းစ်၊ တော့ဒ် ယန်း၊ ဂျင် အင်ဟိုဖီနှင့် ရောဂျာ ဝစ်ကာတို့က ပြောကြားသည်။
အထက်လွှတ်တော်အမတ်တို့က ပြောကြားရာတွင် တရုတ်နိုင်ငံသည် အမေရိကန်နှင့် မဟာမိတ်များ (သို့မဟုတ်) ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO) အပါအဝင် ကုလသမဂ္ဂ အဖွဲ့အစည်းများ ဦးဆောင်သော covid-19 ဆိုင်ရာ စုံစမ်းစစ်ဆေးမှုများကို အပြည့်အဝ ဖြေရှင်းပေးမှု ရှိ၊ မရှိကို သမ္မတက အောက်လွှတ်တော်ထံ ရက်ပေါင်း ၆၀ အတွင်း အကြောင်းကြားပေးရမည်ဟူသော အချက်လည်း ပါဝင်ကြောင်း ပြောကြားသည်။
“တရုတ်နိုင်ငံသည် လူတို့အတွက် အန္တရာယ်ဖြစ်စေနိုင်သော အသားငါးဈေးများကို ပိတ်သိမ်းမှု ရှိ ၊ မရှိနှင့် covid-19 ဖြစ်ရပ်ပေါ်ပေါက်ပြီးနောက် ဟောင်ကောင်တွင် ဒီမိုကရေစီရေး ဆန္ဒပြခဲ့သူများအားလုံးကို ပြန်လွှတ်ပေးမှု ရှိ၊ မရှိတို့ အိမ်ဖြူတော်က အကြောင်းကြားသင့်သည်” ဟု အထက်လွှတ်တော်အမတ်တို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
နောက်တစ်ကြိမ် ထပ်မံမဖြစ်ပွားစေရေးအတွက် ဗိုင်းရပ်စ်မည်သို့ပေါ်ပေါက်ခဲ့သနည်းဟူသည်နှင့် သားငါးဈေးများပိတ်ခြင်းကဲ့သို့ မည်သို့သော လုပ်ဆောင်ချက်များ လုပ်ဆောင်ခဲ့သနည်းဟူသည်ကို မိမိတို့ ဆုံးဖြတ်ကြရမည်ဖြစ်ကြောင်း အထက်လွှတ်တော်အမတ် ဂရေဟမ်က ပြောကြားသည်။
အမေရိကန်သမ္မတအပါအဝင် အစိုးရအဖွဲ့ဝင်အချို့နှင့် အမေရိကန်သတင်းမီဒီယာများစွာက ကိုရိုနာဗိုင်းရပ်စ် ပေါ်ပေါက်မှုနှင့် စပ်လျဉ်းပြီး တရုတ်နိုင်ငံအပေါ် ဝေဖန်ရှုတ်ချထားပြီး ကိုင်တွယ်ပုံ ညံ့ဖျင်းကြောင်း၊ အချက်အလက်များ ဖုံးကွယ်ထားကြောင်းနှင့် ဗိုင်းရပ်စ်ကို ဖန်တီးပြုလုပ်ခဲ့ခြင်းပင်ဖြစ်နိုင်ကြောင်း ဝေဖန်ထားသည်။
တရုတ်နိုင်ငံဘက်မူ စွပ်စွဲချက်များအပေါ် ရှုတ်ချထားပြီး အမေရိကန်နိုင်ငံရေးသမားတို့အနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကို နိုင်ငံရေးအသွင် ပုံမဖော်ရန် တိုက်တွန်းထားသည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: US Senators Introduce Sanctions Bill to Hold China Accountable for COVID-19 Outbreak (Sputnik)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service