နယူးယောက်ပြည်နယ်တွင် ကြောင် ၂ ကောင်၊ ခြင်္သေ့ ၃ ကောင်နှင့် ကျား ၄ ကောင်တို့တွင် covid-19 ကူးစက်ခံထားရကြောင်း တွေ့ရှိ၊ အိမ်မွေးတိရ စ္ဆာန်ပိုင်ရှင်များအနေဖြင့် တိရစ္ဆာန်များကို အိမ်တွင်းတွင်သာ ထားရှိရန် CDC လမ်းညွှန်

နယူးယောက်ပြည်နယ်တွင် ကြောင် ၂ ကောင်၊ ခြင်္သေ့ ၃ ကောင်နှင့် ကျား ၄ ကောင်တို့တွင် covid-19 ကူးစက်ခံထားရကြောင်း တွေ့ရှိ၊ အိမ်မွေးတိရ စ္ဆာန်ပိုင်ရှင်များအနေဖြင့် တိရစ္ဆာန်များကို အိမ်တွင်းတွင်သာ ထားရှိရန် CDC လမ်းညွှန် - Property News in Myanmar from iMyanmarHouse.com
24 Apr 2020 11:49 am တွင် တင်ခဲ့သည်
1230 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်တွင် အိမ်မွေးကြောင် ၂ ကောင်၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ရာ အမေရိကန်ပြည်ထောင်စုအတွင်း အိမ်မွေးတိရ စ္ဆာန်များတွင် ပထမဆုံးကူးစက်ခံရသည့် အတည်ပြု case ဖြစ်လာကြောင်း အစိုးရအဖွဲ့အရာရှိများက ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။

အဆိုပါ ကြောင်များသည် အသက်ရှူလမ်းကြောင်းဆိုင်ရာ အပျော့စားဝေဒနာများ ခံစားနေရပြီး ပြန်လည်ကျန်းမာလာမည်ဟု မျှော်လင့်ရသည်။

အဆိုပါ နေအိမ်တွင် နေထိုင်သည့်မိသားစုဝင်တစ်ဦးဦး (သို့မဟုတ်) အိမ်နီးချင်းတို့ထံမှ ကြောင်များသို့ ကူးစက်ခဲ့ခြင်းဖြစ်သည်ဟု ယူဆရကြောင်း အမေရိကန် စိုက်ပျိုးရေးဦးစီးဌာန(USDA) ၊ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟို (CDC) တို့က ပြောကြားသည်။

နယူးယောက်မြို့ Bronx တိရစ္ဆာန်ရုံရှိ ကျား ၄ ကောင်နှင့် ခြင်္သေ့ ၃ ကောင်တို့တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရကြောင်း တွေ့ရှိပြီး တစ်နေ့တည်းတွင် ကြောင်တို့တွင် ကူးစက်ခံရကြောင်း တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ယခုလ အစောပိုင်းကလည်း Bronx တိရစ္ဆာန်ရုံရှိ အသက် ၄ နှစ်အရွယ် Nadia အမည်ရှိ ကျားတစ်ကောင်ကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရရာ ယခုအခါ အဆိုပါတိရ စ္ဆာန်ရုံတွင် စုစုပေါင်း ၈ ကောင် ကူးစက်ခံထားရပြီ ဖြစ်သည်။

Nadia သည် Bronx တိရစ္ဆာန်ရုံရှိ တိရစ္ဆာန်ဆေးကု အကြီးအကဲဆရာဝန် Paul Calle ထံမှ ကူးစက်ခံခဲ့ရခြင်း ဖြစ်သည်။

Nadia အပြင် အခြား ကျား ၃ ကောင်နှင့် အာဖရိက ခြင်္သေ့ ၃ ကောင်တို့သည် ချောင်းဆိုးသည့် ဝေဒနာများ ခံစားနေရသည်။ ၎င်းတို့ကို မေ့ဆေးပေးကာ ဆေးစစ်ခဲ့ခြင်းမဟုတ်ချေ။

တိရစ္ဆာန်ဆေးကုဝန်ထမ်းတစ်ဦးက ၎င်းတို့၏ မစင်နမူနာများရယူကာ ဓာတ်ခွဲစမ်းသပ်ခဲ့ခြင်းဖြစ်သည်။

ဓာတ်ခွဲစမ်းသပ်ချက်များအရ အဆိုပါ တိရစ္ဆာန်များတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ယခုအခါ CDC က လမ်းညွှန်ထားသည်မှာ အိမ်မွေးတိရ စ္ဆာန်ပိုင်ရှင်များအနေဖြင့် မိမိတို့၏ တိရ စ္ဆာန်များကို နေအိမ်ပြင်ပတွင် အခြား လူများ၊ တိရစ္ဆာန်များနှင့် မထိတွေ့အောင် ထားရှိရန် လမ်းညွှန်ထားသည်။

ရောဂါကူးစက်ခံခဲ့ရသည့် ကြောင် ၂ ကောင်သည် နယူးယောက်ပြည်နယ်အတွင်း တစ်နေရာစီမှဖြစ်ပြီး မည်သည့်နေရာမှဖြစ်သည်ကိုမူ USDA နှင့် CDC တို့က ထုတ်ဖော်ပြောကြားထားခြင်း မရှိချေ။

ပထမကြောင်မှာ ဖျားနာနေသည်မှာ ရက်သတ္တပတ်ခန့်ရှိပြီဖြစ်သည်။ ၎င်းနေထိုင်ရာနေအိမ်ရှိ လူတစ်ဦးတွင် အသက်ရှူလမ်းကြောင်း ဆိုင်ရာ ဝေဒနာခံစားခဲ့ရပြီးနောက် ကြောင်တွင် covid-19 ဖြစ်ပွားလာခြင်း ဖြစ်သည်။ နေအိမ်မှ နေမကောင်းသောလူမှာမူ covid-19 ကူးစက်ခံရကြောင်း အတည်မပြုနိုင်ခဲ့ဟု CDC တွင် လူနှင့်တိရစ္ဆာန်တို့အကြား ကျန်းမာရေးဆက်နွှယ်မှုကို လေ့လာသူ ဒေါက်တာ Casey Barton Behravesh က ပြောကြားသည်။

အဆိုပါကြောင်သည် အပြင်သို့ သွားလာလေ့ရှိရာ ဒေသတွင်းတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါရှိသူ တစ်ဦးဦးထံမှ ကူးစက်ခံခဲ့ရခြင်းဖြစ်နိုင် သည်ဟု ယူဆရကြောင်း ဒေါက်တာ Casey က ပြောကြားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Four more tigers and three lions test positive for COVID-19 at Bronx Zoo - three weeks after the first big cat was infected by a keeper (dailymail)

[Zawgyi]

နယူးေယာက္ျပည္နယ္တြင္ ေၾကာင္ ၂ ေကာင္၊ ျခေသၤ့ ၃ ေကာင္ႏွင့္ က်ား ၄ ေကာင္တို႔တြင္ covid-19 ကူးစက္ခံထားရေၾကာင္း ေတြ႔ရိွ၊ အိမ္ေမြးတိရ စၦာန္ပိုင္ရွင္မ်ားအေနျဖင့္ တိရစၦာန္မ်ားကို အိမ္တြင္းတြင္သာ ထားရွိရန္ CDC လမ္းညႊန္

အေမရိကန္ျပည္ေထာင္စု၊ နယူးေယာက္ျပည္နယ္တြင္ အိမ္ေမြးေၾကာင္ ၂ ေကာင္၌ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရေၾကာင္း စစ္ေဆးေတြ႔ရွိခဲ့ရာ အေမရိကန္ျပည္ေထာင္စုအတြင္း အိမ္ေမြးတိရ စၦာန္မ်ားတြင္ ပထမဆံုးကူးစက္ခံရသည့္ အတည္ျပဳ case ျဖစ္လာေၾကာင္း အစိုးရအဖြဲ႔အရာရွိမ်ားက ဗုဒၶဟူးေန႔တြင္ ေျပာၾကားလုိက္သည္။

အဆိုပါ ေၾကာင္မ်ားသည္ အသက္ရွဴလမ္းေၾကာင္းဆိုင္ရာ အေပ်ာ့စားေဝဒနာမ်ား ခံစားေနရျပီး ျပန္လည္က်န္းမာလာမည္ဟု ေမွ်ာ္လင့္ရသည္။

အဆိုပါ ေနအိမ္တြင္ ေနထိုင္သည့္မိသားစုဝင္တစ္ဦးဦး (သို႔မဟုတ္) အိမ္နီးခ်င္းတို႔ထံမွ ေၾကာင္မ်ားသို႔ ကူးစက္ခဲ့ျခင္းျဖစ္သည္ဟု ယူဆရေၾကာင္း အေမရိကန္ စိုက္ပ်ဳိးေရးဦးစီးဌာန(USDA) ၊ ေရာဂါထိန္းခ်ဳပ္ေရးႏွင့္ ကာကြယ္ေရးဗဟို (CDC) တို႔က ေျပာၾကားသည္။

နယူးေယာက္ျမိဳ ႔ Bronx တိရစၦာန္ရံုရွိ က်ား ၄ ေကာင္ႏွင့္ ျခေသၤ့ ၃ ေကာင္တို႔တြင္ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရေၾကာင္း ေတြ႔ရွိျပီး တစ္ေန႔တည္းတြင္ ေၾကာင္တို႔တြင္ ကူးစက္ခံရေၾကာင္း ေတြ႔ရွိခဲ့ျခင္း ျဖစ္သည္။ ယခုလ အေစာပိုင္းကလည္း Bronx တိရစၦာန္ရံုရွိ အသက္ ၄ ႏွစ္အရြယ္ Nadia အမည္ရွိ က်ားတစ္ေကာင္ကို ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံခဲ့ရရာ ယခုအခါ အဆိုပါတိရ စၦာန္ရံုတြင္ စုစုေပါင္း ၈ ေကာင္ ကူးစက္ခံထားရျပီ ျဖစ္သည္။

Nadia သည္ Bronx တိရစၦာန္ရံုရွိ တိရစၦာန္ေဆးကု အၾကီးအကဲဆရာဝန္ Paul Calle ထံမွ ကူးစက္ခံခဲ့ရျခင္း ျဖစ္သည္။

Nadia အျပင္ အျခား က်ား ၃ ေကာင္ႏွင့္ အာဖရိက ျခေသၤ့ ၃ ေကာင္တို႔သည္ ေခ်ာင္းဆိုးသည့္ ေဝဒနာမ်ား ခံစားေနရသည္။ ၎တို႔ကို ေမ့ေဆးေပးကာ ေဆးစစ္ခဲ့ျခင္းမဟုတ္ေခ်။

တိရစၦာန္ေဆးကုဝန္ထမ္းတစ္ဦးက ၎တို႔၏ မစင္နမူနာမ်ားရယူကာ ဓာတ္ခြဲစမ္းသပ္ခဲ့ျခင္းျဖစ္သည္။

ဓာတ္ခြဲစမ္းသပ္ခ်က္မ်ားအရ အဆိုပါ တိရစၦာန္မ်ားတြင္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရေၾကာင္း ေတြ႔ရွိခဲ့ျခင္း ျဖစ္သည္။

ယခုအခါ CDC က လမ္းညႊန္ထားသည္မွာ အိမ္ေမြးတိရ စၦာန္ပိုင္ရွင္မ်ားအေနျဖင့္ မိမိတို႔၏ တိရ စၦာန္မ်ားကို ေနအိမ္ျပင္ပတြင္ အျခား လူမ်ား၊ တိရစၦာန္မ်ားႏွင့္ မထိေတြ႔ေအာင္ ထားရွိရန္ လမ္းညႊန္ထားသည္။

ေရာဂါကူးစက္ခံခဲ့ရသည့္ ေၾကာင္ ၂ ေကာင္သည္ နယူးေယာက္ျပည္နယ္အတြင္း တစ္ေနရာစီမွျဖစ္ျပီး မည္သည့္ေနရာမွျဖစ္သည္ကိုမူ USDA ႏွင့္ CDC တို႔က ထုတ္ေဖာ္ေျပာၾကားထားျခင္း မရွိေခ်။

ပထမေၾကာင္မွာ ဖ်ားနာေနသည္မွာ ရက္သတၱပတ္ခန္႔ရွိျပီျဖစ္သည္။ ၎ေနထိုင္ရာေနအိမ္ရွိ လူတစ္ဦးတြင္ အသက္ရွဴလမ္းေၾကာင္း ဆိုင္ရာ ေဝဒနာခံစားခဲ့ရျပီးေနာက္ ေၾကာင္တြင္ covid-19 ျဖစ္ပြားလာျခင္း ျဖစ္သည္။ ေနအိမ္မွ ေနမေကာင္းေသာလူမွာမူ covid-19 ကူးစက္ခံရေၾကာင္း အတည္မျပဳႏိုင္ခဲ့ဟု CDC တြင္ လူႏွင့္တိရစၦာန္တို႔အၾကား က်န္းမာေရးဆက္ႏႊယ္မႈကို ေလ့လာသူ ေဒါက္တာ Casey Barton Behravesh က ေျပာၾကားသည္။

အဆိုပါေၾကာင္သည္ အျပင္သို႔ သြားလာေလ့ရွိရာ ေဒသတြင္းတြင္ ကိုရိုနာဗိုင္းရပ္စ္ေရာဂါရွိသူ တစ္ဦးဦးထံမွ ကူးစက္ခံခဲ့ရျခင္းျဖစ္ႏိုင္ သည္ဟု ယူဆရေၾကာင္း ေဒါက္တာ Casey က ေျပာၾကားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Four more tigers and three lions test positive for COVID-19 at Bronx Zoo - three weeks after the first big cat was infected by a keeper (dailymail)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service