ကိုရိုနာဗိုင်းရပ်စ်သည် ACE2 ပရိုတိန်းပေါများသော အမျိုးသားကပ္ပာယ်အိတ်များထဲတွင် ကြာမြင့်စွာနေထိုင်သောကြောင့် အမျိုးသားများအတွက် ဆိုးကျိုးပိုမိုမြင့်မား
ကိုရိုနာဗိုင်းရပ်စ်သည် ACE2 ပရိုတိန်းပေါများသော အမျိုးသားကပ္ပာယ်အိတ်များထဲတွင် ကြာမြင့်စွာနေထိုင်သောကြောင့် အမျိုးသားများအတွက် ဆိုးကျိုးပိုမိုမြင့်မား - Property News in Myanmar from iMyanmarHouse.com
22 Apr 2020 11:47 am တွင် တင်ခဲ့သည်
956 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ကိုရိုနာဗိုင်းရပ်စ်သည် ယောကျ်ားတို့၏ ကပ္ပာယ်အိတ်များထဲတွင် ကြာမြင့်စွာနေထိုင်နိုင်ကြရာ အမျိုးသားများသည် နာမကျန်းမှုကို ပိုမိုပြင်းထန် ကြာရှည်စွာ ခံစားရစေကြောင်း လေ့လာချက်သစ်တစ်ရပ်တွင် ဖော်ပြသည်။
ကိုရိုနာဗိုင်းရပ်စ်၏ အကျိုးသက်ရောက်မှုတွင် လိင်ကွဲပြားမှုကြောင့် ပိုမိုဆိုးကျိုးဖြစ်ပေါ်မှုကို လေ့လာရန်အတွက် သုတေသနပညာရှင်တို့က အိန္ဒိယနိုင်ငံ ၊ မွမ်ဘိုင်းမြို့ရှိ ပြန်လည်သက်သာသွားသော လူနာ ၆၈ ဦးကို ခြေရာခံလေ့လာခဲ့ကြသည်။
MedRxix တွင် ဖော်ပြထားသော ပဏာမအစီရင်ခံစာတစ်ရပ်အရ ကိုရိုနာဗိုင်းရပ်စ်သည် အမျိုးသားတို့အပေါ်တွင် ပိုမိုကြီးမားသည့် ဆိုးကျိုးများ ရှိနေသည်ကိုတွေ့ရသည်ဟု ဆိုသည်။
ယခုလေ့လာချက်ကို နယူးယောက်မြို့၊ bronx ရှိ Montefiore Medical Center မှ အသားပိုအကျိတ်ပညာရှင် ဒေါက်တာ Aditi Shastri နှင့် သူမ၏ မိခင်ဖြစ်သူ မွန်ဘိုင်းမြို့၊ ကူးစက်ရောဂါဆေးရုံဖြစ်သော Kasturba Hospital မှ အဏုဇီဝပညာရှင် ဒေါက်တာ Jayanthi Shastri တို့ ပူးတွဲပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်သည် ပရိုတိန်းတစ်မျိုးတွင် တွယ်ကပ်လေ့ရှိပြီး အဆိုပါပရိုတိန်းကို ကပ္ပာယ်အိတ်များထဲတွင် အလွန်မြင့်မားစွာ တွေ့ရလေ့ရှိကြောင်း ပြောကြားသည်။
ACE2 (Angiotensin Coverting Enzyme 2) ဟုခေါ်သော ပရိုတိန်းသည် အဆုပ်များ၊ အစာအိမ်နှင့်အူလမ်းကြောင်း၊ နှလုံးနှင့် ကပ္ပာယ်အိတ်တို့တွင် များပြားစွာတွေ့ရသည်။
သို့သော် ကပ္ပာယ်အိတ်သည် ကိုယ်ခန္ဓာ၏ ခုခံအားစနစ် (immune system) နှင့် တံတိုင်းခြားထားသောကြောင့် ကိုရိုနာဗိုင်းရပ်စ်သည် ကိုယ်ခန္ဓာ၏ အခြားနေရာများထက် ကပ္ပာယ်အိတ်အတွင်းတွင် ပိုမိုကြာရှည်စွာ နေထိုင်နိုင်ကြကြောင်း အဆိုပါလေ့လာချက်တွင် ဖော်ပြသည်။
အမျိုးသမီးများသည် အမျိုးသားများထက် အဘယ်ကြောင့် ကိုရိုနာဗိုင်းရပ်စ်မှ ပိုမိုမြန်ဆန်စွာ ကျန်းမာလာနိုင်သည်ဟူသော အချက်ကို မိမိတို့၏ လေ့လာချက်က အဖြေထုတ်ပေးခဲ့ကြောင်းလည်း သုတေသနပညာရှင် သားအမိနှစ်ဦးက ပြောကြားသည်။
၎င်းတို့သားအမိနှစ်ဦးက ကောက်ချက်ဆွဲရာတွင် အမျိုးသမီးလူနာများ ကိုရိုနာဗိုင်းရပ်စ်မှ ပျောက်ကင်းနိုင်သည့်ကာလမှာ ၄ ရက်ဖြစ်ပြီး အမျိုးသားလူနာများမှာမူ ၂ ရက်ပိုမိုကြာရှည်ကြောင်း အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
ကပ္ပာယ်အိတ်သည် ကိုရိုနာဗိုင်းရပ်စ်၏ ခိုလှုံရာဖြစ်နေသဖြင့် အမျိုးသားလူနာများအတွက် ပြန်လည်ကျန်းမာရန်အချိန်ပိုမိုကြာမြင့်ရခြင်း ဖြစ်သည်ဟု ဆိုသည်။
အီတလီ၊ တောင်ကိုရီးယားနှင့် နယူးယောက်တို့တွင် ကိုရိုနာဗိုင်းရပ်စ်ဖြင့် သေဆုံးမှုပမာဏကို ကြည့်မည်ဆိုလျှင် အမျိုးသားများ ပိုမိုများပြားနေခြင်းအပေါ် ယခုတွေ့ရှိချက်က အဖြေထုတ်ပေးလိုက်ခြင်းလည်း ဖြစ်နိုင်သည်။
အချို့က ထောက်ပြရာတွင်မူ အမျိုးသားများသည် ဆေးလိပ်သောက်ခြင်း၊ သွေးတိုးရှိခြင်းနှင့် နှလုံးသွေးလွှတ်ကြောရောဂါများ ရှိခြင်းကြောင့် ပိုမိုအန္တရာယ်ကြုံရခြင်းဖြစ်နိုင်ကြောင်း ထောက်ပြကြသည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Testicles may make men more vulnerable to coronavirus: study (Newyork post)
[Zawgyi]
ကိုရိုနာဗိုင်းရပ်စ်သည် ယောက်ျားတို့၏ ကပ္ပာယ်အိတ်များထဲတွင် ကြာမြင့်စွာနေထိုင်နိုင်ကြရာ အမျိုးသားများသည် နာမကျန်းမှုကို ပိုမိုပြင်းထန် ကြာရှည်စွာ ခံစားရစေကြောင်း လေ့လာချက်သစ်တစ်ရပ်တွင် ဖော်ပြသည်။
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service