တစ်နေ့တည်း ၂ ထောင်သေဆုံးပြီး COVID-19 ကြောင့် သေဆုံးသူဦးရေအများဆုံးနိုင်ငံဖြစ်လာတော့မည့် အမေရိကန်
တစ်နေ့တည်း ၂ ထောင်သေဆုံးပြီး COVID-19 ကြောင့် သေဆုံးသူဦးရေအများဆုံးနိုင်ငံဖြစ်လာတော့မည့် အမေရိကန် - Property News in Myanmar from iMyanmarHouse.com
12 Apr 2020 11:22 am တွင် တင်ခဲ့သည်
13322 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ဒေသစံတော်ချိန် ဧပြီ ၁၁ နံနက်က ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ရေတွက်မှုအရ အမေရိကန်တွင် COVID-19 ကြောင့် သေဆုံးသူဦးရေသည် ၁၈,၇၇၇ ရှိပြီဖြစ်ကြောင်း သိရသည်။ အီတလီက ၁၈,၈၄၉ ဦးဖြင့် ၎င်းကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေတွင် ထိပ်ဆုံးမှဆက်လက်ဦးဆောင်ခဲ့သည်။
သို့သော်လည်း အမေရိကန်သည် ပြီးခဲ့သည့် ၂၄ နာရီအတွင်း သေဆုံးသူ ၂,၁၀၈ ဦးဖြင့် ထိုဗိုင်းရပ်စ်ကြောင့် တစ်နေ့တည်းတွင် လူ ၂,၀၀၀ ကျော်သေဆုံးခဲ့သည့် ပထမဆုံးနိုင်ငံလည်းဖြစ်သည်။
အမေရိကန်သည် အခြားမည်သည့်နိုင်ငံမဆိုထက် ပိုလွန်သောပမာဏအဖြစ်၊ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေ ၁၉,၀၀၀ သို့ ဧပြီ ၁၁ ၌ ရောက်ရှိမည့်ဟန်ပြင်ခဲ့ကြောင်း အချက်အလက်သစ်များက ညွှန်ပြလိုက်သည်။ ယခုအခါ အမေရိကန်တွင် COVID-19 ကပ်ရောဂါဖြစ်ပွားမှုသည် ၎င်းရောဂါကူးစက်မှုတွင် ကမ္ဘာ့ဒုတိယအများဆုံးနိုင်ငံဖြစ်သည့် စပိန်ကို ကျော်လွန်ကာ ကူးစက်ခံရသူဦးရေ ငါးသိန်းကျော်လာပြီဖြစ်သည်။
ဂျွန်ဟော့ကင်းတက္ကသိုလ်မှ သုတေသီများက အမေရိကန်တွင် ရောဂါကူးစက်ခံရသူဦးရေ စုစုပေါင်း ၅၀၁,၆၁၅ ဦး ရှိပြီဟု ထုတ်ပြန်ထားပြီး စပိန်က ၁၆၁,၈၅၂ ဦးဖြင့် ဒုတိယလိုက်ကာ အီတလီက ၁၄၇,၅၇၇ ဦးဖြင့် တတိယလိုက်နေကြာင်း သိရသည်။ အမေရိကန်တွင် ရောဂါကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူဦးရေမှာ ၂၉,၁၉၁ ဦး ရှိကြောင်းလည်း သုတေသီများက ပြောကြားခဲ့သည်။
ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေသည် ယခုအါ ၁၀၃,၇၉၅ ဦး ရှိပြီဖြစ်သည်။ အတည်ပြုထားသည့်ကူးစက်မှုမှာ ၁,၇၁၂,၆၇၄ ဦးနှင့် ပြန်လည်နာလန်ထူလာသူဦးရေမှာ ၃၅၃,၇၀၆ ရှိပြီဖြစ်သည်။
အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်းသည် ‌ဖက်ဒရယ်တုံံ့ပြန်ချက်များ‌နှေးကွေးခြင်းနှင့် ရှုပ်ထွေးသော ပြည်နယ်အဆင့်ချဉ်းကပ်မှုနည်းလမ်းများကြောင့် ပိုမိုဆိုးရွားလာခြင်းဖြစ်သည်ဟု ကျယ်ကျယ်ပြန်ပြန့်ယူဆခံထားရသည်။
ကိုရိုနာဗိုင်းရပ်စ်နှင့်ဆက်နွှယ်သော စီးပွားရေးလုပ်ငန်းများပိတ်ထားရမှုနှင့်လည်ပတ်မှုအရှိန်လျော့ကျမှုတို့က ပြည်သူ ၁၆ သန်းကို အလုပ်အကိုင်များဆုံးရှုံးစေလိုက်သည်ဖြစ်ရာ တန့်နေသည့်အမေရိကန်စီးပွားရေးက အထူးသဖြင့် နဂိုပုံမှန်အခြေအနေနှင့်ပတ်သက်၍ မေးခွန်းများကို မြင့်တက်စေသည်။
အမေရိကန်စီးပွားရေးကို ပြန်လည်စတင်ရန်အတွက် သမ္မတဒေါ်နယ်ထရန့်က တွန်းအားပေးလိုက်ပြီးဖြစ်ကာ မေလနောက်ဆုံးထား၍ အမေရိကန်စီးပွားရေးကို ပြန်လည်ဖွင့်လှစ်နိုင်ရန် မျှော်လင့်နေသည်ဟုလည်း သိရသည်။
ထရန့်က သူ့အနေဖြင့် ချမှတ်ဖူးသမျှအနက် အကြီးမားဆုံဆုံးဖြတ်ချက်အဖြစ် “COVID-19 ကပ်ဘေးအကြား အမေရိကန်စီးပွားရေးကို မည်သည့်အချိန်တွင် ပြန်လည်စတင်လည်ပတ်သင့်သည်” နှင့်ပတ်သက်၍ သူ့အားကူညီ‌ပေးမည့် ဆေးဘက်ဆိုင်ရာကောင်စီတစ်ခုနှင့် စီးပွားရေးလုပ်ငန်းရှင်များအား လာမည့်သီတင်းပတ်တွင် ကြေညာမည်ဟု ခန့်မှန်းရသည်။
“အိမ်မှာနေပါ” ဟူသော “Stay-at-Home” ကန့်သတ်ချက်ကို အချိန်မတိုင်မီ ရုပ်သိမ်းခြင်းသည် ကိုရိုနာဗိုင်းရပ်စ်ကို တစ်ဖန်ပြန်လည်ထကြွရှင်သန်စေနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးပညာရှင်များက သတိပေးထားပြီးဖြစ်ကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Coronavirus: US about to overtake Italy as country with most deaths (Theguardian)
[Zawgyi]
အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်းသည် ‌ဖက်ဒရယ်တုံ့ပြန်ချက်များ‌နှေးကွေးခြင်းနှင့် ရှုပ်ထွေးသော ပြည်နယ်အဆင့်ချဉ်းကပ်မှုနည်းလမ်းများကြောင့် ပိုမိုဆိုးရွားလာခြင်းဖြစ်သည်ဟု ကျယ်ကျယ်ပြန်ပြန့်ယူဆခံထားရသည်။
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service