စင်္ကာပူတွင် စာသင်ကျောင်းများနှင့် မရှိမဖြစ် မလိုအပ်သော လုပ်ငန်းအားလုံး ဧပြီလ ၇ ရက်မှ စတင်ပိတ်သိမ်းရန် ဝန်ကြီးချုပ် ကြေညာ

စင်္ကာပူတွင် စာသင်ကျောင်းများနှင့် မရှိမဖြစ် မလိုအပ်သော လုပ်ငန်းအားလုံး ဧပြီလ ၇ ရက်မှ စတင်ပိတ်သိမ်းရန် ဝန်ကြီးချုပ် ကြေညာ - Property News in Myanmar from iMyanmarHouse.com
4 Apr 2020 12:16 pm တွင် တင်ခဲ့သည်
2054 ကြိမ် ကြည့်ရှု့ပြီး

### Unicode Version ###

စင်္ကာပူတွင် ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကူးစက်ရောဂါပျံ့ပွားမှုကို ထိန်းသိမ်းနိုင်ရန်နှင့် လူချင်းထိတွေ့မှု နည်းပါးစေရေးအတွက် ပိုမိုတင်းကြပ်သည့် ကိုင်တွယ်မှုများ အကောင်အထည်ဖော်သည့်အနေဖြင့် လာမည့်အပတ် အင်္ဂ ါနေ့(ဧပြီ ၇ ရက်) မှ စတင်ပြီး မရှိမဖြစ် လိုအပ်သည့် လုပ်ငန်းများမှလွဲပြီး လုပ်ငန်းအများစုနှင့် စီးပွားရေး၏ အရေးပါသည့် ကဏ္ဍများ ယာယီပိတ်သိမ်းရန် ဝန်ကြီးချုပ် လီရှန်လွန်းက ကြေညာလိုက်သည်။

အစားအသောက်ဆိုင်များ၊ ဈေးများနှင့် ဈေးဝယ်စင်တာများ၊ ဆေးခန်းများ၊ ဆေးရုံများ၊ လျှပ်စစ်မီး ရေအသုံးဝန်ဆောင်လုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေးနှင့် ဘဏ်လုပ်ငန်းများကိုမူ ဆက်လက်ဖွင့်လှစ်ခွင့် ပေးအပ်ထားမည် ဖြစ်သည်။ စာသင်ကျောင်းများနှင့် အဆင့်မြင့်ပညာပို့ချသည့် အင်စတီကျူးရှင်းများကိုမူ ဧပြီ ၈ ရက်မှ စတင်ပြီး အချိန်ပြည့်နေအိမ်မှသာ သင်ယူစေသည့်စနစ်သို့ ပြောင်းလဲမည် ဖြစ်သည်။

မူကြိုကျောင်းများ၊ ကျူရှင်များသည်လည်း ပိတ်သိမ်းရမည်ဖြစ်သည်။ သို့သော် အလုပ်ဆက်လက် လုပ်ကိုင်နေရမည့် မိဘတို့၏ ရင်သွေးများအတွက်မူ အကန့်အသတ်ဖြင့်ဆက်လက်ဖွင့်ပေးထားမည် ဖြစ်သည်။ ယခုအမိန့်သည် အနည်းဆုံး တစ်လခန့် ကြာမြင့်ဖွယ်ရာရှိသည်။

ဝန်ကြီးချုပ်လီရှန်လွန်းက ပြောကြားရာတွင် လာမည့်သီတင်းပတ်အနည်းငယ်အကြာတွင်မှ တင်းကြပ်မှုများ ပြုလုပ်ခြင်းထက် ကူးစက်မှုများ အရှိန်မြင့်မလာမီ ကြိုတင်ကာကွယ်ကိုင်တွယ်မှုများ ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြောင်း ပြောကြားသည်။

သူ၏ မိန့်ခွန်းကို ရုပ်မြင်သံကြားနှင့် ရေဒီယိုတို့မှ တိုက်ရိုက်ထုတ်လွှင့်ခဲ့သည့်အပြင် သူ၏ ဖေ့စ်ဘုတ်စာမျက်နှာတွင်လည်း လွှင့်တင်ခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ ပိုမိုတင်းကြပ်တဲ့ အစီအမံတွေ ပြဌာန်းရလိမ့်မှာ ဖြစ်ပါတယ်။ ဒါက မီးလောင်ချိန်မှာ မီးဖြတ်လိုက်သလိုမျိုးပါပဲ။ အကြီးအကျယ်ကူးစက်ပျံ့ပွားမှုကြီး ပေါ်ပေါက်လာနိုင်တဲ့ အန္တရာယ်မျိုး ဖြစ်မလာအောင် ဒါကထိန်းကွပ်ပေးနိုင်လိမ့်မှာ ဖြစ်ပါတယ်” ဟု လီရှန်လွန်းက ပြောကြားသည်။

လူအများ သွားလာ စုရုံးမှု ကန့်သတ်ခြင်းလည်း ယခုအမိန့်တွင် ပါဝင်လာသည်။

“အတိုချုပ်ပြောရရင် အချက် ၃ ချက်ရှိပါတယ်။ ၁- ဖြစ်နိုင်သလောက် အိမ်မှာပဲနေပါ။ ၂- မိမိရဲ့မိသားစုအပြင် အခြားသူတွေနဲ့ တွေ့ဆုံမှု ရှောင်ကြဉ်ပါ” ဟု လီရှန်းလွန်းက ပြောကြားသည်။

“လူစုဝေးတာဟာ ကိုယ့်မိသားစုအတွင်းမှာပဲ ဖြစ်သင့်တယ်။ ကိုယ်နဲ့ အတူမနေတဲ့ မိသားစုဝင်တွေဆီ အလည်အပတ်သွားတာမျိုး တောင်မှ ရှောင်ကြဉ်ပါ။ အထူးသဖြင့် သက်ကြီးရွယ်အိုတွေ၊ ရောဂါကူးစက်လွယ်သူတွေဖြစ်နေရင် ပိုပြီးရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်”

“တတိယအချက်ကတော့ မလုပ်မဖြစ်ကိစ္စတွေ လုပ်ကိုင်ဖို့အတွက်ပဲ အပြင်ကို ထွက်သင့်ပါတယ်။ မရှိမဖြစ်လုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့သူတွေအဖို့ အလုပ်သွားတာ။ ဈေးတွေ၊ စားသောက်ဆိုင်တွေ၊ တွန်းလှည်းတွေဆီက အစားအစာဝယ်တာ၊ အနီးအနားက ပန်းခြံထဲမှာ လေ့ကျင့်ခန်းလုပ်တာ။ ဒီလိုထွက်ရင်လည်း တစ်ယောက်နဲ့တစ်ယောက် ဘေးကင်းမယ့် အကွာအဝေးမျိုးမှာ နေထိုင်ကြပါ” ဟု လီရှန်လွန်းက ပြောကြားသည်။

ယခုစည်းကမ်းထုတ်ခြင်း၏ အဓိကရည်ရွယ်ချက်မှာ ပြည်သူများ တစ်ဦးနှင့်တစ်ဦး ထိတွေ့မှု နည်းပါးစေရန် ရည်ရွယ်ကြောင်းလည်း ဝန်ကြီးချုပ်က ဖြည့်စွက်ပြောကြားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

Ref: Malaymail, Todayonline

 

### Zawgyi Version ###

စကၤာပူတြင္ စာသင္ေက်ာင္းမ်ားႏွင့္ မရွိမျဖစ္ မလိုအပ္ေသာ လုပ္ငန္းအားလံုး ဧျပီလ ၇ ရက္မွ စတင္ပိတ္သိမ္းရန္ ဝန္ၾကီးခ်ဳပ္ ေၾကညာ

စကၤာပူတြင္ ကိုရိုနာဗိုင္းရပ္စ္ ကမၻာ့ကူးစက္ေရာဂါပ်ံ ႔ပြားမႈကို ထိန္းသိမ္းႏိုင္ရန္ႏွင့္ လူခ်င္းထိေတြ႔မႈ နည္းပါးေစေရးအတြက္ ပိုမိုတင္းၾကပ္သည့္ ကိုင္တြယ္မႈမ်ား အေကာင္အထည္ေဖာ္သည့္အေနျဖင့္ လာမည့္အပတ္ အဂၤ ါေန႔(ဧျပီ ၇ ရက္) မွ စတင္ျပီး မရွိမျဖစ္ လိုအပ္သည့္ လုပ္ငန္းမ်ားမွလြဲျပီး လုပ္ငန္းအမ်ားစုႏွင့္ စီးပြားေရး၏ အေရးပါသည့္ က႑မ်ား ယာယီပိတ္သိမ္းရန္ ဝန္ၾကီးခ်ဳပ္ လီရွန္လြန္းက ေၾကညာလိုက္သည္။

အစားအေသာက္ဆိုင္မ်ား၊ ေစ်းမ်ားႏွင့္ ေစ်းဝယ္စင္တာမ်ား၊ ေဆးခန္းမ်ား၊ ေဆးရံုမ်ား၊ လွ်ပ္စစ္မီး ေရအသံုးဝန္ေဆာင္လုပ္ငန္းမ်ား၊ သယ္ယူပို႔ေဆာင္ေရးႏွင့္ ဘဏ္လုပ္ငန္းမ်ားကိုမူ ဆက္လက္ဖြင့္လွစ္ခြင့္ ေပးအပ္ထားမည္ ျဖစ္သည္။ စာသင္ေက်ာင္းမ်ားႏွင့္ အဆင့္ျမင့္ပညာပို႔ခ်သည့္ အင္စတီက်ဴးရွင္းမ်ားကိုမူ ဧျပီ ၈ ရက္မွ စတင္ျပီး အခ်ိန္ျပည့္ေနအိမ္မွသာ သင္ယူေစသည့္စနစ္သို႔ ေျပာင္းလဲမည္ ျဖစ္သည္။

မူၾကိဳေက်ာင္းမ်ား၊ က်ဴရွင္မ်ားသည္လည္း ပိတ္သိမ္းရမည္ျဖစ္သည္။ သို႔ေသာ္ အလုပ္ဆက္လက္ လုပ္ကိုင္ေနရမည့္ မိဘတို႔၏ ရင္ေသြးမ်ားအတြက္မူ အကန္႔အသတ္ျဖင့္ဆက္လက္ဖြင့္ေပးထားမည္ ျဖစ္သည္။ ယခုအမိန္႔သည္ အနည္းဆံုး တစ္လခန္႔ ၾကာျမင့္ဖြယ္ရာရွိသည္။

ဝန္ၾကီးခ်ဳပ္လီရွန္လြန္းက ေျပာၾကားရာတြင္ လာမည့္သီတင္းပတ္အနည္းငယ္အၾကာတြင္မွ တင္းၾကပ္မႈမ်ား ျပဳလုပ္ျခင္းထက္ ကူးစက္မႈမ်ား အရွိန္ျမင့္မလာမီ ၾကိဳတင္ကာကြယ္ကိုင္တြယ္မႈမ်ား ျပဳလုပ္ရန္ ဆံုးျဖတ္ခဲ့ေၾကာင္း ေျပာၾကားသည္။

သူ၏ မိန္႔ခြန္းကို ရုပ္ျမင္သံၾကားႏွင့္ ေရဒီယိုတို႔မွ တိုက္ရိုက္ထုတ္လႊင့္ခဲ့သည့္အျပင္ သူ၏ ေဖ့စ္ဘုတ္စာမ်က္ႏွာတြင္လည္း လႊင့္တင္ခဲ့သည္။

“ကၽြန္ေတာ္တို႔အေနနဲ႔ ပိုမိုတင္းၾကပ္တဲ့ အစီအမံေတြ ျပဌာန္းရလိမ့္မွာ ျဖစ္ပါတယ္။ ဒါက မီးေလာင္ခ်ိန္မွာ မီးျဖတ္လိုက္သလိုမ်ဳိးပါပဲ။ အၾကီးအက်ယ္ကူးစက္ပ်ံ ႔ပြားမႈၾကီး ေပၚေပါက္လာႏိုင္တဲ့ အႏၱရာယ္မ်ဳိး ျဖစ္မလာေအာင္ ဒါကထိန္းကြပ္ေပးႏိုင္လိမ့္မွာ ျဖစ္ပါတယ္” ဟု လီရွန္လြန္းက ေျပာၾကားသည္။

လူအမ်ား သြားလာ စုရံုးမႈ ကန္႔သတ္ျခင္းလည္း ယခုအမိန္႔တြင္ ပါဝင္လာသည္။

“အတိုခ်ဳပ္ေျပာရရင္ အခ်က္ ၃ ခ်က္ရွိပါတယ္။ ၁- ျဖစ္ႏိုင္သေလာက္ အိမ္မွာပဲေနပါ။ ၂- မိမိရဲ ႔မိသားစုအျပင္ အျခားသူေတြနဲ႔ ေတြ႔ဆံုမႈ ေရွာင္ၾကဥ္ပါ” ဟု လီရွန္းလြန္းက ေျပာၾကားသည္။

“လူစုေဝးတာဟာ ကိုယ့္မိသားစုအတြင္းမွာပဲ ျဖစ္သင့္တယ္။ ကိုယ္နဲ႔ အတူမေနတဲ့ မိသားစုဝင္ေတြဆီ အလည္အပတ္သြားတာမ်ဳိး ေတာင္မွ ေရွာင္ၾကဥ္ပါ။ အထူးသျဖင့္ သက္ၾကီးရြယ္အိုေတြ၊ ေရာဂါကူးစက္လြယ္သူေတြျဖစ္ေနရင္ ပိုျပီးေရွာင္ၾကဥ္ရမွာ ျဖစ္ပါတယ္”

“တတိယအခ်က္ကေတာ့ မလုပ္မျဖစ္ကိစၥေတြ လုပ္ကိုင္ဖို႔အတြက္ပဲ အျပင္ကို ထြက္သင့္ပါတယ္။ မရွိမျဖစ္လုပ္ငန္းေတြမွာ လုပ္ကိုင္ေနတဲ့သူေတြအဖို႔ အလုပ္သြားတာ။ ေစ်းေတြ၊ စားေသာက္ဆိုင္ေတြ၊ တြန္းလွည္းေတြဆီက အစားအစာဝယ္တာ၊ အနီးအနားက ပန္းျခံထဲမွာ ေလ့က်င့္ခန္းလုပ္တာ။ ဒီလိုထြက္ရင္လည္း တစ္ေယာက္နဲ႔တစ္ေယာက္ ေဘးကင္းမယ့္ အကြာအေဝးမ်ဳိးမွာ ေနထိုင္ၾကပါ” ဟု လီရွန္လြန္းက ေျပာၾကားသည္။

ယခုစည္းကမ္းထုတ္ျခင္း၏ အဓိကရည္ရြယ္ခ်က္မွာ ျပည္သူမ်ား တစ္ဦးႏွင့္တစ္ဦး ထိေတြ႔မႈ နည္းပါးေစရန္ ရည္ရြယ္ေၾကာင္းလည္း ဝန္ၾကီးခ်ဳပ္က ျဖည့္စြက္ေျပာၾကားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

Ref: Malaymail, Todayonline

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service