ထိုင်းဘုရင်က ကိုရိုနာဗိုင်းရပ်စ်ပျံ့ပွားမှုကြောင့် ဂျာမနီနိုင်ငံရှိ ဇိမ်ခံဟိုတယ်ကြီးတစ်ခုလုံးကို ငှားရမ်းကာ ကိုယ်လုပ်တော်နှင့် မောင်းမမိဿံ ၂၀ ကျော်နှင့်အတူ သီးခြားနေထိုင်ရန် စီစဉ်

ထိုင်းဘုရင်က ကိုရိုနာဗိုင်းရပ်စ်ပျံ့ပွားမှုကြောင့် ဂျာမနီနိုင်ငံရှိ ဇိမ်ခံဟိုတယ်ကြီးတစ်ခုလုံးကို ငှားရမ်းကာ ကိုယ်လုပ်တော်နှင့် မောင်းမမိဿံ ၂၀ ကျော်နှင့်အတူ သီးခြားနေထိုင်ရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com
30 Mar 2020 12:43 pm တွင် တင်ခဲ့သည်
114711 ကြိမ် ကြည့်ရှု့ပြီး

### Unicode Version ###

ထိုင်းဘုရင်မင်းမြတ်သည် ကိုရိုနာဗိုင်းရပ်စ်ပျံ့ပွားမှုကြောင့် ဂျာမနီနိုင်ငံရှိ ဇိမ်ခံဟိုတယ်ကြီးတစ်ခုလုံးကို ငှားရမ်းကာ ကိုယ်လုပ်တော်နှင့် မောင်းမမိဿံ ၂၀ ကျော်နှင့်အတူ သီးခြားနေထိုင်ရန် စီစဉ်လိုက်ကြောင်း အင်္ဂလန်အခြေစိုက် သတင်းဝက်ဘ်ဆိုက်များတွင် ဖော်ပြသည်။

ထိုင်းဘုရင်မင်းမြတ်၊ ကိုယ်လုပ်တော် မောင်းမများနှင့်အတူ အမှုထမ်းများလည်း လိုက်ပါသွားပြီး ဇိမ်ခံဟိုတယ်ကြီး တည်ရှိရာ နေရာမှာ ဂျာမနီတောင်ပိုင်း ဘာဘေးရီးယားပြည်နယ်တွင် ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကူးစက်ရောဂါကပ်ကြီး ဖြစ်ပွားနေစဉ်ကာလအတွင်း ရာမ (၁၀) ဟုလည်း လူသိများသည့် ထိုင်းဘုရင် မဟာဝိဇယ လောင်ကွန်းသည် ဘာဘေးရီးယားပြည်နယ်ရှိ Grand Hotel Sonnenbichi ဇိမ်ခံဟိုတယ်ကြီးတစ်ခုလုံးကို ငှားရမ်းလိုက်ခြင်း ဖြစ်သည်။

ဂျာမာန်သတင်းစာ Bild တွင် ဖော်ပြချက်အရ အသက် ၆၇ နှစ်အရွယ်ရှိ ထိုင်းဘုရင်သည် ဘာဘေးရီးယားပြည်နယ်မှ ဒေသတွင်း ခရိုင် ကောင်စီ၏ ခွင့်ပြုချက်ဖြင့် ဟိုတယ်တစ်ခုလုံးကို ငှားရမ်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ထိုင်းဘုရင်၏ စတုတ္ထမြောက်မိဖုရားသည် ဂျာမနီရှိဟိုတယ်တွင် အတူလိုက်ပါလာခြင်းရှိ၊ မရှိကိုမူ မသိရသေးချေ။

ထိုင်းဘုရင်နှင့်အတူ လိုက်ပါလာသော အမှုထမ်း ၁၁၉ ဦးကိုမူ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း သံသယရှိသည်ဟုဆိုကာ ထိုင်းနိုင်ငံသို့ ပြန်လွှတ်ခဲ့သည်။

ထိုင်းဘုရင်မင်းမြတ်သည် ဂျာမနီတွင် စံအိမ်တစ်လုံးပိုင်ဆိုင်ထားပြီး အဆိုပါစံအိမ်တွင် အချိန်ကာလများစွာ စံမြန်းခဲ့ဖူးသည်။

မလေးရှားဘုရင့်နန်းတော်တွင် နန်းတော်အမှုထမ်း ၇ ဦး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် မလေးရှားဘုရင်နှင့် မိဖုရားတို့ quarantine ဝင်လိုက်ရသည့် သတင်းများ ထွက်ပေါ်လာပြီးနောက်ပိုင်း ထိုင်းဘုရင်က ဂျာမနီတွင် သွားရောက်နေထိုင်ရန် စီစဉ်လာခြင်းလည်း ဖြစ်သည်။

မလေးရှားဘုရင် ဆူလ်တန် အဗ္ဗဒူလာ ဆူလ်တန် အာမက် ရှားနှင့် ကြင်ယာတော် တန်ကူ အဇီဇာ အမီနာ မိုင်မူနာ အစ္စကန်ဒါရီယာတို့တွင် ကိုရိုနာဗိုင်းရပ်စ်မရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သော်လည်း ၁၄ ရက် သီးခြားနေထိုင်နေကြခြင်း ဖြစ်သည်။

ရောဂါကူးစက်ခံရသည့် အမှုထမ်းများကို ဆေးရုံသို့ ခေါ်ဆောင်သွားပြီး ရောဂါကူးစက်ပုံရင်းမြစ်ကို အရာရှိတို့က ဖော်ထုတ်ရှာဖွေလျက် ရှိပြီး နန်းတော်ကိုလည်း ပိုးသတ်စေခြင်းများ ပြုလုပ်ခဲ့သည်။

မလေးရှားတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၀၀၀ ကျော်ရှိနေပြီး အရှေ့တောင်အာရှတွ် အဆိုးရွားဆုံး ကူးစက်ခံရသည့် နိုင်ငံဖြစ်နေသည်။

ကူးစက်ခံရသူများအနက် ၂၁ ဦး သေဆုံးခဲ့သည်။

မလေးရှား၏ ရောဂါကူးစက်မှုဖြစ်ရပ် အများစုမှာ ဖေဖော်ဝါရီလအတွင်းက ဆရီ ပီတာလင်း ဗလီတွင် ကျင်းပခဲ့သည့် အစ္စလာမ်ကွန်ဖရင့်နှင့် ဆက်နွှယ်နေသည်။

အဆိုပါကွန်ဖရင့်သို့ တက်ရောက်ခဲ့သူ ၂၀၀၀၀ ကျော်ရှိပြီး ယင်းအနက် ၄ ပုံ ၃ ပုံမှာ မလေးရှားနိုင်ငံသားများ ဖြစ်ကြသည်။

အခြားတက်ရောက်ခဲ့သူများမှာ ဘင်္ဂလားဒေ့ရှ်၊ ဘရူနိုင်း၊ ဖိလစ်ပိုင်၊ စင်္ကာပူနှင့် ထိုင်းနိုင်ငံတို့မှဖြစ်ပြီး ကူးစက်ခံရသူများသည် ၎င်းတို့၏ နိုင်ငံများသို့ ရောဂါပိုးများ သယ်ဆောင်သွားကြသည်။

ပြီးခဲ့သော ရက်သတ္တပတ်အတွင်းက မလေးရှားတွ် တစ်နိုင်ငံလုံး lockdown ချခဲ့ပြီး အရေးပေါ်လိုအပ်ချက်များမှလွဲပြီး နေအိမ်အပြင်ထွက်ခြင်းကို တားမြစ်ခဲ့သည်။

စာသင်ကျောင်းများ၊ မရှိမဖြစ်လုပ်ငန်းများမှလွဲပြီး စီးပွားရေးလုပ်ငန်းအားလုံးကို ပိတ်သိမ်းစေခဲ့သည့်အပြင် နိုင်ငံခြားသားများကိုလည်း မလေးရှားနိုင်ငံသို့ ဝင်ရောက်ခွင့် ပိတ်ပင်ခြင်း၊ မလေးရှားနိုင်ငံသားများကို ပြည်ပထွက်မှု ပိတ်ပင်ခြင်းများ ပြုလုပ်ခဲ့သည်။ ထိုသို့ lockdown ချမှတ်ထားမှုကို မူလက ရဲတပ်ဖွဲ့ဝင်များက ထိန်းသိမ်းကိုင်တွယ်ပေးခဲ့သော်လည်း နောက်ပိုင်းတွင် ပြည်သူများက စည်းကမ်းမလိုက်နာမှုကြောင့် မလေးရှားစစ်တပ်ကို ထိန်းကွပ်စေခဲ့သည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: ibtimes.sg, independent.co.uk

 

### Zawgyi Version ###

ထိုင္းဘုရင္က ကိုရိုနာဗိုင္းရပ္စ္ပ်ံ ႔ပြားမႈေၾကာင့္ ဂ်ာမနီႏိုင္ငံရွိ ဇိမ္ခံဟိုတယ္ၾကီးတစ္ခုလံုးကို ငွားရမ္းကာ ကိုယ္လုပ္ေတာ္ႏွင့္ ေမာင္းမမိႆံ ၂၀ ေက်ာ္ႏွင့္အတူ သီးျခားေနထိုင္ရန္ စီစဥ္

ထိုင္းဘုရင္မင္းျမတ္သည္ ကိုရိုနာဗိုင္းရပ္စ္ပ်ံ ႔ပြားမႈေၾကာင့္ ဂ်ာမနီႏိုင္ငံရွိ ဇိမ္ခံဟိုတယ္ၾကီးတစ္ခုလံုးကို ငွားရမ္းကာ ကိုယ္လုပ္ေတာ္ႏွင့္ ေမာင္းမမိႆံ ၂၀ ေက်ာ္ႏွင့္အတူ သီးျခားေနထိုင္ရန္ စီစဥ္လိုက္ေၾကာင္း အဂၤလန္အေျခစိုက္ သတင္းဝက္ဘ္ဆိုက္မ်ားတြင္ ေဖာ္ျပသည္။

ထိုင္းဘုရင္မင္းျမတ္၊ ကိုယ္လုပ္ေတာ္ ေမာင္းမမ်ားႏွင့္အတူ အမႈထမ္းမ်ားလည္း လိုက္ပါသြားျပီး ဇိမ္ခံဟိုတယ္ၾကီး တည္ရွိရာ ေနရာမွာ ဂ်ာမနီေတာင္ပိုင္း ဘာေဘးရီးယားျပည္နယ္တြင္ ျဖစ္သည္။

ကိုရိုနာဗိုင္းရပ္စ္ ကမၻာ့ကူးစက္ေရာဂါကပ္ၾကီး ျဖစ္ပြားေနစဥ္ကာလအတြင္း ရာမ (၁၀) ဟုလည္း လူသိမ်ားသည့္ ထိုင္းဘုရင္ မဟာဝိဇယ ေလာင္ကြန္းသည္ ဘာေဘးရီးယားျပည္နယ္ရွိ Grand Hotel Sonnenbichi ဇိမ္ခံဟိုတယ္ၾကီးတစ္ခုလံုးကို ငွားရမ္းလိုက္ျခင္း ျဖစ္သည္။

ဂ်ာမာန္သတင္းစာ Bild တြင္ ေဖာ္ျပခ်က္အရ အသက္ ၆၇ ႏွစ္အရြယ္ရွိ ထိုင္းဘုရင္သည္ ဘာေဘးရီးယားျပည္နယ္မွ ေဒသတြင္း ခရိုင္ ေကာင္စီ၏ ခြင့္ျပဳခ်က္ျဖင့္ ဟိုတယ္တစ္ခုလံုးကို ငွားရမ္းခဲ့ျခင္းျဖစ္သည္ဟု ဆိုသည္။

ထိုင္းဘုရင္၏ စတုတၳေျမာက္မိဖုရားသည္ ဂ်ာမနီရွိဟိုတယ္တြင္ အတူလိုက္ပါလာျခင္းရွိ၊ မရွိကိုမူ မသိရေသးေခ်။

ထိုင္းဘုရင္ႏွင့္အတူ လိုက္ပါလာေသာ အမႈထမ္း ၁၁၉ ဦးကိုမူ ကိုရိုနာဗို္င္းရပ္စ္ ကူးစက္ခံရေၾကာင္း သံသယရွိသည္ဟုဆိုကာ ထိုင္းႏိုင္ငံသို႔ ျပန္လႊတ္ခဲ့သည္။

ထိုင္းဘုရင္မင္းျမတ္သည္ ဂ်ာမနီတြင္ စံအိမ္တစ္လံုးပိုင္ဆိုင္ထားျပီး အဆိုပါစံအိမ္တြင္ အခ်ိန္ကာလမ်ားစြာ စံျမန္းခဲ့ဖူးသည္။

မေလးရွားဘုရင့္နန္းေတာ္တြင္ နန္းေတာ္အမႈထမ္း ၇ ဦး ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရေၾကာင္း စစ္ေဆးေတြ႔ရွိျပီးေနာက္ မေလးရွားဘုရင္ႏွင့္ မိဖုရားတို႔ quarantine ဝင္လိုက္ရသည့္ သတင္းမ်ား ထြက္ေပၚလာျပီးေနာက္ပိုင္း ထိုင္းဘုရင္က ဂ်ာမနီတြင္ သြားေရာက္ေနထိုင္ရန္ စီစဥ္လာျခင္းလည္း ျဖစ္သည္။

မေလးရွားဘုရင္ ဆူလ္တန္ အဗၺဒူလာ ဆူလ္တန္ အာမက္ ရွားႏွင့္ ၾကင္ယာေတာ္ တန္ကူ အဇီဇာ အမီနာ မိုင္မူနာ အစၥကန္ဒါရီယာတို႔တြင္ ကိုရိုနာဗိုင္းရပ္စ္မရွိေၾကာင္း စစ္ေဆးေတြ႔ရွိခဲ့ေသာ္လည္း ၁၄ ရက္ သီးျခားေနထုိင္ေနၾကျခင္း ျဖစ္သည္။

ေရာဂါကူးစက္ခံရသည့္ အမႈထမ္းမ်ားကို ေဆးရံုသို႔ ေခၚေဆာင္သြားျပီး ေရာဂါကူးစက္ပံုရင္းျမစ္ကို အရာရွိတို႔က ေဖာ္ထုတ္ရွာေဖြလ်က္ ရွိျပီး နန္းေတာ္ကိုလည္း ပိုးသတ္ေစျခင္းမ်ား ျပဳလုပ္ခဲ့သည္။

မေလးရွားတြင္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၂၀၀၀ ေက်ာ္ရွိေနျပီး အေရွ ႔ေတာင္အာရွတြ္ အဆိုးရြားဆံုး ကူးစက္ခံရသည့္ ႏိုင္ငံျဖစ္ေနသည္။

ကူးစက္ခံရသူမ်ားအနက္ ၂၁ ဦး ေသဆံုးခဲ့သည္။

မေလးရွား၏ ေရာဂါကူးစက္မႈျဖစ္ရပ္ အမ်ားစုမွာ ေဖေဖာ္ဝါရီလအတြင္းက ဆရီ ပီတာလင္း ဗလီတြင္ က်င္းပခဲ့သည့္ အစၥလာမ္ကြန္ဖရင့္ႏွင့္ ဆက္ႏႊယ္ေနသည္။

အဆိုပါကြန္ဖရင့္သို႔ တက္ေရာက္ခဲ့သူ ၂၀၀၀၀ ေက်ာ္ရွိျပီး ယင္းအနက္ ၄ ပံု ၃ ပံုမွာ မေလးရွားႏိုင္ငံသားမ်ား ျဖစ္ၾကသည္။

အျခားတက္ေရာက္ခဲ့သူမ်ားမွာ ဘဂၤလားေဒ့ရွ္၊ ဘရူႏိုင္း၊ ဖိလစ္ပိုင္၊ စကၤာပူႏွင့္ ထိုင္းႏိုင္ငံတို႔မွျဖစ္ျပီး ကူးစက္ခံရသူမ်ားသည္ ၎တို႔၏ ႏိုင္ငံမ်ားသို႔ ေရာဂါပိုးမ်ား သယ္ေဆာင္သြားၾကသည္။

ျပီးခဲ့ေသာ ရက္သတၱပတ္အတြင္းက မေလးရွားတြ္ တစ္ႏိုင္ငံလံုး lockdown ခ်ခဲ့ျပီး အေရးေပၚလိုအပ္ခ်က္မ်ားမွလြဲျပီး ေနအိမ္အျပင္ထြက္ျခင္းကို တားျမစ္ခဲ့သည္။

စာသင္ေက်ာင္းမ်ား၊ မရွိမျဖစ္လုပ္ငန္းမ်ားမွလြဲျပီး စီးပြားေရးလုပ္ငန္းအားလံုးကို ပိတ္သိမ္းေစခဲ့သည့္အျပင္ ႏိုင္ငံျခားသားမ်ားကိုလည္း မေလးရွားႏိုင္ငံသို႔ ဝင္ေရာက္ခြင့္ ပိတ္ပင္ျခင္း၊ မေလးရွားႏိုင္ငံသားမ်ားကို ျပည္ပထြက္မႈ ပိတ္ပင္ျခင္းမ်ား ျပဳလုပ္ခဲ့သည္။ ထိုသို႔ lockdown ခ်မွတ္ထားမႈကို မူလက ရဲတပ္ဖြဲ႔ဝင္မ်ားက ထိန္းသိမ္းကိုင္တြယ္ေပးခဲ့ေသာ္လည္း ေနာက္ပိုင္းတြင္ ျပည္သူမ်ားက စည္းကမ္းမလိုက္နာမႈေၾကာင့္ မေလးရွားစစ္တပ္ကို ထိန္းကြပ္ေစခဲ့သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: ibtimes.sg, independent.co.uk

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service