နေ၊လေနှင့် Biomassတို့မှ လျှပ်စစ်မဂ္ဂါဝပ် ၈၁၀၀ ထုတ်လုပ်မည့် စီမံကိန်း ၇၄ ခုအဆိုပြုထားဟုဆို

နေ၊လေနှင့် Biomassတို့မှ လျှပ်စစ်မဂ္ဂါဝပ် ၈၁၀၀ ထုတ်လုပ်မည့် စီမံကိန်း ၇၄ ခုအဆိုပြုထားဟုဆို - Property News in Myanmar from iMyanmarHouse.com
19 Mar 2020 11:52 am တွင် တင်ခဲ့သည်
1381 ကြိမ် ကြည့်ရှု့ပြီး

### Unicode Version ###

နိုင်ငံအတွင်း ပြည်လည်ပြည့်ဖြိုးမြဲစွမ်းအင်စီမံကိန်း ၇၄ ခုက မဂ္ဂါဝပ် ၈၁၀၀ ကျော်ထုတ်လုပ်ရန် အဆိုပြုထားသည်ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်ကပြောသည်။

ထိုစီမံကိန်းများမှာ နေရောင်ခြည်သုံး၊ လေစွမ်းအင်သုံးနှင့် Biomass စီမံကိန်းတို့ဖြစ်ပြီး ၂၀၁၉ ဖေဖော်ဝါရီလနောက်ပိုင်းတွင် အဆိုပြုတင်ပြလာခြင်းဖြစ်သည်။

ထိုစီမံကိန်းများမှာ စုစုပေါင်းမဂ္ဂါဝပ် ၅၇၀၀ကျော်ထုတ်လုပ်မည့် နေရောင်ခြည်စွမ်းအင်သုံးစီမံကိန်း ၆၁ ခု၊ မဂ္ဂါဝပ် ၁၁၆၃ ထုတ်လုပ်မည့် လေစွမ်းအင်သုံးဓာတ်အားပေးစက်ရုံ ၇ ခုနှင့် ၂၀၀ မဂ္ဂါဝပ်စီထုတ်လုပ်မည့် Biomass စီမံကိန်း ၇ ခု ဖြစ်သည်။

နေရောင်ခြည်စီမံကိန်း အဆိုပြုချက်များတွင် စိုက်ပျိုးရေး၊ ငါးမွေးမြူရေးနှင့် ရေအားတို့ဖြင့် ပေါင်းစပ်ထားသည့် ဆန်းသစ်တီထွင်သည့် စီမံကိန်းအဆိုပြုချက်များလည်းပါဝင်သည်ဟု ဝန်ကြီးကပြောသည်။

ဝန်ကြီးက တိုင်းပြည်တွင် တည်ရှိနေသည့် ရေအားအရင်းအမြစ်များကို ထိရောက်စွာအသုံးပြုနိုင်ရန် ရေအားလျှပ်စစ်စီမံကိန်းများကိုလည်း ပိုမိုလုပ်ဆောင်လိုသည်ဟုဆိုသည်။ သို့ဖြစ်၍ရေအားလျှပ်စစ်စီမံကိန်းအသစ်များ ဆောင်ရွက်နေပြီး လာမည့် ၃ နှစ်အတွင်း မဂ္ဂါဝပ် ၅၀၀ ခန့် ရရှိမည်ဖြစ်သည်ဟုဆိုသည်။ ရေအားလျှပ်စစ်စီမံကိန်းများသည် တည်ဆောက်မှုကာလရှည်လျားသည့် နှစ်ရှည်စီမံကိန်းများ ဖြစ်သည်ဟုလည်း ဝန်ကြီးဆိုသည်။

ထို့အပြင် တိုင်းပြည်၏ တိုးမြှင့်လာသည့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် ရေတိုအစီအမံအနေဖြင့် အပူစွမ်းအင်သုံး ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ ၇ ရုံမှ စုစုပေါင်း ၁၁၆၆ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်ထားသည်ဟုဆိုသည်။ ထိုစက်များက မကြာမီ စတင်လည်ပတ်နိုင်တော့မည်ဟုဝန်ကြီးကဆိုသည်။

ပြီးခဲ့သည့်နှစ် ဇူလှိုင်လတွင် လျှပ်စစ်ဓာတ်အားခနှုန်းထားများ တိုးမြှင့်လိုက်ခြင်းကြောင့် အများပြည်သူများသည် စွမ်းအင်ချွေတာမူကို အသိရှိလာသည့်အပြင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းတွင် ရင်းနှီးမြှပ်နှံလိုသူများ တိုးတက်လာသည့်ဟု ဝန်ကြီးကပြောသည်။

မြန်မာနိုင်ငံတွင် လက်ရှိတွင် လျှပ်စစ်သုံးစွဲမှုသည် ၃၈၀၀ မဂ္ဂါဝပ်ရှိသည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

### Zawgyi Version ###

ေန၊ေလႏွင့္ Biomass တို႔မွ လွ်ပ္စစ္မဂၢါဝပ္ ၈၁၀၀ ထုတ္လုပ္မည့္ စီမံကိန္း ၇၄ ခုအဆိုျပဳထားဟုဆို

ႏိုင္ငံအတြင္း ျပည္လည္ျပည့္ၿဖိဳးၿမဲစြမ္းအင္စီမံကိန္း ၇၄ ခုက မဂၢါဝပ္ ၈၁၀၀ ေက်ာ္ထုတ္လုပ္ရန္ အဆိုျပဳထားသည္ဟု လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီးဦးဝင္းခိုင္ကေျပာသည္။

ထိုစီမံကိန္းမ်ားမွာ ေနေရာင္ျခည္သုံး၊ ေလစြမ္းအင္သုံးႏွင့္ Biomass စီမံကိန္းတို႔ျဖစ္ၿပီး ၂၀၁၉ ေဖေဖာ္ဝါရီလေနာက္ပိုင္းတြင္ အဆိုျပဳတင္ျပလာျခင္းျဖစ္သည္။

ထိုစီမံကိန္းမ်ားမွာ စုစုေပါင္းမဂၢါဝပ္ ၅၇၀၀ေက်ာ္ထုတ္လုပ္မည့္ ေနေရာင္ျခည္စြမ္းအင္သုံးစီမံကိန္း ၆၁ ခု၊ မဂၢါဝပ္ ၁၁၆၃ ထုတ္လုပ္မည့္ ေလစြမ္းအင္သုံးဓာတ္အားေပးစက္႐ုံ ၇ ခုႏွင့္ ၂၀၀ မဂၢါဝပ္စီထုတ္လုပ္မည့္ Biomass စီမံကိန္း ၇ ခု ျဖစ္သည္။

ေနေရာင္ျခည္စီမံကိန္း အဆိုျပဳခ်က္မ်ားတြင္ စိုက္ပ်ိဳးေရး၊ ငါးေမြးျမဴေရးႏွင့္ ေရအားတို႔ျဖင့္ ေပါင္းစပ္ထားသည့္ ဆန္းသစ္တီထြင္သည့္ စီမံကိန္းအဆိုျပဳခ်က္မ်ားလည္းပါဝင္သည္ဟု ဝန္ႀကီးကေျပာသည္။

ဝန္ႀကီးက တိုင္းျပည္တြင္ တည္ရွိေနသည့္ ေရအားအရင္းအျမစ္မ်ားကို ထိေရာက္စြာအသုံးျပဳႏိုင္ရန္ ေရအားလွ်ပ္စစ္စီမံကိန္းမ်ားကိုလည္း ပိုမိုလုပ္ေဆာင္လိုသည္ဟုဆိုသည္။ သို႔ျဖစ္၍ေရအားလွ်ပ္စစ္စီမံကိန္းအသစ္မ်ား ေဆာင္႐ြက္ေနၿပီး လာမည့္ ၃ ႏွစ္အတြင္း မဂၢါဝပ္ ၅၀၀ ခန႔္ ရရွိမည္ျဖစ္သည္ဟုဆိုသည္။ ေရအားလွ်ပ္စစ္စီမံကိန္းမ်ားသည္ တည္ေဆာက္မႈကာလရွည္လ်ားသည့္ ႏွစ္ရွည္စီမံကိန္းမ်ား ျဖစ္သည္ဟုလည္း ဝန္ႀကီးဆိုသည္။

ထို႔အျပင္ တိုင္းျပည္၏ တိုးျမႇင့္လာသည့္ လွ်ပ္စစ္ဓာတ္အားလိုအပ္ခ်က္ကို ျဖည့္ဆည္းႏိုင္ရန္အတြက္ ေရတိုအစီအမံအေနျဖင့္ အပူစြမ္းအင္သုံး ဓာတ္ေငြ႕သုံး ဓာတ္အားေပးစက္႐ုံ ၇ ႐ုံမွ စုစုေပါင္း ၁၁၆၆ မဂၢါဝပ္ ထုတ္လုပ္ႏိုင္ရန္ စီမံေဆာင္႐ြက္ထားသည္ဟုဆိုသည္။ ထိုစက္မ်ားက မၾကာမီ စတင္လည္ပတ္ႏိုင္ေတာ့မည္ဟုဝန္ႀကီးကဆိုသည္။

ၿပီးခဲ့သည့္ႏွစ္ ဇူလႈိင္လတြင္ လွ်ပ္စစ္ဓာတ္အားခႏႈန္းထားမ်ား တိုးျမႇင့္လိုက္ျခင္းေၾကာင့္ အမ်ားျပည္သူမ်ားသည္ စြမ္းအင္ေခြၽတာမူကို အသိရွိလာသည့္အျပင္ လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္ျခင္းတြင္ ရင္းႏွီးျမႇပ္ႏွံလိုသူမ်ား တိုးတက္လာသည့္ဟု ဝန္ႀကီးကေျပာသည္။

ျမန္မာႏိုင္ငံတြင္ လက္ရွိတြင္ လွ်ပ္စစ္သုံးစြဲမႈသည္ ၃၈၀၀ မဂၢါဝပ္ရွိသည္ဟု ဝန္ႀကီးဌာနက ထုတ္ျပန္ထားသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
18th Property and Car Expo
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service