မြန်မာအိုက်ဒေါ၏ ဇာစ်မြစ်ခံရာ အမေရိကန်အိုက်ဒေါ စတင်ဖန်တီးတင်ဆက်သူ ဆိုင်မွန်ဖူလာက ကမ္ဘာကျော်ကြယ်ပွင့်များ ခြေချရာ လော့စ်အိန်ဂျလိမြို့၊ ဘဲလ်အဲအရပ်ရှိ စံအိမ်ကြီးကို ကန်ဒေါ်လာ ၂၈ သန်းဖြင့် ရောင်းချ

မြန်မာအိုက်ဒေါ၏ ဇာစ်မြစ်ခံရာ အမေရိကန်အိုက်ဒေါ စတင်ဖန်တီးတင်ဆက်သူ ဆိုင်မွန်ဖူလာက ကမ္ဘာကျော်ကြယ်ပွင့်များ ခြေချရာ လော့စ်အိန်ဂျလိမြို့၊ ဘဲလ်အဲအရပ်ရှိ စံအိမ်ကြီးကို ကန်ဒေါ်လာ ၂၈ သန်းဖြင့် ရောင်းချ - Property News in Myanmar from iMyanmarHouse.com
11 Mar 2020 11:52 am တွင် တင်ခဲ့သည်
5448 ကြိမ် ကြည့်ရှု့ပြီး

### Unicode Version ###

အမေရိကန်အိုက်ဒေါ ဖန်တီးသူ ဆိုင်မွန် ဖူလာသည် နောက်ဆုံးတွင်ကား လော့စ်အိန်ဂျလိမြို့၊ ဘဲအဲရ်ရှိ စံအိမ်ကြီးကို ကျောခိုင်းလိုက်ပြီ ဖြစ်သည်။

ဂျော်ဂျီယာဗိသုကာဟန်စံအိမ်ကြီးသည် ဗိသုကာသမားဂုဏ်ကို လှစ်ဟပြသနေပြီး ထင်ရှားသည့် ပုဂ္ဂိုလ်ကျော်များစွာ ပိုင်ဆိုင်ခဲ့ကြပြီး ယခုအခါ ဆိုင်မွန်ဖူလာက ကန်ဒေါ်လာ ၂၈ သန်းဖြင့် ရောင်းချလာခြင်းဖြစ်သည်။

ဖူလာသည် ဤစံအိမ်ကြီးကို ရောင်းထွက်ရန် တစ်နှစ်ကျော် ကြိုးစားခဲ့ရသည်။

၂၀၁၉ နှစ်စပိုင်းတွင် ဆိုင်မွန်ဖူလာမျှော်လင့်ခဲ့သည်မှာ ကန်ဒေါ်လာ ၃၅ သန်းဖြစ်ပြီး အောက်တိုဘာလတွင်မူ ကန်ဒေါ်လာ ၃၂ ဒသမ ၅ သန်းသို့ လျှော့ချပေးခဲ့သည်။

အိမ်ခြံမြေမှတ်တမ်းများအရ ဆိုင်မွန်ဖူလာသည် အဆိုပါစံအိမ်ကြီးကို ၂၀၁၄ ခုနှစ်အတွင်း ကန်ဒေါ်လာ ၂၄ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

၁၉၉၀ ပြည့်လွန်ကာလများအတွင်း ပိုင်ဆိုင်ခဲ့သူမှာ အမေရိကန်ရုပ်သံဌာန ABC မှ ထုတ်လွှင့်ခဲ့သော ဟာသရုပ်သံအစီအစဉ် “Full House” တွင် ပါဝင်သရုပ်ဆောင်ခဲ့သူ ရုပ်ရှင်မင်းသမီး လိုရီ လောင်လင်းနှင့် ခင်ပွန်းဖြစ်သူ ဖက်ရှင်ဒီဇိုင်နာ မော့စီမို ဂျီယာညူလီတို့ ဖြစ်သည်။

လိုရိလောင်လင်းတို့ စုံတွဲက နောက်ပိုင်းတွင် အဆိုပါစံအိမ်ကြီးကို စီးပွားရေးလုပ်ငန်းရှင် ဘီလျံနာကြီး ဒေးဗစ် မားဒေါ့သို့ ရောင်းချလိုက်သည်။

ဖရက်ဒရစ် စံအိမ် (Fredericks Residence) ဟု အမည်ပေးထားပြီး အကျယ်အဝန်းမှာ စတုရန်းပေ ၁၁၂၀၀ အထိ ကျယ်ဝန်းသည်။

ဗိသုကာပညာရှင် ဂေါ်ဒန် ကပ်ဖ်မန်းက ၁၉၂၇ ခုနှစ်တွင် ဆောက်လုပ်ပေးခဲ့ခြင်း ဖြစ်သည်။

ဂေါ်ဒန် ကပ်ဖ်မန်းသည် ဟူးဗား ရေလှောင်တမံ၊ လော့စ်အိန်ဂျလိတွင် ဂရေးစတုန်းအမည်ရှိ စံအိမ်ကြီးနှင့် လော့စ်အိန်ဂျလိမြို့လယ်ရှိ လော့စ်အိန်ဂျလိတိုင်းမ် သတင်းစာ ရုံးအဆောက်အအုံကြီးတို့ကို ဆောက်လုပ်ပေးခဲ့သူလည်း ဖြစ်သည်။ အဖြူရောင်ဆေးသုတ်ထားသည့် အုတ်စံအိမ်တွင် အနက်ရောင်အသားပေးမွမ်းမံမှုများနှင့်အတူ အိုင်ဗီနွယ်ပန်းများလည်း ရစ်နွှယ်နေသည်။

ခြံဝန်းအကျယ်မှာ ၁ ဒသမ ၆ ဧကရှိနေအိမ်အတွင်း အိပ်ခန်း ၇ ခန်း၊ ရေချိုးခန်း ၇ ခန်း၊ စားဖိုမှူးအဆင့် မီးဖိုဆောင်နှင့် မိသားစုနားနေခန်းတို့ ပါဝင်သည်။

အပေါ်ထပ်တွင်မူ master bedroom နှင့်အတူ ရုံးခန်း၊ အားကစားလေ့ကျင့်ခန်းမနှင့် ရေချိုးခန်းများ ပါဝင်သည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

### Zawgyi Version ###

ျမန္မာအိုက္ေဒါ၏ ဇာစ္ျမစ္ခံရာ အေမရိကန္အိုက္ေဒါ စတင္ဖန္တီးတင္ဆက္သူ ဆိုင္မြန္ဖူလာက ကမာၻေက်ာ္ၾကယ္ပြင့္မ်ား ေျခခ်ရာ ေလာ့စ္အိန္ဂ်လိၿမိဳ႕၊ ဘဲလ္အဲအရပ္ရွိ စံအိမ္ႀကီးကို ကန္ေဒၚလာ ၂၈ သန္းျဖင့္ ေရာင္းခ်

အေမရိကန္အိုက္ေဒါ ဖန္တီးသူ ဆိုင္မြန္ ဖူလာသည္ ေနာက္ဆုံးတြင္ကား ေလာ့စ္အိန္ဂ်လိၿမိဳ႕၊ ဘဲအဲရ္ရွိ စံအိမ္ႀကီးကို ေက်ာခိုင္းလိုက္ၿပီ ျဖစ္သည္။

ေဂ်ာ္ဂ်ီယာဗိသုကာဟန္စံအိမ္ႀကီးသည္ ဗိသုကာသမားဂုဏ္ကို လွစ္ဟျပသေနၿပီး ထင္ရွားသည့္ ပုဂၢိဳလ္ေက်ာ္မ်ားစြာ ပိုင္ဆိုင္ခဲ့ၾကၿပီး ယခုအခါ ဆိုင္မြန္ဖူလာက ကန္ေဒၚလာ ၂၈ သန္းျဖင့္ ေရာင္းခ်လာျခင္းျဖစ္သည္။

ဖူလာသည္ ဤစံအိမ္ႀကီးကို ေရာင္းထြက္ရန္ တစ္ႏွစ္ေက်ာ္ ႀကိဳးစားခဲ့ရသည္။

၂၀၁၉ ႏွစ္စပိုင္းတြင္ ဆိုင္မြန္ဖူလာေမွ်ာ္လင့္ခဲ့သည္မွာ ကန္ေဒၚလာ ၃၅ သန္းျဖစ္ၿပီး ေအာက္တိုဘာလတြင္မူ ကန္ေဒၚလာ ၃၂ ဒသမ ၅ သန္းသို႔ ေလွ်ာ့ခ်ေပးခဲ့သည္။

အိမ္ၿခံေျမမွတ္တမ္းမ်ားအရ ဆိုင္မြန္ဖူလာသည္ အဆိုပါစံအိမ္ႀကီးကို ၂၀၁၄ ခုႏွစ္အတြင္း ကန္ေဒၚလာ ၂၄ သန္းျဖင့္ ဝယ္ယူခဲ့ျခင္းျဖစ္သည္ဟု ဆိုသည္။

၁၉၉၀ ျပည့္လြန္ကာလမ်ားအတြင္း ပိုင္ဆိုင္ခဲ့သူမွာ အေမရိကန္႐ုပ္သံဌာန ABC မွ ထုတ္လႊင့္ခဲ့ေသာ ဟာသ႐ုပ္သံအစီအစဥ္ “Full House” တြင္ ပါဝင္သ႐ုပ္ေဆာင္ခဲ့သူ ႐ုပ္ရွင္မင္းသမီး လိုရီ ေလာင္လင္းႏွင့္ ခင္ပြန္းျဖစ္သူ ဖက္ရွင္ဒီဇိုင္နာ ေမာ့စီမို ဂ်ီယာညဴလီတို႔ ျဖစ္သည္။

လိုရိေလာင္လင္းတို႔ စုံတြဲက ေနာက္ပိုင္းတြင္ အဆိုပါစံအိမ္ႀကီးကို စီးပြားေရးလုပ္ငန္းရွင္ ဘီလ်ံနာႀကီး ေဒးဗစ္ မားေဒါ့သို႔ ေရာင္းခ်လိုက္သည္။

ဖရက္ဒရစ္ စံအိမ္ (Fredericks Residence) ဟု အမည္ေပးထားၿပီး အက်ယ္အဝန္းမွာ စတုရန္းေပ ၁၁၂၀၀ အထိ က်ယ္ဝန္းသည္။

ဗိသုကာပညာရွင္ ေဂၚဒန္ ကပ္ဖ္မန္းက ၁၉၂၇ ခုႏွစ္တြင္ ေဆာက္လုပ္ေပးခဲ့ျခင္း ျဖစ္သည္။

ေဂၚဒန္ ကပ္ဖ္မန္းသည္ ဟူးဗား ေရေလွာင္တမံ၊ ေလာ့စ္အိန္ဂ်လိတြင္ ဂေရးစတုန္းအမည္ရွိ စံအိမ္ႀကီးႏွင့္ ေလာ့စ္အိန္ဂ်လိၿမိဳ႕လယ္ရွိ ေလာ့စ္အိန္ဂ်လိတိုင္းမ္ သတင္းစာ ႐ုံးအေဆာက္အအုံႀကီးတို႔ကို ေဆာက္လုပ္ေပးခဲ့သူလည္း ျဖစ္သည္။ အျဖဴေရာင္ေဆးသုတ္ထားသည့္ အုတ္စံအိမ္တြင္ အနက္ေရာင္အသားေပးမြမ္းမံမႈမ်ားႏွင့္အတူ အိုင္ဗီႏြယ္ပန္းမ်ားလည္း ရစ္ႏႊယ္ေနသည္။

ၿခံဝန္းအက်ယ္မွာ ၁ ဒသမ ၆ ဧကရွိေနအိမ္အတြင္း အိပ္ခန္း ၇ ခန္း၊ ေရခ်ိဳးခန္း ၇ ခန္း၊ စားဖိုမႉးအဆင့္ မီးဖိုေဆာင္ႏွင့္ မိသားစုနားေနခန္းတို႔ ပါဝင္သည္။

အေပၚထပ္တြင္မူ master bedroom ႏွင့္အတူ ႐ုံးခန္း၊ အားကစားေလ့က်င့္ခန္းမႏွင့္ ေရခ်ိဳးခန္းမ်ား ပါဝင္သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
INNO CITY
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service