အခြေခံပညာရေး အဆင့်မြင့်တင်ရန် ကမ္ဘာဘဏ်က မြန်မာကို ဒေါ်လာ သန်း ၁၀၀ ချေး

အခြေခံပညာရေး အဆင့်မြင့်တင်ရန် ကမ္ဘာဘဏ်က မြန်မာကို ဒေါ်လာ သန်း ၁၀၀ ချေး - Property News in Myanmar from iMyanmarHouse.com
5 Mar 2020 11:42 am တွင် တင်ခဲ့သည်
844 ကြိမ် ကြည့်ရှု့ပြီး

### Unicode Version ###

မြန်မာ့အခြေခံပညာရေးအရည်အသွေး မြင့်မားရန်နှင့် ကလေးအားလုံး လက်လှမ်းမီပညာရေးအတွက် ကမ္ဘာ့ဘဏ်က ဒေါ်လာသန်း ၁၀၀ ချေးငွေပေးမည်ဟု မတ်လ ၃ ရက်တွင် ထုတ်ပြန်သည်။

ထိုစီမံကိန်းကို ကမ္ဘာ့ဘဏ် ၏ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေ မှ ချေးငွေရယူပြီး ပညာသင်နှစ် လေးနှစ်အတွင်း ဆောင်ရွက်မည် ဖြစ်သည်။

အားလုံးအကျုံးဝင်သည့် အရည်အသွေးမီ ပညာရေးစီမံကိန်း တွင် တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများ ပါဝင်မည်ဖြစ်ပြီး ပဋိပက္ခဒဏ်ခံစားရသည့် ဒေသများကို အလေးပေး ဆောင်ရွက်မည်ဟု ဆိုသည်။

‘‘ကျောင်းက အချိန်မတိုင်ခင် ထွက်သွားတဲ့ ကလေးငယ်တွေ၊ ရွှေ့ပြောင်းလုပ်သား မိသားစုဝင် တွေရဲ့ ကလေးငယ်တွေ၊ ပဋိပက္ခဒဏ်ကြောင့် ရွှေ့ပြောင်းကြရတဲ့ ကလေးငယ်တွေအတွက် အရည်အသွေးရှိတဲ့ ပညာရေးလက်လှမ်းမီအောင် ဆောင်ရွက်ပေးဖို့ ပိုအရေးကြီးတယ်’’ဟု မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ် ယာယီညွှန့်ကြား ရေးမှူး ဂေဗော့ဆာဂဆီဘမ်က ပြောသည်။

ထိုချေးငွေ သန်း ၁၀၀ အပြင် ကမ္ဘာလုံးဆိုင်ရာ ပညာရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်က ဒေါ်လာသန်း ၇၀ နှင့် ဥရောပကော်မရှင်က ဒေါ်လာ ၁၀ သန်း ထပ်မံထည့်သွင်းပေးမည်ဟု ဆိုသည်။

ချေးငွေ၏ ၇၀ ရာခိုင်နှုန်းကျော်ကို ဝေးလံခက်ခဲသည့် မြို့နယ်များတွင် အသုံးပြုမည်ဖြစ်ပြီး စာသင်ကျောင်းများနှင့် ဆရာ၊ဆရာမများ အရည်အသွေး မြှင့်တင်နိုင်ရန် ဆောင်ရွက်မည်ဟု ဆိုသည်။

၂၀၁၄ တွင် ကမ္ဘာ့ဘဏ်က ဆောင်ရွက်နေသည့် ကျောင်းများ ၌ ဘဏ္ဍာရေးဆိုင်ရာ ဗဟိုချုပ်ကိုင်မှု လျှော့ချသည့် ငွေကြေး ထောက်ပံ့ပေးသည့် စီမံကိန်းကို အခြေခံ၍ တိုးချဲ့ခြင်းဖြစ်သည်။

ယခုစီမံကိန်းသည် ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ အခြေခံကျောင်းများကို သင်ကြားရေးအထောက်အကူပြု အသုံးစရိတ်များ တိုက်ရိုက်ခွဲဝေပေးခြင်းသည် ကျောင်းသား ကိုးသန်းကျော်၏ မိဘများ စရိတ်ဝန်ထုပ်ဝန်ပိုး လျော့ကျစေမည်ဟု ဆို သည်။

ထို့အပြင် ပညာသင်ထောက်ပံ့ကြေး အစီအစဉ်က ဆင်းရဲနွမ်းပါးသည့် ကျောင်းသား နှစ်သိန်းသုံးသောင်းကျော်ကို ပံ့ပိုးနိုင်ခဲ့သည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် ပညာရေးအရည်အသွေးနှင့် လက်လှမ်းမီအကျုံးဝင်သည့် ကွာဟချက်ကြီးမား နေဆဲဟုဆိုသည်။ တတိယတန်း သုံးပုံ၊ တစ်ပုံသည် စာဖတ်နိုင် စွမ်းရည်တွင် နားလည်မှုအားနည်းလျက်ရှိပြီး ယင်းအရွယ်ဖြေဆိုနိုင်ရမည့် သင်္ချာပုစ္ဆာများကို ဖြေရှင်းနိုင်စွမ်းမရှိဟု ကမ္ဘာ့ဘဏ် က ဆိုသည်။

အသက် (၁၄) နှစ်မတိုင်မီကျောင်းထွက်နှုန်း မြင့်မားနေဆဲဖြစ်ပြီး ပညာရေးရလဒ်များ တစ်နေရာနှင့် တစ်နေရာ မတူညီဟု ဆိုသည်။ အထူးသဖြင့် ဆင်းရဲနွမ်းပါးသော ကလေးငယ်များ၊ ပဋိပက္ခဇုန်မှ ကလေးများနှင့် တိုင်းရင်းသား လူနည်းစုများ ပညာရေးရလဒ် အားနည်းနေသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

### Zawgyi Version ###

အေျခခံပညာေရး အဆင့္ျမင့္တင္ရန္ ကမာၻဘဏ္က ျမန္မာကို ေဒၚလာသန္း ၁၀၀ ေခ်း

ျမန္မာ့အေျခခံပညာေရးအရည္အေသြး ျမင့္မားရန္ႏွင့္ ကေလးအားလုံး လက္လွမ္းမီပညာေရးအတြက္ ကမာၻ႔ဘဏ္က ေဒၚလာသန္း ၁၀၀ ေခ်းေငြေပးမည္ဟု မတ္လ ၃ ရက္တြင္ ထုတ္ျပန္သည္။

ထိုစီမံကိန္းကို ကမာၻ႔ဘဏ္၏ အျပည္ျပည္ဆိုင္ရာ ဖြံ႕ၿဖိဳးေရး ရန္ပုံေငြ မွ ေခ်းေငြရယူၿပီး ပညာသင္ႏွစ္ ေလးႏွစ္အတြင္း ေဆာင္႐ြက္မည္ ျဖစ္သည္။

အားလုံးအက်ဳံးဝင္သည့္ အရည္အေသြးမီ ပညာေရးစီမံကိန္း တြင္ တစ္ႏိုင္ငံလုံးရွိ အေျခခံပညာေက်ာင္းမ်ား ပါဝင္မည္ျဖစ္ၿပီး ပဋိပကၡဒဏ္ခံစားရသည့္ ေဒသမ်ားကို အေလးေပး ေဆာင္႐ြက္မည္ဟု ဆိုသည္။

‘‘ေက်ာင္းက အခ်ိန္မတိုင္ခင္ ထြက္သြားတဲ့ ကေလးငယ္ေတြ၊ ေ႐ႊ႕ေျပာင္းလုပ္သား မိသားစုဝင္ ေတြရဲ႕ ကေလးငယ္ေတြ၊ ပဋိပကၡဒဏ္ေၾကာင့္ ေ႐ႊ႕ေျပာင္းၾကရတဲ့ ကေလးငယ္ေတြအတြက္ အရည္အေသြးရွိတဲ့ ပညာေရးလက္လွမ္းမီေအာင္ ေဆာင္႐ြက္ေပးဖို႔ ပိုအေရးႀကီးတယ္’’ဟု ျမန္မာႏိုင္ငံဆိုင္ရာ ကမာၻ႔ဘဏ္ ယာယီၫႊန႔္ၾကား ေရးမႉး ေဂေဗာ့ဆာဂဆီဘမ္က ေျပာသည္။

ထိုေခ်းေငြ သန္း ၁၀၀ အျပင္ ကမာၻလုံးဆိုင္ရာ ပညာေရး ပူးေပါင္းေဆာင္႐ြက္မႈ အစီအစဥ္က ေဒၚလာသန္း ၇၀ ႏွင့္ ဥေရာပေကာ္မရွင္က ေဒၚလာ ၁၀ သန္း ထပ္မံထည့္သြင္းေပးမည္ဟု ဆိုသည္။

ေခ်းေငြ၏ ၇၀ ရာခိုင္ႏႈန္းေက်ာ္ကို ေဝးလံခက္ခဲသည့္ ၿမိဳ႕နယ္မ်ားတြင္ အသုံးျပဳမည္ျဖစ္ၿပီး စာသင္ေက်ာင္းမ်ားႏွင့္ ဆရာ၊ဆရာမမ်ား အရည္အေသြး ျမႇင့္တင္ႏိုင္ရန္ ေဆာင္႐ြက္မည္ဟု ဆိုသည္။

၂၀၁၄ တြင္ ကမာၻ႔ဘဏ္က ေဆာင္႐ြက္ေနသည့္ ေက်ာင္းမ်ား ၌ ဘ႑ာေရးဆိုင္ရာ ဗဟိုခ်ဳပ္ကိုင္မႈ ေလွ်ာ့ခ်သည့္ ေငြေၾကး ေထာက္ပံ့ေပးသည့္ စီမံကိန္းကို အေျခခံ၍ တိုးခ်ဲ႕ျခင္းျဖစ္သည္။

ယခုစီမံကိန္းသည္ ပညာေရးဝန္ႀကီးဌာန လက္ေအာက္ရွိ အေျခခံေက်ာင္းမ်ားကို သင္ၾကားေရးအေထာက္အကူျပဳ အသုံးစရိတ္မ်ား တိုက္႐ိုက္ခြဲေဝေပးျခင္းသည္ ေက်ာင္းသား ကိုးသန္းေက်ာ္၏ မိဘမ်ား စရိတ္ဝန္ထုပ္ဝန္ပိုး ေလ်ာ့က်ေစမည္ဟု ဆို သည္။

ထို႔အျပင္ ပညာသင္ေထာက္ပံ့ေၾကး အစီအစဥ္က ဆင္းရဲႏြမ္းပါးသည့္ ေက်ာင္းသား ႏွစ္သိန္းသုံးေသာင္းေက်ာ္ကို ပံ့ပိုးႏိုင္ခဲ့သည္ဟု ဆိုသည္။

ျမန္မာႏိုင္ငံတြင္ ပညာေရးအရည္အေသြးႏွင့္ လက္လွမ္းမီအက်ဳံးဝင္သည့္ ကြာဟခ်က္ႀကီးမား ေနဆဲဟုဆိုသည္။ တတိယတန္း သုံးပုံ၊ တစ္ပုံသည္ စာဖတ္ႏိုင္ စြမ္းရည္တြင္ နားလည္မႈအားနည္းလ်က္ရွိၿပီး ယင္းအ႐ြယ္ေျဖဆိုႏိုင္ရမည့္ သခ်ၤာပုစာၦမ်ားကို ေျဖရွင္းႏိုင္စြမ္းမရွိဟု ကမာၻ႔ဘဏ္ က ဆိုသည္။

အသက္ (၁၄) ႏွစ္မတိုင္မီေက်ာင္းထြက္ႏႈန္း ျမင့္မားေနဆဲျဖစ္ၿပီး ပညာေရးရလဒ္မ်ား တစ္ေနရာႏွင့္ တစ္ေနရာ မတူညီဟု ဆိုသည္။ အထူးသျဖင့္ ဆင္းရဲႏြမ္းပါးေသာ ကေလးငယ္မ်ား၊ ပဋိပကၡဇုန္မွ ကေလးမ်ားႏွင့္ တိုင္းရင္းသား လူနည္းစုမ်ား ပညာေရးရလဒ္ အားနည္းေနသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service