ရှေးဟောင်းအဆောက်အအုံများထိန်းသိမ်းကာကွယ်ရေးဥပဒေ

ရှေးဟောင်းအဆောက်အအုံများထိန်းသိမ်းကာကွယ်ရေးဥပဒေ - Property Knowledge in Myanmar from iMyanmarHouse.com
5 Mar 2020 10:27 am တွင် တင်ခဲ့သည်
806 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

### Unicode Version ###

လွန်ခဲ့သောခေတ်အဆက်ဆက် (နှစ်၁၀၀အထက်ရှိသော) ရှေးဟောင်းအဆောက်အအုံများသည် သဘာ၀ ဘေးဒဏ်အမျိုးမျိုးကို နှစ်ပေါင်းများစွာခံလာရသောကြောင့် ပြိုကျပျက်စီးမည်ကို ကြိုတင်ကာကွယ်သောအနေဖြင့် ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ရေးဥပဒေကို (၂၆ . ၈ .၂၀၁၅) ရက်နေ့တွင် (၂၀၁၅)ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်(၅၁) အရထုတ်ပြန်ပြဌာန်းခဲ့သည်။

ကာကွယ်ထိန်းသိမ်းခြင်းဆိုရာတွင် ရှေးဟောင်းအဆောက်အအုံများ အဓွန့်ရှည်တည်တံံံ့စေရန် အဆောက်အအုံနှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ခြင်း၊ အဆောက်အအုံကို ဝင်းခြံကာရံခြင်းနှင့် အလွယ်တကူဝင်ထွက်နိုင်ရန် ပြုလုပ်ခြင်း၊ ရှေးမူမပျက် ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်း၊ အသစ်ပြန်လည် ပြုပြင်ခြင်း၊ ဆေးကြောသုတ်သင်မွမ်းမံခြင်းတို့ကို ရှေးဟောင်းသုတေသနဆိုင်ရာ အင်ဂျင်နီယာနည်းလမ်း၊ ဓာတုဗေဒနည်းလမ်းများနှင့် အခြားနည်းလမ်းများအပါအဝင် သိပ္ပံနည်းကျ ပြုပြင်ကာကွယ်ရေးဆောင်ရွက်ရန် ဖြစ်သည်။ ၎င်းဥပဒေကို ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာနတို့မှ လိုက်နာကျင့်သုံး ဆောင်ရွက်ပါသည်။

ဤဥပဒေ၏ရည်ရွယ်ချက်မှာ -

(က) ရှေးဟောင်းအဆောက်အအုံများ အဓွန့်ရှည်တည်တံံ့စေရေးအတွက် ကာကွယ်ထိန်းသိမ်းခြင်းဆိုင်ရာမူဝါဒကို အကောင်အထည်ဖော်နိုင်ရန်၊

(ခ) သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်စေ၊ လူ့ပယောဂကြောင့်ဖြစ်စေ၊ ရှေးဟောင်းအဆောက်အအုံများယိုယွင်းပျက်စီးပျောက်ဆုံးခြင်း မရှိစေရေးအတွက် ကာကွယ်ထိန်းသိမ်းနိုင်ရန်၊

(ဂ)ရှေးဟောင်းအဆောက်အအုံများကို ကာကွယ်ထိန်းသိမ်းခြင်းဖြင့် အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားစေရန်နှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ခိုင်မာစေရန်၊

(ဃ)ရှေးဟောင်းအဆောက်အအုံများ၏ တန်ဖိုးမြင့်မားမှုကို အများပြည်သူတို့ သိရှိနားလည်နိုင်ကြစေရန်၊

(င)ရှေးဟောင်းအဆောက်အအုံများ ဖျက်ဆီးမှုမခံရစေရေး ကာကွယ်စောင့်ရှောက်ရန်၊

(စ)ရှေးဟောင်းအဆောက်အအုံများ ရှာဖွေဖော်ထုတ်ထိန်းသိမ်းရန်၊

(ဆ) ရှေးဟောင်းအဆောက်အအုံများကို ကာကွယ်ထိန်းသိမ်းခြင်းနှင့် စပ်လျဉ်း၍ နိုင်ငံတော်က သဘောတူ လက်ခံထားသော အပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်း၊ ဒေသဆိုင်ရာ သဘောတူညီချက်များနှင့် အညီဆောင်ရွက်ရန်ရည်ရွယ်ပါသည်။ ((ပုဒ်မ- ၃)

ရှေးဟောင်းအဆောက်အအုံ၏ သတ်မှတ်ထားသော ဧရိယာအတွင်း၌ အောက်ပါပြုလုပ်မှုတစ်ခုခုကို ဆောင်ရွက်လိုသူသည် ကြိုတင်ခွင့်ပြုချက်ရရှိရန် ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန လျှောက်ထားရမည်။ (ပုဒ်မ- ၁၅)

(က) မြို့၊ ရပ်ကွက်၊ ကျေးရွာများကို တိုးချဲ့ခြင်း၊

(ခ)ဟိုတယ်များ၊ စက်ရုံအလုပ်ရုံများ၊ လူနေအဆောက်အအုံများ အပါအဝင် အဆောက်အအုံအသစ်များ တည်ဆောက်ခြင်း၊ (သို့) တိုးချဲ့ခြင်း၊ (သို့) ပြင်ဆင်ခြင်း (သို့) ဝင်းခြံကာရံခြင်း (သို့) ချဲ့ထွင်ခြင်း။

(ဂ)ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကျောက်မျက်ရတနာ၊ (သို့) ဓာတ်သတ္တုရှာဖွေရန်တူးဖော်ခြင်း၊ ရေနံ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများသွယ်တန်းခြင်း၊ စက်ရုံအလုပ်ရုံများတည်ဆောက်ခြင်း၊ မဟာဓာတ်အားလိုင်းများသွယ်တန်းခြင်း၊ ဆက်သွယ်ရေးတာဝါတိုင်များဆောက်လုပ်ခြင်း၊ လမ်းဖောက်လုပ်ခြင်း၊ တံတားတည်ဆောက်ခြင်း၊ လေယာဉ်ကွင်းတည်ဆောက်ခြင်း၊ ဆည်မြောင်း၊ တာတမံများစသော အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်း (သို့) တိုးချဲ့ခြင်း။

(ဃ)မြေအောက်တွင် လျှပ်စစ်သွယ်တန်းခြင်း၊ ဆက်သွယ်ရေးဆိုင်ရာသွယ်တန်းခြင်းနှင့် အခြားမြေအောက်လုပ်ငန်းများ ဆောင်ရွက်ခြင်း။

(င)ရေတွင်း၊ ရေကန်၊ တူးမြောင်း ၊ မွေးမြူရေးကန်များတူးဖော်ခြင်း (သို့) တိုးချဲ့ခြင်း။

(စ)မြေမျက်နှာသွင်ပြင် ပျက်စီးစေသည့် ရွှေကျင်ခြင်း၊ မြေတူးဖော်ခြင်း၊ အုတ်ဖုတ်ခြင်း၊ ရေတွင်း၊ ရေကန်၊ ချောင်း၊ မြောင်း၊ လျှို၊ ချိုင့်များတူးခြင်း၊ဖို့ခြင်း၊ မြေညှိုခြင်း၊ မိုင်းခွဲခြင်း၊ ကျောက်တူးခြင်း၊ ကျောက်စရစ်၊ သဲထုတ်ယူခြင်း၊ ကုန်းများ၊ တောင်များ ဖြိုဖျက်ခြင်း။

(ဆ) ပုဂ္ဂလိက ပိုင်ဆိုင်သည့် အဝန်းအဝိုင်း၊ ဧရိယာအတွင်းတွင် ရှေးဟောင်းအဆောက်အအုံများကို ထည့်သွင်းခြင်း၊ ခြံစည်းရိုးခတ်ထားခြင်း။

(ဇ)ရှေးဟောင်းအဆောက်အအုံ၏အနီးနှင့် ပတ်ဝန်းကျင်မြင်ကွင်း၌ ဝန်ကြီးဌာနက ဒေသအလိုက် သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့် ကိုက်ညီခြင်းမရှိသော အဆောက်အအုံကို ဆောက်လုပ်ခြင်း။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

### Zawgyi Version ###

ေရွးေဟာင္းအေဆာက္အအုံမ်ားထိန္းသိမ္းကာကြယ္ေရးဥပေဒ

လြန္ခဲ့ေသာေခတ္အဆက္ဆက္ (ႏွစ္၁၀၀အထက္ရွိေသာ) ေရွးေဟာင္းအေဆာက္အအုံမ်ားသည္ သဘာ၀ ေဘးဒဏ္အမ်ိဳးမ်ိဳးကို ႏွစ္ေပါင္းမ်ားစြာခံလာရေသာေၾကာင့္ ၿပိဳက်ပ်က္စီးမည္ကို ႀကိဳတင္ကာကြယ္ေသာအေနျဖင့္ ေရွးေဟာင္းအေဆာက္အအုံမ်ား ကာကြယ္ေရးဥပေဒကို (၂၆ . ၈ .၂၀၁၅) ရက္ေန႔တြင္ (၂၀၁၅)ခုႏွစ္၊ ျပည္ေထာင္စုလႊတ္ေတာ္ဥပေဒအမွတ္(၅၁) အရထုတ္ျပန္ျပဌာန္းခဲ့သည္။

ကာကြယ္ထိန္းသိမ္းျခင္းဆိုရာတြင္ ေရွးေဟာင္းအေဆာက္အအုံမ်ား အဓြန္႔ရွည္တည္တံံံ့ေစရန္ အေဆာက္အအုံႏွင့္ သဘာ၀ပတ္၀န္းက်င္ကို ထိန္းသိမ္းကာကြယ္ျခင္း၊ အေဆာက္အအုံကို ၀င္းျခံကာရံျခင္းႏွင့္ အလြယ္တကူ၀င္ထြက္ႏိုင္ရန္ ျပဳလုပ္ျခင္း၊ ေရွးမူမပ်က္ ျပန္လည္ျပဳျပင္ထိန္းသိမ္းျခင္း၊ အသစ္ျပန္လည္ ျပဳျပင္ျခင္း၊ ေဆးေၾကာသုတ္သင္မြမ္းမံျခင္းတို႔ကို ေရွးေဟာင္းသုေတသနဆိုင္ရာ အင္ဂ်င္နီယာနည္းလမ္း၊ ဓာတုေဗဒနည္းလမ္းမ်ားႏွင့္ အျခားနည္းလမ္းမ်ားအပါအ၀င္ သိပၸံနည္းက် ျပဳျပင္ကာကြယ္ေရးေဆာင္ရြက္ရန္ ျဖစ္သည္။ ၎ဥပေဒကို ေရွးေဟာင္းသုေတသန ႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာနတို႔မွ လိုက္နာက်င့္သုံး ေဆာင္ရြက္ပါသည္။

ဤဥပေဒ၏ရည္ရြယ္ခ်က္မွာ -

(က)ေရွးေဟာင္းအေဆာက္အအုံမ်ား အဓြန္႕ရွည္တည္တံံ့ေစေရးအတြက္ ကာကြယ္ထိန္းသိမ္းျခင္းဆိုင္ရာမူဝါဒကို အေကာင္အထည္ေဖာ္ႏိုင္ရန္၊

(ခ)သဘာ၀ေဘးအႏၲရာယ္ေၾကာင့္ျဖစ္ေစ၊ လူ႔ပေယာဂေၾကာင့္ျဖစ္ေစ၊ ေရွးေဟာင္းအေဆာက္အအုံမ်ားယိုယြင္းပ်က္စီးေပ်ာက္ဆုံးျခင္း မရွိေစေရးအတြက္ ကာကြယ္ထိန္းသိမ္းႏိုင္ရန္၊

(ဂ)ေရွးေဟာင္းအေဆာက္အအုံမ်ားကို ကာကြယ္ထိန္းသိမ္းျခင္းျဖင့္ အမ်ိဳးဂုဏ္၊ ဇာတိဂုဏ္ ျမင့္မားေစရန္ႏွင့္ မ်ိဳးခ်စ္စိတ္ဓာတ္ရွင္သန္ခိုင္မာေစရန္၊

(ဃ)ေရွးေဟာင္းအေဆာက္အအုံမ်ား၏ တန္ဖိုးျမင့္မားမႈကို အမ်ားျပည္သူတို႔ သိရွိနားလည္ႏိုင္ၾကေစရန္၊

(င)ေရွးေဟာင္းအေဆာက္အအုံမ်ား ဖ်က္ဆီးမႈမခံရေစေရး ကာကြယ္ေစာင့္ေရွာက္ရန္၊

(စ)ေရွးေဟာင္းအေဆာက္အအုံမ်ား ရွာေဖြေဖာ္ထုတ္ထိန္းသိမ္းရန္၊

(ဆ)ေရွးေဟာင္းအေဆာက္အအုံမ်ားကို ကာကြယ္ထိန္းသိမ္းျခင္းႏွင့္ စပ္လ်ဥ္း၍ ႏိုင္ငံေတာ္က သေဘာတူ လက္ခံထားေသာ အျပည္ျပည္ဆိုင္ရာ ကြန္ဗန္းရွင္း၊ ေဒသဆိုင္ရာ သေဘာတူညီခ်က္မ်ားႏွင့္ အညီေဆာင္ရြက္ရန္ရည္ရြယ္ပါသည္။ ((ပုဒ္မ- ၃)

ေရွးေဟာင္းအေဆာက္အအုံ၏ သတ္မွတ္ထားေသာ ဧရိယာအတြင္း၌ ေအာက္ပါျပဳလုပ္မႈတစ္ခုခုကို ေဆာင္ရြက္လိုသူသည္ ႀကိဳတင္ခြင့္ျပဳခ်က္ရရွိရန္ ေရွးေဟာင္းသုေတသန ႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာန ေလွ်ာက္ထားရမည္။ (ပုဒ္မ- ၁၅)

(က)ၿမိဳ႕၊ ရပ္ကြက္၊ ေက်းရြာမ်ားကို တိုးခ်ဲ႕ျခင္း၊

(ခ)ဟိုတယ္မ်ား၊ စက္႐ုံအလုပ္႐ုံမ်ား၊ လူေနအေဆာက္အအုံမ်ား အပါအ၀င္ အေဆာက္အအုံအသစ္မ်ား တည္ေဆာက္ျခင္း၊ (သို႔) တိုးခ်ဲ႕ျခင္း၊ (သို႔) ျပင္ဆင္ျခင္း (သို႔) ၀င္းျခံကာရံျခင္း (သို႔) ခ်ဲ႕ထြင္ျခင္း။

(ဂ)ေရနံ၊ သဘာ၀ဓာတ္ေငြ႕၊ ေက်ာက္မ်က္ရတနာ၊ (သို႔) ဓာတ္သတၱဳရွာေဖြရန္တူးေဖာ္ျခင္း၊ ေရနံ သဘာ၀ဓာတ္ေငြ႕ ပိုက္လိုင္းမ်ားသြယ္တန္းျခင္း၊ စက္႐ုံအလုပ္႐ုံမ်ားတည္ေဆာက္ျခင္း၊ မဟာဓာတ္အားလိုင္းမ်ားသြယ္တန္းျခင္း၊ ဆက္သြယ္ေရးတာဝါတိုင္မ်ားေဆာက္လုပ္ျခင္း၊ လမ္းေဖာက္လုပ္ျခင္း၊ တံတားတည္ေဆာက္ျခင္း၊ ေလယာဥ္ကြင္းတည္ေဆာက္ျခင္း၊ ဆည္ေျမာင္း၊ တာတမံမ်ားစေသာ အေျခခံအေဆာက္အအုံမ်ား တည္ေဆာက္ျခင္း (သို႔) တိုးခ်ဲ႕ျခင္း။

(ဃ)ေျမေအာက္တြင္ လွ်ပ္စစ္သြယ္တန္းျခင္း၊ ဆက္သြယ္ေရးဆိုင္ရာသြယ္တန္းျခင္းႏွင့္ အျခားေျမေအာက္လုပ္ငန္းမ်ား ေဆာင္ရြက္ျခင္း။

(င)ေရတြင္း၊ ေရကန္၊ တူးေျမာင္း ၊ ေမြးျမဴေရးကန္မ်ားတူးေဖာ္ျခင္း (သို႔) တိုးခ်ဲ႕ျခင္း။

(စ)ေျမမ်က္ႏွာသြင္ျပင္ ပ်က္စီးေစသည့္ ေရႊက်င္ျခင္း၊ ေျမတူးေဖာ္ျခင္း၊ အုတ္ဖုတ္ျခင္း၊ ေရတြင္း၊ ေရကန္၊ ေခ်ာင္း၊ ေျမာင္း၊ လွ်ိဳ၊ ခ်ိဳင့္မ်ားတူးျခင္း၊ဖို႔ျခင္း၊ ေျမၫွိုုျခင္း၊ မိုင္းခြဲျခင္း၊ ေက်ာက္တူးျခင္း၊ ေက်ာက္စရစ္၊ သဲထုတ္ယူျခင္း၊ ကုန္းမ်ား၊ ေတာင္မ်ား ၿဖိဳဖ်က္ျခင္း။

(ဆ)ပုဂၢလိက ပိုင္ဆိုင္သည့္ အ၀န္းအဝိုင္း၊ ဧရိယာအတြင္းတြင္ ေရွးေဟာင္းအေဆာက္အအုံမ်ားကို ထည့္သြင္းျခင္း၊ ျခံစည္း႐ိုးခတ္ထားျခင္း။

(ဇ)ေရွးေဟာင္းအေဆာက္အအုံ၏အနီးႏွင့္ ပတ္၀န္းက်င္ျမင္ကြင္း၌ ၀န္ႀကီးဌာနက ေဒသအလိုက္ သတ္မွတ္ထားသည့္ စည္းကမ္းခ်က္မ်ားႏွင့္ ကိုက္ညီျခင္းမရွိေသာ အေဆာက္အအုံကို ေဆာက္လုပ္ျခင္း။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...
သစ်တောဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သစ်တောဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Social Media ပေါ်မှာ စိတ်ဝင်စားမှုအများဆုံး ဗီယက်နမ်နိုင်ငံရဲ့ ဘတ်စကက်ဘောလှေ ( သို့မဟုတ် ) အုန်းသီးလှေ...
Social Media ပေါ်မှာ စိတ်ဝင်စားမှုအများဆုံး ဗီယက်နမ်နိုင်ငံရဲ့ ဘတ်စကက်ဘောလှေ ( သို့မဟုတ် ) အုန်းသီးလှေ...
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
ဂရန်ပေးစီမံချက်မြေအား ဂရန်လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
ဂရန်ပေးစီမံချက်မြေအား ဂရန်လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
စည်ပင်သာယာရေး ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။
စည်ပင်သာယာရေး ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။
အပူချိန်မြင့်တဲ့နွေရက်များကို အန္တရာယ်ကင်းကင်းဖြတ်ကျော်နိုင်ဖို့ နည်းလမ်း (၅) သွယ်
အပူချိန်မြင့်တဲ့နွေရက်များကို အန္တရာယ်ကင်းကင်းဖြတ်ကျော်နိုင်ဖို့ နည်းလမ်း (၅) သွယ်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
ဒါတွေကြုံနေရပြီလား? ဒါဆိုရင်တော့ ခေတ္တအနားယူဖို့ လိုနေပါပြီ!
ဒါတွေကြုံနေရပြီလား? ဒါဆိုရင်တော့ ခေတ္တအနားယူဖို့ လိုနေပါပြီ!
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
ဆန်ကရန်တီ (သို့မဟုတ်) ဆောင်ကရန် (သို့မဟုတ်) ထိုင်းသင်္ကြန်ပွဲတော်
ဆန်ကရန်တီ (သို့မဟုတ်) ဆောင်ကရန် (သို့မဟုတ်) ထိုင်းသင်္ကြန်ပွဲတော်
area-one-business-complex
119-mdy

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service