အမေရိကန်ပြည်တွင် ပရိဘောဂများ ပါဝင်ပြီးဖြစ်သည့် ကြီးမားခမ်းနားသော နှစ်ထပ်နေအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ တစ်သိန်းကျော်မျှဖြင့် ရောင်းချမည်ဖြစ်သော်လည်း တစ္ဆေများပါ ပါဝင်လာမည်ဟုဆို

အမေရိကန်ပြည်တွင် ပရိဘောဂများ ပါဝင်ပြီးဖြစ်သည့် ကြီးမားခမ်းနားသော နှစ်ထပ်နေအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ တစ်သိန်းကျော်မျှဖြင့် ရောင်းချမည်ဖြစ်သော်လည်း တစ္ဆေများပါ ပါဝင်လာမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
10 Feb 2020 11:54 am တွင် တင်ခဲ့သည်
1376 ကြိမ် ကြည့်ရှု့ပြီး

### Unicode Version ###

အမေရိကန်ပြည်ထောင်စု၊ အင်ဒီယာနာပြည်နယ်တွင် ပရိဘောဂများ ပါဝင်ပြီးဖြစ်သည့် ကြီးမားခမ်းနားသော နှစ်ထပ်နေအိမ်ကြီး တစ်လုံး ကို ကန်ဒေါ်လာ ၁၃၀၀၀၀ မျှဖြင့် ရောင်းချမည်ဖြစ်သော်လည်း သတိပြုရမည့်အချက်မှာ တစ္ဆေများပါ ပါဝင်လာမည်ဟုဆိုသည်။

အဆိုပါစံအိမ်ကြီးကို တီးတိုးသံ စံအိမ် (Whispers Estate ) ဟု လူသိများပြီး ဝိတိုရိယ ဗိသုကာဟန်ဖြင့် ၁၈၉၀ ပြည့်လွန်ကာလများက ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

စံအိမ်ကြီးမှာ ရာစုနှစ်တစ်ခုကျော် သက်တမ်းအိုမင်းလှပြီဖြစ်သော်လည်း လှပခမ်းနားသပ်ရပ်လှကြောင်း ဈေးကွက်တင်ပေးသည့် အကျိုးဆောင် ဟီသာ ဘလန်းက ပြောကြားသည်။

စံအိမ်တည်နေရာမှာ အင်ဒီယာနာပြည်နယ်၊ မစ်ရှဲလ်မြို့၊ ဝါရန်လမ်းတွင် ဖြစ်သည်။

ပရလောကသားတို့ကို တွေ့မြင်ရသည်ဟူသော အထောက်အထားများစွာရှိနေသည့် စံအိမ်ကြီး၏ အကျယ်အဝန်းမှာ စတုရန်းပေ ၃၇၀၀ ရှိပြီး အိပ်ခန်း ၄ ခန်းနှင့် ရေချိုးခန်း ၂ ခန်းခွဲ ပါဝင်ကာ စံအိမ်နေရာအများစုတွင် မူရင်းလက်ရာ သစ်ကြမ်းခင်းများ တွေ့ရမည် ဖြစ်သည်။

စံအိမ်ကြီးအတွက် ပိုင်ရှင်က လွှင့်တင်ထားသော ဝက်ဘ်ဆိုက်တွင် ဖော်ပြချက်အရ စံအိမ်ကြီးသည် တချိန်က လူနေအိမ်တစ်ပိုင်း၊ စီးပွားရေးလုပ်ငန်းအတွက်တစ်ပိုင်း အသုံးပြုခဲ့ပြီး ၁၈၀၀ ပြည့်လွန်ကာလများက အဆောက်အအုံအများစုမှာလည်း ထိုအတိုင်းပင်ဖြစ်သည်ဟု ဆိုသည်။

ဆရာဝန်တစ်ဦးက စံအိမ်အောက်ထပ်တွင် လူနာများထားရှိ ဆေးကုသခဲ့သည်။ နှစ်ပေါင်းများစွာကာလအတွင်း လူနာအချို့မှာ အဆိုပါစံအိမ်ကြီးတွင် သေဆုံးခဲ့ကြရာ ကလေးငယ်များလည်း ပါဝင်သည်ဟုဆိုသည်။

ဆရာဝန်ကိုယ်တိုင်သည်လည်း ပထမထပ်ရှိ master bedroom အတွင်း အဆုပ်ရောင်ရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။

ရုပ်သံအစီအစဉ်များ၊ ပုံနှိပ်မီဒီယာများနှင့် ပရလောကသုတေသီအဖွဲ့များသည် ယခုနေအိမ်ကြီးသို့လာရောက်ကာ လေ့လာမှုများစွာ ပြုလုပ်ခဲ့ကြသည်။

နေအိမ်ကြီးအတွင်း ကလေးငယ်တစ်ဦး ပြေးလွှားနေသည်ကို တွေ့ခဲ့သည်ဆိုသူများစွာရှိသည်။

ထို့အတူ အခန်းတစ်ခန်းတွင် ကလေးပေါင်ဒါနံ့များ ရခြင်း၊ ကလေးငိုသံ သီချင်းဆိုသံများကြားရခြင်း၊ တံခါးလက်ကိုင်ဘုများ အလိုလို လည်လာခြင်း၊ တံခါးများ ရုတ်တရက်ပွင့်သွားခြင်း အစရှိသည့်ဖြစ်ရပ်များ ကြုံတွေ့ရသူများစွာရှိနေသည်။

ဆရာဝန် သေဆုံးခဲ့သည့်အခန်းတွင် ညအိပ်သူတို့သည် ချောင်းဆိုးသံ၊ ဖုတ်လှိုက်ဖုတ်လှိုက်အသက်ရှုသံများ ကြားရလေ့ရှိသည်။

လက်ရှိပိုင်ရှင်က အဆိုပါစံအိမ်ကြီးကို ဝယ်ယူခဲ့သည်မှာ ၂၀၀၇ ခုနှစ်အတွင်းကဖြစ်ပြီး ပရလောကဆိုင်ရာ ညီလာခံတစ်ခုသို့ တက်ရောက်ခဲ့ပြီးနောက် ဝယ်ယူလိုက်ခြင်း ဖြစ်သည်။

ယခုအခါ ပြန်လည်ရောင်းချရခြင်းမှာ သူ၏ချစ်သူ မိန်းကလေးနှင့် စေ့စပ်လိုက်ပြီးနောက် အင်ဒီယာနာပိုလစ်သို့ ပြောင်းရွှေ့နေထိုင်နေခြင်းကြောင့်ဖြစ်သည်။

ခြံဝန်းအကျယ်မှာ တစ်ဧက၏ ၄ ပုံတစ်ပုံရှိပြီး အမြင့် ၁၀ ပေရှိသော မျက်နှာကြက်များ၊ ဧည့်ခန်း၊ ညစာစားခန်း၊ ကျောက်တုံးများဖြင့် ပြုလုပ်ထားသော မြေအောက်ခန်းနှင့် ဆောက်လုပ်မှု မပြီးစီးခဲ့သော တတိယထပ်တို့ ပါဝင်သည်။

ဒေါ်လာ ၁၃၀၀၀၀ မျှဖြင့် ဤမျှကြီးမားခမ်းနားသော နေအိမ်တစ်လုံး ဆောက်လုပ်၍ မရကြောင်း အကျိုးဆောင် ဘလန်းက ပြောကြားသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

### Zawgyi Version ###

အေမရိကန္ျပည္တြင္ ပရိေဘာဂမ်ား ပါဝင္ျပီးျဖစ္သည့္ ၾကီးမားခမ္းနားေသာ ႏွစ္ထပ္ေနအိမ္ၾကီးတစ္လံုးကို ကန္ေဒၚလာ တစ္သိန္းေက်ာ္မွ်ျဖင့္ ေရာင္းခ်မည္ျဖစ္ေသာ္လည္း တေစၦမ်ားပါ ပါဝင္လာမည္ဟုဆို

အေမရိကန္ျပည္ေထာင္စု၊ အင္ဒီယာနာျပည္နယ္တြင္ ပရိေဘာဂမ်ား ပါဝင္ျပီးျဖစ္သည့္ ၾကီးမားခမ္းနားေသာ ႏွစ္ထပ္ေနအိမ္ၾကီး တစ္လံုး ကို ကန္ေဒၚလာ ၁၃၀၀၀၀ မွ်ျဖင့္ ေရာင္းခ်မည္ျဖစ္ေသာ္လည္း သတိျပဳရမည့္အခ်က္မွာ တေစၦမ်ားပါ ပါဝင္လာမည္ဟုဆိုသည္။

အဆိုပါစံအိမ္ၾကီးကို တီးတိုးသံ စံအိမ္ (Whispers Estate ) ဟု လူသိမ်ားျပီး ဝိတိုရိယ ဗိသုကာဟန္ျဖင့္ ၁၈၉၀ ျပည့္လြန္ကာလမ်ားက ေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္။

စံအိမ္ၾကီးမွာ ရာစုႏွစ္တစ္ခုေက်ာ္ သက္တမ္းအိုမင္းလွျပီျဖစ္ေသာ္လည္း လွပခမ္းနားသပ္ရပ္လွေၾကာင္း ေစ်းကြက္တင္ေပးသည့္ အက်ဳိးေဆာင္ ဟီသာ ဘလန္းက ေျပာၾကားသည္။

စံအိမ္တည္ေနရာမွာ အင္ဒီယာနာျပည္နယ္၊ မစ္ရွဲလ္ျမိဳ ႔၊ ဝါရန္လမ္းတြင္ ျဖစ္သည္။

ပရေလာကသားတို႔ကို ေတြ႔ျမင္ရသည္ဟူေသာ အေထာက္အထားမ်ားစြာရွိေနသည့္ စံအိမ္ၾကီး၏ အက်ယ္အဝန္းမွာ စတုရန္းေပ ၃၇၀၀ ရွိျပီး အိပ္ခန္း ၄ ခန္းႏွင့္ ေရခ်ဳိးခန္း ၂ ခန္းခြဲ ပါဝင္ကာ စံအိမ္ေနရာအမ်ားစုတြင္ မူရင္းလက္ရာ သစ္ၾကမ္းခင္းမ်ား ေတြ႔ရမည္ ျဖစ္သည္။

စံအိမ္ၾကီးအတြက္ ပိုင္ရွင္က လႊင့္တင္ထားေသာ ဝက္ဘ္ဆိုက္တြင္ ေဖာ္ျပခ်က္အရ စံအိမ္ၾကီးသည္ တခ်ိန္က လူေနအိမ္တစ္ပိုင္း၊ စီးပြားေရးလုပ္ငန္းအတြက္တစ္ပိုင္း အသံုးျပဳခဲ့ျပီး ၁၈၀၀ ျပည့္လြန္ကာလမ်ားက အေဆာက္အအံုအမ်ားစုမွာလည္း ထိုအတိုင္းပင္ျဖစ္သည္ဟု ဆိုသည္။

ဆရာဝန္တစ္ဦးက စံအိမ္ေအာက္ထပ္တြင္ လူနာမ်ားထားရွိ ေဆးကုသခဲ့သည္။ ႏွစ္ေပါင္းမ်ားစြာကာလအတြင္း လူနာအခ်ဳိ ႔မွာ အဆိုပါစံအိမ္ၾကီးတြင္ ေသဆံုးခဲ့ၾကရာ ကေလးငယ္မ်ားလည္း ပါဝင္သည္ဟုဆိုသည္။

ဆရာဝန္ကိုယ္တိုင္သည္လည္း ပထမထပ္ရွိ master bedroom အတြင္း အဆုပ္ေရာင္ေရာဂါျဖင့္ ကြယ္လြန္သြားခဲ့သည္။

ရုပ္သံအစီအစဥ္မ်ား၊ ပံုႏွိပ္မီဒီယာမ်ားႏွင့္ ပရေလာကသုေတသီအဖြဲ႔မ်ားသည္ ယခုေနအိမ္ၾကီးသို႔လာေရာက္ကာ ေလ့လာမႈမ်ားစြာ ျပဳလုပ္ခဲ့ၾကသည္။

ေနအိမ္ၾကီးအတြင္း ကေလးငယ္တစ္ဦး ေျပးလႊားေနသည္ကို ေတြ႔ခဲ့သည္ဆိုသူမ်ားစြာရွိသည္။

ထို႔အတူ အခန္းတစ္ခန္းတြင္ ကေလးေပါင္ဒါနံ႔မ်ား ရျခင္း၊ ကေလးငိုသံ သီခ်င္းဆိုသံမ်ားၾကားရျခင္း၊ တံခါးလက္ကိုင္ဘုမ်ား အလိုလို လည္လာျခင္း၊ တံခါးမ်ား ရုတ္တရက္ပြင့္သြားျခင္း အစရွိသည့္ျဖစ္ရပ္မ်ား ၾကံဳေတြ႔ရသူမ်ားစြာရွိေနသည္။

ဆရာဝန္ ေသဆံုးခဲ့သည့္အခန္းတြင္ ညအိပ္သူတို႔သည္ ေခ်ာင္းဆိုးသံ၊ ဖုတ္လႈိက္ဖုတ္လႈိက္အသက္ရႈသံမ်ား ၾကားရေလ့ရွိသည္။

လက္ရွိပိုင္ရွင္က အဆိုပါစံအိမ္ၾကီးကို ဝယ္ယူခဲ့သည္မွာ ၂၀၀၇ ခုႏွစ္အတြင္းကျဖစ္ျပီး ပရေလာကဆိုင္ရာ ညီလာခံတစ္ခုသို႔ တက္ေရာက္ခဲ့ျပီးေနာက္ ဝယ္ယူလိုက္ျခင္း ျဖစ္သည္။

ယခုအခါ ျပန္လည္ေရာင္းခ်ရျခင္းမွာ သူ၏ခ်စ္သူ မိန္းကေလးႏွင့္ ေစ့စပ္လိုက္ျပီးေနာက္ အင္ဒီယာနာပိုလစ္သို႔ ေျပာင္းေရႊ ႔ေနထိုင္ေနျခင္းေၾကာင့္ျဖစ္သည္။

ျခံဝန္းအက်ယ္မွာ တစ္ဧက၏ ၄ ပံုတစ္ပံုရွိျပီး အျမင့္ ၁၀ ေပရွိေသာ မ်က္ႏွာၾကက္မ်ား၊ ဧည့္ခန္း၊ ညစာစားခန္း၊ ေက်ာက္တံုးမ်ားျဖင့္ ျပဳလုပ္ထားေသာ ေျမေအာက္ခန္းႏွင့္ ေဆာက္လုပ္မႈ မျပီးစီးခဲ့ေသာ တတိယထပ္တို႔ ပါဝင္သည္။

ေဒၚလာ ၁၃၀၀၀၀ မွ်ျဖင့္ ဤမွ်ၾကီးမားခမ္းနားေသာ ေနအိမ္တစ္လံုး ေဆာက္လုပ္၍ မရေၾကာင္း အက်ဳိးေဆာင္ ဘလန္းက ေျပာၾကားသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service