အမေရိကန် ရုပ်သံကုမ္ပဏီ ဘီလျံနာကြီး စပါးစတိန်းက လော့စ်အိန်ဂျလိမြို့ရှိ ကမ္ဘာကျော်များ အခြေစိုက်ရာ မာလီဘူးအရပ်မှ စံအိမ်ကို ကန်ဒေါ်လာ သန်း ၁၀၀ ကျော်ဖြင့် အရောင်းဈေးကွက်တင်လာ

အမေရိကန် ရုပ်သံကုမ္ပဏီ ဘီလျံနာကြီး စပါးစတိန်းက လော့စ်အိန်ဂျလိမြို့ရှိ ကမ္ဘာကျော်များ အခြေစိုက်ရာ မာလီဘူးအရပ်မှ စံအိမ်ကို ကန်ဒေါ်လာ သန်း ၁၀၀ ကျော်ဖြင့် အရောင်းဈေးကွက်တင်လာ - Property News in Myanmar from iMyanmarHouse.com
5 Feb 2020 12:41 pm တွင် တင်ခဲ့သည်
942 ကြိမ် ကြည့်ရှု့ပြီး

### Unicode Version ###

အမေရိကန်ပြည်ထောင်စု၊ တက္ကဆပ်ပြည်နယ်၊ ဟတ်စ်တန်မြို့အခြေစိုက် Metro Networks ရုပ်သံကုမ္ပဏီကို တည်ထောင်သူ၊ ဘီလျံနာ သူဌေးကြီး ဒေးဗစ် စပါးစတိန်းက လော့စ်အိန်ဂျလိမြို့တွင် ကမ္ဘာကျော်ပုဂ္ဂိုလ်များ အခြေချရာ မာလီဘူးအရပ်ရှိ စံအိမ်ကို ကန်ဒေါ်လာ ၁၁၅ သန်းဖြင့် အရောင်းဈေးကွက်တင်လာသည်။

ခြံဝန်းအကျယ်မှာ ၂ ဒသမ ၆ ဧကရှိပြီး နေအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၁၀၆၀၀ အထိရှိကာ ပင်လယ်ရှုမျှော်ခင်းများ ပိုင်ဆိုင်ထားသည့် စံအိမ်ကြီး ဖြစ်သည်။

လော့စ်အိန်ဂျလိခရိုင်တွင် စပါးစတိန်း၏ စံအိမ် အပါအဝင် ကန်ဒေါ်လာ သန်းရာဂဏန်း ဈေးခေါ်ထားသည့် နေအိမ် ၇ လုံးသာ ရှိသည်။

အဆိုပါ ဈေးနှုန်းဖြင့်သာ အရောင်းအဝယ်ဖြစ်ခဲ့မည်ဆိုပါက ကယ်လီဖိုးနီးယားပြည်နယ်တွင် စတုတ္ထမြောက် ဈေးအကြီးဆုံး စံအိမ် ဖြစ်လာမည် ဖြစ်သည်။

ဈေးအကြီးဆုံး စံအိမ်အဖြစ် ရပ်တည်နေသည်မှာ ပြီးခဲ့သောနှစ်အတွင်း လော့စ်အိန်ဂျလိမြို့၊ ဘဲအဲရ်အရပ်ရှိ “Beverly Hillbillies” စံအိမ်ကို သူဌေးကြီး လက်ချ်လန်း မားဒေါ့ချ်က ကန်ဒေါ်လာ သန်း ၁၅၀ ဖြင့် ဝယ်ယူခဲ့မှုဖြစ်ပြီး ယင်းနောက်တွင် ဟွမ်ဘီဟေးလ်ရှိ ကန်ဒေါ်လာ ၁၁၉ ဒသမ ၇၅ သန်းတန် စံအိမ်နှင့် ဝုဒ်ဆိုက်ရှိ ကန်ဒေါ်လာ ၁၁၇ ဒသမ ၅ သန်းတန် စံအိမ်တို့ ရပ်တည်နေသည်။

စံအိမ်အတွင်း အိပ်ခန်း ၁၂ ခန်းနှင့် ရေချိုးခန်း ၁၄ ခန်းပါဝင်သည်။

စံအိမ်ကို သပ်ချောင်းပုံသဏ္ဍာန် ဆောက်လုပ်ထားပြီး ကျယ်ပြန့်သည့်ဘက်မှာ ဝင်ပေါက်ဘက်ဖြစ်ပြီး ကျဉ်းမြောင်းသည့်ဘက်ဖြင့် ပင်လယ်ရေပြင်ဆီသို့ ဦးတည်ထားသည်။

နေအိမ်ပတ်လည်တွင် လသာဆောင်ကို ဝန်းပတ်ဆောက်လုပ်ထားခြင်းကြောင့် ဝန်းကျင်ရှုခင်းများကို ရှုထောင့်စုံမှ တွေ့မြင်နိုင်မည် ဖြစ်သည်။

မှန်လျှောက်လမ်းများနှင့် ရေနှင့်စပ်လျဉ်းသည့် အပြင်အဆင်များကို နားနေခန်းတွင် တွေ့ရသည်။

အပေါ်ထပ်ရှိ master bedroom တွင် ကြေးနီ ရေစိမ်ကန်တစ်ခုနှင့် အရက်ဘားတစ်ခုတို့ ပါဝင်သည်။

ထို့အပြင် ထိုင်ခုံ ၂၀ ဆန့် ရုပ်ရှင်ရုံ၊ ကင်မရာပေါင်း ၄၀ ပါဝင်သော လုံခြုံရေးစနစ်၊ ကျယ်ဝန်းသော အားကစားလေ့ကျင့်ရေးခန်းမ တို့လည်း တွေ့ရသည်။

နေအိမ်နောက်ဘက် လသာဆောင်များမှ ကြည့်မည်ဆိုလျှင် ရေကူးကန်နှင့် spa တို့ကို တွေ့ရမည် ဖြစ်သည်။

မြေယာအလှပြင်ဆင်ထားသော ခြံဝန်းအတွင်း တင်းနစ်ကွင်းတစ်ခုနှင့် ကား ၈ စင်ဆန့် ဂိုဒေါင်တစ်လုံးလည်း ပါဝင်သေးသည်။

ဈေးကွက်တင်ပေးသည်မှာ Sotheby’s International Realty မှ ဖြစ်သည်။

စပါးစတိန်းသည် Metro Networks ရုပ်သံကုမ္ပဏီကို ၁၉၇၈ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ဆယ်စုနှစ် ၂ ခုခန့်အကြာတွင် Westwood One ကုမ္ပဏီထံ ကန်ဒေါ်လာ ၁ ဒသမ ၂၅ ဘီလီယံဖြင့် ပြန်လည်ရောင်းချခဲ့သည်။

စပါးစတိန်းသည် မကြာသေးမီနှစ်များအတွင်း အိမ်ခြံမြေလောက၏ ထိပ်တန်းသတင်းများဖြစ်စေခဲ့သည့် အိမ်ခြံမြေရောင်းချမှုများ ပြုလုပ်ခဲ့ရာ ၂၀၁၄ ခုနှစ်အတွင်း စတုရန်းပေ ၅၀၀၀၀ ကျယ်ဝန်းသည့် Fleur de Lys စံအိမ်ကို ကန်ဒေါ်လာ ၈၈ ဒသမ ၃ သန်းဖြင့် ရောင်းချခဲ့ပြီး နောက် ၂ နှစ်အကြာတွင်လည်း ၁၂၃ ဧက ကျယ်ဝန်းသည့် ခြံဝန်းကြီးကို ကန်ဒေါ်လာ ၃၃ သန်းဖြင့် ရောင်းချခဲ့ဖူးသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

### Zawgyi Version ###

 

အေမရိကန္ ရုပ္သံကုမၸဏီ ဘီလ်ံနာၾကီး စပါးစတိန္းက ေလာ့စ္အိန္ဂ်လိျမိဳ႕ရွိ ကမၻာေက်ာ္မ်ား အေျခစိုက္ရာ မာလီဘူးအရပ္မွ စံအိမ္ကို ကန္ေဒၚလာ သန္း ၁၀၀ ေက်ာ္ျဖင့္ အေရာင္းေစ်းကြက္တင္လာ

 

အေမရိကန္ျပည္ေထာင္စု၊ တကၠဆပ္ျပည္နယ္၊ ဟတ္စ္တန္ျမိဳ႕အေျခစိုက္ Metro Networks ရုပ္သံကုမၸဏီကို တည္ေထာင္သူ၊ ဘီလ်ံနာ သူေဌးၾကီး ေဒးဗစ္ စပါးစတိန္းက ေလာ့စ္အိန္ဂ်လိျမိဳ႕တြင္ ကမၻာေက်ာ္ပုဂၢိဳလ္မ်ား အေျခခ်ရာ မာလီဘူးအရပ္ရွိ စံအိမ္ကို ကန္ေဒၚလာ ၁၁၅ သန္းျဖင့္ အေရာင္းေစ်းကြက္တင္လာသည္။

ျခံဝန္းအက်ယ္မွာ ၂ ဒသမ ၆ ဧကရွိျပီး ေနအိမ္အက်ယ္အဝန္းမွာ စတုရန္းေပ ၁၀၆၀၀ အထိရွိကာ ပင္လယ္ရႈေမွ်ာ္ခင္းမ်ား ပိုင္ဆိုင္ထားသည့္ စံအိမ္ၾကီး ျဖစ္သည္။

ေလာ့စ္အိန္ဂ်လိခရိုင္တြင္ စပါးစတိန္း၏ စံအိမ္ အပါအဝင္ ကန္ေဒၚလာ သန္းရာဂဏန္း ေစ်းေခၚထားသည့္ ေနအိမ္ ၇ လံုးသာ ရွိသည္။

အဆိုပါ ေစ်းႏႈန္းျဖင့္သာ အေရာင္းအဝယ္ျဖစ္ခဲ့မည္ဆိုပါက ကယ္လီဖိုးနီးယားျပည္နယ္တြင္ စတုတၳေျမာက္ ေစ်းအၾကီးဆံုး စံအိမ္ ျဖစ္လာမည္ ျဖစ္သည္။

ေစ်းအၾကီးဆံုး စံအိမ္အျဖစ္ ရပ္တည္ေနသည္မွာ ျပီးခဲ့ေသာႏွစ္အတြင္း ေလာ့စ္အိန္ဂ်လိျမိဳ႕၊ ဘဲအဲရ္အရပ္ရွိ “Beverly Hillbillies” စံအိမ္ကို သူေဌးၾကီး လက္ခ်္လန္း မားေဒါ့ခ်္က ကန္ေဒၚလာ သန္း ၁၅၀ ျဖင့္ ဝယ္ယူခဲ့မႈျဖစ္ျပီး ယင္းေနာက္တြင္ ဟြမ္ဘီေဟးလ္ရွိ ကန္ေဒၚလာ ၁၁၉ ဒသမ ၇၅ သန္းတန္ စံအိမ္ႏွင့္ ဝုဒ္ဆိုက္ရွိ ကန္ေဒၚလာ ၁၁၇ ဒသမ ၅ သန္းတန္ စံအိမ္တို႔ ရပ္တည္ေနသည္။

စံအိမ္အတြင္း အိပ္ခန္း ၁၂ ခန္းႏွင့္ ေရခ်ဳိးခန္း ၁၄ ခန္းပါဝင္သည္။

စံအိမ္ကို သပ္ေခ်ာင္းပံုသ႑ာန္ ေဆာက္လုပ္ထားျပီး က်ယ္ျပန္႔သည့္ဘက္မွာ ဝင္ေပါက္ဘက္ျဖစ္ျပီး က်ဥ္းေျမာင္းသည့္ဘက္ျဖင့္ ပင္လယ္ေရျပင္ဆီိသို႔ ဦးတည္ထားသည္။

ေနအိမ္ပတ္လည္တြင္ လသာေဆာင္ကို ဝန္းပတ္ေဆာက္လုပ္ထားျခင္းေၾကာင့္ ဝန္းက်င္ရႈခင္းမ်ားကို ရႈေထာင့္စံုမွ ေတြ႔ျမင္ႏိုင္မည္ ျဖစ္သည္။

မွန္ေလွ်ာက္လမ္းမ်ားႏွင့္ ေရႏွင့္စပ္လ်ဥ္းသည့္ အျပင္အဆင္မ်ားကို နားေနခန္းတြင္ ေတြ႔ရသည္။

အေပၚထပ္ရွိ master bedroom တြင္ ေၾကးနီ ေရစိမ္ကန္တစ္ခုႏွင့္ အရက္ဘားတစ္ခုတို႔ ပါဝင္သည္။

ထို႔အျပင္ ထိုင္ခံု ၂၀ ဆန္႔ ရုပ္ရွင္ရံု၊ ကင္မရာေပါင္း ၄၀ ပါဝင္ေသာ လံုျခံဳေရးစနစ္၊ က်ယ္ဝန္းေသာ အားကစားေလ့က်င့္ေရးခန္းမ တို႔လည္း ေတြ႔ရသည္။

ေနအိမ္ေနာက္ဘက္ လသာေဆာင္မ်ားမွ ၾကည့္မည္ဆိုလွ်င္ ေရကူးကန္ႏွင့္ spa တို႔ကို ေတြ႔ရမည္ ျဖစ္သည္။

ေျမယာအလွျပင္ဆင္ထားေသာ ျခံဝန္းအတြင္း တင္းနစ္ကြင္းတစ္ခုႏွင့္ ကား ၈ စင္ဆန္႔ ဂိုေဒါင္တစ္လံုးလည္း ပါဝင္ေသးသည္။

ေစ်းကြက္တင္ေပးသည္မွာ Sotheby’s International Realty မွ ျဖစ္သည္။

စပါးစတိန္းသည္ Metro Networks ရုပ္သံကုမၸဏီကို ၁၉၇၈ ခုႏွစ္တြင္ တည္ေထာင္ခဲ့ျပီး ဆယ္စုႏွစ္ ၂ ခုခန္႔အၾကာတြင္ Westwood One ကုမၸဏီထံ ကန္ေဒၚလာ ၁ ဒသမ ၂၅ ဘီလီယံျဖင့္ ျပန္လည္ေရာင္းခ်ခဲ့သည္။

စပါးစတိန္းသည္ မၾကာေသးမီႏွစ္မ်ားအတြင္း အိမ္ျခံေျမေလာက၏ ထိပ္တန္းသတင္းမ်ားျဖစ္ေစခဲ့သည့္ အိမ္ျခံေျမေရာင္းခ်မႈမ်ား ျပဳလုပ္ခဲ့ရာ ၂၀၁၄ ခုႏွစ္အတြင္း စတုရန္းေပ ၅၀၀၀၀ က်ယ္ဝန္းသည့္ Fleur de Lys စံအိမ္ကို ကန္ေဒၚလာ ၈၈ ဒသမ ၃ သန္းျဖင့္ ေရာင္းခ်ခဲ့ျပီး ေနာက္ ၂ ႏွစ္အၾကာတြင္လည္း ၁၂၃ ဧက က်ယ္ဝန္းသည့္ ျခံဝန္းၾကီးကို ကန္ေဒၚလာ ၃၃ သန္းျဖင့္ ေရာင္းခ်ခဲ့ဖူးသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
Magical World
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service