ကမ္ဘာကျော် ရက်ပ်အဆိုတော် ဖရန့် မွန်တားနားက ဆလီနာဂိုမက်ဇ်ထံမှ ဝယ်ယူထားသော စံအိမ်ကို ၂ ဆခန့်ဈေးတင်ကာ အရောင်းဈေးကွက်တင်

ကမ္ဘာကျော် ရက်ပ်အဆိုတော် ဖရန့် မွန်တားနားက ဆလီနာဂိုမက်ဇ်ထံမှ ဝယ်ယူထားသော စံအိမ်ကို ၂ ဆခန့်ဈေးတင်ကာ အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
15 Jan 2020 11:37 am တွင် တင်ခဲ့သည်
945 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###


ဖရန့် မွန်တားနား၏ အမည်ရင်းမှာ ကာရင် ခါဘို့ခ်ျဖြစ်ပြီး ၁၉၈၄ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်တွင် မော်ရိုကိုနိုင်ငံ၌ မွေးဖွားကြီးပြင်းခဲ့သည်။
















### Unicode Version ###

ကမ္ဘာကျော် ရက်ပ်အဆိုတော် ဖရန့် မွန်တားနားသည် ဆလီနာဂိုမက်ဇ်ထံမှ ဝယ်ယူထားသော စံအိမ်ကို ၂ ဆခန့်ဈေးတင်ကာ အရောင်းဈေးကွက်တင်လာကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ဖရန့် မွန်တားနား၏ အမည်ရင်းမှာ ကာရင် ခါဘို့ချ်ဖြစ်ပြီး ၁၉၈၄ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်တွင် မော်ရိုကိုနိုင်ငံ၌ မွေးဖွားကြီးပြင်းခဲ့သည်။

အသက် ၁၃ နှစ်အရွယ်တွင် အမေရိကန်ပြည်ထောင်စုသို့ မိသားစုနှင့်အတူ ရွှေ့ပြောင်းနေထိုင်ခဲ့ကြသည်။

ယခုအခါ ဖရန့် မွန်တားနားက အမေရိကန်ပြည်၊ လော့စ်အိန်ဂျလိမြို့မှ ကမ္ဘာကျော်များ စုဝေးရာ Hidden Hills အရပ်ရှိ စံအိမ်ကို ဈေးကွက်တင် ရောင်းချလာသည်။

မွန်တားနားသည် ဆလီနာဂိုမက်ဇ်ထံမှ မြေထဲပင်လယ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသော စံအိမ်ကို ကန်ဒေါ်လာ ၃ ဒသမ ၃ သန်းဖြင့် ဝယ်ယူခဲ့ပြီး ၄ နှစ်အကြာတွင် ၂ ဆခန့် ဈေးတင်ကာ ကန်ဒေါ်လာ ၆ ဒသမ ၅၉၉ သန်း ဈေးခေါ်ထားသည်။ မွန်တားနားသည် အဆိုပါစံအိမ်ကို ပြုပြင်မွမ်းမံမှုများစွာ ပြုလုပ်ခဲ့ရခြင်းကြောင့် ယခုကဲ့သို့ ဈေးနှုန်းများစွာ မြှင့်တင်ထားခဲ့ခြင်း ဖြစ်သည်။

မွန်တားနားသည် ဆလီနာဂိုမက်ဇ် ပြင်ဆင်ထားသည့် ခရမ်းရောင်နှင့် စိမ်းပြာရောင် အရောင်ရင့်တို့အပေါ် ပြန်လည်ဆေးသုတ် ပြောင်းလဲခဲ့သည့်အပြင် ဧည့်ဂေဟာဆောင်နေရာတွင် ကန်ဒေါ်လာ ၄၀၀၀၀၀ ခန့် အကုန်အကျခံကာ အသံဖမ်းစတူဒီယိုတစ်ခု ထည့်သွင်းထားခဲ့သေးသည်။ အခြားသော facility များအနေဖြင့် အားကစားလေ့ကျင့်ခန်းမတစ်ခု၊ ရုပ်ရှင်ရုံနှင့် ဝိုင်သိုလှောင်ခန်းတို့လည်း ပါဝင်သေးသည်။

စတုရန်းပေ ၇၈၀၀ ခန့် ကျယ်ဝန်းသော ပင်မစံအိမ်ကို ၃ ဧကခန့် ကျယ်ဝန်းသော ခြံဝန်းအလယ်တွင် ဆောက်လုပ်ထားသည်။

အရောင်ရင့်ရင့် သစ်မာသားကြမ်းခင်း၏ အရောင်တို့က မီးဖိုဆောင်၊ နံနက်စာနေရာနှင့် ညစာစားခန်း အစရှိသော တန်ဖိုးကြီး ဧည့်ခန်းနေရာများမှ လင်းလက်သော အဖြူနှင့် ဇော်ဂျီရောင်တို့နှင့် ရောယှက်နေသည်။

Master bedroom တွင် အနှိပ်ခုံတစ်လုံးတည်ရှိသည့်အပြင် ရေစိမ်ကန်နှင့် ရေနွေးရေပန်းတစ်ခုလည်း ပါဝင်သေးသည်။

အဆောက်အအုံမှာ ၂ ထပ်ဖြစ်ပြီး အိပ်ခန်း ၅ ခန်းနှင့် ရေချိုးခန်း ၆ ခန်း ပါဝင်သည်။

နေအိမ်ပြင်ပတွင်ကား အုပ်ကြွပ်များခင်းထားသည့် ခြံဝန်းတွင် ရေတံခွန်တစ်ခုကို တွေ့ရမည်ဖြစ်ကာ တွဲလောင်းဆွဲမီးများဖြင့် အလှဆင်ထားသည်။

ခြံနောက်ဘက်တွင်ကား ရေကူးကန်နှင့် စိမ်းလန်းသော မြက်ခင်းတို့ တွေ့ရမည် ဖြစ်သည်။

ထို့အပြင် အုတ်ဖြင့် ပြုလုပ်ထားသော ပီဇာမုန့်ဖိုနှင့် အိုင်ဗီနွယ်ပန်းတို့ ဖုံးလွှမ်းနေသော ဆင်ရုပ်တစ်ခုတို့လည်း တည်ရှိသေးသည်။

ဈေးကွက်တင်ပေးသည်မှာ Douglas Elliman အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် ဂါဘရီယယ် ပမ်ရော့ဖြစ်သည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။) Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်ဖွယ်တွေ့ရှိလိုက်ရ...
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်ဖွယ်တွေ့ရှိလိုက်ရ...
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး...
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး...
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
ဟင်နရီ ဇီးဂလန်းဆိုသူကို ၎င်း၏ ယောက်ဖက သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံရာ လွဲချော်သွားပြီး သစ်ပင်ထဲ ကျည်ဝင်သွားခဲ့၊ နှစ် ၂၀ အကြာတွင် ဇီးဂလန်းက သစ်ပင်ကို ဒိုင်းနမိုက်ဖြင့် ခွဲကာ လှဲခဲ့ရာ ကျည်ပြန်ထွက်လာပြီး နဖူးမှန်ကာ သေဆုံးခဲ့ရ...

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service