မန္ခ်က္စတာယူႏိုက္တက္မွ ေဘာလံုးၾကယ္ပြင့္၊ ျပင္သစ္လက္ေရြးစင္အသင္းေခါင္းေဆာင္ ေပါ့ဂ္ဘာ၏ အဂၤလန္မွ စံအိမ္

မန္ခ်က္စတာယူႏိုက္တက္မွ ေဘာလံုးၾကယ္ပြင့္၊ ျပင္သစ္လက္ေရြးစင္အသင္းေခါင္းေဆာင္ ေပါ့ဂ္ဘာ၏ အဂၤလန္မွ စံအိမ္ - Property News in Myanmar from iMyanmarHouse.com
15 Jan 2020 11:03 am တွင် တင်ခဲ့သည်
672 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ပရီးမီးယားလိဂ္ ထိပ္သီးကလပ္ျဖစ္ေသာ မန္ခ်က္စတာ ယူႏိုက္တက္မွ ကြင္းလယ္ကစားသမား ေပါလ္ ေပါ့ဂ္ဘာကို businessinsider ဝက္ဘ္ဆိုက္က ၂၀၂၀ ျပည့္ႏွစ္ ကမၻာ့ထိပ္တန္းေဘာလံုးသမား ၁၀ ဦးစာရင္းတြင္ နံပါတ္ ၇ ေနရာ၌ ေဖာ္ျပထားသည္။

၂၀၁၆ ခုႏွစ္အတြင္း မန္ခ်က္စတာ ယူႏိုက္တက္သို႔ ေျပာင္းေရႊ႕လာျပီးကတည္းက ကလပ္ေဟာင္းဂ်ဴဗင္တပ္တြင္ကဲ့သို႔ အေကာင္းဆံုးပံုစံကို မျပသႏိုင္ခဲ့ေခ်။ သို႔ရာတြင္ ထိုအေျခအေနမွာ သူ၏လိုအပ္ခ်က္ခ်ည္းေၾကာင့္ကားမဟုတ္။

မန္ယူနည္းျပေဟာင္း ေမာ္ရင္ဟိုသည္ ေပါ့ဂ္ဘာႏွင့္ အဆင္မေျပျဖစ္ကာ မန္ယူမွ ထုတ္ပယ္ျခင္းခံလုိက္ရသည္။ ေမာ္ရင္ဟိုသည္ ေပါ့ဂ္ဘာႏွင့္ အဆင္မေျပျဖစ္ရာမွ ကစားပြဲမ်ားတြင္ လံုးဝထည့္မသံုးျခင္းမ်ား ျပဳလုပ္ခဲ့သည္။ ေပါ့ဂ္ဘာသည္ အိုးထရက္ဖို႔ဒ္တြင္ ေျခရာေပ်ာက္ခဲ့ရ၏။

ႏိုင္ငံ့လက္ေရြးစင္အျဖစ္ ကစားရာတြင္ ေပါ့ဂ္ဘာ၏ အမွန္တကယ္အရည္အေသြးမ်ားကို ေတြ႔ျမင္ရမည္ျဖစ္သည္။ သူသည္ ကြင္းလယ္ စစ္ေျမျပင္ကိုဦးေဆာင္သည္ ဗိုလ္ခ်ဳပ္တစ္ဦးျဖစ္ျပီး ထိုးထြင္းသိျမင္မႈ၊ ခြန္အားတို႔ျဖင့္ ကစားတတ္သူျဖစ္သည္။ အေရးအပါဆံုးအခ်က္ကားသူ၏မ်က္ႏွာေပၚမွ အျပံဳးျဖစ္သည္။

အျပံဳးပန္းတစ္ပြင့္ႏွင့္ ေပါ့ဂ္ဘာကား ကမၻာ့အဆင့္ဝင္ ေပါ့ဂ္ဘာပင္တည္း။

ေပါ့ဂ္ဘာ၏ မန္ခ်က္စတာ စံအိမ္

ေပါ့ဂ္ဘာ၏ ခ်က္စ္ရႈိင္းယားစံအိမ္မွာ ေပါင္ ၂ ဒသမ ၉ သန္းခန္႔ တန္ေၾကးရွိျပီး အိပ္ခန္း ၅ ခန္း၊ ေရကူးကန္တစ္ခု၊ ေခၽြးထုတ္ခန္းႏွင့္ မီဒီယာခန္းမတစ္ခုတို႔ ပါဝင္သည္။ ျပင္သစ္လက္ေရြးစင္ ေဘာလံုးအသင္းေခါင္းေဆာင္ ေပါ့ဂ္ဘာသည္ ဂိမ္းစက္တစ္လံုးကိုလည္း ေပါင္ ၅၀၀၀၀ ခန္႔ အကုန္အက်ခံဝယ္ယူ ထားရွိခဲ့ေသးသည္။

မန္ယူ တိုက္စစ္မွဴး (ေဟာင္း) ေဂ်ဗီးယား ဟာနန္ဒက္ဇ္သည္ ယခုစံအိမ္တြင္ ေနထိုင္ခဲ့ဖူးသည္ဟု ဆိုသည္။ ဟာနန္ဒက္ဇ္သည္ ေနာက္ပိုင္းတြင္ ဘြန္ဒက္လီဂါအသင္း လီဗာကူဆင္သို႔ ေျပာင္းေရႊ႕သြားခဲ့သည္။

ေပါ့ဂ္ဘာသည္ စံအိမ္တြင္းရွိ အခန္းတစ္ခန္းကို ေဘာလံုးကြင္းငယ္တစ္ခုအသြင္ေျပာင္းလဲခဲ့ျပီး “ေပါ့ဂ္ဘာရီနာ” ဟု အမည္ေပးခဲ့သည္။

ေပါ့ဂ္ဘာႏွင့္ နီးစပ္သူတစ္ဦး၏ ေျပာၾကားခ်က္အရ “စိတ္ကူးကေတာ့ သူ႔ဝန္းက်င္မွာ မိတ္ေဆြအခ်ဳိ႕ရွိလာဖိုနဲ႔ တစ္သင္းကို ၂ ေယာက္ပါတဲ့ ကစားပြဲေလးေတြ ကစားဖုိ႔ပဲ ျဖစ္ပါတယ္” ဟု ဆိုသည္။

ေပါ့ဂ္ဘာ၏ ေနအိမ္ခန္းမ်ားမွာ အလြန္က်ယ္ဝန္းလွေသာေၾကာင့္ ေနအိမ္အတြင္း ကိုယ္ပိုင္းေဘာလံုးကြင္းငယ္တစ္ခု ထားရွိရန္ ဆံုးျဖတ္ခဲ့ေၾကာင္း၊ အီလက္ထေရာနစ္ ဂိုးရလဒ္ျပစက္တစ္ခု ထည့္သြင္းခဲ့ေၾကာင္း၊ အခ်ိန္ရွိတိုင္း ေပါ့ဂ္ဘာရီနာ ေဘာလံုးကြင္း အေၾကာင္း ပါးစပ္ဖ်ားကမခ်ေၾကာင္း ၎က ဆက္လက္ေျပာၾကားသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

### Unicode Version ###

ပရီးမီးယားလိဂ် ထိပ်သီးကလပ်ဖြစ်သော မန်ချက်စတာ ယူနိုက်တက်မှ ကွင်းလယ်ကစားသမား ပေါလ် ပေါ့ဂ်ဘာကို businessinsider ဝက်ဘ်ဆိုက်က ၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ထိပ်တန်းဘောလုံးသမား ၁၀ ဦးစာရင်းတွင် နံပါတ် ၇ နေရာ၌ ဖော်ပြထားသည်။

၂၀၁၆ ခုနှစ်အတွင်း မန်ချက်စတာ ယူနိုက်တက်သို့ ပြောင်းရွှေ့လာပြီးကတည်းက ကလပ်ဟောင်းဂျူဗင်တပ်တွင်ကဲ့သို့ အကောင်းဆုံးပုံစံကို မပြသနိုင်ခဲ့ချေ။ သို့ရာတွင် ထိုအခြေအနေမှာ သူ၏လိုအပ်ချက်ချည်းကြောင့်ကားမဟုတ်။

မန်ယူနည်းပြဟောင်း မော်ရင်ဟိုသည် ပေါ့ဂ်ဘာနှင့် အဆင်မပြေဖြစ်ကာ မန်ယူမှ ထုတ်ပယ်ခြင်းခံလိုက်ရသည်။ မော်ရင်ဟိုသည် ပေါ့ဂ်ဘာနှင့် အဆင်မပြေဖြစ်ရာမှ ကစားပွဲများတွင် လုံးဝထည့်မသုံးခြင်းများ ပြုလုပ်ခဲ့သည်။ ပေါ့ဂ်ဘာသည် အိုးထရက်ဖို့ဒ်တွင် ခြေရာပျောက်ခဲ့ရ၏။

နိုင်ငံ့လက်ရွေးစင်အဖြစ် ကစားရာတွင် ပေါ့ဂ်ဘာ၏ အမှန်တကယ်အရည်အသွေးများကို တွေ့မြင်ရမည်ဖြစ်သည်။ သူသည် ကွင်းလယ် စစ်မြေပြင်ကိုဦးဆောင်သည် ဗိုလ်ချုပ်တစ်ဦးဖြစ်ပြီး ထိုးထွင်းသိမြင်မှု၊ ခွန်အားတို့ဖြင့် ကစားတတ်သူဖြစ်သည်။ အရေးအပါဆုံးအချက်ကားသူ၏မျက်နှာပေါ်မှ အပြုံးဖြစ်သည်။

အပြုံးပန်းတစ်ပွင့်နှင့် ပေါ့ဂ်ဘာကား ကမ္ဘာ့အဆင့်ဝင် ပေါ့ဂ်ဘာပင်တည်း။

ပေါ့ဂ်ဘာ၏ မန်ချက်စတာ စံအိမ်

ပေါ့ဂ်ဘာ၏ ချက်စ်ရှိုင်းယားစံအိမ်မှာ ပေါင် ၂ ဒသမ ၉ သန်းခန့် တန်ကြေးရှိပြီး အိပ်ခန်း ၅ ခန်း၊ ရေကူးကန်တစ်ခု၊ ချွေးထုတ်ခန်းနှင့် မီဒီယာခန်းမတစ်ခုတို့ ပါဝင်သည်။ ပြင်သစ်လက်ရွေးစင် ဘောလုံးအသင်းခေါင်းဆောင် ပေါ့ဂ်ဘာသည် ဂိမ်းစက်တစ်လုံးကိုလည်း ပေါင် ၅၀၀၀၀ ခန့် အကုန်အကျခံဝယ်ယူ ထားရှိခဲ့သေးသည်။

မန်ယူ တိုက်စစ်မှူး (ဟောင်း) ဂျေဗီးယား ဟာနန်ဒက်ဇ်သည် ယခုစံအိမ်တွင် နေထိုင်ခဲ့ဖူးသည်ဟု ဆိုသည်။ ဟာနန်ဒက်ဇ်သည် နောက်ပိုင်းတွင် ဘွန်ဒက်လီဂါအသင်း လီဗာကူဆင်သို့ ပြောင်းရွှေ့သွားခဲ့သည်။

ပေါ့ဂ်ဘာသည် စံအိမ်တွင်းရှိ အခန်းတစ်ခန်းကို ဘောလုံးကွင်းငယ်တစ်ခုအသွင်ပြောင်းလဲခဲ့ပြီး “ပေါ့ဂ်ဘာရီနာ” ဟု အမည်ပေးခဲ့သည်။

ပေါ့ဂ်ဘာနှင့် နီးစပ်သူတစ်ဦး၏ ပြောကြားချက်အရ “စိတ်ကူးကတော့ သူ့ဝန်းကျင်မှာ မိတ်ဆွေအချို့ရှိလာဖိုနဲ့ တစ်သင်းကို ၂ ယောက်ပါတဲ့ ကစားပွဲလေးတွေ ကစားဖို့ပဲ ဖြစ်ပါတယ်” ဟု ဆိုသည်။

ပေါ့ဂ်ဘာ၏ နေအိမ်ခန်းများမှာ အလွန်ကျယ်ဝန်းလှသောကြောင့် နေအိမ်အတွင်း ကိုယ်ပိုင်းဘောလုံးကွင်းငယ်တစ်ခု ထားရှိရန် ဆုံးဖြတ်ခဲ့ကြောင်း၊ အီလက်ထရောနစ် ဂိုးရလဒ်ပြစက်တစ်ခု ထည့်သွင်းခဲ့ကြောင်း၊ အချိန်ရှိတိုင်း ပေါ့ဂ်ဘာရီနာ ဘောလုံးကွင်း အကြောင်း ပါးစပ်ဖျားကမချကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သုခဒဂုံပြည်သူ့အငှားအိမ်ရာမှ ယခုနှစ်အတွင်း အခန်းပေါင်း ၁၉၀၀ ကျော် အငှားချပေးမည်
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှ ယခုနှစ်အတွင်း အခန်းပေါင်း ၁၉၀၀ ကျော် အငှားချပေးမည်
ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ
ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ
ကျန်းမာရေးမကောင်းသော ပြင်သစ် သန်းကြွယ်သူဌေးမကြီးက ထိုင်းအိမ်အကူအမျိုးသမီးအား ဘတ်ငွေ သန်း ၁၀၀ အမွေပေးခဲ့...
ကျန်းမာရေးမကောင်းသော ပြင်သစ် သန်းကြွယ်သူဌေးမကြီးက ထိုင်းအိမ်အကူအမျိုးသမီးအား ဘတ်ငွေ သန်း ၁၀၀ အမွေပေးခဲ့...
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ
အမေရိကန်အိပ်မက် ထောင်ချောက်၊ အိမ်ခြံမြေအခွန် ၁၇၄ ရာခိုင်နှုန်း၊ အမေရိက အိမ်ပိုင်ဘဝက လွယ်သလား ခက်သလား...
အမေရိကန်အိပ်မက် ထောင်ချောက်၊ အိမ်ခြံမြေအခွန် ၁၇၄ ရာခိုင်နှုန်း၊ အမေရိက အိမ်ပိုင်ဘဝက လွယ်သလား ခက်သလား...
အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်တွင် ရွှေအစစ်ဖြင့် ပြုလုပ်ထားသည့် ဒေါ်လာ ၂ သန်းတန် အိမ်သာပါသော ကမ်းခြေစံအိမ်ကြီး အရောင်းဈေးကွက်ဝင်လာ၊ Rockstar အားဖြည့်အချိုရည်ကုမ္ပဏီပိုင်ရှင် ပိုင်ဆိုင်ခဲ့သော စံအိမ်ဖြစ်...

သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့်တိုက်ခန်းမဲပေါက်သူများကို ဇွန်လတွင် အခန်းအပ်မည်
သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့်တိုက်ခန်းမဲပေါက်သူများကို ဇွန်လတွင် အခန်းအပ်မည်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
စိတ်လှုပ်ရှားဖွယ်ရာ တောင်တက်ခရီးစဉ်တစ်ခုသေချာပေါက်ဖြစ်လာနိုင်တဲ့ တရုတ်နိုင်ငံ Zhangjiajie ပြည်နယ်မှ Tianmen Mountain...
စိတ်လှုပ်ရှားဖွယ်ရာ တောင်တက်ခရီးစဉ်တစ်ခုသေချာပေါက်ဖြစ်လာနိုင်တဲ့ တရုတ်နိုင်ငံ Zhangjiajie ပြည်နယ်မှ Tianmen Mountain...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

area-one-business-complex
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service