စင်္ကာပူ၌ ဝယ်လိုအားရှိသည့် ဆောက်လုပ်မှုပမာဏ ၂၀၂၀ ပြည့်နှစ်တွင် ဆက်လက်အားကောင်းမည်
စင်္ကာပူ၌ ဝယ်လိုအားရှိသည့် ဆောက်လုပ်မှုပမာဏ ၂၀၂၀ ပြည့်နှစ်တွင် ဆက်လက်အားကောင်းမည် - Property News in Myanmar from iMyanmarHouse.com
13 Jan 2020 11:33 am တွင် တင်ခဲ့သည်
865 ကြိမ် ကြည့်ရှု့ပြီး
### Zawgyi Version ###
### Unicode Version ###
စင်္ကာပူတွင် ၂၀၁၉ ခုနှစ်အတွင်း ဝယ်လိုအားရှိသည့် စုစုပေါင်းဆောက်လုပ်မှုပမာဏသည် ၉ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး စင်္ကာပူဒေါ်လာ ၃၃ ဒသမ ၄ ဘီလျံ ရှိခဲ့ကာ အဆောက်အအုံနှင့် ဆောက်လုပ်မှုအာဏာပိုင်အဖွဲ့ (BCA) ၏ ၂၀၁၉ ကြိုတင်ခန့်မှန်းချက် (စင်္ကာပူဒေါ်လာ ၂၇ ဘီလျံမှ ၃၂ ဘီလျံအကြား) ၏ အမြင့်ဆုံးပမာဏထက် ၁ ဒသမ ၄ ဘီလျံခန့် ပိုမိုမြင့်မားခဲ့သည်။
ယင်းမှာ ကုန်ထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုးမှုကျဆင်းနေသော်လည်း ရေနံဓာတုစက်ရုံများအတွက် စက်မှုလုပ်ငန်းဆိုင်ရာဆောက်လုပ်မှုပာမဏသည် ခန့်မှန်းခဲ့သည်ထက် ပိုမိုအားကောင်းခဲ့ခြင်းကြောင့် အဓိကဖြစ်ကြောင်း သိရသည်။
အများပြည်သူကဏ္ဍဆောက်လုပ်မှုဆိုင်ရာ ဝယ်လိုအားကောင်းခြင်းကြောင့် ဝယ်လိုအားရှိသည့် စုစုပေါင်းဆောက်လုပ်မှုပမာဏသည် ၂၀၂၀ တွင် ဆက်လက်မြင့်မားမည်ဟု BCA က ခန့်မှန်းထားသည်။
ယခု ၂၀၂၀ ပြည့်နှစ်တွင် ဝယ်လိုအားရှိသည့် စုစုပေါင်းဆောက်လုပ်မှုပမာဏသည် စင်္ကာပူဒေါ်လာ ၂၈ ဘီလျံမှ ၃၃ ဘီလျံဝန်းကျင်အကြားရှိမည်ဟု ခန့်မှန်းရကြောင်း BCA ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အများပြည်သူကဏ္ဍဆိုင်ရာဆောက်လုပ်မှုပမာဏက ထိုစုစုပေါင်းဆောက်လုပ်မှုပမာဏ၏ ၆၀ ရာခိုင်နှုန်း၊ ပမာဏအားဖြင့် ဒေါ်လာ ၁၇ ဒသမ ၅ ဘီလျံမှ ၂၀ ဒသမ ၅ ဘီလျံအကြား ရှိမည်ဟုလည်း ခန့်မှန်းထားသည်။
Jurong Region MRT Line နှင့် Changi Airport Terminal 5 တို့အတွက် အခြေခံအဆောက်အအုံလုပ်ငန်းများနှင့် Integrated Waste Management Facility တို့ကဲ့သို့သော အခြေခံအဆောက်အအုံစီမံကိန်းကြီးများက အများပြည်သူကဏ္ဍဆောက်လုပ်မှုပမာဏကို မြင့်တက်စေမည်ဟု အာဏာပိုင်များက ခန့်မှန်းနေကြသည်။
ပုဂ္ဂလိကကဏ္ဍဆိုင်ရာ ဆောက်လုပ်မှုပမာဏကမူ ၁၀ ဒသမ ၅ ဘီလျံမှ ၁၂ ဒသမ ၅ ဘီလျံအကြား ရှိမည်ဟု BCA က ခန့်မှန်းထားသည်။
၂၀၁၉ ခုနှစ်တွင် ပုဂ္ဂလိကနှင့် အများပြည်သူဆိုင်ရာကဏ္ဍများအတွက် စုစုပေါင်းအကြိုဆောက်လုပ်မှု (ဆောက်လုပ်ခွင့်လျှောက်ထားချက်) ပမာဏသည် ဒေါ်လာ ၁၄ ဒသမ ၄ ဘီလျံနှင့် ၁၉ ဘီလျံ စီ အသီသီး ရှိခဲ့သည်။
ဝယ်လိုအားရှိသည့် ဆောက်လုပ်မှုပမာဏသည် ကာလလတ်အတွင်း တည်ငြိမ်မည်ဖြစ်သည်ဟုလည်း BCA က ခန့်မှန်းထားသည်။ ဝယ်လိုအားရှိသည့် ဆောက်လုပ်မှုပမာဏသည် ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်တွင် ဒေါ်လာ ၂၇ ဘီလျံမှ ဒေါ်လာ ၃၄ ဘီလျံအကြားနှင့် ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်တို့တွင် ဒေါ်လာ ၂၈ ဘီလျံမှ ဒေါ်လာ ၃၅ ဘီလျံအကြား ရှိမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service