စကၤာပူ ရင္းႏွီးျမွဳပ္ႏွံမႈ ကုမၸဏီက ဆစ္ဒနီျမိဳ ႔ရွိ ရံုးခန္းအေဆာက္အအံုၾကီးတစ္လံုးကို ၾသစေတးလ်ေဒၚလာ သန္း ၁၀၀ ေက်ာ္ျဖင့္ ဝယ္ယူ

စကၤာပူ ရင္းႏွီးျမွဳပ္ႏွံမႈ ကုမၸဏီက ဆစ္ဒနီျမိဳ ႔ရွိ ရံုးခန္းအေဆာက္အအံုၾကီးတစ္လံုးကို ၾသစေတးလ်ေဒၚလာ သန္း ၁၀၀ ေက်ာ္ျဖင့္ ဝယ္ယူ - Property News in Myanmar from iMyanmarHouse.com
11 Dec 2019 10:18 am တွင် တင်ခဲ့သည်
662 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

စကၤာပူ ရင္းႏွီးျမွဳပ္ႏွံမႈကုမၸဏီ SC Capital သည္ ၾသစေတးလ်ႏိုင္ငံ၊ ဆစ္ဒနီျမိဳ ႔ရွိ ရံုးခန္းအေဆာက္အအံုၾကီးတစ္လံုးကို ၾသစေတးလ်ေဒၚလာ သန္း ၁၀၀ ေက်ာ္ျဖင့္ ဝယ္ယူလိုက္ေၾကာင္း ရွန္ဟိုင္းအေျခစိုက္အိမ္ျခံေျမသတင္းဝက္ဘ္ဆိုက္တစ္ခုတြင္ ေဖာ္ျပသည္။

SC Capital Partners သည္ ၾသစေတးလ်တြင္ ရင္းႏွီးျမွဳပ္ႏွံမႈမ်ား ျမွင့္တင္ရန္အတြက္ ဆစ္ဒနီျမိဳ ႔ျပင္ရွိ grade A အဆင့္ရွိရံုးခန္း အေဆာက္အအံုၾကီးတစ္ခုကို ၾသစေတးလ်ေဒၚလာ ၁၀၅ ဒသမ ၃ သန္း (ကန္ေဒၚလာ ၇၂ သန္း) ျဖင့္ ဝယ္ယူလိုက္ျခင္းလည္း ျဖစ္သည္။

အေဆာက္အအံုတည္ေနရာမွာ ဆစ္ဒနီျမိဳ ႔၊ Parramatta အရပ္၊ ဝမ့္ဝါ့သ္လမ္း၊ အမွတ္ ၂ -၁၀ တြင္ျဖစ္ျပီး ဆစ္ဒနီျမိဳ ႔အေျခစိုက္ Centuria Property Funds ကုမၸဏီထံမွ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

Centuria Property Funds သည္ အာရွ-ပစိဖိတ္ေဒသရွိ အိမ္ျခံေျမက႑တြင္ ရင္းႏွီးျမွဳပ္ႏွံမႈမ်ား ျပဳလုပ္သည့္ကုမၸဏီတစ္ခု ျဖစ္သည္။

ယခုဝယ္ယူမႈသည္ စကၤာပူ ကုမၸဏီအတြက္ ၾသစေတးလ်တြင္ တတိယေျမာက္ဝယ္ယူမႈျဖစ္ျပီး ယခင္ဝယ္ယူထားသည္မွာ ၂ လခန္႔သာ ရွိေသးသည္။

“ဝမ့္ဝါ့သ္လမ္း၊ အမွတ္ ၂ အေဆာက္အအံုကို ဝယ္ယူလိုက္မႈဟာ ကုမၸဏီအတြက္ အေကာင္းဆံုးထပ္မံျဖည့္တင္းလိုက္ႏိုင္မႈျဖစ္ျပီး ေနရာေကာင္းမွာရွိကာ စီးပြားေရးတည္ျငိမ္ျပီး ဝင္ေငြရမယ့္ အေဆာက္အအံုေတြ ဝယ္ယူဖို႔ဆိုတဲ့ ကုမၸဏီရဲ ႔ မဟာဗ်ဴဟာနဲ႔လည္း အံဝင္မႈ ရွိပါတယ္” ဟု SC Capital Partners ၏ ဥကၠဌ ဆူခ်က္ဒ္ ခ်ဳိင္ယာႏုဆာတီက ေျပာၾကားသည္။

Centuria Property Funds ကုမၸဏီဘက္က ထုတ္ျပန္ေၾကညာရာတြင္ ၎တို႔ကုမၸဏီသည္ ဝမ့္ဝါ့သ္လမ္း၊ အမွတ္ ၂ အေဆာက္အအံုကို ၾသစေတးလ်ေဒၚလာ ၅ ဒသမ ၁ သန္းျဖင့္ ဝယ္ယူခဲ့ျပီး ၅ ႏွစ္အၾကာတြင္ ျပန္လည္ေရာင္းခ်လိုက္ေၾကာင္း ထုတ္ျပန္ ေၾကညာသည္။

ဆစ္ဒနီျမိဳ႕၊ Parramatta အရပ္မွ စီးပြားေရးအခ်က္အျခာေဒသျဖစ္ေသာ ဝမ့္ဝါ့သ္လမ္းႏွင့္ ပါကက္စ္လမ္းတို႔၏ အေရွ႕ေျမာက္ေထာင့္တြင္ တည္ရွိသည့္ အေဆာက္အအံုၾကီးသည္ စတုရန္းမီတာ ၁၀၉၄၀ ( ၁၁၇၇၅၇ စတုရန္းေပ) က်ယ္ဝန္းသည္။

၁၉၈၉ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့ျပီး လြန္ခဲ့ေသာ ၅ ႏွစ္က အေဆာက္အအံုတစ္ခုလံုး ျပန္လည္မြမ္းမံမႈမ်ား ျပဳလုပ္ခဲ့သည္။

အေဆာက္အအံုရွိ ရံုးခန္းမ်ား၏ ၉၃ ရာခိုင္ႏႈန္းကို အငွားခ်ထားရလ်က္ရွိျပီး အဓိကအငွားဝင္ေငြမွာ နယူးေဆာက္သ္ေဝးျပည္နယ္ အစိုးရအဖြဲ႔၏ ငွားရမ္းထားမႈမ်ားမွ ျဖစ္ကာ ပွ်မ္းမွ်အငွားသက္တမ္းမွာ ၆ ဒသမ ၂ ႏွစ္ျဖစ္ေၾကာင္း Cushman & Wakefield ကုမၸဏီမွ အိမ္ျခံေျမအက်ဳိးေဆာင္တို႔က ေျပာၾကားသည္။ ယင္းအေဆာက္အအံုၾကီး၏ ပွ်မ္းမွ်ဝင္ေငြမွာ ၂၀၁၄ ခုႏွစ္တြင္ ႏွစ္ပတ္လည္ဝင္ေငြ အားျဖင့္ ၁ စတုရန္းမီတာလွ်င္ ၾသစေတးလ်ေဒၚလာ ၄၉၇ ရွိခဲ့ရာမွ လက္ရွိတြင္ ၁ စတုရန္းမီတာလွ်င္ ၾသစေတးလ်ေဒၚလာ ၆၁၇ အထိ ႏွစ္စဥ္ဝင္ေငြရွိေနေၾကာင္း မွတ္တမ္းမ်ားတြင္ ေဖာ္ျပသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

စင်္ကာပူ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ SC Capital သည် သြစတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ရှိ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို သြစတေးလျဒေါ်လာ သန်း ၁၀၀ ကျော်ဖြင့် ဝယ်ယူလိုက်ကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

SC Capital Partners သည် သြစတေးလျတွင် ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရန်အတွက် ဆစ်ဒနီမြို့ပြင်ရှိ grade A အဆင့်ရှိ ရုံးခန်း အဆောက်အအုံကြီးတစ်ခုကို သြစတေးလျဒေါ်လာ ၁၀၅ ဒသမ ၃ သန်း (ကန်ဒေါ်လာ ၇၂ သန်း) ဖြင့် ဝယ်ယူလိုက်ခြင်းလည်း ဖြစ်သည်။

အဆောက်အအုံတည်နေရာမှာ ဆစ်ဒနီမြို့၊ Parramatta အရပ်၊ ဝမ့်ဝါ့သ်လမ်း၊ အမှတ် ၂ -၁၀ တွင်ဖြစ်ပြီး ဆစ်ဒနီမြို့အခြေစိုက် Centuria Property Funds ကုမ္ပဏီထံမှ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

Centuria Property Funds သည် အာရှ-ပစိဖိတ်ဒေသရှိ အိမ်ခြံမြေကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သည့် ကုမ္ပဏီတစ်ခု ဖြစ်သည်။

ယခုဝယ်ယူမှုသည် စင်္ကာပူ ကုမ္ပဏီအတွက် သြစတေးလျတွင် တတိယမြောက်ဝယ်ယူမှုဖြစ်ပြီး ယခင်ဝယ်ယူထားသည်မှာ ၂ လခန့်သာ ရှိသေးသည်။

“ဝမ့်ဝါ့သ်လမ်း၊ အမှတ် ၂ အဆောက်အအုံကို ဝယ်ယူလိုက်မှုဟာ ကုမ္ပဏီအတွက် အကောင်းဆုံးထပ်မံဖြည့်တင်းလိုက်နိုင်မှုဖြစ်ပြီး နေရာကောင်းမှာရှိကာ စီးပွားရေးတည်ငြိမ်ပြီး ဝင်ငွေရမယ့် အဆောက်အအုံတွေ ဝယ်ယူဖို့ဆိုတဲ့ ကုမ္ပဏီရဲ့ မဟာဗျူဟာနဲ့လည်း အံဝင်မှု ရှိပါတယ်” ဟု SC Capital Partners ၏ ဥက္ကဌ ဆူချက်ဒ် ချိုင်ယာနုဆာတီက ပြောကြားသည်။

Centuria Property Funds ကုမ္ပဏီဘက်က ထုတ်ပြန်ကြေညာရာတွင် ၎င်းတို့ကုမ္ပဏီသည် ဝမ့်ဝါ့သ်လမ်း၊ အမှတ် ၂ အဆောက်အအုံကို သြစတေးလျဒေါ်လာ ၅ ဒသမ ၁ သန်းဖြင့် ဝယ်ယူခဲ့ပြီး ၅ နှစ်အကြာတွင် ပြန်လည်ရောင်းချလိုက်ကြောင်း ထုတ်ပြန် ကြေညာသည်။

ဆစ်ဒနီမြို့၊ Parramatta အရပ်မှ စီးပွားရေးအချက်အခြာဒေသဖြစ်သော ဝမ့်ဝါ့သ်လမ်းနှင့် ပါကက်စ်လမ်းတို့၏ အရှေ့မြောက်ထောင့်တွင် တည်ရှိသည့် အဆောက်အအုံကြီးသည် စတုရန်းမီတာ ၁၀၉၄၀ ( ၁၁၇၇၅၇ စတုရန်းပေ) ကျယ်ဝန်းသည်။

၁၉၈၉ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး လွန်ခဲ့သော ၅ နှစ်က အဆောက်အအုံတစ်ခုလုံး ပြန်လည်မွမ်းမံမှုများ ပြုလုပ်ခဲ့သည်။

အဆောက်အအုံရှိ ရုံးခန်းများ၏ ၉၃ ရာခိုင်နှုန်းကို အငှားချထားရလျက်ရှိပြီး အဓိကအငှားဝင်ငွေမှာ နယူးဆောက်သ်ဝေးပြည်နယ် အစိုးရအဖွဲ့၏ ငှားရမ်းထားမှုများမှ ဖြစ်ကာ ပျှမ်းမျှအငှားသက်တမ်းမှာ ၆ ဒသမ ၂ နှစ်ဖြစ်ကြောင်း Cushman & Wakefield ကုမ္ပဏီမှ အိမ်ခြံမြေအကျိုးဆောင်တို့က ပြောကြားသည်။ ယင်းအဆောက်အအုံကြီး၏ ပျှမ်းမျှဝင်ငွေမှာ ၂၀၁၄ ခုနှစ်တွင် နှစ်ပတ်လည်ဝင်ငွေ အားဖြင့် ၁ စတုရန်းမီတာလျှင် သြစတေးလျဒေါ်လာ ၄၉၇ ရှိခဲ့ရာမှ လက်ရှိတွင် ၁ စတုရန်းမီတာလျှင် သြစတေးလျဒေါ်လာ ၆၁၇ အထိ နှစ်စဉ်ဝင်ငွေရှိနေကြောင်း မှတ်တမ်းများတွင် ဖော်ပြသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဆောက်လုပ်မှုကုန်ကျစရိတ်ကြောင့် အိမ်ခြံမြေလုပ်ငန်းများ ဈေးနှုန်းပိုတက်လာ
ဆောက်လုပ်မှုကုန်ကျစရိတ်ကြောင့် အိမ်ခြံမြေလုပ်ငန်းများ ဈေးနှုန်းပိုတက်လာ
ဂျွန်နီဒက်ပ်က အီတလီရှိ သမိုင်းဝင်ရဲတိုက်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၄ သန်းဖြင့် ဝယ်ယူရန် မျက်စိကျနေ...
ဂျွန်နီဒက်ပ်က အီတလီရှိ သမိုင်းဝင်ရဲတိုက်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၄ သန်းဖြင့် ဝယ်ယူရန် မျက်စိကျနေ...
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြည်က အမျိုးသမီးကြီး...
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြည်က အမျိုးသမီးကြီး...
အမေရိကန်ပြည်၊ စိန့်လူးဝစ်မြို့လယ်မှ ကန်ဒေါ်လာ ၂၀၅ သန်းတန် မိုးမျှော်တိုက်ကြီးတစ်ခုလုံးကို တိုက်ခန်းတစ်ခန်းဈေးပင် မရှိသောဈေးနှုန်းဖြင့် အံ့အားသင့်ဖွယ် အရောင်းအဝယ်ဖြ...
အမေရိကန်ပြည်၊ စိန့်လူးဝစ်မြို့လယ်မှ ကန်ဒေါ်လာ ၂၀၅ သန်းတန် မိုးမျှော်တိုက်ကြီးတစ်ခုလုံးကို တိုက်ခန်းတစ်ခန်းဈေးပင် မရှိသောဈေးနှုန်းဖြင့် အံ့အားသင့်ဖွယ် အရောင်းအဝယ်ဖြ...
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK အဖွဲ့မှ လီဆာက လော့စ်အိန်ဂျလိမြို့ ကမ္ဘာကျော်များ အခြေချရာ Beverly Hills တွင် ကန်ဒေါ်လာ ၄ သန်းတန် စံအိမ်တစ်လုံး ဝ...

ရေဂါလံတစ်သန်းကျော်နေ့စဥ်ပေးဝေမည့် ဒလရေပေးဝေရေးစီမံကိန်း အမြန်တည်ဆောက်နေ
ရေဂါလံတစ်သန်းကျော်နေ့စဥ်ပေးဝေမည့် ဒလရေပေးဝေရေးစီမံကိန်း အမြန်တည်ဆောက်နေ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများကြောင့် လူတို့မှာ ပိုမိုပျော်ရွှင်မလာနိုင်ကြောင်း ပြောကြား...
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများကြောင့် လူတို့မှာ ပိုမိုပျော်ရွှင်မလာနိုင်ကြောင်း ပြောကြား...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များတွင် ပါဝင်သူ Elon Musk ငယ်စဉ်က အငှားတိုက်ခန်းတွင် နေခဲ့ရပြီး ခုံတန်းတစ်ခုပေါ်တွင် အိပ်ခဲ
ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များတွင် ပါဝင်သူ Elon Musk ငယ်စဉ်က အငှားတိုက်ခန်းတွင် နေခဲ့ရပြီး ခုံတန်းတစ်ခုပေါ်တွင် အိပ်ခဲ
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
bkk-projects
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service