အေမရိကန္သမၼတေဟာင္း ဘားရက္အိုဘားမားတို႔ ဇနီးေမာင္ႏွံ သမၼတသက္တမ္းအတြင္း ၇ ႏွစ္တိုင္ အပန္းေျဖခဲ့သည့္ မက္ဆာခ်ဴးဆက္ျပည္နယ္မွ ၂၉ ဧက က်ယ္ဝန္းေသာ ပင္လယ္ကမ္းေျခ ျခံဝန္းၾကီးႏွင့္ စံအိမ္ကို ေဒၚလာ ၁၁ သန္းေက်ာ္ျဖင့္ ဝယ္ယူ

အေမရိကန္သမၼတေဟာင္း ဘားရက္အိုဘားမားတို႔ ဇနီးေမာင္ႏွံ သမၼတသက္တမ္းအတြင္း ၇ ႏွစ္တိုင္ အပန္းေျဖခဲ့သည့္ မက္ဆာခ်ဴးဆက္ျပည္နယ္မွ ၂၉ ဧက က်ယ္ဝန္းေသာ ပင္လယ္ကမ္းေျခ ျခံဝန္းၾကီးႏွင့္ စံအိမ္ကို ေဒၚလာ ၁၁ သန္းေက်ာ္ျဖင့္ ဝယ္ယူ - Property News in Myanmar from iMyanmarHouse.com
11 Dec 2019 10:10 am တွင် တင်ခဲ့သည်
3717 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

အေမရိကန္သမၼတေဟာင္း ဘားရက္အိုဘားမားတို႔ ဇနီးေမာင္ႏွံသည္ သမၼတသက္တမ္း ၈ ႏွစ္အတြင္း ၇ ႏွစ္တိုင္ အပန္းေျဖခဲ့သည့္ မက္ဆာခ်ဴးဆက္ျပည္နယ္မွ ၂၉ ဧက က်ယ္ဝန္းေသာ ပင္လယ္ကမ္းေျခ ျခံဝန္းၾကီးႏွင့္ စံအိမ္ကို ေဒၚလာ ၁၁ သန္းေက်ာ္ျဖင့္ ဝယ္ယူလိုက္ေၾကာင္း အဂၤလန္အေျခစိုက္ သတင္းဝက္ဘ္ဆိုက္တစ္ခုတြင္ ေဖာ္ျပသည္။

မက္ဆာခ်ဴးဆက္ျပည္နယ္ အေရွ ႔ေတာင္ပိုင္း Martha’s Vineyard ကၽြန္းေပၚတြင္ တည္ရွိသည္။

အိုဘားမားတို႔သည္ အိပ္ခန္း ၇ ခန္းပါ အဆိုပါစံအိမ္ၾကီးတြင္ အပန္းေျဖေနထိုင္ခဲ့ဖူးၾကရာမွ စံအိမ္ၾကီးကို ႏွစ္သက္ကာ ဝယ္ယူလိုက္ျခင္းလည္း ျဖစ္သည္။

ျခံဝန္းၾကီးႏွင့္ စံအိမ္ကို ပိုင္ဆိုင္ထားသူမွာ Celtics ပိုင္ရွင္ ဝစ္ခ္ ဂေရာ့စ္ဘက္ခ္ျဖစ္ျပီး ျပီးခဲ့ေသာေႏြရာသီတြင္ စံအိမ္ကို အေရာင္းေစ်းကြက္ တင္ထားခ်ိန္ကတည္းက အိုဘားမားတို႔က ဝယ္ယူရန္ မ်က္စိက်ေနခဲ့ျခင္း ျဖစ္သည္။

ျခံဝန္းၾကီးအတြင္း ပင္မစံအိမ္အျပင္ ျခံဝန္းအက်ယ္ ၂၉ ဧက၊ ေရကူးကန္တစ္ကန္၊ စားဖိုမွဴးအဆင့္ ကိုယ္တြယ္ႏိုင္သည့္ မီးဖိုေဆာင္၊ ဟင္းလင္းျပင္ မီးဖိုေနရာ၊ ဧည့္ေဂဟာ အိမ္တန္း ၂ ခုတို႔ ပါဝင္သည္။

ဂေရာ့စ္ဘက္ခ္သည္ အဆိုပါျခံဝန္းႏွင့္ စံအိမ္ၾကိးကို အေရာင္းေစ်းကြက္တင္ေနသည္မွာ ၄ ႏွစ္ရွိခ့ဲျပီျဖစ္ျပီး ပထမဆံုးအားျဖင့္ ၂၀၁၅ ခုႏွစ္တြင္ ကန္ေဒၚလာ ၂၂ ဒသမ ၅ သန္းေစ်းေခၚကာ ေစ်းကြက္တင္ခဲ့သည္။

ယခုေနာက္ဆံုးေစ်းကြက္တင္ရာတြင္ ကန္ေဒၚလာ ၁၄ ဒသမ ၈၅ သန္းေစ်းေခၚခဲ့ေသာ္လည္း အိုဘားမားတို႔၏ ေစ်းညွိႏိုင္မႈေၾကာင့္ ေလွ်ာ့ေစ်းမ်ားစြာရရွိကာ စတုရန္းေပ ၆၉၀၀ က်ယ္ဝန္းသည့္ စံအိမ္ပါေသာ ျခံဝန္းၾကီးကို ကန္ေဒၚလာ ၁၁ ဒသမ ၇၅ သန္းျဖင့္ အေရာင္းအဝယ္ျဖစ္သြားျခင္းလည္း ျဖစ္သည္။

ပင္မေနအိမ္ဆီမွ သြယ္တန္းေဆာက္လုပ္ထားသည့္ အေဆာက္အအံုေတာင္ပံႏွစ္ဘက္ပါဝင္ျပီး ဧည့္သည္မ်ားအတြက္ ဧည့္ေဂဟာအျဖစ္ အသံုးျပဳရန္ သင့္ေလ်ာ္သည္။

စံအိမ္ၾကီးတြင္ ကိုယ္ပိုင္သီးသန္႔ ပင္လယ္ကမ္းေျခ၊ ေလွအိမ္တို႔ ပါဝင္သည့္အျပင္ အိုဘားမားတို႔အေနျဖင့္ ျခံဝန္းကို ဆက္လက္တိုးခ်ဲ ႔လိုသည္ဆိုပါက ဆက္လက္ဝယ္ယူႏိုင္သည့္ေျမေနရာမ်ားလည္း ရွိေသးသည္။

အကယ္၍ ပိုင္ရွင္သစ္အေနျဖင့္ မိသားစုဥမကြဲသိုက္မပ်က္ ေဆြမ်ဳိးစဥ္ဆက္ေနထိုင္လိုသည္ဆိုပါကလည္း စံအိမ္ၾကီး ၂ လံုးခန္႔ ထပ္မံေဆာက္လုပ္ႏိုင္ေသးေၾကာင္း ေစ်းကြက္တင္သည့္အက်ဳိးေဆာင္ တြမ္ေဝါေလ့စ္က ေျပာၾကားသည္။

အိုဘားမားတို႔၏ စံအိမ္သစ္သည္ Edgartown Great Pond ကန္ၾကီး၏ အစပ္တြင္တည္ရွိျပီး အတၱလႏိၱတ္သမုဒၵရာ၏ ရႈခင္းေကာင္းမ်ား ပိုင္ဆိုင္ထားသည္။

အိုဘားမား၏ သမီးၾကီး မာလီယာမွာ အသက္ ၂၁ ႏွစ္ရွိျပီျဖစ္ျပီး လက္ရွိအားျဖင့္ ဟားဘတ္တကၠသိုလ္တြင္ ပညာဆည္းပူးေနျပီး သမီးငယ္ ဆာရွာမွာ ၁၈ ႏွစ္အရြယ္ျဖစ္ကာ ဝါရွင္တန္ဒီစီရွိ Sidwell Friends School တြင္ တက္ေရာက္ေနသည္။

ယခင္က ေႏြရာသီအပန္းေျဖခဲ့ေသာ စံအိမ္ၾကီးတြင္ ယခုအခါ တစ္သက္တာ အပန္းေျဖႏိုင္ၾကေတာ့မည္ ျဖစ္သည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမားတို့ ဇနီးမောင်နှံသည် သမ္မတသက်တမ်း ၈ နှစ်အတွင်း ၇ နှစ်တိုင် အပန်းဖြေခဲ့သည့် မက်ဆာချူးဆက်ပြည်နယ်မှ ၂၉ ဧက ကျယ်ဝန်းသော ပင်လယ်ကမ်းခြေ ခြံဝန်းကြီးနှင့် စံအိမ်ကို ဒေါ်လာ ၁၁ သန်းကျော်ဖြင့် ဝယ်ယူလိုက်ကြောင်း အင်္ဂလန်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

မက်ဆာချူးဆက်ပြည်နယ် အရှေ့တောင်ပိုင်း Martha’s Vineyard ကျွန်းပေါ်တွင် တည်ရှိသည်။

အိုဘားမားတို့သည် အိပ်ခန်း ၇ ခန်းပါ အဆိုပါစံအိမ်ကြီးတွင် အပန်းဖြေနေထိုင်ခဲ့ဖူးကြရာမှ စံအိမ်ကြီးကို နှစ်သက်ကာ ဝယ်ယူလိုက်ခြင်းလည်း ဖြစ်သည်။

ခြံဝန်းကြီးနှင့် စံအိမ်ကို ပိုင်ဆိုင်ထားသူမှာ Celtics ပိုင်ရှင် ဝစ်ခ် ဂရော့စ်ဘက်ခ်ဖြစ်ပြီး ပြီးခဲ့သောနွေရာသီတွင် စံအိမ်ကို အရောင်းဈေးကွက် တင်ထားချိန်ကတည်းက အိုဘားမားတို့က ဝယ်ယူရန် မျက်စိကျနေခဲ့ခြင်း ဖြစ်သည်။

ခြံဝန်းကြီးအတွင်း ပင်မစံအိမ်အပြင် ခြံဝန်းအကျယ် ၂၉ ဧက၊ ရေကူးကန်တစ်ကန်၊ စားဖိုမှူးအဆင့် ကိုယ်တွယ်နိုင်သည့် မီးဖိုဆောင်၊ ဟင်းလင်းပြင် မီးဖိုနေရာ၊ ဧည့်ဂေဟာ အိမ်တန်း ၂ ခုတို့ ပါဝင်သည်။

ဂရော့စ်ဘက်ခ်သည် အဆိုပါခြံဝန်းနှင့် စံအိမ်ကြိးကို အရောင်းဈေးကွက်တင်နေသည်မှာ ၄ နှစ်ရှိခဲ့ပြီဖြစ်ပြီး ပထမဆုံးအားဖြင့် ၂၀၁၅ ခုနှစ်တွင် ကန်ဒေါ်လာ ၂၂ ဒသမ ၅ သန်းဈေးခေါ်ကာ ဈေးကွက်တင်ခဲ့သည်။

ယခုနောက်ဆုံးဈေးကွက်တင်ရာတွင် ကန်ဒေါ်လာ ၁၄ ဒသမ ၈၅ သန်းဈေးခေါ်ခဲ့သော်လည်း အိုဘားမားတို့၏ ဈေးညှိနိုင်မှုကြောင့် လျှော့ဈေးများစွာရရှိကာ စတုရန်းပေ ၆၉၀၀ ကျယ်ဝန်းသည့် စံအိမ်ပါသော ခြံဝန်းကြီးကို ကန်ဒေါ်လာ ၁၁ ဒသမ ၇၅ သန်းဖြင့် အရောင်းအဝယ်ဖြစ်သွားခြင်းလည်း ဖြစ်သည်။

ပင်မနေအိမ်ဆီမှ သွယ်တန်းဆောက်လုပ်ထားသည့် အဆောက်အအုံတောင်ပံနှစ်ဘက်ပါဝင်ပြီး ဧည့်သည်များအတွက် ဧည့်ဂေဟာအဖြစ် အသုံးပြုရန် သင့်လျော်သည်။

စံအိမ်ကြီးတွင် ကိုယ်ပိုင်သီးသန့် ပင်လယ်ကမ်းခြေ၊ လှေအိမ်တို့ ပါဝင်သည့်အပြင် အိုဘားမားတို့အနေဖြင့် ခြံဝန်းကို ဆက်လက်တိုးချဲ့လိုသည်ဆိုပါက ဆက်လက်ဝယ်ယူနိုင်သည့်မြေနေရာများလည်း ရှိသေးသည်။

အကယ်၍ ပိုင်ရှင်သစ်အနေဖြင့် မိသားစုဥမကွဲသိုက်မပျက် ဆွေမျိုးစဉ်ဆက်နေထိုင်လိုသည်ဆိုပါကလည်း စံအိမ်ကြီး ၂ လုံးခန့် ထပ်မံဆောက်လုပ်နိုင်သေးကြောင်း ဈေးကွက်တင်သည့်အကျိုးဆောင် တွမ်ဝေါလေ့စ်က ပြောကြားသည်။

အိုဘားမားတို့၏ စံအိမ်သစ်သည် Edgartown Great Pond ကန်ကြီး၏ အစပ်တွင်တည်ရှိပြီး အတ္တလန္တိတ်သမုဒ္ဒရာ၏ ရှုခင်းကောင်းများ ပိုင်ဆိုင်ထားသည်။

အိုဘားမား၏ သမီးကြီး မာလီယာမှာ အသက် ၂၁ နှစ်ရှိပြီဖြစ်ပြီး လက်ရှိအားဖြင့် ဟားဘတ်တက္ကသိုလ်တွင် ပညာဆည်းပူးနေပြီး သမီးငယ် ဆာရှာမှာ ၁၈ နှစ်အရွယ်ဖြစ်ကာ ဝါရှင်တန်ဒီစီရှိ Sidwell Friends School တွင် တက်ရောက်နေသည်။

ယခင်က နွေရာသီအပန်းဖြေခဲ့သော စံအိမ်ကြီးတွင် ယခုအခါ တစ်သက်တာ အပန်းဖြေနိုင်ကြတော့မည် ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
INNO CITY
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service