နေပြည်တော်ရေပူစမ်း အပန်းဖြေစခန်း ဖွင့်ပွဲအခမ်းအနားပြုလုပ်ခဲ့ - Property News in Myanmar from iMyanmarHouse.com
923 ကြိမ် ကြည့်ရှု့ ပြီး

နေပြည်တော်ရေပူစမ်း အပန်းဖြေစခန်း ဖွင့်ပွဲအခမ်းအနားပြုလုပ်ခဲ့

ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင် (iMyanmarHouse.com)

### Zawgyi Version ###









 

### Unicode Version ###

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ပန်းဥယျာဉ်နှင့်အားကစားကွင်းများဌာနမှ ကြီးကြပ်ဆောင်ရွက်သည့် နေပြည်တော်ရေပူစမ်း အပန်းဖြေစခန်း၏ ၂၀၁၉-၂၀၂၀ ခုနှစ် ဆောင်းရာသီကာလ ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

၂၀၁၉ ဒီဇင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းက နေပြည်တော် ရေပူစမ်းအပန်းဖြေစခန်းကို နေပြည်တော်-ပင်လောင်း ကားလမ်း တောင်ကျ ကျေးရွာ အနီးရှိ အဆိုပါစခန်း၌ကျင်းပပြုလုပ်ရာ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်ဦးရဲမင်းဦး၊ ကော်မတီဝင်များတတ်ရောက်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ပင်လောင်း မြို့နယ်၊ တောင်ကျကျေးရွာအနီး ပင်လယ်ရေမျက်နှာပြင်အထက် (၁၅၀၈) ပေအမြင့်တွင်တည်ရှိသည့် အဆိုပါနေရာအား နေပြည်တော်-ပင်လောင်းကားလမ်း မိုင်တိုင်အမှတ် (၂၄/၂)မိုင် လမ်းခွဲမှ ကတ္တရာလမ်းအတိုင်း ခြေလျင်ရော၊ ကားဖြင့်ပါ လွယ်ကူစွာသွားရောက်နိုင်ပြီး သဘာဝတောတောင်များ၏ အလှကိုပါ အားပါးတရကြည့်ရှုအပန်းဖြေ အနားယူနိုင်ကြောင်းသိရသည်။

နေပြည်တော်ရေပူစမ်း အပန်းဖြေစခန်းသည် သဘာဝအလျောက်ထွက်ရှိသည့် နေရာ (၃) နေရာမှ ရေပူစီးချောင်းနှင့် ရေအေးစီးချောင်း တို့ကို သွယ်ယူပြီး ပြင်ပစုပေါင်း ရေစိမ်ကန် (၄) ကန်၊ သီးသန့်(ကျား၊မ) ရေစိမ်ခန်း (၄) ခန်း၊ လုံးချင်းရေစိမ်ခန်း (၃) ခန်းနှင့် (၆) ခန်းတွဲ ရေစိမ်ခန်းများသို့ ရေပူ၊ ရေအေးရောစပ်၍ ပြည်သူအများ အသုံးပြု အပန်းဖြေနိုင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်းသိရသည်။

နေပြည်တော်ရေပူစမ်း အပန်းဖြေစခန်းတွင် သဘာဝပတ်ဝန်းကျင်အလှများကို ကြည့်ရှုနိုင်သည့်နားနေဆောင် (၃) ခုရှိပြီး အမျိုးသမီး၊ အမျိုးသား သီးခြားအဝတ်လဲခန်းများ၊သန့်စင်ခန်းများပါ တည်ဆောက်ပေးထားကြောင်းသိရသည်။

ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးပေးထားပြီး အပန်းဖြေအနားယူသူများ စားသောက်နိုင်စေရန် ဒေသခံတိုင်းရင်းသား စားသောက်ဆိုင်များနှင့် အဆင့်မြင့်စားသောက်ဆိုင်များဖွင့်လှစ်ပေးထားကြောင်း နေပြည်တော်စည်ပင်သာယာရေးကော်မတီမှသိရသည်။

ဇော်ပိုင်ဦး (မြန်မာပြည်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်ကာပူ-မြန်မာ-အိန္ဒိယသုံးနိုင်ငံကြား ရေအောက်ကေဘယ်တည်ဆောက်ရေးစီမံကိန်း စတင်
စင်ကာပူ-မြန်မာ-အိန္ဒိယသုံးနိုင်ငံကြား ရေအောက်ကေဘယ်တည်ဆောက်ရေးစီမံကိန်း စတင်
ရန်ကုန်တိုင်းဒေသကြီးအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၁၈) ခုနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၂) ခုအတည်ပြုခဲ့...
ရန်ကုန်တိုင်းဒေသကြီးအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၁၈) ခုနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၂) ခုအတည်ပြုခဲ့...
အင်္ဂလန်တွင် စုန်းများ ပေါများခဲ့သော ကျေးရွာကလေး၌ ဇနီးမောင်နှံ ၂ ဦးက ပျက်စီးယိုယွင်းနေသော ယာတဲအဆောက်အအုံကို ပြန်လည်ပြုပြင်ပြီး တစ်နှစ်လျှင် ပေါင် ၅၀၀၀၀ ဖြင့် ပြန်လည်အငှားချ...
အင်္ဂလန်တွင် စုန်းများ ပေါများခဲ့သော ကျေးရွာကလေး၌ ဇနီးမောင်နှံ ၂ ဦးက ပျက်စီးယိုယွင်းနေသော ယာတဲအဆောက်အအုံကို ပြန်လည်ပြုပြင်ပြီး တစ်နှစ်လျှင် ပေါင် ၅၀၀၀၀ ဖြင့် ပြန်လည်အငှားချ...
ဒေါ်လာ သန်း ၄၈၀ တန် ကုန်ကျခံဆောင်ရွက်နေသည့် ဆိပ်ကမ်းနှစ်ခု မကြာခင်စတင်တော့မည့်ဟု အိန္ဒိယသံရုံးထုတ်ပြန်...
ဒေါ်လာ သန်း ၄၈၀ တန် ကုန်ကျခံဆောင်ရွက်နေသည့် ဆိပ်ကမ်းနှစ်ခု မကြာခင်စတင်တော့မည့်ဟု အိန္ဒိယသံရုံးထုတ်ပြန်...
ထိုင်းတွင် ကွန်ဒို၊ မြေကွက်နှင့် အဆောက်အအုံ မှတ်ပုံတင်ကြေးများကို ၀ ဒသမ ၀၁ ရာခိုင်နှုန်းအထိ တစ်နှစ်တာလျှော့ချ...
ထိုင်းတွင် ကွန်ဒို၊ မြေကွက်နှင့် အဆောက်အအုံ မှတ်ပုံတင်ကြေးများကို ၀ ဒသမ ၀၁ ရာခိုင်နှုန်းအထိ တစ်နှစ်တာလျှော့ချ...
မြို့လယ်လမ်းများပေါ် ရှိ အတားအဆီးများအား သိမ်းဆည်းဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်မြို့တော်ဝန်ပြော...
မြို့လယ်လမ်းများပေါ် ရှိ အတားအဆီးများအား သိမ်းဆည်းဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်မြို့တော်ဝန်ပြော...
အာဂျင်တီးနား ဘောလုံးသူရဲကောင်း မက်ဆီ၏ ဘာစီလိုနာက စံအိမ်
အာဂျင်တီးနား ဘောလုံးသူရဲကောင်း မက်ဆီ၏ ဘာစီလိုနာက စံအိမ်
ရန်ကုန်မိုးပျံ အမြန်ကားလမ်းကို ယခုနှစ် ဇူလိုင်လတွင် စတင်ဆောက်လုပ်မည်
ရန်ကုန်မိုးပျံ အမြန်ကားလမ်းကို ယခုနှစ် ဇူလိုင်လတွင် စတင်ဆောက်လုပ်မည်
အိမ်ရာတိုက်ခန်းဝယ်ယူလိုသူများအား တိုက်ခန်းချေးငွေ (Apartment Loan) ထုတ်ချေးပေးမည်
အိမ်ရာတိုက်ခန်းဝယ်ယူလိုသူများအား တိုက်ခန်းချေးငွေ (Apartment Loan) ထုတ်ချေးပေးမည်
ဒုတိယအဆင့် ကျေးရွာများအတွက် ထရန်စဖော်မာ ဝယ်ယူနိုင်ရန် တင်ဒါအောင်မြင်ခဲ့သောကုမ္ပဏီနှင့် စာချုပ်လက်မှတ်ရေးထိုး...
ဒုတိယအဆင့် ကျေးရွာများအတွက် ထရန်စဖော်မာ ဝယ်ယူနိုင်ရန် တင်ဒါအောင်မြင်ခဲ့သောကုမ္ပဏီနှင့် စာချုပ်လက်မှတ်ရေးထိုး...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)