စင်္ကာပူ အိမ်ခြံမြေ developer ဖြစ်သော CapitaLand က ဈေးဝယ်စင်တာကြီးတစ်ခုကို စင်္ကာပူထိပ်သီး ဘုရားကျောင်းကြီးတစ်ခု၏ အုပ်ချုပ်ရေးအဖွဲ့ထံ ရောင်းချ
စင်္ကာပူ အိမ်ခြံမြေ developer ဖြစ်သော CapitaLand က ဈေးဝယ်စင်တာကြီးတစ်ခုကို စင်္ကာပူထိပ်သီး ဘုရားကျောင်းကြီးတစ်ခု၏ အုပ်ချုပ်ရေးအဖွဲ့ထံ ရောင်းချ - Property News in Myanmar from iMyanmarHouse.com
27 Nov 2019 10:12 am တွင် တင်ခဲ့သည်
1057 ကြိမ် ကြည့်ရှု့ပြီး
### Zawgyi Version ###
### Unicode Version ###
စင်္ကာပူ အိမ်ခြံမြေ developer ဖြစ်သော CapitaLand က စင်္ကာပူဒေါ်လာ ၂၉၆ သန်း (ကန်ဒေါ်လာ ၂၁၇ သန်း) တန်ကြေးရှိ ဈေးဝယ်စင်တာကြီးတစ်ခုကို စင်္ကာပူထိပ်သီး ဘုရားကျောင်းတစ်ခုသို့ ရောင်းချလိုက်ကြောင်း ထုတ်ပြန်ကြေညာသည်ဟု ရှန်ဟိုင်း အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
အဆိုပါ ဘုရားကျောင်းသည် ပြီးခဲ့သောနှစ်အတွင်း ဝင်ငွေ စင်္ကာပူဒေါ်လာ ၁၄၃ သန်းရှိခဲ့ပြီး ကမ္ဘာ့အချမ်းသာဆုံး သင်းအုပ်ဆရာများတွင် တစ်ဦးအပါအဝင်ဖြစ်သူက ဦးဆောင်နေခြင်း ဖြစ်သည်။
ဆောက်လုပ်ပြီးစီးထားသည်မှာ ၇ နှစ်သာ ရှိသေးသည့် Star Vista ဈေးဝယ်စင်တာကို New Creation ဘုရားကျောင်း၏ စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်သည့် Rock Productions ထံ ရောင်းချရန် CapitaLand က သဘောတူခဲ့ခြင်း ဖြစ်သည်။
ဘုရားကျောင်းသည် ယခုဈေးဝယ်စင်တာ ပါဝင်ဖွဲ့စည်းထားသော complex ကြီး၏ ကျန်အစိတ်အပိုင်းအားလုံးကို ပိုင်ဆိုင်ထားပြီး ဖြစ်သည်။
CapitaLand က Star Vista ဈေးဝယ်စင်တာကို အခြားဝယ်လက်များထံ ရောင်းချရန် စီစဉ်နေသည့်သတင်း ကြားသိရပြီးနောက်ပိုင်း ဝတ်ပြုသူများကို အကာအကွယ်ပေးရန်အတွက် ဘုရားကျောင်းက ဝယ်ယူလိုက်ခြင်းဖြစ်ရာ ယခုအခါ ကွန်ပလက်စ်တစ်ခုလုံးမှာ ဘုရားကျောင်းအပိုင် ဖြစ်သွားပြီ ဖြစ်သည်။
Star Vista ဈေးဝယ်စင်တာ တည်ရှိရာ ကွန်ပလက်စ်သည် buona vista ဘူတာရုံနှင့် ကပ်လျက်တည်ရှိပြီး ဈေးဝယ်စင်တာတွင် အသားတင် ငှားရမ်းနိုင်သည့် ကြမ်းခင်းဧရိယာအကျယ်အဝန်း ၁၆၂၅၀၀ စတုရန်းပေ (၁၅၀၉၇ စတုရန်းမီတာ) ကျယ်ဝန်းသည်။
ဈေးဝယ်စင်တာမှာ အထပ် ၃ ထပ်တွင် ဖြန့်ကျက်တည်ရှိပြီး လက်ရှိအားဖြင့် ပြည်တွင်းလက်လီရောင်းချသူတို့၏ အရောင်းဆိုင်များ ဖွင့်လှစ်ထားကာ ယခုနှစ်အတွင်း ငှားရမ်းထားရမှု ၉၅ ရာခိုင်နှုန်းရှိသည်။
Star Vista ဈေးဝယ်စင်တာကို CapitaLand ကပင် ဆက်လက်ကွပ်ကဲ လည်ပတ်ပေးရန် ညှိနှိုင်းထားမှုများရှိသည်ဟု ဆိုသည်။
ဘုရားကျောင်းက ယခုကွန်ပလက်စ်မြေနေရာကို ၂၀၀၇ ခုနှစ်တွင် စင်္ကာပူဒေါ်လာ ၁၈၉ သန်းဖြင့် ဝယ်ယူခဲ့ပြီး ကွန်ပလက်စ်ကြီးကို စင်္ကာပူဒေါ်လာ ၄၇၇ သန်း အကုန်အကျခံကာ ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service