အေမရိကန္ ေမာ္ေတာ္ကားကုမၸဏီ Nikola Motor ၏ အၾကီးအကဲက ယူတားျပည္နယ္ရွိ ၂၆၇၀ ဧက က်ယ္ဝန္းေသာ ေမြးျမဴေရးျခံၾကီး တစ္ခုကို ကန္ေဒၚလာ ၃၂ ဒသမ ၅ သန္းျဖင့္ ဝယ္ယူ

အေမရိကန္ ေမာ္ေတာ္ကားကုမၸဏီ Nikola Motor ၏ အၾကီးအကဲက ယူတားျပည္နယ္ရွိ ၂၆၇၀ ဧက က်ယ္ဝန္းေသာ ေမြးျမဴေရးျခံၾကီး တစ္ခုကို ကန္ေဒၚလာ ၃၂ ဒသမ ၅ သန္းျဖင့္ ဝယ္ယူ - Property News in Myanmar from iMyanmarHouse.com
25 Nov 2019 12:38 pm တွင် တင်ခဲ့သည်
972 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

အေမရိကန္ ေမာ္ေတာ္ကားကုမၸဏီ Nikola Motor ၏ အၾကီးအကဲ ထရီေဗာ မိလ္တန္သည္ အေမရိကန္ျပည္ေထာင္စု၊ ယူတားျပည္နယ္ရွိ ေမြးျမဴေရးျခံၾကီးတစ္ခုကို ကန္ေဒၚလာ ၃၂ ဒသမ ၅ သန္းျဖင့္ ဝယ္ယူလိုက္ေၾကာင္း နယူးေယာက္အေျခစိုက္ အိမ္ျခံေျမ သတင္းဝက္ဘ္ဆိုက္တစ္ခုတြင္ ေဖာ္ျပသည္။

ထရီေဗာ ဝယ္ယူလိုက္ေသာ ျခံၾကီးသည္ ဧကေပါင္း ၂၆၇၀ က်ယ္ဝန္းျပီး Riverbend Ranch ဟု အမည္ရသည္။

ဝီဘာျမစ္ကမ္းတစ္ေလွ်ာက္တြင္ ျဖန္႔က်က္တည္ရွိျပီး ျခံဝန္းၾကီးအတြင္း စတုရန္းေပ ၁၆၈၀၀ အက်ယ္အဝန္းရွိေသာ စံအိမ္တစ္လံုးလည္း ပါဝင္သည္။ ထရီေဗာ မိလ္တန္သည္ Nikola Motor ၏ အမႈေဆာင္အရာရွိခ်ဳပ္တစ္ဦး ျဖစ္သည္။

Nikola Motor သည္ Tesla ၏ ျပိဳင္ဖက္ကုမၸဏီျဖစ္ျပီး ဟိုက္ဒရိုဂ်င္ႏွင့္ လွ်ပ္စစ္ ႏွစ္မ်ဳိးသံုး ထရပ္ကားမ်ား ထုတ္လုပ္သည္။ ယခုအေရာင္းအဝယ္သည္ ယူတားျပည္နယ္အတြင္း စံခ်ိန္တင္ေစ်းႏႈန္းျဖစ္သည္ဟု သိရသည္။

ယေန႔မ်ဳိးဆက္မ်ားသည္ ပိုမိုေသးငယ္သည့္ပစၥည္းမ်ားကို လိုလားကာ ျမိဳ႕ၾကီးျပၾကီးမ်ားတြင္ ေနထိုင္လိုၾကေၾကာင္း၊ အဆိုပါ အေျခအေနမွာ ဘဝတြင္ မိမိလိုလားသည္ႏွင့္ ဆန္႔က်င္ဘက္ျဖစ္ေၾကာင္း အသက္ ၃၇ ႏွစ္သာရွိေသးသည့္ မစၥတာ မိလ္တန္က ေျပာၾကားသည္။

“ကၽြန္ေတာ္က ဖိတ္ဖိတ္လက္ေနတဲ့ ျမင္ကြင္းမ်ဳိးထက္ ေက်းလက္ေဒသ၊ ေနရာက်ယ္ဝန္းမႈ၊ တစ္ကိုယ္ရည္ တသီးတသန္႔ျဖစ္မႈ၊ ေတာတြင္း ဘဝမ်ဳိးကို ပိုျပီးႏွစ္သက္ပါတယ္။ ကၽြန္ေတာ္ေနထိုင္မယ့္ေနရာမွာ ေဘးမဲ့ေတာမ်ဳိးတစ္ခု ဖန္တီးခ်င္ပါတယ္”

“ယူတားျပည္နယ္ကို ထိန္းသိမ္းဖို႔၊ ကၽြန္ေတာ့္မိသားစု၊ မိတ္ေဆြေတြနဲ႔ တျခားသူေတြအတြက္ ေဘးမဲ့ေတာတစ္ခု တည္ေထာင္ဖို႔အတြက္ ဒီလိုမ်ိဳးျခံေတြ အမ်ားၾကီး ဝယ္ယူသြားဖို႔လည္း စီစဥ္ထားပါတယ္”ဟု မစၥတာ မိလ္တန္က ေျပာၾကားသည္။

သူ၏ ကုမၸဏီသည္ ကန္ေဒၚလာ ၃ ဘီလီယံခန္႔ တန္ေၾကးရွိသည္ဟု သိရသည္။

ယူတားျပည္နယ္၊ အုတ္ခ္ေလျမိဳ႕တြင္ တည္ရွိေသာ Riverbend ျခံၾကီးသည္ Park City မွ ေမာ္ေတာ္ကားျဖင့္ ၂၅ မိနစ္ခရီးသာ ေဝးကြာသည္။

ပင္မစံအိမ္မွာ စတုရန္းေပ ၁၆၈၀၀ က်ယ္ဝန္းျပီး အိပ္ခန္း ၈ ခန္း ပါဝင္သည္။

ၾကမ္းျပင္မွ မ်က္ႏွာၾကက္ထိ ျမင့္မားေသာ သစ္ခ်သား စာအုပ္စင္မ်ား ေတြ႔ရျပီး ၾကမ္းခင္းသစ္မ်ားမွာ အိုင္ဒါဟိုျပည္နယ္ စာသင္ေက်ာင္းတစ္ခုမွ ရယူထားျခင္းျဖစ္ကာ ေနအိမ္တြင္ ရဟတ္ယာဥ္ကြင္းတစ္ခုလည္း ပါဝင္သည္။

ေရာင္းခ်သူမွာ Quest Software ကုမၸဏီမွ အမႈေဆာင္အရာရွိခ်ဳပ္ ဗင္နီ စမစ္ျဖစ္ျပီး ယခုအေရာင္းအဝယ္သတင္း မွန္ကန္ေၾကာင္း စမစ္က အတည္ျပဳထားသည္။

မစၥတာ စမစ္သည္ ယခုစံအိမ္ႏွင့္ အျခားေျမကြက္မ်ားစြာကို ၂၀၁၂ ခုႏွစ္အတြင္းက ဝယ္ယူခဲ့ျခင္းျဖစ္ျပီး ခန္႔မွန္းေခ်အားျဖင့္ ကန္ေဒၚလာ သန္း ၃၀ ခန္႔ သံုးစြဲခဲ့သည္။ ယခုျခံၾကီးကို ေစ်းကြက္တင္ေပးခဲ့သူမွာ Engel & Völkers အိမ္ျခံေျမကုမၸဏီမွ အက်ဳိးေဆာင္ ေပါလ္ ဘင္ဆင္ျဖစ္သည္။

ယူတားျပည္နယ္တြင္ ယခုႏွစ္အတြင္း တန္ဖုိးၾကီးအိမ္ျခံေျမအေရာင္းအဝယ္မ်ား အားေကာင္းေနေၾကာင္း၊ အဓိကအားျဖင့္ ကယ္လီဖုိးနီးယားႏွင့္ နယူးေယာက္မွ ဝယ္လက္တို႔၏ ဝယ္လိုအားျမင့္တက္လာမႈေၾကာင့္ျဖစ္ေၾကာင္း ေပါလ္ ဘင္ဆင္က ေျပာၾကားသည္။

ယခုအေရာင္းအဝယ္တြင္ ဝယ္လက္ဖက္မွ အက်ဳိးေဆာင္မွာ Keller Williams ကုမၸဏီမွ ဂ်င္မီ ရက္ဇ္ျဖစ္သည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

 

### Unicode Version ###

အမေရိကန် မော်တော်ကားကုမ္ပဏီ Nikola Motor ၏ အကြီးအကဲ ထရီဗော မိလ်တန်သည် အမေရိကန်ပြည်ထောင်စု၊ ယူတားပြည်နယ်ရှိ မွေးမြူရေးခြံကြီးတစ်ခုကို ကန်ဒေါ်လာ ၃၂ ဒသမ ၅ သန်းဖြင့် ဝယ်ယူလိုက်ကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေ သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ထရီဗော ဝယ်ယူလိုက်သော ခြံကြီးသည် ဧကပေါင်း ၂၆၇၀ ကျယ်ဝန်းပြီး Riverbend Ranch ဟု အမည်ရသည်။

ဝီဘာမြစ်ကမ်းတစ်လျှောက်တွင် ဖြန့်ကျက်တည်ရှိပြီး ခြံဝန်းကြီးအတွင်း စတုရန်းပေ ၁၆၈၀၀ အကျယ်အဝန်းရှိသော စံအိမ်တစ်လုံးလည်း ပါဝင်သည်။ ထရီဗော မိလ်တန်သည် Nikola Motor ၏ အမှုဆောင်အရာရှိချုပ်တစ်ဦး ဖြစ်သည်။

Nikola Motor သည် Tesla ၏ ပြိုင်ဖက်ကုမ္ပဏီဖြစ်ပြီး ဟိုက်ဒရိုဂျင်နှင့် လျှပ်စစ် နှစ်မျိုးသုံး ထရပ်ကားများ ထုတ်လုပ်သည်။ ယခုအရောင်းအဝယ်သည် ယူတားပြည်နယ်အတွင်း စံချိန်တင်ဈေးနှုန်းဖြစ်သည်ဟု သိရသည်။

ယနေ့မျိုးဆက်များသည် ပိုမိုသေးငယ်သည့်ပစ္စည်းများကို လိုလားကာ မြို့ကြီးပြကြီးများတွင် နေထိုင်လိုကြကြောင်း၊ အဆိုပါ အခြေအနေမှာ ဘဝတွင် မိမိလိုလားသည်နှင့် ဆန့်ကျင်ဘက်ဖြစ်ကြောင်း အသက် ၃၇ နှစ်သာရှိသေးသည့် မစ္စတာ မိလ်တန်က ပြောကြားသည်။

“ကျွန်တော်က ဖိတ်ဖိတ်လက်နေတဲ့ မြင်ကွင်းမျိုးထက် ကျေးလက်ဒေသ၊ နေရာကျယ်ဝန်းမှု၊ တစ်ကိုယ်ရည် တသီးတသန့်ဖြစ်မှု၊ တောတွင်း ဘဝမျိုးကို ပိုပြီးနှစ်သက်ပါတယ်။ ကျွန်တော်နေထိုင်မယ့်နေရာမှာ ဘေးမဲ့တောမျိုးတစ်ခု ဖန်တီးချင်ပါတယ်” “ယူတားပြည်နယ်ကို ထိန်းသိမ်းဖို့၊ ကျွန်တော့်မိသားစု၊ မိတ်ဆွေတွေနဲ့ တခြားသူတွေအတွက် ဘေးမဲ့တောတစ်ခု တည်ထောင်ဖို့အတွက် ဒီလိုမျိုးခြံတွေ အများကြီး ဝယ်ယူသွားဖို့လည်း စီစဉ်ထားပါတယ်”ဟု မစ္စတာ မိလ်တန်က ပြောကြားသည်။

သူ၏ ကုမ္ပဏီသည် ကန်ဒေါ်လာ ၃ ဘီလီယံခန့် တန်ကြေးရှိသည်ဟု သိရသည်။

ယူတားပြည်နယ်၊ အုတ်ခ်လေမြို့တွင် တည်ရှိသော Riverbend ခြံကြီးသည် Park City မှ မော်တော်ကားဖြင့် ၂၅ မိနစ်ခရီးသာ ဝေးကွာသည်။ ပင်မစံအိမ်မှာ စတုရန်းပေ ၁၆၈၀၀ ကျယ်ဝန်းပြီး အိပ်ခန်း ၈ ခန်း ပါဝင်သည်။

ကြမ်းပြင်မှ မျက်နှာကြက်ထိ မြင့်မားသော သစ်ချသား စာအုပ်စင်များ တွေ့ရပြီး ကြမ်းခင်းသစ်များမှာ အိုင်ဒါဟိုပြည်နယ် စာသင်ကျောင်းတစ်ခုမှ ရယူထားခြင်းဖြစ်ကာ နေအိမ်တွင် ရဟတ်ယာဉ်ကွင်းတစ်ခုလည်း ပါဝင်သည်။

ရောင်းချသူမှာ Quest Software ကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် ဗင်နီ စမစ်ဖြစ်ပြီး ယခုအရောင်းအဝယ်သတင်း မှန်ကန်ကြောင်း စမစ်က အတည်ပြုထားသည်။

မစ္စတာ စမစ်သည် ယခုစံအိမ်နှင့် အခြားမြေကွက်များစွာကို ၂၀၁၂ ခုနှစ်အတွင်းက ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ခန့်မှန်းချေအားဖြင့် ကန်ဒေါ်လာ သန်း ၃၀ ခန့် သုံးစွဲခဲ့သည်။ ယခုခြံကြီးကို ဈေးကွက်တင်ပေးခဲ့သူမှာ Engel & Völkers အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် ပေါလ် ဘင်ဆင်ဖြစ်သည်။

ယူတားပြည်နယ်တွင် ယခုနှစ်အတွင်း တန်ဖိုးကြီးအိမ်ခြံမြေအရောင်းအဝယ်များ အားကောင်းနေကြောင်း၊ အဓိကအားဖြင့် ကယ်လီဖိုးနီးယားနှင့် နယူးယောက်မှ ဝယ်လက်တို့၏ ဝယ်လိုအားမြင့်တက်လာမှုကြောင့်ဖြစ်ကြောင်း ပေါလ် ဘင်ဆင်က ပြောကြားသည်။

ယခုအရောင်းအဝယ်တွင် ဝယ်လက်ဖက်မှ အကျိုးဆောင်မှာ Keller Williams ကုမ္ပဏီမှ ဂျင်မီ ရက်ဇ်ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service